အရွယ်ရောက်ပြီးသူ အများစုက အတိုင်းအတာတခုထိ အရက်သောက်နိုင်ကြပါတယ်-

အမျိုးသားတွေက တနေ့ နှစ်ကြိမ်၊ အမျိုးသမီးတွေ နဲ့ သက်ကြီးရွယ်အိုတွေက တနေ့ တကြိမ်- ပြီးတော့ အရက်နဲ့ပတ်သတ်တဲ့ ပြသနာတွေကိုလဲ ရှောင်နိုင်ကြတယ်။

(အရက်တကြိမ်သောက်သုံးခြင်းဟာ ၁၂အောင်စရှိတဲ့ ဘီယာ သို့မဟုတ် ၀ိုင်ပုလင်း ၊ ၅ အောင်စရှိတဲ့ ၀ိုင်တဖန်ခွက် သို့မဟုတ် ၁.၅ အောင်စရှိတဲ့ ပေါင်းခံထားသော အရက်ပြင်း (သို့) ၀ီစကီ သတ်မှတ်ချက်အဆင့် ၈၀နဲ့ ညီမျှတယ်လို့ဆိုပါတယ်)။

ဘယ်လိုဘဲဖြစ်ဖြစ် လုံးဝအရက်မသောက်သင့်တဲ့ လူမျိုးလဲရှိနေပါသေးတယ်။ ဘယ်လိုလူတွေလဲဆိုတော့
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ခလေးယူဖို့ကြိုးစားနေတဲ့အမျိုးသမီးတွေ၊ ကျွမ်းကျင်မှုနဲ့သတိရှိမှုကိုအသုံးချပြီး အလုပ်လုပ်ရတဲ့ လုပ်ငန်းခွင်မျိုးမှာ ပါဝင်ဖို့ ပြင်ဆင်နေကြတဲ့ (သို့မဟုတ်) လက်တွေ့လုပ်ဆောင်နေကြတဲ့ ယာဉ်မောင်း တွေ၊ ဆေးစာမပါဘဲ ၀ယ်လို့မရတဲ့ ဆေးမျိုးကို အတိအကျလိုက်နာ သောက်သုံးနေရပြီး ဆေးကုသမှုခံယူနေရတဲ့ လူနာတွေ၊ အရက်သောက်ခြင်းအားဖြင့် ရောဂါပိုတိုးလာစေနိုင်တဲ့ လူနာမျိုးတွေ ၊ အရက်ဖြတ်ထားစလူနာတွေ ပြီးတော့ အသက် ၂၁ အောက် အရွယ်လူငယ်တွေပါဘဲ။

အရက်စွဲတယ်ဆိုတာဘာလဲ ?

စိတ်ကုဆရာဝန် Dr.Ingrid Mathieu ကအရက်စွဲခြင်းနဲ့ပတ်သတ်လို့ အခုလိုဖြေကြားပေးထားပါတယ်။
အရက်စွဲခြင်းအဓိပ္ပါယ်ဖွင့်ဆိုချက်
အရက်စွဲခြင်းဆိုသည်မှာ အရက်သောက်ခြင်းနှင့်ပတ်သတ်ရွေ့ ထိန်းချုပ်ရန်ခက်ခြင်း ၊ မထိန်းချုပ်နိုင်ခြင်း စသည့် ပြသနာများပါဝင်သော ယေဘူယျ အသုံးအနှုန်းတစ်ခုဖြစ်သည်။ အမေရိကန်စိတ်ပညာရှင်အသင်းက (၁၉၆၅) ခုနှစ်မှာ၊ အမေရိကန်ဆေးပညာရှင်အဖွဲ့က (၁၉၆၆) ခုနှစ်မှာ အရက်စွဲခြင်း (သို့မဟုတ်) အရက်မသောက်မရမနေနိုင်ဖြစ်ခြင်းကို ရောဂါတခုအဖြစ်သတ်မှတ်ခဲ့သည်။ စွဲလမ်းမှုနဲ့ဆိုင်သော ရောဂါပုံစံအပေါ် အခြေခံပြီး အရက်စွဲခြင်းသည် ခန္ဓာကိုယ် စိတ် နှင့် အရက်သောက်လိုသောဆန္ဒ အပေါ် စဉ်ဆက်မပြတ်အကျိုးသက်ရောက်နေသော နာတာရှည်ရောဂါတခုဖြစ်ကြောင်း သတ်မှတ်ထားသည်။

