မန်းဂဇက် ကဗျာချစ်သူများ၏ ကဗျာပြခန်း ( ပြခန်းအမှတ် နှစ် )

alinsettJune 3, 20134min79589

ကဗျာချစ်သူများ ၏ ကဗျာပြခန်းမှ နွေးထွေးစွာ.. ကြိုဆိုပါသည် ။

==============================

 

ကဗျာချစ်သူများ၏ ကဗျာပြခန်း (ပြခန်းအမှတ် တစ်)ကိုတော့ အောင်မြင်ခမ်းနားစွာ ဖွင့်လှစ်ပြသနိုင်ခဲ့ပါပြီ ။

ဒုတိယပြခန်းကို ဘယ်လို ထူးခြားအောင် ဖန်တီးပြကြမလဲလို ့တိုင်ပင် ဆွေးနွေးနေတဲ့ အချိန်မှာပဲ…….

ကျွန်တော့် Mail ထဲကို ခြိမ်းခြောက်စာကြီး တစ်စောင် ရောက်လာပါတယ်။

ဒီ ရွာထဲက.. နာမည်ကြီး ရွာသားကြီးတစ်ယောက် ပို ့လိုက်တဲ့ ခြိမ်းခြောက်စာ ပါ။

စာထဲမှာ ကဗျာတစ်ပုဒ်လည်း ပါ ပါတယ်။

အဲဒီကဗျာ ကို ပြခန်းထဲမှာ ထည့် ပါ..တဲ့ ။  မထည့်လို ့ကတော့ … သူ ့အဆိုးးမဆိုနဲ ့လို ့ကြိမ်းဝါး ထားလို ့ ကျွန်တော်တို ့ အိုးနင်းခွက်နင်း ဖြစ်ကုန်ကြပါတယ်။

ဒါနဲ့ပဲ ကြောက်လန် ့ပြီးး သူ ့ကဗျာ   ကို ဖတ်ကြည့်လိုက်တော့ . . .

အားလုံး းး …. ဟာခနဲ …. ဟင်ခနဲ ဖြစ် သွားရပါ တယ်။

————————————–

သူ ရဲ ့  ့ကဗျာ….  ဆိုတာကြီးက အံ့ဩစရာ ကြီးပါ။

အံ့ဩစရာ ရွာသားကြီး တစ်ယောက်က….

အံ့ဩစရာ ခြိမ်းခြောက်စာနဲ့အတူ ပေးပို ့လိုက်တဲ့…..

အံ့ဩစရာ ကဗျာ ။

အဲဒီကဗျာကြီးး….  ပြခန်း အမှတ်နှစ်မှာ ထည့်ပြမှာလာာား ?????

မပြဘူးလားးး ?????

—————————————

ကဲ အဲဒီ အံ့ဩစရာကောင်းတဲ့ကဗျာကြီး ပြခန်းထဲမှာ ရှိနေသလားး?

တခြားး ဘယ်လို ထုူးခြားတဲ့ကဗျာတွေ ရော ပြထားသေးလဲ. .?

ဘယ်လို ထူးခြားတဲ့ပုံစံတွေနဲ ့ ပြသ ထားသလဲ ?

ဒါတွေ သိ/ မြင် / ခံစား ချင်နေပြီ ဆိုရင်တော့. . . .

လာ ။ ကျွန်တော်နဲ ့အတူ  ပြခန်း အမှတ် နှစ်ထဲ ဝင်ကြည့်ရအောင်။

လိုက်ခဲ့ပါ ။

………….
=========================================
ကဗျာ ချစ်သူများရဲ ့ ကဗျာပြခန်း အမှတ်နှစ် က ဖွင့်လိုက်ပါပြီ တဲ့ …။

အခု ကျွန်တော်က အဲဒီပြခန်းထဲ လိုက်ပို ့ဖို ့ တာဝန်ကျတယ်လေ ။

လာ. . . ကျွန်တော် … လိုက်ပို ့မယ်။

ကဗျာပြခန်းဆီ သွားမယ် ။

ဘယ်သူလိုက်မလဲ လို ့မမေးတော့ဘူးနော်။

အားလုံးက လိုက်ချင်နေတယ်ဆိုတာ သိပြီး သားပဲ ။

ဘယ်သူတွေကို လိုက်စေချင်တာလဲ လို ့လည်းး မမေးနဲ ့ဦးဗျ ။

ဟောဒီ ဂဇက်ရွာကြီးထဲက ရှိ ရှိသမျှ ရွာသူား အားလုံးရော / ဂဇက် စာဖတ်သူတွေ အားလုံးကိုပါ လိုက်စေချင်တာပါ။

ဟောဒီ ရွာသူား အားလုံးကလည်း ကဗျာကို ချစ်တဲ့ ကဗျာချစ်တဲ့…

ကဗျာချစ်သူတွေ ချည်းပဲ မဟုတ်လား။

ကဗျာနဲ ့ ဝေးပါတယ်ဆိုတဲ့ သူကတောင်  ကဗျာပြခန်းကို ခံစားပေးဖို ့/ အားပေးပြီး လက်ခုပ်တီး ဩဘာပေးဖို ့ စိတ်အား ထက်သန်နေတာ ကျွန်တော် သိတယ်လေ။

============

ဒါကြောင့် ပြခန်း အမှတ်နှစ် ဖွင့်ပြီ ။

လာ . . ။

သွားကြမယ် ။

အဲ အဲ . . . . ပြခန်းအမှတ်နှစ် ဖွင့်နေပြီဆိုတာကို မသ်ိသေးတဲ့ ရွာသူားတွေကိုလည်းး အချင်းချင်း လက်တို ့ပြောပေးကြပါဦးဗျ ။

ပြခန်း အမှတ်နှစ် ဖွင့်နေပါပြီ လို ့။

ပြီးတော့  အလင်းဆက် ဆိုတဲ ့ ကဗျာရူးစာရူးလေး ရေးထားတဲ ့…..  ဟောဒီ စာပိုဒ်ကလေးကိုပါ ရွတ်ပြ လိုက်ကြပါဦး။

================
ကဗျာ ။

အစဉ်အလာ ကြီးသော ကဗျာ။

လူသား၏ ခံစားတတ်သော နှလုံးသားဆီမှ …. ပေါက်ဖွားလာသော   . ..အနုပညာ . . … .ကဗျာ။

အနုပညာကိုချစ်သည့် ….. လူသားတို ့ ဖန်တီး သော  ……….. အနုပညာ . . . … ကဗျာ။

အခြားတန်ဖိုးများနှင့် မတူ . . .သီးခြားတန်ဖိုးဖြင့် ရပ်တည်နေသော …….အနုပညာ … . . . ကဗျာ ။

ပကတိတန်ဖိုး့ဖြင့်သာ ခိုင်ခိုင်မာမာ ကမ္ဘာတည်ခဲ့သော…… …….. အနုပညာ…. . . ကဗျာ ။

ခံစားသူကို ကြည်နူးမှု အရှိန် အဟုန်ဖြင့် နှစ်သက်မြတ်နိုးစေတတ်သော……..  ရတနာ. . . .ကဗျာ ။  

ကျွန်တော်တို ့ရဲ့ ရင်နင့်သည်းချာ…….  ရွှေရင်လွှာကြားက… ခံစားရာ… ….ကဗျာ ။

ကျွန်တော်တို ့ရဲ့ နှလုံးသည်းပွတ်…..   ကောင်းကင် ရင်ခွင်  ဆီ က…..  မြတ်နိုးဖွယ်ရာ…….. ကဗျာ ။

အို ……  ကဗျာ ။

ကျွန်တော်တို ့ ချစ်ရပါသောကဗျာ ။

မေခနှင့် မလိခ ဆုံသလို ဂဇက်နှင့် ကဗျာ ဆုံခဲ့ပြီ ။

ကဗျာသည် ဂဇက် ရွာသူားတို ့၏ နှလုံးသားထဲသို ့  ……. ဧရာဝတီ လို   စီးဆင်းခဲ့ပြီ။

ဧရာဝတီကို ချစ်ကြသလို  …… ကဗျာကိုလည်း  ….  ဤရွာက ချစ်မြတ် တွယ်တာ တတ်လေပြီ ။

ကဗျာကို ….  ကဗျာ ဆန်ဆန် ချစ်ကြသော ဂဇက် ရွာသူ ရွာသားတို ့ရေ. . . ။

လာ  ကဗျာပြခန်းကို သွားကြစို ့။

……………………………………………………………..

