မန်းဂဇက် ကဗျာချစ်သူများ၏ ကဗျာပြခန်း (ပြခန်းအမှတ် တစ်)

Mr. MarGaMay 23, 20131min1120154

ဒေါက်……….ဒေါက်………..ဒေါက်
ဒေါက်……….ဒေါက်………..ဒေါက်
ဒေါက်……….ဒေါက်………..ဒေါက်
***********************************
မန်းဂဇက် ကဗျာပြခန်း တာဝန်ခံ ဦးမာဃ ပြခန်းထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။
အိပ်ပျော်ရှာမပေါ့ တစ်ညလုံး လုပ်စရာရှိတာ မလုပ်ဘဲ လုပ်ချင်ရာလုပ်နေပြီး အရုဏ်လာမှ လုပ်စရာရှိသည်များကို ကမန်းကတန်း လုပ်လိုက်ရရှာသကိုး။
သို့သော် ကြာကြာကား အိပ်လို့မရတော့ပေ။ အပြင်မှ တဒေါက်ဒေါက် အသံများက နားဝမှ ဝင်ရောက်ကာ ဦးနှောက်သို့ သတင်းပို့ကြလေတော့သည်။
မနက် စောစောစီးစီး ဘယ်သူတွေပါလိမ့်နော်…………….
ဦးမာဃ အိပ်ချင်မူးတူး မြည်တွန်တောက်တီး၍ အိပ်ယာထဲတွင် အတွေးနယ်ချဲ့ရင်း မျက်လုံးက အခန်းထောင့်ရှိ ပြက္ခဒိန်ဆီသို့ အလည်အပတ် ရောက်ရှိသွားသော အခါတွင်မတော့
ဟိုက်………..မြတ်စွာဘုရား……..ဒီနေ့ ကဗျာပြခန်း ဖွင့်ပွဲလုပ်ရမယ့် နေ့ပါလားဟ။
အချိန်တောင် အတော် လင့်နေပြီ……….. မဖြစ်ချေဘူး အမြန် ပြင်မှ ဆင်မှ ဖြစ်တော့မယ်။
ထိုသို့ဖြင့် ပြင်ဆင်စရာ ရှိသည်များကို ကမန်းကတန်း ပြင်ဆင်ပြီးသကာလ ပြခန်းတံခါးကို ဖွင့်လိုက်သောအခါတွင်ကား…………………..
ဦးမာဃခမျာ ကိုယ့်မျက်စိတောင် ကိုယ်မယုံနိုင်အောင် ဖြစ်သွားပေတော့သည်။
ကြည့်ကြပါဦး အရပ်ကတို့ ဘယ်အချိန်ကတည်းက ဝီရိယကောင်းကောင်းနှင့် စောင့်နေကြသည်မသိ
သဂျီးနှင့် ဆယ်အိမ်ခေါင်းမှလွဲ၍ တစ်ရွာလုံးနီးပါး ပြခန်းရှေ့တွင် ရောက်နေကြပေသကိုး။
ရွာ့ ဆယ်အိမ်ခေါင်း ရွှေတိုက်စိုးနှင့် သဂျီး ဦးခိုင်တို့မှာကား သဂျီးအိမ်ကို ဖောက်ထွင်းခံရမည်ဟု ရွာထိပ်မှာ စာလာကပ်သွားသောကြောင့် လုံခြုံရေး တိုးမြှင့်ကာ ကင်းပုန်းဝပ်နေရသဖြင့် အခုထိ ရောက်မလာနိုင်သေးပေ။
ရှေ့ဆုံးမှ ရွာမီးသတ်ဗိုလ် ဦးခင်ခမှ စိတ်ဆိုး မာန်ဆိုးဖြင့်
ဟေ့ မောင်မာဃ ဘယ်အချိန် ရှိနေပတုန်းကွ မင်းပဲ ကနေ့ ကဗျာပြခန်း ဖွင့်မယ်ဆို
တကတဲ နှိုးလိုက်ရတဲ့ဖြစ်ခြင်း ကာလနဂါးများ ရောက်နေသလား အောက်မေ့ရတယ်။ ဟု
စတင် နှုတ်ခွန်းဆက်သလိုက်ပေသည်။
ဟဲဟဲ…………… ညက နည်းနည်း များ သွားလို့ပါ လေးခ ရယ်။ ကဲ ပြခန်း ဖွင့်ပွဲ စကြရအောင်လား
ထိုအခါကျမှ မီးသတ်ဗိုလ်လဲ စိတ်ပြေသွားပြီး ပြခန်းဖွင့်ပွဲ စတင်ရန် ပြင်ကြ ဆင်ကြလေတော့သည်။
ပြခန်းဖွင့်ပွဲကား ခမ်းနားလှပါဘိတောင်း။
ပြခန်း၏ ညာဘက်တွင် အခမ်းအနားမှူးအဖြစ် ရွာအပျိုချောများ ဖြစ်ကြသည့် အိတုန်နှင့် ဗုံဗုံ
ဘယ်ဘက်တွင်ကား ဖဲကြိုးကိုင်ဆောင်ရန် အထူးတလည် ရွေးချယ်ထားသော ရွာသူ ကဗျာဆြာမများ ဖြစ်ကြသည့် ခိုင်ဇာ၊ ရွှေကြည်နှင့် လုံမလေး မွန်မွန်တို့မှာ ဖဲကြိုးများဖြင့် အရန်သင့် စောင့်နေကြပေသည်။
ပြခန်းရှေ့တွင်ကား ရွာသူား ကြီး၊ ငယ်၊ ရွယ်၊ လတ် တို့မှာ ပြခန်းဖွင့်ပွဲကို စိတ်ဝင်တစား စောင့်မျှော်နေကြသည်။
အခမ်းအနားမှူးမှ အစီအစဉ် စတင်ကြောင်း ကြေညာပြီးသည့်နောက်ဝယ် ပြခန်းတာဝန်ခံ ဦးမာဃ မိန့်ခွန်းပြောရန် အလှည့်ကျလာ၏။
ဦးမာဃလဲ ဟန်ပါပါဖြင့် စင်ပေါ်သို့ တက်သွားရာ မိန့်ခွန်းစာရွက် မေ့ကျန်နေသဖြင့် အင်း……အဲ ဟု ဖြစ်နေစဉ် အလိုက်သိရှာသော အံဇာတုံးမှ မိန့်ခွန်းစာရွက် လှမ်း ပေးလိုက်ရပေသည်။
ကဲ ဦးမာဃ မိန့်ခွန်း စတင် ပြောပါပြီ။
ချစ်ခင် လေးစား အပ်ပါသော မိဘ ပြည်သူများ (အဲလေ) မန်းဂဇက် ရွာသူားများခင်ဗျာ
ဒီနေ့မှာတော့ ကျွန်တော်တို့ ကဗျာချစ်သူများရဲ့ ကဗျာပြခန်းကို မကြာမီမှာ စတင်လို့ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
အဲ မဖွင့်လှစ်ခင်မှာဖြင့် ကျွန်တော်က မြန်မာကဗျာသမိုင်းကို အနည်းငယ် တင်ပြ လိုပါတယ်ခင်ဗျ။
ဒါကြောင့်မို့ ဆရာ မြဇင်ရဲ့ ခေတ်ပေါ် အင်္ဂလိပ် + မြန်မာ (မြန်မာကဗျာ) စာအုပ်မှာ ပါရှိတဲ့ မြဝတီပုံနှိပ်တိုက် အယ်ဒီတာချုပ်၏ အမှာစာကို ကိုးကားလို့ မြန်မာကဗျာသမိုင်းကို အနည်းငယ် ပြောခွင့်ပြုပါ။

