ဘိုးတော်မှတ်စု တည်ထားပြုသည်

BoDawOctober 18, 20091min1183

အာဇာနီနှင့် ခြစ်ကောင်းတို ့ဆန်ဖရမ်စစ်စကိုတွင်လက်သီးထိုးတန်းကစားကြသည်ဟုသိရသည်။
ဆန်ဖရန်သားတို့က အာဇာနီ ပြဲနေပုံ ဗီဒီယိုကြီးနှင့်သွားရိုက်ရာမှ စပြီး အာဇနီမှ ထိုးထည့်လိုက်ရာ နံရံကြီး တော်တော်ထိသွားသည်ဆိုသည်။

အာဇာနီနှင့် အုပ်ကာကြော်တို့လည်း ရောက်ရင်သိမယ်ဖြစ်နေကြကြောင်း သတင်းရရှိသည်။
အုပ်ကာကြော်မှ အယ်အေရောက်ရင် သိမယ်ပြောပြီး အာဇာနီမှ ရန်ကုန်ရောက်ရင် သိမယ် ဆိုလေသည်။ ဖေ့ဘုတ်ကြီးတွင်လည်း ရေးထားကြကြောင်း ဝါသနာပါလျှင် ကြည့်နိုင်ရန်ခါးတို ့သတိပေးလိုက်ရသည်။

ဇာတိချက်ကြွေ မွေးရပ်ပြည်တွင် ကြွက်များသောင်းကြမ်းမှုကြောင့် အငတ်ဘေးကြုံသဖြင့် နိုင်ငံတကာထွက် ငွေရှာနေကြသော ချင်းလုံမပျိုစုံသဉ်းပါ တို့ ချင်းတအုပ်သည် အမေကြီးကား သွားရောက်ရန်ရှိကြောင်း သိရသည်။ ရောက်သည်နှင့် တသက်တာစောင့်နေရသော အကြွေးများသိမ်းရန် အမေကြီးကားမှ ချင်းလုလင်ပျိုများက ကြုံးဝါးနေကြကြောင်း..

အရပ်ရှည်ရှည် ကိုယ်လုံးသွယ်သွယ် အိန်ဒျာကြော်ဇင်သည်လည်း အမေကြီးကား သွားရန်ရှိကြောင်း သိရသည်။ ယခုတခေါက် မေမေမပါပဲထွက်လာရဟန်ရှိသော သူမအား ရုံသွင်းပြသရန် ကြိုးစားနေကြပြီးရုံဝင်ကြေးမှာ ကျပ်ငွေ၂သောင်းမှ ၃သောင်းကျော် ရှိကြောင်း။ပွဲတွင် ဆန်ဖရန်စစ်စကို်မှ ရောင်စုံပန်သီးနှင့် လည်း ရောသမမွေပြမည်ဖြစ်ကောင်း သတင်းများကဆိုသည်။

ဇော်ပိုဏ် တယောက် မလန်းနိုင်ဖြစ်နေကြောင်း ကြားရသည်။ ချစ်လက်ဆောင်တပွေ့ပေးပုံရသော အမေကြီးကားမှ မမကြီးမှာ ပိုငယ်ပိုသွက်သော အာဇာနီဖက် လှည့်သွားဟန်ရှိရာ အိမ်အပြန် မလှမှာ ပူနေကြောင်း ခိုင်လုံသော သတင်းများက ဆိုလေသည်။

ယခုကဏ္ဍမှာ အကြားအမြင်ရ ဘိုးတော်မှတ်စုဖြစ်ပါ၍ ယုံချင်ယုံ မယုံခြင်နေနိုင်ကြောင်း။ မှတ်စုအတွက်သတင်းပေးလိုက bodawgee@gmail.com သို့ပေးလိုလိုကြောင်း ရေးလိုက်ရသည်။

ဝ တံခိုးနှင့် ကျပ်ငွေ ၂ထောင်ရစေသော်ဝ်။

3 comments

  • mipukay

    November 5, 2009 at 7:52 pm

    ကြိုက်ပါတယ်။

  • etone

    May 5, 2010 at 1:57 am

    ဘိုးတော်ရေ … ဒီအတိုင်းသာဆက်ဟောရင် …….သေချာပါတယ် ….”ထမင်းငတ်မယ်”

  • windtalker

    August 8, 2011 at 9:34 pm

    ဒီလို
    အမှန်အကန်
    အဖွလေးတွေ ကို
    အမြဲလို ဖတ်ချင်မိတယ် ဗျာ
    ဘိုးတော် ရေ
    ပြန်လာပါတော့
    2009 ကနေ
    2011 ကို လိုက်ခဲ့ပါနော်

Leave a Reply