===========
ကဗျာ ပြခန်းထဲ ဝင်ဖို ့ရာ ….. ဝင်ကြေးမလိုပါ ။

ဦးထုပ်ချွတ်စရာ …. မလို ။

ဖိနပ်လည်း ချွတ်စရာ….  မလို ။

ကဗျာပြခန်းထဲ ဝင်ဖို ့ရာ တစ်ခုပဲ လိုပါတယ် ။

တစ်ခုပါပဲ ။

အနုပညာက ပေးမယ့် ရသကို ခံစားဖို့ ့အသင့်ဖြစ်နေတဲ့ နှလုံးသားးး။

ကဗျာကို ချစ်မြတ်နိုးတဲ့နှလုံးသား ပေါ့။

အဲဒါလေး တစ်ခုပဲ  လိုပါတယ်။
=============

ဟော  ဟော   ပြောရင်း ဆိုရင်းနဲ ့ကဗျာ  ပြခန်းကိုရောက်ပါပြီ ။

လာကြ လာကြ ..။

ရွာသူားတို့ ့ရေ . . . . ပြခန်းထဲ ဝင်ရအောင် ။

အဲ  နေဦးးးး ပြခန်းတံခါးဝမှာ စာရွက်တစ်ရွက်  ကပ်ထားပါလားးး ။

ဘာ စာများလဲ  ။ ဖတ်ကြည့်ကြပါဦးးး ။

 

—————–

ရတုမှာမူ စစ်ချီပုံအကြောင်း၊ ဘုရားတိုင်ခြင်းအကြောင်း၊ ရာသီဥတု တောတောင်ရေမြေ ကျေးငှက်အကြောင်း စသည်တို့ကို အခြေပြုလျက် နန်းတွင်းသူ နန်းတွင်းသား မောင်မယ်တို့၏ အချစ်ကိစ္စကို ဦးစားပေးဖွဲ့ဆိုသော ကဗျာဖြစ်သည်။ ဤရတုများသည် နောင်ဖြစ်ပေါ်လတ္တံ့သော ကဗျာများအတွက် စံပြုလောက်သော ကဗျာများဖြစ်ပေသည်။

———————

တောင်ငူခေတ်ပြီးနောက် ညောင်ရမ်းခေတ် (၁၅၇၈ – ၁၇၉၇) ခေါ် ဒုတိယအင်းဝခေတ်သို့ ရောက်ရှိခဲ့သည်။ ထိုခေတ်တွင် စာဆိုများသည် အိုင်ချင်းများကို ဦးစားပေးဖွဲ့ဆိုကြသည်။ အိုင်ချင်းအများစုမှာ ချစ်သူအတွက် ကျေးတောသူများ လွမ်းဆွတ်ပုံ၊ ပူဆွေးပုံ၊ စိုးရိမ်ပုံ ဖွဲ့ဆိုထားသော တေးကဗျာများ ဖြစ်သည်။

ထိုအိုင်ချင်းကဗျာများအပြင် ဝန်ကြီးပဒေသရာဇာ၏ တျာချင်းများလည်း ပေါ်ထွန်းသည်။ ဝန်ကြီးပဒေသရာဇာ၏ တျာချင်းများသည် ပဒေသရာဇ်ခေတ် သက်ဦးဆံပိုင်စနစ်အောက်ရှိ ပစ္စည်းမဲ့ အာဏာမဲ့များဖြစ်သော လယ်သမား၊ ထန်းတက်သမား၊ ပိန်းကောလှေသမား၊ နွားဝန်တင်သမား၊ အညာလှေကြီးသမားတို့၏ ဘဝကို ရေးဖွဲ့ထားသည် ကဗျာများဖြစ်ရာ ပြည်သူ့ကဗျာဟူ၍ပင် ခေါ်ဆိုကြသည်။

ထို့နောက် ကုန်းဘောင်ခေတ် (၁၇၅၂ – ၁၈၈၅) သို့ ရောက်လာသောအခါ မြန်မာကဗျာများသည် အင်နှင့်အားနှင့်ချီ၍ ပေါ်ထွန်းလာခဲ့ပြန်သည်။ ထိုခေတ်စာဆိုများသည် ပျို့၊ မော်ကွန်း၊ ဧချင်း၊ ရတု၊ ရကန် စသည့် ကဗျာရှည်များကိုလည်း ဖွဲ့ဆိုကြသည်။ တေးထပ်၊ လေးဆစ်၊ သဖြန်၊ လေးချိုး၊ လွမ်းချင်း စသည့် တေးကဗျာတိုများကိုလည်း ဖွဲ့ဆိုကြသည်။ ထိုထို ကဗျာများသည် များသောအားဖြင့် ဘုန်းတော်ဘွဲ့၊ ရာသီဘွဲ့၊ ပန်းဘွဲ့၊ တောဘွဲ့၊ တောင်ဘွဲ့၊ မယ်မောင်အချစ်ဘွဲ့၊ သံဝေဂဘွဲ့ စသည်တို့ဖြစ်သည်။ ထိုထိုကဗျာများအပြင် ကောက်စိုက်တေး၊ မောင်းထောင်းတေး၊ ဗုံကြီးသံ စသည့် လယ်ယာလုပ်ငန်းနှင့် လယ်သမားဆိုင်ရာ ကဗျာများလည်း ပေါ်ထွန်းလာကြသည်။

ကုန်းဘောင်ခေတ်ကုန်ပြီးသည့်နောက် ကိုလိုနီခေတ် (၁၈၈၆ – ၁၉၄၂) သို့ ရောက်သောအခါ မြန်မာစာပေသည် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ပညာရပ်များနှင့်အတူ အခိုက်အတန့် မှေးမှိန်ညှိုးနွမ်းခဲ့ရလေသည်။ သို့ရာတွင် မှေးမှိန်ညှိုးနွမ်းနေသော မြန်မာစာပေသည် ပုံနှိပ်စက်များခေတ်စား၍ စာအုပ်စာတန်းအများအပြား ထုတ်ဝေလာသဖြင့်လည်းကောင်း၊ ဝံသာနုစိတ်ဓာတ် တက်ကြွလာသဖြင့်လည်းကောင်း ပြန်လည်ခေါင်းထောင်လာခဲ့ပြန်သည်။

———————-

ထိုခေတ် မြန်မာကဗျာဆရာများသည်………………………………………………………………

 

================================================

အော် . . . .  ဘာစာ များလဲ လို ့။

လက်စသတ်တော့ ကဗျာပြခန်းအမှတ်တစ်မှာ ဦးမာဃ ရွတ်ပြဖို ့ကျန်သွားတဲ့….

( ( ဆရာ မြဇင်ရဲ့ ခေတ်ပေါ် အင်္ဂလိပ် + မြန်မာ (မြန်မာကဗျာ) စာအုပ်မှာ ပါရှိတဲ့ မြဝတီပုံနှိပ်တိုက် အယ်ဒီတာချုပ်၏ အမှာစာကို ကိုးကားထားတဲ့ ) )

မြန်မာကဗျာ သမိုင်းကြောင်း အဆက်ကလေးကိုး။

အင်းးးး အူးမာဂတစ်ယောက် အိပ်ချင်မူးတူးနဲ့ ့လာကပ်သွားတာပဲ ဖြစ်မယ်။

(အိပ်ချင်မူးတူးဖြစ်မှာပေါ့။ သူက သိကြားမင်းကိုးးဗျ ။ နတ်သမီးတွေ က တစ်ဖက်ငါးရာမက…..  နည်းနည်းနောနော မှ  မ ဟုတ်တာ ။ )

:eee: :eee: :eee:

ကျန်သေးတဲ့  ကဗျာ သမိုင်းကြောင်း က … ပြခန်း အမှတ်သုံး မှာမှ  ဆက်လက် ဖော်ပြမယ်…ပေါ့လေ ။

 

==============================

ကဲ ကဲ… ။ ပြခန်းတံခါးဝမှာ ကပ်ထားတဲ ့ ကဗျာသမိုင်းကြောင်း  အဆက်ကလေးလည်း…..ဖတ်ပြီးပြီ ဆိုတော့…..

ဝင်လို ့ရပါပြီ ခင်ဗျာ ။

ပြခန်းတံခါးကို လက်ညိုးကလေးနဲ ့ဒေါက် ခနဲ ခေါက်လိုက်တာနဲ ့ ခမ်းနားတဲ့ပြခန်းကြီးထဲ ရောက်ပါပြီ ။

ဝင်လှည့်ပါ။

ခံစားလှည့်ပါ ။

ဂဇက်ရွာ သမိုင်းကြောင်းကို ယဉ်ကျေးမှုလိုင်းကောင်းထဲ  ဝင်စေမယ့် ဟောဒီ ကဗျာပြခန်းထဲမှာ ….   မွေ့လျော် ပျော်ရွှင်လှည့်ပါ။

ကျွန်တော် အလင်းဆက်ကတော့ ………….