မြန်မာစာပေသမိုင်းတွင် မြန်မာစာအရေးအသားသည် ပုဂံခေတ် (၁၁-ရာစု) ၌ အစပြုခဲ့သည်ဟု ဆိုုနိုင်သည်။ သက္ကရာဇ် ၁၁၁၂-ခု သို့ ရောက်သောအခါ ပုဂံကျန်စစ်သားမင်း၏ သားတော် ရာဇကုမာရ်မင်းသားသည် မြစေတီကျောက်စာခေါ် ရာဇကုမာရ်ကျောက်စာ စကားပြေကို ရေးထိုးခဲ့သည်။ တွေ့ရသမျှသော မြန်မာစကားပြေထဲတွင် ယင်းကျောက်စာ စကားပြေသည် အစောဆုံး မြန်မာစကားပြေဖြစ်သည်။ ဤမြစေတီကျောက်စာ စကားပြေပေါ်ထွန်းပြီးနောက် နှောင်းကာလတွင် မြန်မာကဗျာများလည်း ပုဂံခေတ်၌ ပေါ်ထွန်းသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် ပုဂံခေတ်၌ မြန်မာကဗျာသည် အင်အားမကောင်းသေးပေ။

အင်းဝခေတ် (၁၃၀၁ – ၁၅၃၈) သို့ ရောက်လာသောအခါတွင်မှ မြန်မာကဗျာသည် တစ်ရှိန်ထိုး တိုးတက်ထွန်းကားလာပေသည်။ အင်းဝခေတ် စာဆိုများသည် ဘုရင်နှင့် ဆွေတော်မျိုးတော်များ ဘုန်းတော်ကို ဖွဲ့ဆိုသော ဧချင်းကဗျာများကိုလည်း ဖွဲ့ဆိုကြသည်။ ဆင်တော်အကြောင်း၊ နန်းတော်အကြောင်း၊ လှေတော်အကြောင်း၊ စစ်ပွဲအကြောင်း၊ ကန်တော်အကြောင်း၊ ဘုရားစေတီအကြောင်း ဖွဲ့ဆိုသည့် မော်ကွန်းကဗျာမျိုးကိုလည်း ဖွဲ့ဆိုကြသည်။ ဗုဒ္ဓဘုရားရှင်တော်ကို အာရုံပြုလျက် ရေမြေတောတောင်၏ တင့်တယ်ဟန်ကို ဖွဲ့ဆိုသော တောလားကဗျာများကိုလည်း ဖွဲ့ဆိုကြသည်။ ဗုဒ္ဓဘာသာစာပေဖြစ်သော ဇာတ်နိပါတ်တော်များမှ နှစ်သက်ရာ ဝတ္ထုကြောင်းတို့ကိုရွေးလျက် ဝေဝေဆာဆာဖွဲ့ဆိုသည့် ပျို့ကဗျာမျိုးကိုလည်း ဖွဲ့ဆိုကြသည်။ အထူးသဖြင့် ထိုပျို့မျိုးကို ဦးစားပေးဖွဲ့ဆိုကြသည်။ ဖွဲ့ဆိုရာ၌ အင်းဝခေတ်ကဗျာများသည် ကြွယ်ဝသော စကားအသုံး၊ သုတိသာယာသော ကဗျာဗန္ဓ၊ ဆန်းပြားသော အလင်္ကာတို့ဖြင့် ရေးဖွဲ့ထားသော ကဗျာများဖြစ်ရာ နောင်ဖြစ်ပေါ်လတ္တံ့သော မြန်မာကဗျာတို့အတွက် အမှီသဟဲဖြစ်နိုင်လောက်အောင် ခိုင်ခံ့သောကဗျာများဖြစ်သည်ဟု ဆိုနိုင်ပေသည်။

အင်းဝခေတ်ပြီးနောက် တောင်ငူခေတ် (၁၄၈၈ – ၁၅၈၈) သို့ ရောက်လာသောအခါတွင်လည်း စာဆိုများသည် ကဗျာများစွာကို ဆက်လက်ရေးဖွဲ့ခဲ့ကြသည်။ တောင်ငူခေတ်စာဆိုများသည် များသောအားဖြင့် မင်းမှုထမ်းများ ဖြစ်သည်နှင့်အညီ စစ်လည်းတိုက်ရင်း တစ်ဘက်ကလည်း ကဗျာများဖွဲ့ဆိုကြသည်ကို တွေ့ရသည်။ ထိုစာဆိုများသည် ပျို့များ၊ မော်ကွန်းများကို ဦးစားပေးမဖွဲ့ဆိုကြတော့ဘဲ ဧချင်းများ၊ ရတုများကိုသာ အသားပေး ဖွဲ့ဆိုကြသည်။ ဧချင်းသည် ဘုရင်နှင့်တကွ ဆွေတော်မျိုးတော်များ၏ ဘုန်းတော်ကို ဖွဲ့ဆိုသော ကဗျာဖြစ်သည်။ ရတုမှာမူ စစ်ချီပုံအကြောင်း၊ ဘုရားတိုင်ခြင်းအကြောင်း၊ ရာသီဥတု တောတောင်ရေမြေ ကျေးငှက်အကြောင်း စသည်တို့ကို အခြေပြုလျက် နန်းတွင်းသူ နန်းတွင်းသား မောင်မယ်တို့၏ အချစ်ကိစ္စကို ဦးစားပေးဖွဲ့ဆိုသော ကဗျာဖြစ်သည်။ ဤရတုများသည် နောင်ဖြစ်ပေါ်လတ္တံ့သော ကဗျာများအတွက် စံပြုလောက်သော ကဗျာများဖြစ်ပေသည်။
တောင်ငူခေတ်ပြီးနောက် ညောင်ရမ်းခေတ်………………
ဟိုက် စာက ဒီတင်ဆုံးသွားပါလား………..အင်း………ဆက် ရွှီးဖို့ကလဲ ဘာမှ မပြောတတ်တော့
ကဲ လေ မီးစင်ကြည့် က ရုံပေါ့။
ဟုတ်ကဲ့ပါ ပရိသတ်ကြီးခင်ဗျာ
အချိန်ကို ငဲ့ကွက်လို့ ကျန်တဲ့ မြန်မာကဗျာသမိုင်းကိုတော့ ရှေ့ ဆက်လာမယ့် ကဗျာပြခန်းတွေမှာ ဆက်လက်လို့ ဖော်ပြပေးသွားပါမယ်ခင်ဗျ။

