တစ်ခါတစ်လေမှာ အပူအပင်ကင်းတဲ့ ကလေးဘဝ အပြစ်လုပ်မိမှန်းမသိတဲ့ ကလေးဘဝလေးကို တွေးမိပြီး ပျော်မိတယ်။

လုပ်ချင်တာလုပ်ပြီး ဖြစ်လဲ အရိုက်ခံရုံ့ပေါ့

လုပ်ချင်တာလုပ်ပြီး ဖြစ်လဲ အရိုက်ခံရုံ့ပေါ့

 

တစ်ခါတစ်လေကျတော့လဲ စွန့်စားမှုတွေနဲ့ အသက်ရှင်ရတာကိုသဘောကျတယ် တစ်ခုခုစွန့်စားလိုက်ရမှ စားလို့ဝင်အိပ်လို့ပျော်တဲ့ ဘဝမျိုးလဲဖြစ်ကြည့်ချင်တယ်

ဘာကောင်ကြီးပဲဖြစ်ဖြစ် ဂရုမစိုက်ပဲစွန့်စားကြည့်ချင်တာ

ဘာကောင်ကြီးပဲဖြစ်ဖြစ် ဂရုမစိုက်ပဲစွန့်စားကြည့်ချင်တာ

 

တစ်ခါတစ်လေကျတော့လဲဘဝမှာ ဘယ်လောက်ပဲ အခက်အခက်တွေရှိနေပါစေ  ဘယ်သူတွေကပဲတားနေပါစေ ချစ်သူသာ ထာဝရအားပေးပြီးအနားမှာမခွဲအတူရှိမယ်ဆိုရင် အားလုံးကိုကျောခိုင်းထားခဲ့ပြီး သူ့လက်ကိုတွဲရဲရဲလျှောက်ရဲတယ်။

ဘယ်သူမှလာမရှုပ်ကြနဲ့

ဘယ်သူမှလာမရှုပ်ကြနဲ့

 

တစ်ခါတစ်ရံမှာ သူများတကာတွေလုပ်လို့ မထင်ပေါ်ခဲ့ရတဲ့ ကိစ္စတွေ ကိုယ်ထလုပ်လိုက်တာနဲ့ ထင်ပေါ်ကျော်ကြားသွားအောင် ကြိုးစားအားထုတ်ခဲ့ဘူးတယ်။

လွယ်လွယ်နဲ့ဖြစ်သလိုမလုပ်ချင်ဘူး

လွယ်လွယ်နဲ့ဖြစ်သလိုမလုပ်ချင်ဘူး

တစ်ခါတစ်လေကျတော့လဲ ဘယ်သူ့စကားမှနားမထောင်ဘဲလုပ်ချင်တာလုပ်ပြီး မှားမှန်းသိတော့မှ မျက်နှာတောင်မပြရဲခဲ့ဘူး။

ရှက်လွန်းလို့ပါ

ရှက်လွန်းလို့ပါ

ဒါပေမယ့်လဲ ပတ်ဝန်းကျင်က လှောင်ပြုံးတွေ နောက်ကွယ်ကနေ စောင်းမြောင်းပြောတာတွေကိုမခံနိုင်လို့ ငါဆိုတာဘာကောင်လဲ သိစေရမယ်ဟေ့ဆိုပြီး လက်တွေ့ပြခဲ့တယ်။

ငါကွ

ငါကွ

 

တနေ့ခင်းလုံးရုံးထဲမှာအားနေတာနဲ့ စိတ်ကူးရလို့ဓာတ်ပုံလေးတွေနဲ့ ပိုစ့်တစ်ခုဖြစ်အောင် စီစဉ်ပြီးတင်လိုက်တာပါ။ နည်းနည်းလေးပဲဖြစ်ဖြစ် ပြုံးသွားကြပါအုံး။

 

About ဦးသု

ဦး သု has written 58 post in this Website..

ယောင် 60 ဒါပေမယ့် တစ်ခါတစ်လေ 6 ကဇောက်ထိုးဖြစ်သွားတယ်