ဒီ ပြခန်းတံခါးဝမှာ စောင့်ကြည့်နေမှာပါ။

ဒီပြခန်းထဲ  ဘယ်သူတွေ လာတယ် ။

ဘယ်သူတွေ မလာဘူး ဆိုတာကို စောင့်ကြည့် မှတ်တမ်းတင်နေပါတယ်နော့။

( မလာတဲ့ လူတွေကို သိကြားမင်းနဲ့ ့တိုင်ပြောမယ်။ )

😆     😆      🙄

=============================================================

ဒီ ပုံလေးကို ဒေါက်ခနဲ တစ်ချက် ခေါက်ပြီး..ဝင်ပါနော့်
ဒီ ပုံလေးကို ဒေါက်ခနဲ တစ်ချက် ခေါက်ပြီး..ဝင်ပါနော့်

==============================================================

ဗုတ် လုပ်တဲ့လူက အိပ်ပျော်နေလို့ နည်းနည်း နောက်ကျသွားပါတယ်။ အဲ့ဒါလေး ခွေးလွှတ်ပေးကြပါနော်။

အောက်မှာ ကိုယ်ကြိုက်တဲ့ ကဗျာတွေကို ဗုတ်ပေးသွားကြပါဦးနော်။

ဒီတစ်ခါ ဗုတ်ရင် မှတ်ထားရမှာက …. တစ်ခါတည်း ကဗျာ သုံးပုဒ်ကို ခေါက်ကလေး ပြိုင်တူခြစ်ပြီး ဗုတ်လုပ်လို့ ရပါတယ်။

ကိုယ်က နှစ်ခုပဲ ကြိုက်ရင် နှစ်ခုပဲ ချစ် .. အဲ .. ခြစ် ..။ ၁ ခုပဲ ကြိုက်ရင် တစ်ခုထဲ ခြစ်ပြီး ဗုတ်ပေါ့နော်။

 

[polldaddy poll=”7153931″]

 

==============================================================

ဒီ ပြခန်း  အမှတ်  နှစ် ) ထဲမှာ.. အစီအရီ ချိတ်ဆွဲ ပြသထားတဲ့ ကဗျာများကို..

ရေးကြသူ ဆရာ /ဆရာမ များကတော့….

သခင်ကိုယ်တော်မှိုင်း  = ကဗျာ အမည် = ရွှေလရောင် 

ရင်ကွဲသူ          = ရွှေကြည်

အငယ်အနှောင်းမြို့   =  ကမ်းဝေး

အောင်နိုင်သူ          =သဲနုအေး
မှုန်ရီဝေဝေ မန္တလေး  =ကိုပေါက်( မန္တလေး)

လဗျာကဗြွတ်    = ဦးကြောင်ကြီး

အမျှ …အမျှ …   =ရာမည

“ရွှေသည်ငါနဲ့ မထိုက်လေပြီ။´  ´ =  ခင်ခ

ချစ်ခြင်းကဗျာ..      =    ကိုရင်စည်
အိမ်လွမ်းသူ        =BMTM Mdy
အရိပ်မဲ့ခြေရာများ = ပိတောက်မိုး
အဝေးးး အဝေးကြီးပဲ            =Nora

ဆက်လက်စီးဆင်းနေပေးပါ….  = နေခြည်

“မိန်းမသားဘဝ”        =လုံမလေးမွန်မွန်
 သူ         =  ရေပုလင်း

 

 

ဘယ်ကဗျာလေး..အမှတ်အများဆုံး ရနေတယ်.ဆိုတာတော့…
အားလုံး…သိကြတဲ့ အတိုင်းပါပဲ…ဗျ..။

==============================================================

ကဗျာပြခန်း အမှတ်နှစ် ထဲက ကဗျာအလှတွေ / အနုပညာ ရသ အစုံစုံတွေကို  … ခံစားပြီးပြီ ဆိုရင်တော့……

ကဗျာပြခန်း အမှတ် သုံးကို ဘယ်သူက ဘယ်လို တင်ပြဦးမလဲ  လို့ ့ရင်ခုန်ကြည့်ပါဦး။

—————————————————————————————————————-

ကဗျာပြခန်းအမှတ် သုံးကို…………………..

ဘယ် ကဗျာချစ်သူက တင်ပြမလဲ ဆိုတော့  ….

ကျွန်တော် . . . . .

မဟုတ်ဘူးး။

သိကြားမင်းး…..

လည်းးး မဟုတ်ဘူးး။

ဘယ်သူက ဘယ်လို ပုံစံနဲ့ တင်ပြလာဦးမလဲ  ဆိုတာတော့…… . . ………

…………………………….

ကဗျာချစ်သူများ ရဲ ့ကဗျာပြခန်း  ( အမှတ်  သုံး ) ကို…….. မျှော်   ။

=============================================

=============================================

 

 

 

ကဗျာပြခန်းအတွက်.. ကဗျာများပေးပို ့ လိုလျှင်   alinsett.art@gmail.com   သို ့  ပေးပို့န်ုိင်ပါကြောင်းးးး။

လေးစားစွာ….

အလင်းဆက်

3 .6 . 2013 .

 

======================

ဒါကတော့ သတင်းပေးချက်ကလေးပါ ။

ကဗျာပြခန်း အမှတ် ( ၃ ) ကို ဒီလ ၁၅ ရက်နေ ့လောက်မှာ
တင်ပြနိုင်ပါလိမ့်မယ် လို့ ့ကြိုတင် သတင်းပေးပါရစေ။
————————
ပြီးတော့   အခုနောက်ပိုင်းမှာ ရွာထဲတင်လာသမျှ ကဗျာတော်တော်များများက
poetry ဆိုတဲ့ Category အောက်  ရောက်နေပါပြီ ။
အဲဒီ အတွက်………….
ကဗျာတင်သူတွေကိုလည်း
ကျေးဇူးတင်စကား ဆိုပါရစေ ။
——————–
နောက်တစ်ခု ပြောချင်တာက……..
အခုဆိုရင် ကဗျာပြခန်း အတွက် ကဗျာ ကူညီပံ့ပိုးပေးပို ့သူတွေများတာကြောင့်…
မူလက ရည်ရွယ်ထားသလို ရွာထဲမှာတင်သမျှ ကဗျာတွေကို စုစည်းပြသ မယ့် အစီအစဉ် ထက် ကဗျာသစ်ကလေးတွေနဲ့ ့လတ်လတ်ဆတ်ဆတ်ပြခန်း အဖြစ်ကို ပဲ
အရင်ဖန်တီး ဖြစ်နေပါတယ်လိုု့ အသိပေးပါရစေ။
————————–
ဒါပေမယ့်…..
ဂဇက်မှာ တင်ပြထားပြီးသား ကဗျာ  ဟောင်းတွေထဲကလည်း  အလျဉ်းသင့်ရာ
ကဗျာလေးတွေကို ကြားညှပ် ဖော်ပြနေမယ့်အကြောင်းလည်း  ပြောပါရစေ ။
—————————-
ပြခန်းအတွက် ပေးပို့ ့လာတဲ့ကဗျာအပုဒ်ရေနဲ့
ပြခန်း…. တစ်ခန်းတစ်ခန်းမှာ ပြသနိုင်တဲ့အပုဒ်ရေ ကိုချိန် ညှိရတဲ့အတွက်
ကဗျာ အပါ နောက်ကျခဲ့ရင်  နားလည်ပေးပါလို ့ လည်း  တောင်းပန်ပါရစေ။
————————
ပြခန်း အမှတ်  ၃  အထိက ကဗျာများပြည့်သွား ပြီမို ့
အခုက စ  ပို ့ရင်……..
ပြခန်းအမှတ် ၄  ( သို့မဟုတ် )  ၅ မှ သာ ပါနိုင်မှာဖြစ်ကြောင်းလည်း  သံချောင်းခေါက်ပါရစေ။

****************
ကဗျာရေးသော ဆရာ/ဆရာမများကလည်းကဗျာပြခန်း ရေ ရှည်
ရပ်တည်နိုင်ရေးအတွက် ကဗျာများ ဆက်လက် ကူညီပံ့ပိုးပေးပါဦးလို ့တောင်းဆိုပါရစေ။

****************

အခုနောက်ဆုံး.ပြောချင်တာလေးကတော့….

ရွာ ့လူကြီးသူမ များဆီက..