ဆက်လက်ပြီး ကဗျာပြခန်းနဲ့ ပတ်သက်တာကို ဆက် ပြောရရင်
ကျွန်တော်တို့ အနေနဲ့ ကဗျာပြခန်းအတွက် ဝင်ပေါက် တစ်ခုသာ ထား ထားပါသဗျ။
ဒီ ဝင်ပေါက်ကနေသာ ပြခန်းကို ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်ခင်ဗျ။
အဲ ပြခန်းထဲကို လှည့်လည် လေ့လာလို့ ပြီးသွားပြီ ဆိုရင်ဖြင့် ဒီ ဝင်ပေါက်ကနေပဲ ပြန်ထွက်လို့ မှတ်ချက်များကို ပြောကြားစေလိုပါသဗျ။
ကနေ့ ပြခန်းဖွင့်ပွဲမှာ ဦးဦးဖျားဖျား ပါဝင်အားဖြည့်ထားကြတဲ့ ရွာသူားကဗျာဆရာတွေကတော့
ဦးခင်ခ
ခရီးသည်ကြီး
ဆရာထက်ဝေး
ကိုကမ်းဝေး
မိုး မင်းသား
မဟာရာဇာ အံစာတုံး @မောင်ရွာ
ပိတောက်မိုး
အလင်းဆက်
ဆရာမ ဝင့်ပြုံးမြင့်
ခိုင်ဇာ
ရွှေကြည်
လုံမလေး မွန်မွန် စသူတို့ပဲ ဖြစ်ပါတယ်။
သူတို့ရဲ့ ကဗျာတွေကို အဆင်ပြေပြေ ကြည့်ရှုနိုင်အောင်လို့ ကဗျာချစ်သူ အဖွဲ့သား သုံးယောက်ကလဲ သူတို့ရဲ့ အနုပညာနဲ့ ဖန်တီးပြီး ကူညီပေးထားပါသေးတယ်ခင်ဗျ။
ကျွန်တော်တို့ရဲ့ ပထမဆုံး ပြခန်း ဖြစ်တာမို့ လိုနေတာ၊ ပိုနေတာများ ရှိခဲ့ရင်လဲ အားမနာတမ်း ဝေဖန်အကြံပြုနိုင်ကြပါတယ် ဆိုတဲ့ အကြောင်း ပြောကြားရင်း နိဂုံး ချုပ်လိုက်ရပါတယ်ခင်ဗျာ။
ဦးမာဃ မိန့်ခွန်း ပြောပြီးသောအခါ ကဗျာပြခန်းကို ကဗျာချစ်သူ ပေါ်ပေါက်လာအောင် အစဖော်သူ အလင်းဆက်၊ ရွာလူကြီးများကိုယ်စား ဖတ်ရွေးအဖွဲ့ ငှက်ကထကြီး ဦးဦးပါလေရာနှင့် ပြခန်းတာဝန်ခံ ဦးမာဃတို့ ဖဲကြိုးဖြတ် ဖွင့်လှစ်လိုက်ကြလေသည်။
ကောင်းလေစွ ကောင်းလေစွ။
ဖဲကြိုး ဖြတ်ပြီးသည်နှင့် ရွာသူသားများမှာ ပြခန်းအတွင်းသို့ဝင်ရန် တန်းစီကြလေတော့သည်။(ဝင်ပေါက် တစ်ပေါက်သာ ရှိသောကြောင့်)
တာဝန်ခံ ဦးမာဃမလဲ အားသည်မရှိတော့ပေ လက်ကလဲ ပြခန်းဝင်ခွင့် လက်မှတ်များ ထုတ်ပေးရင်း ပါးစပ်မှလဲ ပြခန်းရဲ့ တစ်ပေါက်ထဲသောဝင်ပေါက်ကနေ ဝင်ကြရန် ပြန်ထွက်လာမှ မှတ်ချက်ပေးရန် တစာစာ အော်နေလေသည်။
ဤသို့ဖြင့် မန်းဂဇက် ကဗျာချစ်သူများ၏ ကဗျာပြခန်း ဖွင့်ပွဲကြီး အောင်မြင်စွာ ပြီးဆုံးသွားလေသည်………………..။
(ဒီတင်ပဲ ဖြတ်မယ် လူလဲ လက် အတော်ညောင်းနေပြီဗျ)
စာကြွင်းအနေနဲ့ နောက်တစ်ခေါက် ထပ်ပြောချင်တာကတော့
ကဗျာ ပြခန်းကို ဝင်ဖို့ ကျွန်တော်တို့ ပြခန်း လိုဂိုကို နှိပ်ပြီး ဝင်ရောက်ရမှာဖြစ်ပါတယ်။
ဘေးက tab တစ်ခုမှာ ပြခန်း ပေါ်လာပါလိမ့်မယ်။
ပြခန်းထဲမှာ မှတ်ချက်ပေးခွင့် ပိတ်ထားတာကြောင့် ဒီပို့စ်မှာပဲ လာရောက် မှတ်ချက်ပေးရမှာ ဖြစ်ပါတယ် ဆိုတာကို ထပ်လို့ ပြောချင်ပါသဗျ။

ဒီပုံကို ကလစ်နှိပ်ပြီး ဝင်ပါ
ဒီပုံကို ကလစ်နှိပ်ပြီး ဝင်ပါ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုယ်ကြိုက်တဲ့ ကဗျာလေးတွေကိုလည်း ဒီနေရာမှာ ဗုတ်သွားပေးကြပါ။ တစ်ယောက်ကို သုံးပုဒ် ဗုတ်ခွင့် ပေးထားပါတယ်။

[polldaddy poll=”7123504″]

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စကား မစပ်

ကဗျာပြခန်းအတွက် ကဗျာများ ပေးပို့ လိုပါက

alinsett.art@gmail.com သို့

ပေးပို့နိုင်ပါကြောင်း……………….

လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)
3:06 AM (MST) 5/23/2013

154 comments

  • စနေ

    May 24, 2013 at 11:52 am

    နောက်တခေါက် ဝင်လာပြီး
    ဗုတ်သွားပါကြောင်း ……… 🙂

  • Mr. MarGa

    May 24, 2013 at 12:52 pm

    ကဗျာပြခန်းကို ကဗျာ ပေးပို့ လိုသူတွေအတွက်
    ပေးရမယ့် လိပ်စာကတော့
    alinsett.art@gmail.com နဲ့
    dagyarmin@gmail.com
    ဖြစ်ပါတယ်ခင်ဗျာ
    လိပ်စာတောင်းသူတွေ များနေတာမို့
    တစ်ခါထဲ ပေါင်း ဖြေပေးလိုက်ပါတယ်ဗျို့

    • စနေ

      May 24, 2013 at 2:16 pm

      ဦးမာဃကြီး ……..
      လိပ်စာကို ပို့(စ်)ထဲမှာလဲ ထည့်ပေးပါဗျို့….
      အဲဒါမှ ပို့(စ်)ဖတ်လိုက်တာနဲ့ လိပ်စာပါ တွေ့နိုင်မှာ …
      comment ထဲမှာဆို ရှာရခက်မှာ ဆိုးလို့ပါဗျို့ ………. :hee:

  • အရီးခင်လတ်

    May 24, 2013 at 2:28 pm

    ဝုတ် ၊ ဝုတ် ၊ ဝုတ်။
    တာဝန်ပြီး ကြောင်း သတင်းပို့ပါ၏။

    တစ်လက်စတည်း
    ဓာတ်ပုံ ပြပွဲ ကိုလဲ ပြန်အသက်သွင်းသင့် ပါတယ်။
    စ ခဲ့သူတွေ ပြန်လာပါ။
    ပြီးခဲ့တာတွေထားခဲ့ပါ။

    ကာတွန်းပါ ပါလာရင်တော့ ပိုပြီး မြိုင်သွားမယ်။
    လစဉ် မဟုတ်တောင် လုပ်နိုင်သ၍ပေါ့။

    ဒါထက် ရှင်းရှင်းပြောရရင် ဒီလို နာမည် တွေနဲ့ ဆိုတော့ အမှတ်တူ နေရင် ဘက်လိုက် မိတာ အမှန်ဘဲ။
    ကိစ္စတော့ မရှိဘူး မဟုတ်လား။
    မဟုတ်ရင်တော့ ဓာတ်ပုံမှာလို နာမည်တွေ ဖျောက်ထား။
    ဒါတောင် သူကြီးရဲ့ ပေစောင်းစောင်း ဒါ့ပုံတွေက မှန်းလို့ လွယ်သား။ မပေးဖို့။
    😆

    • Mr. MarGa

      May 25, 2013 at 10:36 am

      အဲဒီ အကြံပေးချက်ကို လက်ခံပါတယ် အရီးရေ
      နောက် ပြခန်းမှာ အဲဒိလို လုပ်လိုက်ပါမယ်ခင်ဗျ

  • BMTM Mdy

    May 24, 2013 at 5:36 pm

    လုံမလေးမွန်မွန် ကဗျာကိုကြိုက်လို့ share လို့ရလား

  • Nay Chi

    May 24, 2013 at 5:49 pm

    ဒုတိယအကြိမ် ဝင်ဖတ်ရင်း vote သွားပါတယ်..။ 🙂

  • padauk moe

    May 24, 2013 at 7:54 pm

    တော်တော်လေးကိုလန်းတယ် မိုက်တယ်ကွာ သူသူရေ

  • အလင်း ဆက်

    May 25, 2013 at 9:57 am

    ဆရာကြီ ဝဏ် ရဲ့ ကဗျာ ဗုတ်ပြီး ဆုရ ရင်
    အံစာတုံး နဲ့ အပြိုငိ အဆိုင် လုပြီးးး ဆု ကိုယ်စား ယူပေးပါ့မယ်

    အဟိ

    • Mr. MarGa

      May 25, 2013 at 10:53 am

      အဟမ်း အဟမ်း
      ဆရာကြီး မင်းသုဝဏ်ကို ပြခန်းတာဝန်ခံ ဦးမာဃ ရွေးတာဖြစ်ပါကြောင်း
      ဒါကြောင့် ဆုကို ဦးမာဃသာ ယူရမည်ဖြစ်ကြောင်း :mrgreen:

  • khin phone

    May 25, 2013 at 10:45 am

    ဆရာမ ဝင့်ပြုံးမြင့်ရဲ့ ကဗျာကို စိတ်ဝင်စားမိပါတယ်..
    ဆရာမရဲ့ အတွေးကိုလဲ သိချင်ပါတယ်….
    ဖြစ်နိုင်မယ်ဆိုရင်တော့ ဆရာမရဲ့ အတွေးလေးကို share ပေးစေချင်ပါတယ်…
    ကဗျာရေးသူ ဘယ်လိုတွေးထားသလဲ ဆိုတာကို စဉ်းစားရင်းနဲ့ ဝေးနေလို့ပါ…

    • အဲ့ဒါတော့ …
      ဆရာမပဲ ရှင်းပြနိုင်လိမ့်မယ် ထင်တယ် ခင်ဗျ …
      ကျနော်လည်း အဲ့ဒီကဗျာကို ဖတ်တယ် …
      သေချာ နားမလည်ဘူး .. ဟီးးး

      ဆရာမ ခင်ဗျာ …
      ကဗျာလေးအတွက် နည်းနည်း ရှင်းလင်းပေးပါဦးလားလို့ …

      • ဝင့်ပြုံးမြင့်

        May 31, 2013 at 3:16 pm

        ကွန်မင့်ပြန်ဖြေဖို့ နောက်ကျသွားတာ စိတ်မရှိပါနဲ့နော်။ (၁၇) ရက်နေ့ကတည်းက ဆေးရုံရောက်နေလို့။ သားက အဖျားကြီးတယ်။ တနေ့ကမှ ဆေးရုံဆင်း၊ မနေ့ကဝင်ဖတ်တော့ ဝင်မရပြန်ဘူး။ မျှစ်ကြော်ပြုံး ဒေါင်ချာစိုင်းနေလို့။
        ———
        မခင်ဖုန်းရေ — ကဗျာလေးကို စိတ်ဝင်စားတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်။ ကဗျာကို သေချာခံစားချင်ရင် အိုပါးဂန်းနား စတိုင် PSY ကတာကို ကြည့်နော်။ အခု နောက်ဆုံးထွက် တဲ့ mother father gentleman ကို ၁ဝ ခါလောက်ကြည့်ပြီးသွားရင် ကဗျာလေးကို ခံစားလို့ ရမှာပါ။
        mother father gentleman က နောက်ဆုံးပေါ် ဗန်းစကားဆိုတော့ သူ့မှာ အဓိပ်ပါယ်မရှိဘူး။ သီချင်းနဲ့ ကတာကို ကြည့်ပြီးမှ အဓိပ်ပါယ်ပေါ်တာ။
        တကယ်ဆို mother ပါဆိုမှ ဘယ်လိုလုပ် gentleman ဖြစ်မလဲနော်။ ဒါပေမယ့် ဟိုစကားလိုလေ ”.. မပေး ပေး ပေး … ပေး ပေး ပေး … ငါ့ရွှေခွက်ပြန်ပေး ” ဆိုတဲ့စကားလိုမျိုး။ “မဟုတ် ဟုတ် ဟုတ် … ဟုတ် ဟုတ် ဟုတ် … ငါ gentleman အဟုတ်” လို့ ဆိုလိုချင်တယ်လို့ ခံစားကြည့်လို့ ရတယ်လေ။
        ကတာကို ကြည့်ပြီးရင် ၊ ကဗျာလေးကို ဖတ်ပြီးရင် “ ကျမလည်း father mother lady smart ” လို့ အော်ချင်သွားပါလိမ့်မယ်နော်။
        အဲဒါကတာက မြန်မာ ဂဏန်းစတိုင် ဆိုပြီး ထွက်သေးတယ်။ နည်းစနစ်ကျပေမယ့် ကတာ မာန်မပါလို့ မလှဘူး။ ကိုရီးယား psy ကတော့ တကယ့်ကို အပီ။
        ခေတ်ကြီး ပြောင်းလဲသွားပုံ၊ ယဉ်ကျေးမှု ပြောင်းလဲသွားပုံကို ကိုယ်တိုင်တောင် တအံ့တဩ ဖြစ်နေရတုန်းပါပဲ ညီမရေ။
        ——
        ကဗျာပြခန်းက ထင်တာထက်တောင် ပိုခမ်းနားနေသေးတယ်။ ကဗျာလေးကို အခုလို မွမ်းမံပေးတဲ့ ဒီဇိုင်းဆွဲသူကိုလည်း ကျေးဇူးတွေ အများကြီးတင်ပါတယ်။ နောက်ခံဒီဇိုင်းကြောင့် ကဗျာက ပိုလှသွားတယ်။
        အလင်းဆက်ရဲ့ ကဗျာလေးကိုတော့ အကြိုက်ဆုံးပါပဲ။

        • ကြက်အူလှည့်

          May 31, 2013 at 4:19 pm

          ဆြာမကဗျာ ဖတ်ရတော့ တချိန်က ဂျီတော့ယူဇာတွေ ကြား ရေပန်းစားဖူးတဲ့

          ဖြစ်လေရာဘဝမှာ အင်္ဂလန် ဆို ဘောသမား ကိုရီးယားမှာ မင်းသား အမေရိကမှာ မာဖီးယား ဗမာပြည်မှာလူကြီးသား ဖြစ်ရပါလို၏ အရှင်ဘုရား

          ဆိုတာလေး သွား အမှတ်ရပြန်တယ်ဗျို့ ..(မူကွဲများ ရှိနိုင်ပါသည်။)

          :harr:

        • KZ

          May 31, 2013 at 5:06 pm

          ဂျာပွန်မှာ ဖိုတိုဂရပ်ဖား….
          ဟောင်ကောင်မှာ မြေတူးသမား……

          စွံတာတွေ ပြောရတာကိုး။
          ကဖိုးစွံတွေ။
          :kwi:

  • may july

    May 25, 2013 at 11:20 am

    ဗုတ် လိုက်ပါပြီ ဗျာ … :hee:

  • Nyo Win

    May 25, 2013 at 12:45 pm

    ဗုတ် ခဲ့ပါပြီ ဗျာ …

  • အလင်း ဆက်

    May 25, 2013 at 4:36 pm

    ဆရာမ ဝင့်ပြုံးမြင့်က
    မဆီလျော်တာတွေ ဖြစ်နေ တဲ့
    တလွဲတွေ လုပ်ပြီး ကမောက်ကမ ဖြစ်နေတဲ ့အ ခြေ အနေ တစ်ခုခုကို ခံစားပြီးး ရေးလိုက်တယ် လို ့ထင် ပါတယ် ။
    ဦး ထုပ်ကို စပါယ်ရှယ်ချုပ်တယ် …..
    ရွှေ သမင်လေးး လှဖို ့တဲ့ ။
    ရည် ရွယ် ပြီး လုပ်တဲ ့ လုပ်ဆောင် ချက် ကိုက လွဲ နေတာ။
    သမင် က ဦးထုပ် ဆောင်း လို ့မရဘူးး။
    မ ဆောင်းသင့်ဘူးးး။
    အက်ဒီလို မျိုးပဲ
    တောကြီးမျက်မည်းး လယ်ကွင်းပြင်တွေ ကို
    နေပြည်တော် ဆိုပြီးးး ဦးးထုပ်ကို စပါယ် ရှယ်ချုပ် နေတယ်
    :kwi:

    ကျွန်တော်က တော့ လူပြိန်း အ တွေး နဲ ့ အဲဒီလို ပဲ ဆက် တွေးးသွားပါတယ်။

    ဘာကို ဆိုလိုတယ် ဆိုတာ ကို အ ပြော နို်င် ဆုံး က တော့ ………………..
    ကဗျာ ရေးသူ ကိုယ်တိုင်သာ ဖြစ်ပါတယ်။

    🙂

  • khin phone

    May 27, 2013 at 10:01 am

    ခုလိုရှင်းပြတာကျေးဇူးတင်ပါတယ် ကိုအလင်းဆက်…
    ပထမ သုံးကြောင်းလောက်ထိကို အဲဒီလိုပဲ သဘောပေါက်နေမိသေးတယ်….
    နောက်ပိုင်း စာသားတွေကြတော့ အဲဒီလိုဆက်မတွေးမိတော့ပဲ လျှောက်ပြီး ဆက်စပ်ကြည့်လိုက်တာ ဘယ်လိုမှ အဓိပ္ပါယ်ဖေါ်လို့မရတော့ဘူး ဖြစ်သွားတယ်….ခုတော့ သဘောနဲနဲပေါက်သွားပြီ….ဒါတောင် တချို့စာကြောင်းတွေ သိပ် clear မဖြစ်ချင်သေးဘူး……..
    ကဗျာရေးသူက ထုတ်ဖေါ်မပြောပဲ နားလည်အောင်တွေးယူရတာလဲ ရသတမျိုးပါပဲ…..