အရက်စွဲခြင်းဟာ မိမိဘ၀ကို ဘယ်လိုအကျိုးသက်ရောက်စေသလဲ ?

အရက်စွဲခြင်းဟာ စိတ်ဓါတ်ခွန်အားချို့တဲ့ခြင်း သို့မဟုတ် အားနည်းခြင်း ဖြစ်တယ်လို့ ပြောလို့မရပါဘူး။ အခြားရောဂါတွေလိုဘဲ ကြိုပြောလို့ရတဲ့ အကျိုးဆက်ရှိတယ်။ နိမိတ်ပြ ရောဂါက္ခဏာတွေ ရှိတယ်။ ပြီးတော့ မျိုးရိုးဗီဇ နဲ့ လူမှုဘ၀ ပတ်ဝန်းကျင်အခြေအနေတွေရဲ့ လွှမ်းမိုးခြင်းကိုလဲခံရတာနဲ့လဲ ဆိုင်ပါတယ်။

အရက်စွဲခြင်းဟာ ကျား၊မ မရွေး မည်သည့်အသက်အရွယ် ၊ မည်သည့် လူမျိုး မဆို နှေးနှေးဖြစ်စေ မြန်မြန်ဖြစ်စေ အကျိုးသက်ရောက်မှုပေးနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ လေ့လာတွေ့ရှိချက်အရ ကမ္ဘာ့လူဦးရေရဲ့ ခန့်မှန်းခြေ သန်း(၁၄၀) ခန့်ဟာ အရက်စွဲနေတယ်လို့ ဆိုပါတယ်။

အရက်မသောက်ရ မနေနိုင်ဖြစ်တယ်ဆိုတာ ဘာလဲ ?

စိတ်ပိုင်းဆိုင်ရာမူမမှန်ခြင်းအတွက် ရောဂါရှာဖွေစမ်းသပ်ခြင်းနဲ့ အချက်အလက်စုဆောင်းတင်ပြခြင်း ဆိုင်ရာ လက်စွဲစာအုပ်မှာ ပါတဲ့ အကျဉ်းချုပ်ဖေါ်ပြချက်အရ အရက်စွဲခြင်းကို အောက်ပါတိုင်း အဓိပ္ပါယ်သတ်မှတ်နိုင်ပါတယ်။
ရှင်းလင်းပြတ်သားစွာဖေါ်ပြထားတဲ့ နိမိတ်ပြလက္ခဏာတွေထဲက သုံးခု သို့မဟုတ် သုံးခုထက်ပိုတဲ့ အခြအနေမျိုး ၁၂လအတွင်းမှာ အချိန်မရွေးဖြစ်နေမယ်ဆိုရင်တော့ အံဝင်ခွင်ကျမဖြစ်တဲ့ အသုံးချမှုပုံစံတစ်ခု ဟာ ဆေးကုသတဲ့နေရာမှာ သိသိသာသာ ပိုဆိုးသွားစေတဲ့ ဒါမှမဟုတ် အလွန်အမင်းစိုးရိမ်စရာဖြစ်စေတဲ့ အခြအနေတခုကို ဦးတည်နေပါပြီ။