အမှတ်တရ အဖြစ်..ကဗျာတောင်းခံခြင်းပါ…။

ဦးဦးပါလေရာ
ဦးကြီး  မိုက်
လေးလေး ဘလက်ချော
အဘဖော
ဦးကြောင်
အန်တီဝေဝေ
အန်တီ မမ
အန်တီ ပဒုမ္မာ
အရီးခင်လတ်
………
………တို ့…ဆီက…
အမှတ်တရ  ကဗျာ လက်ဆောင် လေးများ…လိုချင်မက်မော မိပါကြောင်းးးးးး
ဒါကြောင့်…
မနှေ း အမြန်…
ပေးရန်သာ…
ကြံ ကြပါကုန်လော့……

 

ကဗျာချစ်သူအင်အားစု

 

 

 

 

89 comments

  • Nan Shin

    June 3, 2013 at 3:51 am

    ကဗျာဆိုတာကတော့ အထာမပိုဘူးဆိုရင် ငါလိုအရူးလဲ ရွာကိုအလူးလဲခံစားသွားရအောင်ရေးတတ်တာပဲ….ဒါပေမဲ့……ကိုယ့်လူတွေကိုသနားလို ့မရေးသေးဘူး…..ဟင်း..ဟင်း..ဟင်းးးးး
    အပြစ်ရှာပြီး အချစ်ကဗျာတွေနဲ ့လဲ ထည်လဲမတွဲချင်ဘူး….
    ဘဝကဗျာတွေနဲ ့လဲ အလှမရှာချင်ဘူး
    ကာရံတွေနဲ ့အညာခံရဘူးသူတစ်ယောက်မို ့
    မော်ဒါန်နဲ ့လဲအပျော်ကြံတာကို မခံချင်တောဘူး………
    အကြင်နာတွေကို အလင်္ကာဖွဲ ့ခဲ့ဘူးသူတစ်ယောက်ဆိုပေမဲ့….
    …..တော်ပြီဆက်မရေးတတ်တော့ဘူး……
    အထင်ကရဖြစ်ဖို ့ဝင်ပြကြည့်ချင်ပေမဲ့
    ကျနော်က အဲ့ဒိလို ကဗျာဆရာလေ….ဟီး…
    ဆိုလိုတာကတော့
    အဲ့သလို အဲ့သလိုအကြောင်းတွေကြောင့်
    ပြခန်းမှာ အလှအဆန်းတွေနဲ ့ဘဝမကြမ်းချင်တော့ပါဘူးဗျာ……

    ပုံ/
    ကိုကိုနန်းရှင်

  • ကြက်အူလှည့်

    June 3, 2013 at 6:33 am

    ကျုပ်ဆီမှာ တချို့ပုံတွေ မပေါ်ဘူးဗျ…

    ပြောရရင် ကဗျာတွေကို ပုံတွေထပ်တာ လှတော့လှသလိုရှိရဲ့…
    ဒါပေသိ .. (တကိုယ်ရေ အမြင်အရပြောရရင်)
    သိပ်မနှစ်သက်ဘူး ခည …ကဗျာရေးတဲ့ဆြာတွေ ပိုသိပါတယ်…
    ကဗျာတပုဒ် ချရေးလိုက်တယ် ခညား မြင်ယောင်ကြည့်မယ့် အမြင်
    ကျနော် မြင်ယောင်ကြည့်မယ့် အမြင်.. ဘယ်လိုမှကို တူညီမှာမဟုတ်ဘူး
    နောက် အရောင်တွေ အသံတွေ ဘယ်လိုမှကို ထပ်တူကျမယ် မထင်ဘူး
    အဲ့ဒါကိုက ကဗျာရဲ့ အလှ ဗျ… ပုံပါနေတော့ …အပေါ်ယံ ကြည့်ကြည့်
    လှနေသယောင် ထင်ရမေယ့် …ရော့ ဒီအတိုင်းခံစားဆိုတဲ့ ဘောင် ခတ်လွှတ်လိုက်တာနဲ့
    တူနေပြန်တယ်…. ကွိကွိ…ထားပါတော့ အတည်ပြောပါ့မယ် အေ..
    ပြောစရာ ၂ချက်ရှိတယ် ခည ….
    ဆြာတို့ ဆီမှာ စာသား ဗားရှင်း နဲ့ သိမ်းထားတာ ကျန်ရဲ့လား ဆိုတာ …
    (တပုဒ်တောင်းမယ်လို့ သဂျီး ပြောဖူးတယ် မှတ်တယ်…)
    နောက် ပိုင်း ပြန်သုံးဖို့ လိုချင်လည်း လိုလာပေမပေါ့ဗျာ..
    နောက်တခုက အခု လို ပုံ မပေါ်တဲ့အခါ ကဗျာပါ မဖတ်ရတော့ဘု
    ဖြစ်သွားတတ်တာလေး ကို လည်း သတိပြုစေချင်ရဲ့ဗျို့….
    ပုံမတပ်နဲ့ မပြောပါဘု …စာသားဗားရှင်းလေးလည်း ဖြည့်စေချင်ကြောင်းရယ်ပါ…

    ခင်တဲ့

  • အလင်း ဆက်

    June 3, 2013 at 7:34 am

    ကို ကို နန်း ရှင်

    ကဗျာ ကို ကဗျာ ဆန်ဆန် ခံစားပြီး
    ကဗျာဆန်တဲ့ ကွန်မန် ့လေး အတွက် ကျေးဇူးပါ လို ့။
    ကိုနန်းရှင် ပို ့လာတဲ့ ကဗျာလေးလည်း ရှိကြောင်းပါ
    ထပ်ပို ့ပါအုံးနော့

  • အလင်း ဆက်

    June 3, 2013 at 7:41 am

    ကိုဂီ ရေ
    စာသားတွေ ကတော့ သိမ်းထားတာ ရှိပါတယ်။
    အယ်ဒီတာ တောင်းလာရင် အဆင်သင့် ပါပဲ။

    ကဗျာကို ဒီလို နောက်ခံ ပုံရိပ်က လေးတွေ ပေါ်မှာ ထပ်တဲ့နည်း အပြင်
    ပိုကောင်းမယ့် နည်း ကိုလည်း စဉ်းစားနေကြပါတယ်။
    ကို ဂီ ပြောသလိုပါပဲ ကဗျာစာသား ကို အ ရောင်တွေ အရုပ်တွေ နဲ ့တွဲ ပြီး
    ခံစားရတာကို ကျနော်လည်း သိပ် တော့ အားမရ ပါဘူး ။
    ဒါပေမယ့် လောလောဆယ် ဒီ ပုံစံနဲ ့ပဲ စခန်းသွား ပါအုံးမယ်။

    အကြံဉာဏ်များ ပေးကြပါ လို ့။

    ပုံတွေ မ ပေါ်တဲ့ အခက်အခဲ ကို ဖြေရှင်းဖို ့
    ကိုဂီ ပြောသလို စာသားတွေ ဖြည့် သင့်ပါတယ်။
    အခုလို အကြံပေး ဆွေးနွေးမှု အတွက်
    ကျေးဇူးအများကြီးတင်ပါတယ်။

  • KZ

    June 3, 2013 at 8:01 am

    ပုံတွေက ကျုပ်ဆီတော့ အကုန်ပေါ်သားလား။

    ဒါမျိုးကတော့ ကဗျာရေးသူက သူ့ စိတ်ခံစားချက်နဲ့ ကိုက်ညီတဲ့ ပုံကို ရွေးပေးနိုင်ရင် ပေး။
    ဒါမှမဟုတ်ရင် ကဗျာခံစားတတ်သူက ရွေးရင် ရွေး။ အဲဒါဆိုရင်တော့ ကဗျာ နဲ့ ပုံနဲ့ က အချင်းချင်း အထောက်အပံ့ကောင်း ဖြစ်ကောင်းရဲ့။

    ကျုပ် က တော့ ၂ ခုလုံး ဝေးလို့ ဘာ မှ မပြောတတ်။ :mrgreen:

    အပိုင်း ၂ အထိတော့ အောင်မြင်စွာချီတက်လာပါပြီ။

    ကဗျာလေးတွေဖတ်ရင်း ရေးသူကို မြင်ယောင်ကြည့်လိုက်ဦးမယ်နော်။
    မှန်းတာမှန်ရင် ဆုပေးဦးမှာလား။ :mrgreen:

  • ကြက်အူလှည့်

    June 3, 2013 at 8:14 am

    အငယ် အနှောင်းမြို့ နဲ့ လဗျာကပြွတ် ကတော့ ဘယ်သူ့လက်ရာတွေ ဆိုတာ ပြတ်ပြတ်ထင်ထင် ရှိရဲ့ဗျာ…။
    အခုတော့ အောင်ခြင်း-၁၆ပါး ဖတ်နေပြန်သဖို့ …နောက်မှပဲ တခါပြန်မန့်မယ်ဗျို့…။