  • ရွှေတိုက်စိုး

    May 27, 2013 at 11:37 am

    အော်ကိုအလင်းဆက်ရယ်…. လာပါပြီ လာပါပြီ…… ဒီမှာ ပိတ်ရက်ကလေး ချစ်သုအုပ်ကို မုန်.လုပ်ကျွေးနေရလို.ပါအေ……..
    ဖွင့်ပွဲဟုတ်စ ဖဲကြိုးက ဘယ်သူဖြတ်မှာတုံး……… မိုးပျံဘောလုံးက ဓာတ်ကြိုးနဲ.လွတ်ပမလား…
    ဘယ်မှာလဲ ကော်ဖီနဲ.မုန်.

    ကျုပ်လဲ ကဘောက်တိကဘောက်ချာ ချာတာတာ ကဗျာတွေပို.အုံးမယ်… သိလား..

  • အလင်း ဆက်

    May 27, 2013 at 11:48 am

    ကဗျာ ရော
    လူ ရောက် လာဖို ့ပါ မျှော်နေတာ ပါ တိုက်တိုက် ရယ်

  • သုရှင်

    May 27, 2013 at 11:51 am

    ကဗျာတွေ ဝင်ရေးချင်သေးသဗျ
    ဝင်လည်း ဗုတ်ပါတယ်။

    • Mr. MarGa

      May 29, 2013 at 9:56 am

      ကိုသုရှင် ဆီက ကဗျာတွေအတွက် ပြခန်းမှာ နေရာတစ်နေရာ ချန်ထားပါတယ်ခင်ဗျ
      ကဗျာလေးတွေကို alinsett.art@gmail.com ကို ပို့ပေးနိုင်ပါတယ်နော်……..

  • အလင်း ဆက်

    May 27, 2013 at 11:58 am

    တိုက်တိုက် ရေ
    မုန် ့နဲ ့ကော်ဖီ မလို ပါဘူးး တိုက်တိုက်
    ကဗျာ မျိုးစုံ ကို ပဲ အရသာ ရှိရှိ သုံးဆောင် ပါ နော်

    :kwi:

  • အဟီး ပျာယီးပျာယာ ပြေးလာတာ… နာမယ်ခေါ်မှားပြီး ကိုအလင်းဆက်သွားခေါ်တာ..
    ဆောတီး သကြားမင်း..
    ကိုအလင်းဆက် နဲ. သကြားမင်းရေ………… လူရောကဗျာရော လာမှာစိတ်ချ…

    • Mr. MarGa

      May 29, 2013 at 8:49 am

      သဂျီး အိမ်က စိတ်ချရပြီပေါ့
      ဒါဆိုရင်တော့ လာခဲ့
      လူလဲလာ ကဗျာလဲလာ
      ပြခန်းမှာ ညစောင့် ခန့်မယ် :mrgreen:

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 27, 2013 at 2:03 pm

    ကဗျာဆိုတာကတော့ လူတိုင်းမရေးနိုင်ဘူးလို့ထင်တာဘဲ
    ခံစားတတ်သူဖက်ကနေတွေးရင်တော့ ခံစားစရာဆိုပေမယ့်
    မခံစားတတ်တဲ့သူဖက်ကနေကြည့်ရင်တော့ ငကြောင်လို့တောင်အပြောခံရနိုင်တယ်
    လုံမလေးရဲ့ မိန်းကလေးတစ်ယောက်ရဲ့သူ့ဘဲကြီးကိုခံစားပြီးရေးပုံလေး ဆိုးဘူး 😆
    ကျုပ်လည်းဒီဂဗျာနဲ့ပြိုင်တယ်ဗျာ
    ………………………………
    ဇဘယ်ဒဘွင့်ထရံကါ
    ဒို့ဂိုချစ်ရင်စာပျံဘါ
    လက်ရေးမလှ ဒို့ဘဝ
    ပျင်ဆင်ဖတ်ရန်ဒို့တောင်းဘန်

    • အရီးခင်လတ်

      May 27, 2013 at 2:11 pm

      ကွန်ပူတာခေတ်မတော့ လက်ရေးမလှ လဲ အကြောင်းမဟုတ် တော့ ဘူးလေ ဘပုရဲ့။
      အခုတော့ ကွန်ပူတာ နဲ့ဘဲ စာရေး လွန်းလို့ လက်နဲ့ စာချရေးလိုက်ရင် လက်ရေးက အတော်လေး ကို မဟန်တော့ တာ ကလား။
      ဒီတော့ ဘပု ချစ်ရသူလေးများ ရှိလို့ သူ့ကို စာရေးချိန် လက်ရေးသီနေရင် လက်နဲ့ ရေးပြီး ကို တစ်ကူးတစ်က ပေးတာမို့ ပိုတောင် အမှတ်တက် သွားဦးမယ်။
      ရွာထဲ မှာများ ရှင် သဘောကျ နေသူ ရွာသူ လေး ရှိများ နေရော့သလား။ 🙄
      :kwi:

    • Ma Ma

      May 28, 2013 at 9:26 pm

      ဘွပုရဲ့စာကို…
      တတ်ဘုံအဖွဲ့က စင်စာဖြတ်ပါဒယ်။
      အစင်ပျေချင်ရင်…. ဒဘောဘောက် :kwi:

  • Mon Kit

    May 27, 2013 at 2:26 pm

    ကိုယ်အကြိုက်ဆုံး တစ်ပုဒ်ကို ဗုတ်ခဲ့တယ်….
    အားလုံးကို ဗုတ်လို့ ရရင်လဲ ဗုတ်ချင်ပါတယ်…
    :hee:

  • အလင်း ဆက်

    May 28, 2013 at 9:25 pm

    ကိုသုရှင်ရေ…
    ကဗျာပြခန်းအတွက်.. ကဗျာလေးတွေ ပို ့ပေးပါအုံးနော် ။
    ==============
    တစ်လက်စတည်းပြောချင်တာ က…
    ဒီ နေ ့က စပြီးပို ့လာတဲ ့ ကဗျာလေးများဟာ..ဖြင့်..
    ပြခန်းအမှတ် 4 လောက်မှာမှ ထည့်ပြနိုင်ပါမယ် ။
    ပြခန်းအမှတ် 2 နဲ ့ 3 အတွက်က ကဗျာ အပုဒ်ရေ..ပြည့်နေပြီ ဖြစ်ပါသောကြောင့်…..
    ——————————-
    ပြခန်း အမှတ် နှစ်ကို…
    လကုန်ပြီး သိပ်မကြာခင် ( သိပ်မကြာခင် ) မှာ တင်ပြ ဖြစ်ပါလိမ့်မယ်..လ်ို ့….

