မေမေရေ
ဒီမိုခွေစီနှင့် ဆံပင်အတိုအရှည်
———————————
မေမေ သားတော့ မြန်မာ့ဒီမိုခွေစီ က ဆံပင်အတိုအရှည်နဲ့ ဆက်စပ်မယ်မြင်မိတယ်မေမေ။
မေမေပဲ စဉ်းစားကြည့်လေ။ ဆံပင်ရှည်တဲ့ မေမေတို့ အိပ်ထိယ နွယ်ဝင်တွေက ဖိနှိပ်ခံရဆုံးဖြစ်ပြီး။
အဲ့သည့်အထက်မှာ သားတို့ မဟာ ပုရိသ တွေရှိတယ်မေမေ။ ပုရိသချင်းတူတူတောင် မေမေရယ်
အစိမ်းရောင်ဝတ်တဲ့ ရှေ့တစ်လက်မနောက်ပြောင်တွေက သားတို့ထက် ဆံပင်ပိုတိုတယ် ဆိုပြီး
အခွင့်အရေးပိုယူကြပါတယ်။ နာ့သင်းလာ့စ် ဖော်အဲဗား ပါမေမေ .. ခုတော့ ဆံပင်လုံးဝမရှိတဲ့
အနီ ဝတ်သူတွေက သူရို့အပေါ်တက် အခန့်သားထိုင်ကြတော့မယ်တဲ့ ..။
သားတော့လေ တနေ့တခြား ရှည်ရှည်ထွက်လာတဲ့ ဟောဒိဆံပင်တွေကို သိပ်မုန်းတယ် မေမေ။
ပရိက္ခရာ ၈ ပါးးးး တာဝန်ယူပါရစေ။
ရာသက်ပန် နိုင်ငံတာဝန် ထမ်းဆောင်ဖို့ မေမေ့ကို ကတိပေးပါ သားရယ်။
Was this answer helpful?
LikeDislikeရှည်ရှည်ထွက်လာတဲ့ဆံပင်တွေကို မုန်းကာမှမုန်း ..
ညည်းကတုံးမကြီးကိုတော့ မချစ်နိုင်လောက်ဘူး
းmrgreenး
Was this answer helpful?
LikeDislikeကျောက်စ်လည်း ကတုံးဆံထောက်ပါ…
ခုတော့ အာဝါဟဝိဝါဟပြုရင် ကိုယ့်ထက်ပိုတိုသူတွေကို
ကန်တော့ရတော့မယ်……
Was this answer helpful?
LikeDislikeအော် … မေမေဆိုလို့ တို့ကိုများခေါ်တာလားလို့ … မေမေကတော့ ကတုံးမဟုတ်ပါဘူးကွယ် … ခုဒေါ့ ဆံပင်လေး ခပ်တိုတိုတော့ ညှပ်ထားတယ် …….
Was this answer helpful?
LikeDislikeအကိုတော် ……. ဆီလီကွန် စွပ်ထားပါလားဟင် ….
ကတုံးတုံးလိုက်ရင်လဲ ဆံပင်က ပြန်ထွက်လာအုံးမှာ ….
Was this answer helpful?
LikeDislikeသားတော်ဂီရေ..တူတို့ကဒီလိုတဲ့…ဟဲ့..ဟဲ့
Options
Wira Thu
“အင်းစိန်ရွာမ ဆရာတော်ဘုရားကြီး ဩဝါဒ”
*******************************
လုပ်သင့်တာကို မလုပ်ရင် တာဝန်မကျေရာရောက်
အမျိုးဘာသာ သာသနာအရေး ရှောင်နေလို့မရ၊
မသိကျိုးကျွံပြုနေရင် ဘုရားလမ်းစဉ် မလိုက်ရာကျမယ်။
လူမှုရေးလုပ်ငန်းတွေနှင့် ရဟန်းသံဃာတွေ
ဘာဆိုင်လဲ ပြောကြတာတော့ အင်မတန် စိတ်မကောင်းစရာဖြစ်
လိုအပ်ရင် သားဖွားခန်းထဲ ဝင်ပြီး အင်္ဂုလိမာလသုတ် ဟောခွင့်ရှိ။
ဒါလည်း လူမှုရေး လုပ်တာပါပဲ။
ဆိုတော့ မီးဖွားရင် ဘုန်းကြီးပင့်ဂျဗျို့…ေွိ
Was this answer helpful?
