ရှာဖွေတွေ့ ရှိခြင်း
……………….


ကောင်းကင်ကြီ်း အကြောင်း… အိပ်မက်ရင်း….

မြေကြီးထဲ….ပဲ..နစ်…နစ်…၀င်….

ကျဆုံးချိန်မှာတောင်…..အလံ…. မလဲ…ချင်တဲ့..လူ….

—————————–

မဆုံ နိုင် မှန်း……. သိ လျက်နဲ့ လည်း…

မျဉ်းပြိုင် နှစ်ကြောင်း ရဲ့ ဆုံမှတ် ကိုမှ…. မြင်ချင်သူ….

အောက်စီဂျင်ကို…. မရှုချင်တဲ့ ……. လူ……

——————————-

အဆိပ်ခွက်ကို..ကိုင်ဆောင်ရင်း……….

အမှန်တရား ရဲ့  ချိုမြိန်မှု..ကို..ရှာဖွေ..သူ…..

ရှာမတွေ့ ရင်တောင်……

ဆက်… ရှာဖွေတဲ့ လူ….

နဖူးမှာ…စာ…မပါတဲ့  လူ………

————————————————

အဆုံးသတ် ဆိုတာ….

အစ သစ် တစ်ခု…ဆွဲထုတ်ခြင်း…မဟုတ် ….

အစသစ် ဆိုတာ……

အဆုံးသတ်တစ်ခု…ရဲ့  နိဂုံးလည်း..မဟုတ်ခဲ့ ……..

ဘာဆိုဘာမှလည်း………….

မဟုတ်ခဲ့…….

…………………………………

—————————————–

နောက်ဆုံးတော့လည်း………………

အဆိပ်ခွက် ကို…မော့သောက်ခြင်း…က…. ပဲ……

ရှာနေတဲ့ …. အမှန်တရား ရဲ့ ချိုမြိန်မှု..ဖြစ်ခဲ့……

အလဲလဲ…. အပြိုပြို………..

ရဲရင့်ခဲ့ တဲ့ ….လူ…………….

………………………………..

………………………………..

………………………………….

……………………………………

…………………………………..။

=================================

အလင်းဆက်

23 . 11 .2012 ./ 17း 05 PM

alinsett.art@gmail.com

alinsett

About alinsett

alinsett has written 615 post in this Website..

. . .