    လေးစားစွာ…

  • padonmar

    May 28, 2013 at 9:36 pm

    ဂွတ်ထ
    ၃ပုဒ်ထက်လည်း ပိုဗုတ်လို့မရဘူး။
    တစ်ကြိမ်ထက်လည်း ပိုဗုတ်လို့မရဘူး။
    ဟန်ကျပြီ။
    ဒီလ အကြိုက်ဆုံးကိုလည်း ဗုတ်ပြီး ရွေးကြရအောင်။
    ဓာတ်ပုံပြပွဲလည်း ပြန်လုပ်ရအောင်။
    ဆုပေးဖို့ကတော့ ထုံးစံအတိုင်း ငွေဖလားကြိး ဂေါက်ဂေါက်ဂေါက် လုပ်လိုက်မယ်။

    • ကြက်အူလှည့်

      May 29, 2013 at 7:37 am

      ဒါ့ပုံကိစ္စက တာဝန်ယူနိုင်သူရှိရင် လုပ်ကြပါဗျား …
      ကျနော်တော့ မအားလို့ ..တာဝန်မယူပါခည…ပြောရရင်
      မနှစ်က လုပ်လက်စကနေရပ်သွားတာ..အင်းးးး. ဟို ဆြာ၂ယောက်ဗျ …
      တယောက်က သင်တန်းဆိုလား ကျောင်းဆိုလားနဲ့ ပျောက်သွား ..ခုထိပေါ်မလာ
      နောက်တယောက်က စတစ်ကီပိုစ့်ကို Draft လုပ်ပစ် (ကြားထဲ ပလိန်းယီး ဝင်ကြိမ်းတဲ့လူပေါ်လိုက်သေး)
      အဲ့သည့်လူလည်း အဲ့ကိစ္စနောက်ပိုင်း မပေါ်လာတော့ ဟိုဆြာလည်း နောက်ပိုင်း အလုပ်တွေများလို့ဆို ပျောက်သွား…
      ဆိုတော့ပေါ့လေ..
      ကျနော်လည်း ကွ ကိုယ် ၁နှစ်ကျော်ကျော်ဒါ့ပုံအကြွေးတွေ တင်နေလို့ ရှင်းရဦးမှာမို့ …

      :harr:

      • Mလုလင်

        May 30, 2013 at 12:26 am

        ရက်လွန် နေတာ ကို . . . ဆု မကြေညာ ပဲ . . . . . Sticky ပိုစ့် ကို ဒီအတိုင်း ပစ်ထားတဲ့ . . နှစ်ယောက် က ကောဗျ . . . . . . . အဲ့နောက်ပိုင်း . . တတိယ အကြိမ် ကျမှ . . ညှိနှိုင်းစရာ လေးတွေ ပေါ်လာကြတာ မလား . . . . . . တယ် နှိုးရခက် သကိုး . . . .

        • ကြက်အူလှည့်

          May 30, 2013 at 7:00 am

          ကိုယ့်ဆြာ တာဝန်ယူမယ် ဆို ပြန်-စ ကြတာပေါ့ ဗျာ …
          :kwi:

    • Mr. MarGa

      May 29, 2013 at 8:47 am

      ဒေါ်လေးရေ
      ဒေါ်လေးရဲ့ ငွေဖလားကို ကဗျာချစ်သူတွေ မျက်စောင်းလဲထိုး
      တည့်တည့်လဲ ကြည့်နေပါတယ်ဗျို့ :harr:
      စကားအတင်းစပ် ကဗျာပြခန်းအတွက် တစ်ပုဒ်တစ်လေလောက် ရနိုင်မလားဟင် :kwi:

  • padonmar

    May 28, 2013 at 9:40 pm

    အဲ ကဗျာပြခန်းလည်း စလိုက်ရော ဒို့ တစ်ရွာလုံး ကဗျာဆရာတွေ အင်အားမနည်းပါလားလို့ သိလာရတယ်။
    ပို့စ်ကိုလည်း ကဗျာလိုရေးလာကြတယ်။
    မန့်ရင်လည်း ကဗျာတွေနဲ့ မန့်ကုန်ကြပြီ။
    ခေတ်မီအောင် အန်တီဒုံလည်း ကဗျာစပ်အုံးမှပါပဲ။

    • Mr. MarGa

      May 29, 2013 at 10:00 am

      ဒေါ်လေးရေ
      ကျွန်တော့် ခံစားချက်ကို ပြောရရင်
      ဒီပြခန်းကလေးဟာ
      တစ်ရွာလုံးရဲ့ ရင်ထဲမှာ မီးခဲပြာဖုံး ဖြစ်နေတဲ့
      ကဗျာပိုးကို
      နှိုးဆွ ပေးလိုက်တယ်လို့ ထင်မြင်မိတယ်ဗျို့
      ကဗျာတွေ ပို့လာလိုက်တာ
      ကျွန်တော်တို့ ပြခန်းအမှတ် သုံးအထိ ပြည့်သွားပြီ။
      နှစ် တောင် မတင်ရသေးဘူး
      အခု ပို့တာတွေဆိုရင် အမှတ် လေးအတွက် ဖြစ်တော့မှာ………..
      ပို့လာတဲ့ ကဗျာတွေကို ကြည့်ပြီး
      ရတဲ့ ပီတိ ကတော့
      ပြော မပြတတ်ဖူး ဗျို့
      :hee:

      • အရီးခင်လတ်

        May 29, 2013 at 5:12 pm

        Wowwwww လို့ ဘဲ အော်လိုက်မယ်။
        Many Congratulations ပါ …
        စီစဉ်သူများရော၊ ပံ့ပိုးသူများရော၊ ရေးစပ် သူများ ရောပါ။
        တကယ်ဘဲ ချီးကျူးပါတယ်။

        ဒါ့ပုံ ပြပွဲ စီစဉ်ခဲ့ သူ နှစ်ယောက် ကိုလဲ သွားပြီး နားရွက်ဆွဲ ပြန် ခေါ်မှ ထင်ရဲ့ အုတ်ကထကြီးရေ့။
        ကဗျာက ကိုယ်မမှီ တော့ ရိုက်ရင် အရုပ်ထင် တဲ့ ဒါ့ပုံမှာမှ ကျုပ်တို့ ပါလို့ ရမှာမို့ပါ ကိုယ်တော်များရယ်။
        စီစဉ်ပေးကြပါ။

  • အလင်း ဆက်

    May 29, 2013 at 10:35 am

    ကဗျာ ပြခန်း လေးးက
    ကျွန်တော် တွေးထားတာထက်
    အများကြီး ပို အောင်မြင် သွားပါ တယ်။

    ကဗျာ ပြခန်း ရဲ ့အောင်မြင် မှုဟာ
    ဂဇက် ရွာ ရဲ့ အောင်မြင်ခြင်း လည်းးး ဖြစ်သလို
    အနုပညာ ရဲ ့ အောင်မြင်ခြင်း လည်းး
    ဖြစ်ပါတယ် ။

    အတိုင်းအဆမဲ့ ဝမ်းသာ မိပါ တယ် ။

  • Ma Ei

    May 29, 2013 at 1:39 pm

    သိပ်နားမလည်ပေမယ့်
    ကဗျာလေးတွေ ဖတ်ကြည့်ပြီး
    ခံစားရလောက်တယ်ထင်တဲ့ ကဗျာလေးကို
    အမှတ်ပေးခဲ့ပါတယ်…

  • ko pauk mandalay

    May 30, 2013 at 12:32 pm

    ကျနော်ရွာထဲစာရေးစက ကဗျာဆိုတာရွာထဲမှာဘောင်မဝင်တဲ့ ပစ္စည်းလိုပါဘဲ။
    အခုတော့ လူငယ်တွေရဲ့ကြိုးပမ်းမူ့ကြောင့် အသက်ဝင်လာပါပြီ။
    ကဗျာပြခန်း(3)အထိ စာမူရပြီးသားဆိုတော့ဝမ်းသာစရာ။
    ဒီအောင်မြင်မူ့အတွက်ဦးဆောင်သူ ပါဝင်သူများအားလုံးကို
    ခုပေါ်တက်မတ်တပ်ရပ်ပြီးအကြာကြီးလက်ခုပ်တီးလို့ဂုဏ်ပြုပါတယ်.ခင်ဗျာ
    ကျနော်ကတော့ ဖတ်ရင်းအားပေးပါမယ်။လက်ခုပ်တီးပါမယ်။

