ငှက်မြန် ( သို့မဟုတ်) သားအတွက်သီချင်း

445

ဒီ သီချင်းလေးကို ခံစားကြည့်ပါဦး

ဥပေါက် စ ချစ်စရာ့  ငှက်ငယ် ရင်သွေး.လေး…

အတောင်မစုံခင်မှာ…တစစ ကြီးပြင်းဖို့  အစာ ခွံ့ ကျွေး…..

မိုးထက်က ကောင်းကင်ယံ ကို..ပျံတက်..ဖို့ ……

အဆင်မသင့်ချိန်မှာ..ငှက်ခတ်သမားများ..တွေ့ မယ်…သတိ…ထား….

အားလုံးကို… အပေါ်စီး မြင်အောင်……

ဟိုး…ဘ၀ဂ်ဆီကို မြင့်မြင့် ပျံ…….

စွမ်းစွမ်းတမံ …လေအဟုတ် ..စီး..တဲ့  ငှက်မြန်……

ဘေးကင်းစေ…..ချင်…တာ…..

စူးစမ်းထား..ကိုယ့်ရဲ့  အသိုက်အမြုံ မခွာခင်မှာ……..

ဘ၀ အတွေ့ အကြုံ ဟာ… ရနိုင်သလောက်… အားလုံး..ပိုသည် မရှိ…….

သတင်းကောင်းများ ကြားရလို့ သာ…ဂုဏ်ယူ..ချင်…..

ခွင့်ပြုချိန်တန်…ဆုံးမ အားပေးစကားတွေ မှာကြား…….

အသင့်ဖြစ်နေတဲ့  ငှက်လိမ္မာ….

ထားခဲ့ပါ..နိမ့်ပါးတဲ့ နေရာ……..

အမြင့်ရောက်ရင်….. အမြင် ပို…ရှင်း..လင်းသွားမှာ……

ရင့်ကျက်စေ..ချင်တာ…….

————————————

ဥပေါက် စ ချစ်စရာ့  ငှက်ငယ် ရင်သွေး.လေး…

အတောင်မစုံခင်မှာ…တစစ ကြီးပြင်းဖို့  အစာ ခွံ့ ကျွေး…..

မိုးထက်က ကောင်းကင်ယံ ကို..ပျံတက်..ဖို့ ……

အဆင်မသင့်ချိန်မှာ..ငှက်ခတ်သမားများ..တွေ့ မယ်…သတိ…ထား….

…………………….

+++++++++++++++++++++++++++++++++++++++++++++

လူ့ လောက ထဲ.. ၀င်ရောက်လာကာစ…. အရွယ်…

လူသားငယ်ကလေး တစ်ယောက်…..

အတွေ့ အကြုံတွေ / သင်ယူစ၇ာတွေ…. မပြည့်စုံ ခင်မှာ…..

သင်ကြား လေ့ကျင့်ပေးမယ့်….. အားအင်ဝေမျှသူတွေ…. လိုပါတယ် ။

ခက်ခဲ ကြမ်းတမ်း ပြီး.ရှုပ်ထွေး…ပူလောင်လှတဲ့  ဟောဒီ လောကကြီးထဲမှာ….

လူသားတစ်ယောက်အဖြစ်…. ရှင်သန်ဖို့ ….

မြင့်မားလှပတဲ့ လူသားဘ၀ တစ်ခုကို… အောင်အောင်မြင်မြင် ပိုင်ဆိုင် နိုင်ဖို့ …./ ကျကျနန တည်ဆောက်နိုင်ဖို့ ….

မင်း….ကြိုးစားရမယ် ။

အဲဒီလို… တစ်စချင်း တစ်ဖဲ့ ချင်း…. စီကာစဉ်ကာ မင်း..တည်ဆောက်သမျှ အရာရာနဲ့  ဘ၀ တစ်ခုလုံးကို…

ဖျက်ဆီးပစ်မယ့်…. ဘ၀ဖျက်သူတွေနဲ့ လည်း..ကြုံရဦးမယ် .။။။

သတိထားပါကွယ်…..။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အားလုံးကို… အပေါ်စီး မြင်အောင်……

ဟိုး…ဘ၀ဂ်ဆီကို မြင့်မြင့် ပျံ…….