    ကွိကွိ…။

  • ဦးကြောင်ကြီး

    June 3, 2013 at 9:10 am

    ကျုပ်ရင်သွေး ကဗျာဖွေးအား အယ်ဂျုပ်ဦးခိုင် တဏှာဒိုင်က ကျေနပ်ဘောကျ သုံးချချင်သော် ဂေဇက်ပုံနှိပ် စာစောင်ထိပ်တွင် ဂါဝရတရား ရှေ့မှာထား၍ အတိမာန ခဝါချကာ မျက်နှာဖုံးပြည့် စာလုံးမဲ ဖော်ပြပေးရန် တောင်းဆိုပါသည်။
    ထိုမှတပါး ရင်ဝယ်သားသို့ အောင်မြင်စီးပွား တိုးစေကြောင်းငှာ စာအုပ်ချုပ်လုပ် ရောင်းလိုပါလျင် မူပိုင်မယူ ကြွေးမပူဘဲ သာမီးဒေါ်လေးနှင့် လဲလှယ်ပါမည်.. ထိုပြင်တဝ အစိုးရမှ ကဗျာစာဆု လာယူလှည့်ဟု လူသိကြေငြာ ဖိတ်ခေါ်ပါလည်း ဆုကိုသာယူ ငွေကိုလှူပါမည်..
    ထို့နောက်တဖန် ဇာတာသန်၍ အကြောင်းကံကော် ရွာကျော်ခဲ့သော် ဇမ္ဗူတလူ ငါမတူ မြူးတူးမာန်ဝ စိတ်မကြွဘဲ မြွေစွယ်တုတ်ကျိုး ခြေသုတ်ဆိုးလို သာမီးလေးနား ကပ်၍မခွာ ဆင်ကော်ပမာ နေပါမည်။ 😳

  • ကြည်ဆောင်း

    June 3, 2013 at 9:25 am

    ဆရာကြီးသခင်ကိုယ်တော်မှိုင်းကဗျာဖတ်မိတော့ ခံစားရတယ်…အငယ်အနှောင်းမြို့ကတော့ သဘောကျတယ် … ရေးတဲ့သူကတော့ ကမ်းဝေးဖြစ်မယ်ထင်ပါရဲ့ … ကဗျာတွေအားလုံးအားပေးသွားပါကြောင်း နဲ့ ပြခန်းအမှတ် ၃ ကိုလဲ စောင့်မျှော်နေမိပါကြောင်း ……

  • အလင်း ဆက်

    June 3, 2013 at 9:35 am

    မမခိုင် ဇာ
    မှန်း လို ့မှန် ရင် ဆု ပေးဖိူ ့ စီဉ်ပါအုံ့းမယ်
    အဟိ

  • အလင်း ဆက်

    June 3, 2013 at 9:50 am

    အူး ကြောင် ဂျီးး

    ပြောသလို ဖြစ်စေ သဒီးးးး

    =============

    ကြည်ဆောင်း နဲ ့
    ကြက်အူလှည့် ကြီး တို ့ကတော့
    ကဗျာ ရေးသူ တွေ ရဲ ့လက် ရာ ကို မှန်းဆ နိုင် ပါ ပေ့
    ဒါပေမယ့်
    :kwi:

  • kyeemite

    June 3, 2013 at 10:29 am

    အလင်းဆက်ရေ…ကျုပ်က ကဗျာသမားမဟုတ်ပါဘူးဆို
    ကဗျာအတင်းလာတောင်းနေတော့ …အင်း..စပ်ကြည့်ရသေးတာပကွယ်…
    ပီးတော့မှ ဝိုင်းမဟားနဲ့… 😆

  • အလင်း ဆက်

    June 3, 2013 at 11:27 am

    ဦးကြီး မိုက်
    ကဗျာ သမား မဟုတ်ဘူးဆိုပေမင့်
    ကဗျာ ချစ်သူတော့ ဟုုတ် နေ ပါတယ်။

    ဘာပဲဖြစ်ဖြစ် အမှတ်တရ အဖြစ်
    ကဗျာ ရေး ပေးပါ
    ကဗျာ ရေး မ ပေးဘူူး ဆိုရင်တောင်
    ကဗျာ ရေးပေးပါ

    :kwi:

  • မောင် ပေ

    June 3, 2013 at 11:55 am

    ကဗျာ ကို ချစ် တာ ထက်
    ကဗျာ ရေး တဲ့ ကဗျာဆရာမ ချော ရင် လှ ရင် လန်း ရင်
    အပျို ဆိုရင်
    ကဗျာ ထက် ပို ချစ် မယ့် အကြောင်း
    အသိပေး အကြောင်းကြားအပ်ပါသည်

  • ဗုံ ဗုံ

    June 3, 2013 at 12:54 pm

    ဦးလေးဆက် မီး ငယ်ငယ်တုန်းက ကျောင်းမှာကဗျာပြိုင်ပွဲတုန်းက ဆုရထားတဲ့ကဗျာ ဦးလေးဆက်ဆီပို့ပေးမယ်နော ရလား :mrgreen: သူများတွေရေးတာ မြင်တော့အားကျပြီးရေးချင်လာပြီ… မကောင်းရင် အလင်းဆက်ဆိုပြီး နာမည်တပ်လိုက် ကောင်းရင် မိဗုံလို့နာမည်တပ်လိုက် သိလား ပို့လိုက်မယ်.. :mrgreen: :mrgreen:

  • Bravo ပါ ပြခန်းတာဝန်ခံရေ… တစ်ယောက်တစ်မျိုး မရိုးရအောင် တင်ဆက်ပေးကြတာ… ပြခန်းကို ပိုပြီး အသက်ဝင်စေပါတယ်…. အပိုင်း (၃) ကိုလည်း မျှော်နေပါမယ်လို့…

    ဒါနဲ့… လုံမလေးမွန်မွန် ဘာရေးလဲ..မှန်းလိုက်ရမလား..မှန်ရင် ဘာကျွေးမလဲပြော… :harr:

  • အလင်း ဆက်

    June 3, 2013 at 1:13 pm

    လေးလေ ပေ ရေ
    ပို ့စ် ထဲ မှာ ကဗျာ တောင်းးရ မယ့် နာမည် လေးတွေ ရေး တာမှာ
    လေးလေး ပေ နာမည် ကျန်ခဲ့တာ ခွင့်လွှတ်ပါ နော်။
    ဒီပိုစ့် တစ်ပုဒ်တင်တာ ဒေါင် ချာ စိုင်း ပြီး
    အိုးနင်းခွက်နင်း ဖြစ်နေတဲ ့အလက်ဆင်း တစ်ယောက်. . .
    ဟိုဟာမေ့ ဒီဟာမေ့နဲ့ မို ့ပါ။
    ဒါလောက် ဖြစ်သွားတာ တောင် ဘေးက ကူညီသူတွေ မပြတ် ရှိနေလို ့ပါ။

    ဆိုတော့ အခု ကဗျာ တောင်းပါတယ်။
    အမှတ်တရ ကဗျာ တစ်ပုဒ်လောက် ချီးမြှင့်ပါ လေးလေး ပေ

  • အလင်း ဆက်

    June 3, 2013 at 1:17 pm

    မိဗုံ
    ကဗျာ တွေ ပို ့ပေးပါ။
    ကဗျာ အသစ်ဆို ပို ကောင်းတာပေါ့ ။ အဟိ။

    ပို ့လာတဲ့ကဗျာ တွေကို
    မိဗုံ မှာတဲ့အတိုင်း းးးးးးး
    ကောင်း ရင် အမည်မသိ လို ့ ရေးပါ့မယ်။
    မ ကောင်း ရင် မိဗုံ လို ့ရေးပေး ပါ့မယ်။
    ပို ့သာ ပို ့လိုက်ပါ ဗျာ
    :kwi:

  • အလင်း ဆက်

    June 3, 2013 at 1:28 pm

    အမွန် ရေ
    မှန်းကြည့်လေ
    မှန် ပါ့မလားးး
    မှန် ရင်တော့ ကိုယ့်ဘာသာကိုယ် ဝယ်စားးး
    အဲ အလက်ဆင်းတို့ကိုလည်းး မ ေ မ ့နဲ့ပေါ့ဟာ

  • Shwe Ei

    June 3, 2013 at 2:21 pm

    ကဗျာမှာ ယင်းဂလိပ်လူမျိုးပုံတေမပါရင်တော်ဘီ။

    ကဗျာပြခန်းလေး ဗမာဆန်စေချင်လို့ ။

    စာသက်သက်ဖတ်ရတာနဲ့ ပုံလေးတွေ ထပ်ထားတာဆိုရင် ပုံပါတာကို သဘောကျတယ်။

    ဆေးရောင်လှလှခြယ်ရအောင် စာအုပ်တွေ့ရင် အခုထိဝယ်ချင်တုန်း။ :mrgreen:

    ဒဂယ်တော့ ခလေးတေလောက်တောင် ဟုတ်တိပတ်တိမချယ်တတ်ပါဝူးလေ :byae:

    စကားမစပ် ပီးခဲ့တဲ့တခေါက်က မရွှေကြည်ကဗျာကို ဗုတ်လိုက်တယ်…ဟိ

    • ကြက်အူလှည့်

      June 3, 2013 at 2:25 pm

      ကော့ကေးရှန်းဒွေ မကျိချင်ဘု ဆိုတော့ နီဂရိုးဒွေပုံနဲ့ တင်ဇီဂျင်ဒါလား ကွယ်…
      ကွိကွိ… အူးလေးတို့ သများကဗျောင်လေးဂို အူစိန်ဘော့ ပုံလေးနဲ့လုပ်ပေးပါ…

      :harr:

    • ရွှေ ကြည်

      June 3, 2013 at 9:01 pm

      နာမည်ကလည်း ရွှေကြည် ရွှေအိ ။ မွေးနေ့ကလည်းတူ ခုနှစ်ပဲကွာတယ်။ ဒို့ညီအစ်မအကြိုက်ချင်းလည်းတူနေတယ်ထင်ပ မြက်ခင်းကိုကြိုက်တယ်ပေါ့ :harr:

  • အရီးခင်လတ်

    June 3, 2013 at 2:44 pm

    ဟား
    တကယ် တကယ် တကယ်ကြီးကို မိုက်ပါတယ် အလင်းဆက် နဲ့ မောင်သိကြား ရယ်။
    အဝင်စာထဲ မှာ ကဗျာခန်းထဲ မှာ ဦးထုတ်ချွတ်စရာမလို ဆိုပေမဲ့ ကဗျာတွေ ဖတ်ပြီး တော့ ဦးထုတ်မပါဘဲ တလေးတစား ဦးညွတ်အလေးပြု သွားပါတယ် မောင်ရင်တို့။
    (နဂို ကလဲ ဦးထုတ်ဆောင်း မထားတာမို့ပါ) 😉

    တကယ်ဘဲ ချီးကျူး မိပါတယ်။
    ကဗျာတွေ အားလုံးကောင်းတယ်။
    ကဗျာတွေ ကို ပုံတွေ နဲ့ တွဲမြင်ရတာ ဘယ်လို ခံစားရလဲ ဆိုတော့။
    ရုပ်ရှင်တစ်ကား မှာ သရုပ်ဆောင်ရုပ် ကို နောက်ခံ တီးလုံး ကောင်းကောင်း လေး က ပံ့ပိုးပေးထားသလိုဘဲ။
    ဘာကြောင့်များ ဒီလောက် တော်နေကြသလဲကွယ်။
    သူများတွေရေးတာမြင်တော့ အားကျ မိပါရဲ့။
    ပါရမီမပါတော့ခက်တယ်။
    ဘယ်က စရမယ်တောင်မသိ။
    နောက်မှ ပြန်ဖတ်ပြီး ရွေးမယ်။

    လပြွတ် ကဗျာ ကတော့ ဘယ်သူ့လက်ချက် ဆိုတာ သိသဟေ့။ 😆

  • black chaw

    June 3, 2013 at 3:52 pm

    ဝင်ဖတ်သွားပြီဆိုတဲ့အကြောင်း သံချောင်းခေါက်ခဲ့တာပါ…။
    ကဗျာ ရေးဖို့ ကြိုးစားနေပါတယ်ဗျာ…။
    လေးစားခင်မင်တဲ့…
    ဘလက်ချော…။

  • အလင်း ဆက်

    June 3, 2013 at 4:22 pm

    မ ရွှေအိ ရေ
    အခု တစ် ခေါက် ရော
    ဘယ် ကဗျာကို အကြိုက်ဆုံး ပါလိမ့်
    ပြခန်း အမှတ် ၃ မှာမှ ဖွင့် ပြောမှာ ပေါ့နော်
    🙂

    ======================
    ဂီဂီ့
    ကဗျာ က ပြင် လို ့ဆင်လို ့ပြီး လောက်ပေါ့
    ဘယ်လို ပုံစံလေးနဲ့ ပေါ်လာလေမလဲ ….
    🙂

    ****************************

    ဟိုကဗျာ ကြီး ဘယ်သူ ့လက်ချက် ဆိုတာ သိတဲ့ အရီး ရေ

    ဘာကြောင့် ဒီ လောက်များ တော်နေကြသလဲ ဆိုတော့
    ဂဇက် ရွာသူား တွေ ဖြစ်နေ လို ့ပေါ့
    :kwi:

    အရီး ရဲ ့ ရင် တွ င်း ဖြစ် ကဗျာ လေးများလည်း မျှော်လင့်နေပါ ကြောင်းးးး

  • အလင်း ဆက်

    June 3, 2013 at 4:25 pm

    လေး ဘလက် ရေ

    ကဗျာ မျှော်နေတယ် ဗျ ။
    ကျေးကျေးဘာာ

    ခင်မင်လေးစားစွာ
    အလင်းဆက်

  • TNA

    June 3, 2013 at 4:33 pm

    ကဗျာတွေအားလုံးကောင်းတယ်။ တပုဒ်ကိုသုံးလေးခါလောက်ဖတ်ပြီး ခံစားသွားပါတယ်။ လဗျာကဗြွတ် ကတော့ဘီတူလဲဆိုတာ သိနေဒယ်နော်။ အမှတ်သုံးကိုစောင့်မျှော်လျှက်

  • အလင်း ဆက်

    June 3, 2013 at 4:41 pm

    အန်တီ သဲ

    ဟိုကဗျာ ကြီး ဘီတူ ့လက်ချက်ဆိုတာ တိရင်
    ဟို ခြိမ်းခြောက် စာ ကို လည်း ဘီတူက ဘီကဗျာ နဲ ့တွဲ ပို ့လိုက်တယ် ဆိုတာလည်းးး
    တိ လောက် ရော ပေါ့ နော်

    အခု တော့ အက်ဒိ လူကြီး သားတို ့အ ပေါ်မှာ
    နွဲ ့ဆိုး ဆိုးပြီး အနိုင်ယူ တာကို
    လူသိရှင်ကြား ဖြစ်သွား ပါပေါ့

    ကောင်းလေစွတကားးးး
    :kwi:

    အန်တီသဲ ရေ
    ပြခန်း အမှတ် ၃ ကို မျှော်နေမယ် ဆိုလို ့ကျေးဇူးပါ

    • TNA

      June 3, 2013 at 5:35 pm

      အေးပါအေ။ သူကိုတရွာလုံးကြောက်တယ်ထင်နေတာကိုး။ ခွင့်လွှတ်လိုက်ပါအေ။ ကဗျာမပြည့်လို့ထည့် လိုက်ရတာသူမသိစေနဲ့။ ကြောက်တယ်လို့ထင်နေတဲ့ ပီတိလေးဖြစ်နေပါစေအေ။ ( သူမကြားစေနဲ့နော် )

  • Ma Ma

    June 3, 2013 at 5:57 pm

    ခြိမ်းခြောက်စာနဲ့မှ တွဲမပို့ရင် ကဗျာပိုင်ရှင်က သူ့ကဗျာ မပါနိုင်ဘူးဆိုတာ သိနေလို့ ပေ့ါ။ :kwi:

  • အလင်း ဆက်

    June 3, 2013 at 6:02 pm

    ခွစ်စ် ခွစ်စ် :kwi:

    အန်တီ မမ ပြော လိုက်မှ တူ ့အ ခြေ အ နေ က
    ဘွင်း ဘွင်း ကြီး ပေါ် တော့ ဒယ်
    🙂
    🙂

  • ကိုရင်စည်သူ

    June 3, 2013 at 6:30 pm

    ကဗျာတွေက တစ်ပုဒ်ချင်းစီ ဖတ်လို့ကောင်းတယ်..
    ဖတ်ပြီးလည်း ဘာကောင်းလို့ ကောင်းတယ်
    ပြောရခက်နေတယ်ဗျာ။ သင်္ဘောပုံကာတွန်းနဲ့
    ကဗျာ ရေးတဲ့လူက ရုပ်ကြမ်းကြီးနဲ့ နွဲ့ပြီးရေးလွန်းတယ်ဗျာ..
    မကြိုက်ဖူး.. :mrgreen: ကျန်တဲ့ ကဗျာတော့ အားပေးသွားတယ်.. 😳

  • Mr. MarGa

    June 3, 2013 at 7:10 pm

    အဟမ်း အဟမ်း
    မောင်ရင် အလက်ဆင်း
    ဒီပြခန်းအတွက် အသင်လဲ တစ်ပတ်နီးပါး ချာချာလည်ခဲ့တာမို့
    ဒီရလာဒ် ထွက်လာတာကို
    ဂုဏ်ယူပါသကွယ် :mrgreen:
    ကဗျာပြခန်း နှစ်ခန်း တက်သွားပါပြီ
    ကဗျာချစ်သူတွေအတွက်လဲ အောင်မြင်မှု တစ်ခု ရပါပြီ
    နောက်ထပ် နောက်ထပ် ပြခန်းတွေ အတွက်
    ကဗျာများလဲ ကြိုနေပါတယ်
    တင်ပြပုံ အသစ်များလဲ စီစဉ်ထားပါတယ်။
    ဆက်လက် စောင့်မျှော်ကြပါကုန်
    :harr:

  • ရွှေ ကြည်

    June 3, 2013 at 8:40 pm

    အကြိုက်ဆုံးကတော့ အောက်ဆုံးက ကဗျာပဲ ဘာတဲ့ လဗြာကဗြွတ် ဆိုလား ရသမြောက်လွန်းလို့ပါ :harr:
    ပြခန်းတာဝန်ခံတွေကတော့ တာဝန်ကျေကြပါပေရဲ့ရှင် ကျေးဇူးလည်းတင်ပါတယ် ဝင်ရောက်အားပေးသူတွေကိုလည်းကျေးဇူးအကြီးကြီးတင်ပါတယ်ရှင်။
    ရွှေကြည့်ကဗျာမှန်းနိုင်ကြပါသလား :harr:

  • Nay Chi

    June 3, 2013 at 9:19 pm

    ပြခန်းသို့ဝင်ရောက်သွားကြောင်း…. ကဗျာကောင်းလေးတွေကို ပါးစပ်အဟောင်းသားနဲ့ငေးရင်း ဘယ်ကဗျာပိုကောင်းတယ်တောင် ရွေးဖို့မတတ်နိုင်တော့ကြောင်း… အသိပေးခဲ့ပါသည်..။ 🙂
    တစ်တောင်ထက်တစ်တောင်မြင့်ဆိုတဲ့စကားအဓိပါယ်ကို ခုမှသေချာနားလည်သွားတော့တယ်..။

    • Mr. MarGa

      June 4, 2013 at 6:23 pm

      တစ်တောင်ထက် တစ်တောင်မြင့်လာသလို
      ဆက်လို့ဆက်လို့ မနိမ့်အောင်လဲ ကြိုးစားနေပါတယ် မနေခြည်ရေ

  • ကဗျာပြခန်း ၂ ကိုတောင်
    အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီကိုးးး
    ဟိုအထက် ဆိုစကားအရ ပြခန်း ၃ အထိတောင် ပြည့်နေ ဆိုပါ့လား ..
    အားရစရာပါ့ …..
    ဒီပြခန်းမှာ ကျုပ် ကဗျာလေး မပါနိုင်ခဲ့ဘူးကွယ် …
    အဟောင်းတွေကို ပေးဖို့လည်း မပေးချင်တာနဲ့ ရှိစေတော့ …
    အသစ် ရေးဖို့ဆိုလည်း … အင်း .. အဲ …
    ကြိုးစား ရေးသားပြီးတော့ ပို့ပါဦးမယ် ….
    ကဗျာပြခန်း အတွက် ဂုဏ်ယူပါတယ်လို့ …….
    အဲ့ဒါလေး …

  • padonmar

    June 3, 2013 at 9:51 pm

    အလက်ဆင်းရယ်
    သများ ကဗျာဆန်မိလို့လားကွယ်။
    စကားပြေတောင် လူနားလည်အောင် ၂ခါ၃ခါပြန်ချောနေရတာ။
    ဆိုလိုချင်တာကို မထိတထိနဲ့ ထိအောင်ပြောရတဲ့ ကဗျာကို မထိရဲပါဘူးဟယ်။

    အော် ဒါထက် ဗုတ်ရအုံးမှာလား။
    ဘယ်နားမှာလဲ။
    …..
    ပုံလေးတွေတွဲတာကြိုက်ပါတယ်၊
    အဝေးအဝေးကြီးမှာ ပုံလေးလည်းကြိုက်တယ်။
    ရွှေသည်လည်း ကြိုက်တယ်။ပုံနဲ့စာလိုက်တယ်။
    အိမ်လွမ်းသူ ပုံလေးကြည့်ပြီး ကိုယ်လည်း လွမ်းလာတယ်။
    ……………..
    လူနဲ့ ကဗျာတွဲကြည့်မယ်အေ။
    မှန်ရင် ကဗျာရေးတဲ့သူတွေ မုန့်ကြွေးပါ။

    ဦးကြောင်ကြီး =ကဗျာ အမည် =လဗျာကပြွတ်
    ခင်ခ = ကဗျာ အမည် = အမျှအမျှ
    လုံမလေးမွန်မွန် = ကဗျာ အမည် = ဆက်လက်စီးဆင်းပါရစေ
    ကမ်းဝေး = ကဗျာ အမည် =အငယ်အနှောင်းမြို့
    သဲနုအေး = ကဗျာ အမည် = မိန်းမသားဘဝ
    ပိတောက်မိုး = ကဗျာ အမည် = အရိပ်မဲ့ေြခြရာ
    ရွှေကြည် = ကဗျာ အမည် =အဝေး အဝေးကြီးဘဲ
    ကိုပေါက် (မန္တလေး) = ကဗျာ အမည် =မှုန်ရီဝေဝေ မန္တလေး
    ရေပုလင်း = ကဗျာ အမည် =သူ
    နိုရာ = ကဗျာ အမည် = ရွှေသည်ငါနဲ့ မထိုက်လေပြီ
    ရာမည = ကဗျာ အမည် = အောင်နိုင်သူ
    ကိုရင်စည်သူ = ကဗျာ အမည် = ရင်ကွဲသူ
    BMTM Mdy = ကဗျာ အမည် = အိမ်လွမ်းသူ
    နေခြည် = ကဗျာ အမည် = ချစ်ခြင်းကဗျာ
    ………
    ရေပုလင်းဆိုတာ ခြောက်မျက်နှာမလား။

    • TNA

      June 4, 2013 at 3:49 pm

      အန်တီကြာရေ ကျွန်မကဗျာတော့လွဲသွားပါတယ်။ မိန်းမသားဘဝ က ရွှေကြည်ရေးတယ်မှတ်တာပဲ။ ကျွန်မက အဲလောက်မိန်းမ မဆန်ဘူး။ ဟီဟိ။ အန်တီအေးကေကေက အမြဲပြောတယ်။ သမီးက ယောကျင်္ားလေးဆန်တယ်တဲ့။ အခုလဲ ဂွတီးဂွကျ ကဗျာလေးပါအန်တီကြာရေ့။

      • အရီးခင်လတ်

        June 4, 2013 at 3:56 pm

        သဲနု – ရင်ကွဲသူ မဟုတ်လား???
        ကိုရင်စည်လေး က အပြစ်ကင်းတဲ့ ချစ်ခြင်းကဗျာ။
        အထင် 😆

        • Mr. MarGa

          June 4, 2013 at 6:22 pm

          အရီးလတ်လဲ လွဲပါကြောင်း
          တစ်ခုပဲ မှန်တယ်ခည :kwi:

        • TNA

          June 5, 2013 at 11:23 am

          အဟိ ကယွဲစည် ကဗျာတော့ အရီးလတ်မှန်တွားဒယ်ထင်ဘာဂျောင်း။ အိုက်ဒါလေး ကယွဲစည်ရေးတယ်လို့ ကျွန်မလဲထင်ဘာဂျောင်း။ ထပ်မှန်းကြည့်ပါအုံးအရီးလတ်ရေ့

    • ခင် ခ

      June 4, 2013 at 4:09 pm

      “ခင်ခ = ကဗျာ အမည် = အမျှအမျှ´´
      အမ ပဒုမ္မာ ခင်ဗျ ခင်ခ က အမျှ မဝေပါဘူး၊ ဝေးသွားတာကိုဘဲ လွမ်းမိတာပါ။

    • Mr. MarGa

      June 4, 2013 at 6:16 pm

      ဒေါ်လေး
      ဒေါ်လေး အဖြေကို ဆန်းစစ်ရမယ်ဆိုရင်ဖြင့်
      ဆယ့်ငါးခု တွဲရာမှာ
      ခြောက်ခု မှန်ပါတယ် ဆိုတဲ့အကြောင်းလေး
      ပြောပါရစေခင်ဗျ
      :kwi:

  • သျှားသက်မာန်

    June 4, 2013 at 10:25 am

    ကောင်းတယ်….ဆက်လုပ်…..ဦးမာဃရေ…အားပေးနေမယ်……..နောက်ခံပုံလေးတွေနဲ့စိတ်ကူးကောင်းကောင်းနဲ့ လုပ်တာကြောင့်..ကဗျာတွေကပိုဖတ်လို့ကောင်းတယ်…..