    • လူစိုး

      June 9, 2013 at 7:14 pm

      မှတ်မိပါသေးတယ် ဟိုတစ်ချိန်အရင်က ကိုပေါက် ခရီးသွားနေသည်ဆိုလားပဲ . ကိုပေါက်ရဲ့ ဓါတ်ပုံလက်ရာလေးတွေ မြင်ချင်ပါဘိ း)

  • အလင်း ဆက်

    May 30, 2013 at 4:07 pm

    လေး ပေါက် ရဲ ့ကဗျာ လေးလည်း ပြခန်းထဲ မှာ
    ထည့်ပြ ဖို ့ ရွေးချယ်ထားပြီး ပါပြီ လေးပေါက်ရေ

    ကဗျာပြခန်းလေးကို အားရပါးရ အားပေး ခံစားကြလို ့
    စီစဉ်ရ သူတွေ လည်းးးး ဝမ်းသာ ပီတိ ဖြစ်နေ ပါတယ်။

    🙂

    • ko pauk mandalay

      May 30, 2013 at 10:42 pm

      ကောင်းပါပြီ အလင်းဆက်ရေ လိုတာရှိရင်ပြောပါ
      နောက်ကနေ တတ်နိုင်သမျှဝိုင်းပေးပါမယ်

  • naywoon ni

    May 30, 2013 at 8:32 pm

    အလင်းဆက်ရေ….။ ကဗျာ ပို့ပေးထားတာ ရောက်သလား ပြန်လည်းမပြောဘူး

  • အလင်း ဆက်

    May 31, 2013 at 7:32 am

    အဘနီ ရေ
    ပို ့ထားတဲ့ကဗျာလေး ရောက်ပါတယ်။
    နောက် လာမယ့်
    ပြခန်း တွေ ထဲမှာ ထည့်ဖို ့စီစဉ်နေကြပါပြီ ။

    အခုလို အဘနီ ရဲ့ ကဗျာ လေး ရထားတာ ဝမ်းသာ မိပါကြောင်းးး

    လေးစားစွာ

    • naywoon ni

      May 31, 2013 at 9:26 pm

      နီ့ ပြခဏ်းထဲ ပါမာဆိုရင် နာ့ကို စာမူခပေးရမယ်…။ အဲဒိစာထဲမှာ ငါ့ ကန်စွန်းရွက်နဲ့ပေါက်ပေါက်ထည့်ပေးထားတယ် အဲ လိပ်စာထည့်ပေးထားတယ် တွေ့လား ၊????? အဲဒါ ဆရာထက်ဝေး ကျေးဇူးနဲ့ ဖန်စီ ဂျာနယ်ထဲမှာ ပါသွားတာ ….။ ဆရာထက်ဝေးကိုလည်းပြောလိုက်ဦး

  • အလင်း ဆက်

    May 31, 2013 at 10:00 pm

    ဂလောက်…
    ဂလောက်…
    ဂလောက်…

    (မှတ်ချက် … ။ အလှူခံဖလား..လှူပ်သံ )
    :kwi:
    :kwi:
    :kwi:
    🙂

  • ဝင့်ပြုံးမြင့်

    June 1, 2013 at 3:38 am

    မျှစ်ကြော်ပြုံး ကဗျာမှာ စာလုံးပေါင်း ၂ လုံးမှားနေတယ်နော်။
    “ ပန်းသီးကို မိတ်ကပ်လိမ်းတော့
    အခွံနွှာပြီး စားခွင့်ရှိ ” ဖြစ်ရမှာ။
    ဟိုးတုန်းကဆိုရင် ပန်းသီးလေးတောင် အခွံနွှာစားရင် တော်တော်ကိန်းကြီးတာပဲ လို့ သောက်ညင်ကပ်ခံရတယ်။ ဒီခေတ်မှာတော့ ပန်းသီးကို ဖယောင်းသုတ်တယ်။ အရောင်တင်တယ်။ ဒီတော့ အခွံနွှာစားတဲ့အပေါ် ဘာသဘောထားမှ မရှိတော့ဘူး။ ဆီဥထောပတ်တွေရဲ့ လုပ်ရပ် မဟုတ်တော့ဘူး။
    နောက်တစ်လုံးက “ သံခမောက်နဲ့ ကျွဲဂျိုကုပ်” ဖြစ်ရမှာနော်။
    —-
    ကဗျာက psy ရဲ့ ကကွက်တွေကို ခံစားတာပါ။
    သိပ်ရိုင်းတယ်လို့ထင်ရတဲ့ ကိစ္စတွေဟာ ဒီခေတ်မှာတော့ ဘာမှမဟုတ်တော့ပြန်ဘူး။ ယဉ်ကျေးမှုပြောင်းသွားပုံကြောင့် တိရစာ္ဆန်တွေတောင် လူကြီးလူကောင်းဖြစ်နိုင်တယ်လို့ ပြောချင်တာပါ။

    • Mr. MarGa

      June 1, 2013 at 3:21 pm

      ဟုတ်ကဲပါ ဆရာမရေ
      ကျွန်တော်တို့ အချိန် နည်းနည်း ကပ်သွားတော့
      စာကူးတာ နည်းနည်း တလွဲတချော် ဖြစ်သွားတာပါ
      အဲဒါအတွက်
      ခွင့်လွှတ်ပါ……..လို့ :kwi:
      နောက်ထပ် နောက်ထပ် ကဗျာလေးများကိုလဲ
      မျှော်နေပါတယ်…..လို့

  • သျှားသက်မာန်

    June 1, 2013 at 10:09 am

    ဦးမာဃရေ ..ဒီလိုစိတ်ကူးလေးရတာ..သိပ်ကောင်းတာပဲ….အစ်မကလည်းပေးချင်တယ်…ဒါပေမဲ့ အစ်မက ကဗျာသိပ်ရေးလေ့တော့မရှိဘူး…မရေးတတ်တာလည်းပါတာပေါ့…..တစ်ခုတစ်လေတော့ရှိတယ်…အစ်မလုံမလေးမွန်မွန်ကိုပေးထားလိုက်မယ်…အဆင်ပြေတယ်ဟုတ်…

  • အလင်း ဆက်

    June 1, 2013 at 9:07 pm

    ဆရာမ ဝင့်ပြုံးမြင် ့ကဗျာ စာလုံးပေါင်းတွေ မှားတာကို
    ကျွန်တော်တို ့ကဗျာချစ်သူများ က တောင်းပန်အပ်ပါတယ် ။
    ပထမဆုံးပြခန်းကို ဖန်တီးရာမှာ.. အမှားအယွင်းတွေ..အားနည်းချက်တွေ ရှိသွားပါတယ် ။
    ပထမ ပြခန်ရဲ ့ အားနည်းချက်က ..
    ဒုတ်ိယ ပြခန်းအတွက်.. အားသာချက် ဖြစ် ဖို ့…ကြိုးစားပါ့မယ်.လို ့…..

    လေးစားစွာ…..

  • ရဲစည်

    June 1, 2013 at 10:02 pm

    ကဗျာပြခန်းကို … လာရောက် အားပေးသွားပါတယ်ဗျို့ ..
    ကျနော့်မှာ ဂဇက်ဝင်မရတဲ့ ပြဿနာတက်နေလို့ နောက်ကျသွားပါတယ် ……
    ဆိုတော့ လိုရင်းပြောရရင် အစစအရာရာကောင်းပါတယ်ဗျာ 。。