စွမ်းစွမ်းတမံ …လေအဟုတ် ..စီး..တဲ့  ငှက်မြန်……

ဘေးကင်းစေ…..ချင်…တာ…..

++++++++++++++++++++++++++++

အားလုံးကို…အပေါ်စီးက မြင်ရဖို့ …..

ဘ၀ရဲ့ ..အမြင့်မားဆုံး နေရာကနေ….. တလောက လုံးကို…. စီးမိုး ကြည့်../ မြင်နိုင်ဖို့  ပါကွယ်….။

သိပ်ကို လှပမယ့်… မြင်ကွင်းတွေ… မြင်နိုင်ဖို့ ….။

အားလုံးကို… ကျယ်ပြန့် ထင်ရှားစွာ…. မြင်တွေ့ နိုင်ဖို့ ……. မင်း…..

ကြိုးစားရမယ် …။

မြင့်မားတဲ့  နေရာကို ရောက်ဖို့ … မြင့်မားတဲ့  လှေကါးတွေကို… တစ်ထစ်ပြီး တစ်ထစ်… ကျော်ဖြတ်..လှမ်း ….တက် ရမယ် ။

ဟိုး…ဘ၀ဂ် ဆီ..အထိ..ရောက်ဖို့ …..

အားကြိုးမာန်တက် ..လျှောက်လှမ်းတော့မယ့်…… လူသားကလေးရေ……

မင်း….

ဘေးကင်းစေဖို့ လ်ညး…. ကိုယ် ဆန္ဒ ပြုလိုက်ပါတယ်ကွယ်….။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

စူးစမ်းထား..ကိုယ့်ရဲ့  အသိုက်အမြုံ မခွာခင်မှာ……..

ဘ၀ အတွေ့ အကြုံ ဟာ… ရနိုင်သလောက်… အားလုံး..ပိုသည် မရှိ…….

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အသိုက်အမြုံ တစ်ခုထဲကနေ….

ခွဲခွါ ဝေးလွင့်သွားတတ်တာဟာ…. ဖြစ်မြဲ ဖြစ်စဉ်တစ်ခုပါလေ…။

အဲဒီလို… ဝေးရာကို ခွဲခွါမသွားခင်လေးမှာ…..

လေ့လာပါ….

သင်ယူပါ ….

ယူနိုင်သမျှ ယူပါ…ကွယ်…။

ကြုံလာသမျှထဲက….သသ်ခန်းစာ တွေ ထုတ်နှုတ် ပြီး….အသုံးချဖို့ သိမ်းဆည်းပါ ။

လောကဆီက…. ရသမျှ အတွေ့အကြုံ တွေဟာ…ဘယ်လောက် ရရ ပိုတယ်လို့ …. မရှိပါဘူးကွယ်…. ။

++++++++++++++++++++++++++++++++++++++++++++++++++++++++

သတင်းကောင်းများ ကြားရလို့ သာ…ဂုဏ်ယူ..ချင်…..

ခွင့်ပြုချိန်တန်…ဆုံးမ အားပေးစကားတွေ မှာကြား…….

အသင့်ဖြစ်နေတဲ့  ငှက်လိမ္မာ….

ထားခဲ့ပါ..နိမ့်ပါးတဲ့ နေရာ……..

အမြင့်ရောက်ရင်….. အမြင် ပို…ရှင်း..လင်းသွားမှာ……

ရင့်ကျက်စေ..ချင်တာ…….

……………………………….

===============================================================

ဟောဒီ အသိုက်အမြုံထဲကနေ….မင်း..ထွက်သွားဖို့ …..

အသင့်ဖြစ်နေပြီ..ဆိုရင်တော့….

လမ်းခရီးအတွက်…လိုအပ်မယ့်…. အားပေး စကားတွေ..မှာကြားချင်ပါသေးတယ် ကွယ်….။

မနက်ဖြန်မှာ…………….