    • Mr. MarGa

      June 4, 2013 at 6:18 pm

      အားပေးနေမယ် ဆိုလို့ ကျေးဇူးတင်ပါကြောင်း
      ကဗျာများဖြင့် အားဖြည့်ပေးဖို့ ထပ်လောင်း ပြောကြား လိုပါကြောင်း
      :kwi:

  • အလင်း ဆက်

    June 4, 2013 at 10:45 am

    ကိုရင်စည်သူရေ…
    ကဗျာပြခန်းထဲ ကို ဝင်ပြီး ..ကဗျာတွေက်ု အပီအပြင် ခံစားသွားလို ့..
    ကျေးဇူးဗျ ။
    ================
    အူးမာဃ…
    အကျွန်ုပ် လည်း.အတော်လေးကို ချာချာလည်ခဲ့သည် ။
    လူလည်း.အရူးမီးဝိုင်းသကဲ့သို ့..ဒေါင်းချာစိုင်းခဲသည် ။
    အသင်တို ့ ၏ ကူုညီ ပံ့ပိုးမှု များအားလည်း.. ကျေးဇူးတင်သည် ။
    အသင်တို ့…နှင့် ကျွန်ုပ် …
    ပူးပေါင်း ဆောင်ရွက်မှု ၏ အသီးအပွင့်ကို…
    ယခု အောင်မြင်မှု ကနေ စားသုံးခွင့် ရချေပြီ ။
    ထို … စားသုံးမှု သည်.. ပီတိကို စားသုံးခြင်း…မည်ပေသည် ။

    :kwi:
    :kwi:
    =========================
    မမရွှေကြည် ….
    ပြခန်းစီစဉ်သူများ..တာဝန်ကျေတယ်.ဆိုလို ့.. ဝမ်းသာပါတယ် ။
    ပြခန်းကို ကဗျာတွေ အဆက်မပြတ် ပို ့ပေးထားလို ့ လည်း.ကျေးဇူးတင်ပါတယ် ။

    ဒါနဲ ့.. မမရွှေ..ကဗျာကို.. ကျွန်တော်.မှန်းကြည့် ရမလား ..။
    မှန်ရင်.. မုန် ့ဝယ်ကျွေးလေ.. ။
    အဟိ ။
    :kwi:

    ===========================
    မနေခြည်….
    ပြခန်းကို..အရောက်လာတဲ ့ အတွက်ရော…
    ကဗျာ ပံ့ပိုးမှု အတွက်ရော…

    ကျေးဇူး တင်နေပါတယ်လို ့…

    ======================================
    အံဇာဒုံးရေ…
    နီ ကသာ… ကဗျ ာ မပါ နိုင်ခဲ့ဘူး.ဆိုတယ် ။

    ဟိုမှာ..အန်တီ ဘုံမာ..က ရေပုလင်းဆိုတာ..နီ မဟုတ်လာ…ဒဲ ့ ။
    လာရှင်းလှည့်… ။ မဟုတ်ရင် မဟုတ်ကြောင်းးးး
    အဟိ ။
    :kwi:
    ++++++++++++++++++++++++++

  • အလင်း ဆက်

    June 4, 2013 at 10:53 am

    အန်တီ ပဒုမ္မာ..ရေ. ..
    ကဗျာ ဆန် ခဲ့သည် ဖြစ်စေ…
    ကဗျာ မဆန်ခဲ့သည်ဖြစ်စေ…..
    အန်တီ ့ဆီ က အမှတ်တရ အနေနဲ ့.. ကဗျာ ဓါးပြ တိုက် ပါတယ် ။
    အဲ… ကဗျာ တောင်းခံ ပါတယ် ။
    မပေး….ပေး ပေး… ကဗျာသာပေး…ပါ ။
    ===============
    အန်တီ က ကဗျာတွေကို…ခံစားသွားရုံမက…
    ကဗျာနဲ ့..ရေးသူကိုပါ… တွဲ စပ်ပေးသွား လေတော့……….
    အင်းးးးးး
    အန်တီ တွဲ ပေးသွားတာက..
    မှန်တာလည်း.မှန် အိ ။
    လွဲ တာလေးလည်း..လွဲနေသေး အိ ။
    ဟိဟိ
    :kwi:
    ————————-
    ရေပုလင်းဆိုတာ…
    ွှ့အံအံ… လား. ဆိုတော့….

    🙂
    🙂
    လောလောဆယ်..
    ကျွန်တော်…
    နှာစေးနေတယ်ဗျ ။
    🙂

  • အလင်း ဆက်

    June 4, 2013 at 10:55 am

    မမ သျှားသက်မာန် ရေ…
    ကဗျာပြခန်းလေးကို အာပေးနေလို ့.. ကျေးဇူးပါဗျ ။
    ကဗျာလေးများလည်း… ပို ့ပေးပါအုံး ။

    🙂

  • ခင် ခ

    June 4, 2013 at 12:40 pm

    အခန်းဆက် ကဗျာလေး ရေးကာ ကဗျာပြခန်းကို ပို့ပေးမယ်လို့ စိတ်ကူးခဲ့ပြီး တစ်ပုဒ်တောင် ပို့ပေးခဲ့သေးတယ်ဗျာ။ အခု ဒီကဗျာပြခန်း ၂ ကို ဖတ်ပြီးမှ နောက်ပြခန်း ၃ အတွက်တောင် ပြည့်ပြီ ဆိုပါလား၊ ဒါဆိုရင်တော့ ခင်ခ အခန်းဆက်ကဗျာက အဆင်မပြေလောက်ဖူးထင်တယ်ဗျ။
    မောင်အလင်းဆက် နဲ့ မောင်မာဃရေ အခုပို့ပေးထားတဲ့ ကဗျာကိုသာ ဒီဇွန်လ လယ်ကဗျာပြခန်းမှာ အဆင်ပြေနိုင်ရင်လည်း ထဲ့သုံးပေါ့ဗျာ။ အဲ ပြခန်း ၃ မှာ နေရာမရှိရင်တော့ ပယ် လိုက်ပါရန် တောင်းဆို ပါရစေ၊ ထိုကဗျာက ရက်လွန်ကာလ ရှိနေလို့ပါ။

  • အလင်း ဆက်

    June 4, 2013 at 2:55 pm

    လေးခ ရေ …
    လေးခ ရဲ ့အခန်းဆက် ကဗျာကို အဆင်ပြေအောင် လုပ်ပေးပါ့မယ်.ဗျ ။

    အခု လာမယ့်. ပြခန် း အမှတ် ( ၃ ) မှာ..
    လေးခ ကဗျာ ပါအောင်..ထည့်ပေးပါ့မယ်…နော့် ။
    နောက်ထပ်လည်း.. အဲဒိ အခန်းဆက် ကဗျာလေးတွေ .. ပံ့ပ်ိုးပေးပါအုံးလို ့. ။

    လေးစားစွာဖြင့်

    အလင်းဆက်

    • ခင် ခ

      June 4, 2013 at 4:04 pm

      ဒီလိုပါ မောင်အလင်း ဆက်ရေ အခန်းဆက်လို့ဘဲခေါ်ခေါ် အပိုင်းလိုက်လို့ဘဲဆိုဆို ကျွန်တော်ရဲ့ အဲဒီကဗျာက Exprire Date သဘောမျိုးပါလို့ပါ၊ Exprire ကျော်လွန်ပြီးမှ ထဲ့ရင် ဖတ်တဲ့စာဖတ်ပရိတ်သတ် အတွက် ရီစရာဖြစ်စေသလို မလေးစားသလိုလည်း ရောက်မှမို့ပါ။ ဥပမာ- အခုပို့ထားတဲ့ ကဗျာခေါင်းစဉ် ကိုဖတ်ရင် သဘောပေါက်မှာပါ။ အဲဒီတော့ အတင်းကြီးလည်း မထဲ့မဖြစ် ထဲ့ကိုထဲ့ရမယ် ဆိုရင်လည်း အခြား ကဗျာဆရာကြီးတွေပေးပို့ထားတာ အတွက်လည်း နေရာအခက်တွေ့မှာစိုးတာရယ်ကြောင့်ပါ။
      မောင်ရင်တို့ အဆင်ပြေရင်တော့ ဆက်ပို့ပါမယ်။

  • အရီးခင်လတ်

    June 4, 2013 at 3:08 pm

    ဒီ မှာ မဝုတ် ဘဲ စောင့်ရမယ် ဆိုတဲ့သဘောလား။
    ပြခန်း (၃) မှာမှ ပေါင်း ဝုတ်ရမှာလား။
    ဝုတ်ချင်ပြီဟေ့။
    မြန်မြန်လေး။
    😆

    • Mr. MarGa

      June 4, 2013 at 6:26 pm

      ဗုတ်ကို ကျွန်တော်များ မလုပ်နိုင်တာကြောင့်
      ဗုတ်အတွက် တာဝန်ယူထားသော မော့ ခင်ဗျာ
      ဗုတ် လာထည့်မလား မထည့်ဘူးလား ပြန်ပြောပေးပါဗျို့
      :harr:

Leave a Reply