### အပေါင်း အနှုတ် အမြှောက် အစား နဲ့ 
အလျော်အစား များတဲ့ ကစားဝိုင်း တစ်ခုမှာ
ကျောမွဲတွေရဲ့  ဘ၀အဓိပ္ပါယ် ကို
ဒိုင် စား လိုက်. ……..

### မသိတာက မရှိတာ လောက် အာရုံမနောက်
ငွေခေါင်းလောင်းသံ ကြားရာ မျက်နှာမူ
လူ့ ဝါဒ တံခါးပိတ် နိုးကြားခြင်းနဲ့  စောင်ခြုံအိပ်
ဘ၀ ကို ဂေါ်လီလို လှိမ့်လိုက် ……..

### အတ္တ သရုပ်မှန် ပြဇာတ်နဖူးစီးမှာ
“ဘီလူးစီးသသည်စာတန်းထိုးထားတဲ့
လောကပါလ တရားရေ. ……..
ဘယ်အမှန်တရားကို ၀ှက်ထားပေးရမလဲ
ဘယ်အခွင့်အရေးကြောင့် ကိုယ်ရောင်ဖျောက်
ဒူးထောက် လို့  မျက်လုံးဒေါက်ထောက် နေရမလဲ
နောက်ကျောက ထိုးမယ့်ဓါးဆီက
ကျောချမ်းမှု ရသ. ရလိုက် ……….

### ဘ၀မှာ နတ္ထိ တရား နဲ့  heart ထိထားခဲ့လိုက်ကြ

About maung khinmin

maung khinmin has written 85 post in this Website..