LikeDislikeလပြည့်နေ့ဥပုသ်မစောင့်ရင်ထောင်၃လချမယ်တို့ဘာတို့ ကြားရခါနီးပြီထင့်
:'(
Was this answer helpful?
LikeDislikeဒွတ်ခ ပါလား…
Was this answer helpful?
LikeDislikeလေးဆယ်ကျော်ရင် အဲ့လောကဝင်ဖို့
၈ ပါးစပွန်ဆာဒွေ ရထားပီးသားကို.
ဂလိုဒွေ. ဆက်ဖြစ်နေရင်တော့.
နိုင်ငံရေးသင်တန်းတွေ တက်ထားအုန်းမှ..
ဝင်ခွင့်ရလောက်တော့မယ်ထင့်.
Was this answer helpful?
LikeDislikeမိဘတွေတာဝန်မကင်းဘူးလို့ယူဆပါတယ်။ ဘာလို့ကိုယ့်သားသမီးတွေကိုလူသားဆန်ဆန်မကြီးပြင်းစေပဲ မြင့်မြတ်တဲ့ ဘဝခြားကိုလွှတ်ချင်နေရတာလဲ။ ဂတုံးတုံးတာကောင်းပါတယ်။ ဒီမှာလဲ ကင်ဆာသမားတွေကိုအားပေးတဲ့အနေနဲ ့လိုက်ပြီးကတုံးတုံးနေကြတာ။ ဆာဒူးကြီးလုပ်မဲ့ဆြာဂီကတော့ ဆံပင်ရှည်ရှည်ထားပါ။
Was this answer helpful?
LikeDislike၅နှစ်အတွင်းတကြိမ်မှ သကြ်န် တွင်း ဒုလ္လဘ ရဟန်းမခံဖူးရင် နိုင်ငံသားအသိမှတ်ပြုကတ် ပယ်ဖျက်မယ် ဆိုတာမျိုး ဥပဒေ ထွက်လာရင် ကြိုဆိုကြမှာလားဟင်င်င်င်င်င်
Was this answer helpful?
LikeDislikeဇဘင်ဆိုတာ ဂေါင်းရှိလို့ပေါက်တာ
ဒီတော့ ဂေါင်းမရှိအောင်
ဆော်ဒီသွားပြီး လယ်ဘင်းဟာလာသွားလုပ်ဘါလါး !!!
Was this answer helpful?
LikeDislikeဇဘင်တွေ မုန်းရင်..
ဂဒုံးမ ကြီးနဲ့ ညားလိမ့်မယ် ။
ဂဒုံး တုံးထားတဲ ့ သူကိုပြောတာမဟုတ် ။ ဇဘင် မပေါက်တဲ့ သူကိုပြောတာ ။
အဟိ
Was this answer helpful?
LikeDislikeသားရယ် အစိမ်းဝတ် ရှေ့တစ်လက်မနောက်ပြောင်တွေကို အနီဝတ် ဂဒုံးက အနိုင်ယူနိုင်မှာသေခြာလို့လား…
ခြကျွေးထားတဲ့ အကွက်တွေပါဟယ်…. ဒါပေမဲ့ သားပေါသလို နာ့သင်းလာ့စ် ဖော်အဲဗား…
သားလဲတော်သလိုနေ.. မေမေလဲ ယောက်ကျားယူတော့မယ်..
Was this answer helpful?
LikeDislikeမေမေ. မသေမချင်းမှတ်ထား.
ဘယ်ကတုံးမှ ဘယ် ထိပ်ပြောင်ကိုမှ အလေးမပြုဘု.
ထိပ်ပြောင်ကသာ ကတုံးကို ထိုင်ထိုင်ရှိခိုးရတာ.
ထိပ်ပြောင် က ကတုံးကို သမရဲတာ လူကွယ်ယာမှာမှ.
ယနေ့ခေတ် ခု မဟုတ်တာလုပ် ခု အွန်လိုင်ာပေါ်ရောက် ခု တကမာ္ဘလုံးပြန့်
ခေတ်ဖြစ်နေတော့ အစိမ်းက အနီကို အရင်ကလို လူမမြင်အောင် ဆော်လို့မရတော့ဘု
လူမြင်ကွင်းဆိုရင်လည်း လက်အုပ်လေးတွေ ချီထားရမှာကိုးး
သည်တော့ ခုကိစ္စမှာ အစိမ်းက အနီကို အသုံးချတယ် ဘလားဘလားပြောနေကြတယ်.