မင်းး……. ခက်ခဲ ရှုပ်ထွေလှတဲ့ …. ဘ၀ ၀င်္ကပါကြီးထဲ…. သွားရတော့မှာ…..။

ပြန်ဆုံတွေ့ ဖို့ ……/ ဒီ အသိုက်အမြုံထဲမှာ…. နွေးထွေးစွာ…. ပြန်လည် ဆုံတွေကြဖို့ ဆိုတာက……

မသေချာပါဘူးကွယ်……။

ရှေ့ ဆက်ရမယ့်… မင်းဘ၀လေး….. ဘာတွေ ဆက်ဖြစ်လာမလဲ……

စိတ်ပူ မိပါတယ်ကွယ်…… ။

သတင်းကောင်းတွေသာ..ကြားပြီး… ဂုဏ်ယူ ၀မ်းမြောက်ချင်ပါတယ် ….။

လောကထဲမှာ……. ကျကျနန ရှင်သန် လျှောက်လှမ်းဖို့ ရာ…အဆင်သင့် ဖြစ်နေပြီဆိုရင်တော့…..

သွားပါ…….။

သွားပါ…….။

သွား…ပါ….တော့…..ကွယ်….. …

ဟောဒီနေရာက မင်းအတွက်….. နိမ့်ပါး ပါတယ် ။

သွားပါတော့... လူကလေးရယ်....

သွားပါတော့…
လူကလေးရယ်….

ဟိုးးးးးးး….. မြင်မြင့် နေရာတွေနဲ့ သာ….. မင်း..ထိုက်တန်ပါတယ် ။

ထားခဲ့ပါ….. …ဟောဒီ…..နိမ့် ပါးတဲ့ နေရာတွေကို……..

ဟိုးမြင့်မြင့်ကို ပျံသန်းသွာြး့ပီး လွတ်လပ်မှုကို ရှာပါကွယ်

ဟိုးမြင့်မြင့်ကို
ပျံသန်းသွာြး့ပီး
လွတ်လပ်မှုကို ရှာပါကွယ်

+++++++++++++++++++++++++

မင်းဘ၀လေး..မြင့်မားလှပစွာ…. တည်ဆောက်လို့ …. ပြီးသွားပြီဆိုရင်…….

မင်းဘ၀အတွက်..လိုအပ်တဲ့ … စည်းစိမ်ဥစ္စာနဲ့  လိုအပ်တဲ့ … အသိဥာဏ်ပညာတွေ….မင်း ကျကျနန ပိုင်ဆိုင် အသုံးချတတ်ပြီဆိုရင်…..

လောကနဲ့ ……

ဟောဒီ မြင်ရသမျှ အရာတွေကို…..ကြည့်တဲ့ …မင်း အမြင်တွေ…..

ပို ရှင်းလင်းသွားမှာပါ ။

အမြင်တွေ…ကြည်လင်လာလေလေ…..

လောက ဟာ… ပိုပြီးတော့….. နေဖို့ ထိုက်တန်လေလေပေါ့ ။

ဘ၀ရဲ့ အနှစ်သာရတွေကို…မင်း…..မြင်စေချင်တာပါ ။

လူ့ ဘ၀ရဲ့ အနှစ်သာရဟာ….. ဒါပဲ..လို့ ……

မင်း… ကြည်လင် ပြန့်ပြူးစွာ… သိ သွားစေချင်တာပါကွယ်…။

ရင့်ကျက်စေချင်တယ်….လူကလေးရေ…..။

တည်ငြိမ်စွာ ရင့်ကျက်….. ဟိုး…မြင့်မားတဲ့  ထိပ်ဖျားကနေ…..

ဟောဒီ လောကကို….. ကြည့်ပါ …။

မင်းကို……

အများကြီး….မျှော်လင့်ထားတယ်….လူကလေးရယ်…..။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

စိုင်းထီးဆိုင် သီဆိုခဲ့တဲ့  ငှက်မြန် (သို့ မဟုတ် ) သားအတွက် သီချင်း ဆိုတဲ့  သီချင်းကလေးကို…ခံစားမိတဲ့ အတွက်…..

ဟောဒီ ပိုစ့်ကို ခံစားချက်အဖြစ်…ချရေးမိကြောင်းပါ ။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

လေးစားစွာဖြင့်

အလင်းဆက်

alinsett

About alinsett

alinsett has written 615 post in this Website..

. . .