• သည်းခံနိုင်မှု- တူညီတဲ့အကျိုးသက်ရောက်မှု တခုရဖို့အတွက် သောက်နေကျထက် ပိုသောက်ရတာမျိုး
• နှုတ်ထွက်ခြင်း – အန်ချင်သလိုဖြစ်တာ၊ လက်တုန်တာ၊ ချွေးထွက်တာ သို့မဟုတ် အိပ်မပျော်တာ စတဲ့ဝေဒနာတွေကို အရက်ဖြတ်ဖို့ကြိုးစားတဲ့အခါ သို့မဟုတ် လုံးဝဖြတ်ချလိုက်တဲ့အခါမှာ ခံစားရတာမျိုး
• သောက်နေကျထက်ပိုသောက်မိတာဟာ တကူးတကန့်ရည်ရွယ်တာမျိုးလဲဖြစ်နိုင်သလို၊ ရည်ရွယ်ချက်မထားခင် အချိန်အတော်ကြာကထဲက လုပ်မိနေတာမျိုး
• လုံးဝမသောက်ဘဲနေတာ ဒါမှမဟုတ် ရုတ်တရက်ဖြတ်ချလိုက်ဖို့ ကြိုးစားပြီး မအောင်မြင်တာမျိုး
• အရက်ကြောင့်ဖြစ်တဲ့ အကျိုးဆက်တွေကနေ ပြန်လည် နလံထူနိုင်ဖို့ အချိန်ယူလွန်းတာမျိုး
• အရက်သောက်နေတာကြောင့် အားလပ်ချိန်မှာလုပ်ရမဲ့အသင်းအဖွဲ့လှုပ်ရှားမှုတွေ ၊ အလုပ်နဲ့ပတ်သတ်တဲ့တွေ့ဆုံမှုတွေ ၊ အရေးကြီးတဲ့ လူမှုဆက်ဆံရေးဆိုင်ရာတွေ့ဆုံပွဲတွေကို အချိန်မပေးနိုင်တော့တာမျိုး
• အရက်ကြောင့် စိတ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာ ပြသနာတွေဖြစ်တဲ့ စိတ်ကျခြင်း သို့မဟုတ် ကိုယ်တွင်းကလီစာများ ပျက်စီးခြင်းကို ဖြစ်နေစေတာတောင်မှ ဆက်သောက်နေမိတာမျိုး

အရက်စွဲခြင်းမှ ပြန်လည်နလံထူခြင်း

အရက်စွဲသူတွေဟာ လတ်တလောဆေးကုသမှုခံယူနေတာမျိုး မဟုတ်ရင်တောင်မှ အရက်စွဲခြင်းကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေကနေ ပြန်လည်နလံထူဖို့ ဖြစ်နိုင်ပါတယ်။ အရက်မသောက်ရမနေနိုင်သူတွေကျတော့ မိမိရဲ့ အပြုအမူတွေ သဘောထားအမြင်တွေကို ပြောင်းလဲယူဖို့ ကြိုးစားနေတုန်းမှာ မိမိကိုယ်ကို စည်းကျပ်နိုင်ဖို့နည်းလမ်းရှာရတာမျိုးအထိ တဘ၀လုံးစာ ပြုပြင်ယူရပါတယ်။

ပြုစုတဲ့နည်းတွေကတော့Detox လို့ခေါ်တဲ့ ခန္ဓာကိုယ်အဆိပ်အတောက်ဖယ်ရှားနည်းတွေ ၊ ပြန်လည်ထူထောင်ရေး အစီအစဉ်တွေ၊ ပြီးတော့ ကိုယ့်ကိုယ်ကို ပြန်ကူညီရာရောက်တဲ့ Alcholics Anonymous (အမည်မသိ အရက်စွဲသူ) စတဲ့အစီအစဉ်တွေမှာ ပါဝင်တာမျိုးလုပ်နိုင်ပါတယ်။

By Shwe Ei
30.April.13
ဘာသာပြန်အညွှန်း- About.com

About Shwe Ei

Shwe Ei has written 44 post in this Website..