နာရီကြီးက တဂျောက်ဂျောက်မြည်နေတိုင်း လွမ်းတယ်…

နေလုံးကြီးက ဟိုပြေးဒီပြေးနဲ့ လွမ်းတယ်….

ထိုင်နေရင်လည်း လွမ်းတယ်….. ထပြန်တော့လည်း လွမ်းတယ်…..

အိပ်မရအောင်လည်း လွမ်းတယ်……

အိပ်ရာထ သွားတိုက်ရတိုင်းလည်း လွမ်းတယ်….

လမ်းဖြတ်ကူးတိုင်းလည်း လွမ်းတယ်…

ဟင်းကောင်းကောင်း မကောင်းကောင်း လွမ်းတယ်…

ရုံးသွားဖို့ taxi ငှားရင်းလဲလွမ်းတယ်

မတက်ချင်တက်ချင် သင်တန်းတက်ဖြစ်ရင်လွမ်းတယ်

အဖော်ကောင်းလို့ သင်တန်းလစ်ဖြစ်ရင်လဲလွမ်းတယ်

ဘော်ဒါတွေနဲ့ KTV သွားဆိုဖြစ်တိုင်းလွမ်းတယ်

အဒေါ်တို့အဖွဲ့နဲ့ စင်တင်ရောက်ဖြစ်တိုင်းလွမ်းတယ်

နင့်ဆီကိုဖုန်းလှမ်းခေါ်ဖို့ မဝံ့မရဲဖြစ်မိတိုင်းလွမ်းတယ်

နင်ယောင်ယမ်းပီး ငါ့ဆီ phone ခေါ်လာမလားနဲ့ (ငါ့ဖုန်းနံပါတ်ကိုနင်မသိပေမယ့်) လည်းလွမ်းတယ်

Starting Windows ဆိုတိုင်းလည်း လွမ်းတယ်…

Shutting down ဆိုလည်း လွမ်းတယ်…

အွန်လိုင်းတက်တဲ့အချိန်နင်မရှိတော့လွမ်းတယ်

ကွန်နက်ရှင် ဖုတ်လှိုက် ဖုတ်လှိုက် ကျနေတဲ့အချိန်လဲလွမ်းတယ်

နင်နဲ့သိတဲ နင့်သူငယ်ချင်းတွေနဲ့ချက်တိုင်းလွမ်းတယ်

နင့်အကြောင်းတွေ သူတို့လာလာပြောတဲ့အခါလဲလွမ်းတယ်

နင့် Blog ကိုလာလာကြည့်ရင်းနဲ့လွမ်းတယ်

နင်ဘယ်တော့ငါ့ FB profile လာလည်မလဲစောင့်ရင်းနဲ့လွမ်းတယ်

ရွာထဲဝင်ပြီး စာဖတ်တိုင်းလွမ်းတယ်

ရည်းစားတယောက်ထားမယ်ကြံတိုင်း လွမ်းတယ်

ရည်းစားအဟောင်းတွေအကြောင်းတိုက်ဆိုင်လို့သတိရတဲ့အခါ လွမ်းတယ်

မီးခလုပ် နိုပ်လို့ မီးပွင့်သွားရင်လည်း လွမ်းတယ်.. ပိတ်သွားရင်လည်း လွမ်းတယ်…

ဟာ… ဒီဟမ်းဖုန်းကြီးက ထမြည်ပြန်ပြီ.. လွမ်းတယ်…..

 

(တစ်ယောက်ယောက်ကို သတိရနေလို့ …)

About သူကလေး

Thu Thu Htet has written 37 post in this Website..

My personalities is just the way I am & My attitude depends on who u are :)