    ဆရာမဝင်းပြုံးမြင့်ရဲ့ ကဗျာကို vote သွားပါတယ် အတော်လေးလဲ ကြိုက်ပါတယ် 。。。 PSY သီချင်းကို MTV ရော MP3 ပါ နားထောင်ပီးသားမို့ပါ … အဲ့ .. အံဩတာကတော့ ဒေါ်ဝင်းပြုံးမြင့် သူ့ကားလ်ချားကနေ ခွဲထွက်ပီး ရေးထားတာမို့ တခါတလေ အနုပညာသီ ဖန်တီးယူရပေမဲ့ ဆပ်ပရိုက်ခရီရိတ်ခေါ်မလား … အဲ့လာပေါ့ဗျာ … အလိုလို ထွက်ကျလာတာမျိုး အလွန်ကြိုက်မိ နှစ်သက်မိပါရဲ့ 。。。
    ဆိုတော့ 。。。
    အတိုက်အခံ သပုန်တို့ထုံးစံ 。。。 မကောင်းပြော ဝေဖန်ရရင်ဖြင့် … ပွဲမစခင် မိဘဆရာ ဘိုးဘွားတို့ကို ကန်တော့တဲ့ အလေးအမှူးထားတာ ကောင်းပေမဲ့ ဆရာကြီးမင်းသုဝဏ် ကဗျာကို ဗုတ်ထဲမှာ ထည့်လိုက်သောကြောင့် ဘယ်လိုပြောရမလဲ …. ကိုးလိုးကန့်လန့်တော့ ဖြစ်နေတယ်ဗျာ …
    ဘာလို့လဲဆို အခုပြခန်းက ကဗျာဆြာတွေအတွက် …. အင်း … အိန်း … အိန်း …
    အဲ့ဒါလေး
    ဆိုလိုရင်း သဘောမပေါက်လဲ တတ်နိူင်ဘူး …

  • surmi

    June 2, 2013 at 12:10 am

    သဂျား နဲ့အလက်ဆင်းရေ
    ဗုတ်စံနစ်နဲ့ဆိုတော ့ ဆုများပေးမလို ့လားမသိ ။
    ဆု ပေးကြမယ်ဆိုရင်တော ့ ရွာရဲ ့အကျိုးတော်ဆောင်များကိုမမေ ့ကြနဲ ့
    ဒါနဲ့ ပြောရဦးမယ်
    ရွာလူကြီးတွေဆီက အမှတ်တရ ကဗျာတောင်းလေကွယ်
    သူတို ့လည်း မရေးနိုင်ဘူးမထင်နဲ့နော….
    :kwi:
    မော်ဒန် စစ်စစ်တွေတောင်ရနိုင်သေး …

  • အစကတော့ ခပ်တည်တည်နဲ့ နေနေလိုက်တာပဲ။
    ဒါပေမယ့် အာပတ်ဖြေတယ် ဆိုသလိုပေါ့ဗျာ။
    အင်း … ဒီလိုပေါ့။

    ၁။ ဆရာမ ဝင့်ပြုံးမြင့်ရဲ့ ကဗျာပုံကို ကျွန်တော် ပြုလုပ်ပါတယ်။
    ဒီထဲမှာ စာလုံးပေါင်းတွေ အမှားပါသွားတဲ့ အတွက်ကြောင့် တောင်းပန်ပါတယ် ခင်ဗျာ။
    တကယ်တော့ အလေးမထားခဲ့တာ မဟုတ်ပါဘူး။
    ကျွန်တော့် အနေနဲ့ သေချာ စစ်ခဲ့ပေမယ့် ဒီအမှားတွေကို မတွေ့ခဲ့ပါဘူး။
    ဒါကြောင့်ပါ။

    ၂။ ဗုတ် အကြောင်းပေါ့။ ဒီဗုတ်က တက်စတင်းဗုတ် ပေါ့။ ဒါကြောင့်မို့ ကဗျာ အားလုံးကို အကုန်ပစ်ထည့်လိုက်တာပါ။ ပြီးတော့လည်း ဗုတ်သူ စိတ်ကြိုက် သုံးပုဒ်ကို တစ်ပြိုင်နက် ဗုတ်ခွင့် ပေးထားပါသေးတယ်။ ကျန်တာတော့ မပြောတတ်ပါဘူး။

    ~~~~~~~~~~~~~~~~
    ချစ်ခြင်းများဖြင့် …
    မောင်အံ

  • အလင်း ဆက်

    June 2, 2013 at 3:45 pm

    ဟုတ်ကဲ့
    အူးဆာ ရဲ ့အကြံ ပြု ချက် အတိုင်းးးးးးးး

    ရွာ့ အကျိုး တော် ဆောင် လူကြီးများးဆီက
    အမှတ်တရ ကဗျာ များ လိုချင် မက်မောမိပါကြောင်းးးး

    ကဗျာဆု ကိစ္စ အထ မြောက်ပြီးးး
    လက်တွေ ့ဖြစ်လာဖို ့ အ ရေး ကိုလည်းးး
    အရပ် ကူ ပါ လူ ဝိုင်း ကြ စေ ချင် ပါ ကြောင်းးး

    အ ပေါ်မှာ အလှူခံ ဖလား လှုပ် သံလည်းး
    ပေး ထားပါကြောင်းးး

    :kwi:

  • Mr. MarGa

    June 2, 2013 at 10:23 pm

    မပြောတော့ဘူးလို့ နေပေမင့် ပြောလိုက်ပါဦးမလေ
    မန်းဂဇက် ရွာအတွင်း ရှိကြကုန်သော ကဗျာချစ်သူ ရွာသူားအပေါင်းတို့ ခင်ဗျား…………
    မနက်ဖြန် ဇွန်လ သုံးရက်နေ့မှာဖြင့် ကျောင်းတံခါးများနဲ့ အတူတူ
    ဒုတိယ ကဗျာပြခန်း တံခါးပါ တစ်ပါတည်း ဖွင့်လှစ်မှာ ဖြစ်ပါကြောင်း………….
    ကဗျာပြခန်း- နှစ် ကိုလဲ လာရောက် အားပေး ကြည့်ရှုကြပါဦး ဆိုတဲ့အကြောင်း………
    သံချောင်း ခေါက်ပါသဗျို့
    :hee:

  • လူစိုး

    June 9, 2013 at 7:30 pm

    မန်းဂဇက် ကဗျာချစ်သူများ၏ ကဗျာပြခန်း (အခန်းတစ်)
    ကြိုက်နှစ်သက်ရာ Vote လုပ်ပါဆိုတော့ ကဗျာလေးတွေ ရှာဖတ်မိတယ် ။
    လူတစ်ကိုယ် အကြိုက်တစ်မျိုးပဲလေ

    အကြိုက်ဆုံးက ဆျာမင်းသုဝဏ်ရဲ့ လေးဆစ် ( အဟဲ )
    ဒုတိယအကြိုက်ဆုံးက ဒဏ်ရာပေါင်းချုပ် အသင်း ဆိုတဲ့ ကဗျာလေး
    “သူ့အနေအထိုင်နဲ့ ကိုယ့်အယူအဆ မင်းက ဒို ငါက မီ ဟိုကောင် ရေ့ ဆို ဖာ လာ ဆိုပြီးတော့ ဝါကျတွေအောက်မှာ ကြမ်းတစ်ပြေးတည်း ထိုင်နေကြတယ် ”
    တော်တော် လိုက်ယူရမဲ့ကဗျာလေး ကဗျာဆရာရဲ့ စကားလုံးကြွယ်ပုံကို အပျိုးမှာတင် သိသာလွန်းတယ် . ။
    နောက်တစ်ခု မြက်ခင်းစိမ်းဆိုတဲ့ ကဗျာလေးလည်း ကောင်းပါ၏။ တစ်ခုပဲ အပျိုးမှာကောင်းရဲ့သားနဲ့ အဆုံးသတ်တွေ ပေါ့ပေါ့သွားတယ်။

    နောက်ကဗျာတစ်ခုက ခရီးသည်ကြီးရဲ့ ကဗျာ ကို Vote ပါတယ်။ ခရီးသည်ကြီးကဗျာအတွက် ဝေဖန်စရာမရှိပါဘူး .. (သူက ကဗျာမှော်အောင်ထားတယ် 😀 )

    • Mr. MarGa

      June 10, 2013 at 1:16 pm

      ခရီးသည်ကြီးက ကဗျာမှော်အောင်ထားတယ်ဆိုပါလား
      ကိုလူစိုးရေ
      လာရောက်ကြည့်ရှု ဆုံးဖြတ်ပေးသွားလို့ ကျေးဇူးပါနော်
      ကိုလူစိုး ရဲ့ ကဗျာများကိုလဲ
      ပြခန်း ( ၄ ) က စလို့ တစ်ခန်း တစ်ပုဒ်နှုန်းနဲ့ ထည့်ပေးသွားပါမယ်နော်

Leave a Reply