ဟုတ်ခဲ့ရင်တောင်. ယနေ့ SNS တန်ခိုးနဲ့. အစိမ်းကို အနီ က ပြန်လည် ခြိမ်းခြောက်နိုင်စွမ်းရှိနေပြီ
နောက်တော့ ဆက်ပြောတာပေါ့ဗျာ.
ကွိကွိ
Was this answer helpful?
LikeDislikeအွမ် ….
ဆံဘင်တွေကို မုန်းဒဒဲ့ …
ဒါဆိုလည်း အသွင် တူသွားအောင်
ကတုံး တုံးပလိုက်ဗျာ … ရှုပ်ဒယ် ..
Was this answer helpful?
LikeDislikeသဂျီးဦးခိုင်ကတော့ ဘုန်းကြီး နိုင်ငံရေးလုပ်တာ အားပေးသတဲ့.. ဒဂယ်လည်းဖြစ်ရော နှစ်တထောင် ကျိန်စာလို့ သူဗဲ အသံဂေါင်းဟစ်တယ်… လုပ်စားလာတာ ကြာပီထင်ပ..
Was this answer helpful?
LikeDislikeမားခိုမ် ကိုခနဖျောက်ထားဗျာ. မဲပြန်ပေးဘုန်းဘုန်းပြောတာ. မှန်မမှန်က စပြောကြည့်ကြရအောင်လား
Was this answer helpful?
LikeDislikeဝတ်မယ်ဆိုလည်း မှတ်ပုံတင်လေး ရအောင် ယူပါသားရယ်…
Was this answer helpful?
LikeDislikeဆံပင်က မုန်းစရာ မဟုတ်ပါဘူး သားရဲ့
ဆံပင်က ဈေးကောင်း ရသကွဲ့
ကွိကွိ
Was this answer helpful?
LikeDislikeကိုယ့်ထက် သီလ သမာဓိ ပညာ သာပြီး ကိုယ့်ကို သံသရာလွတ်ကြောင်း တရား ချီးမြှင့်မယ့်
မည်သူ့ကိုမဆို ထိုင်ရှိခိုး နိုင်ပါရဲ့ဗျာ. သို့သော် ကိုယ့်အပေါ်ပြဌာန်းပိုင်ခွင့် တခုလေးကိုတော့ဖြင့် စောဒက
တက်ပရစေ. ဘာကြောင့်လဲဆိုတော့ ကိုယ်တော်တို့က ပြဌာန်းပိုင်ခွင့် လိုင်စင်ရသူတွေလား ပြဌာန်းပိုင်ခွင့်
ရေးရာပိုင်းက ပရိုတွေလား.
နောက်တနည်း လွတ်လပ်စွာ ကွဲလွဲခွင့်ရော မကျန်တော့ဘူးလား.
Was this answer helpful?
LikeDislikeကျမ အထင်တော့ ဒီဥပဒေကအတည်ဖြစ်ဖို့မရှိပါဘူး။ နိုင်ငံတွင်းမှီတင်းနေထိုင်ကြတဲ့နိုင်ငံသားအားလုံးအတွက်တရားမမျှတမှုမရှိတဲ့အတွက်။နိုင်ငံသားဖြစ်ခွင့်ဥပဒေ။ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေကိုခေတ်နဲ့အညီပြင်သင့်တာတွေပြင်ဆင်ပြီး အသက်သွင်းနိုင်ဖို့တော့မျော်လင့်မိတယ်။ မျိုးချစ်စိတ်ပြင်းထန်လွန်းတာ မကောင်းပါဘူး။ ဘာသာစုံ လူမျိုးစုံနေထိုင်ကြတဲ့ မြန်မာနိင်ငံလိုနေရာမျိုးမှာသိပ်အဆင်မပြေပါဘူး။ ပြသနာရဲ့ ရင်းမြစ်သိအောင်လုပ်ရမှာဖြစ်ပြီး နိုင်ငံနဲ့ လူမျိုး အတွက်အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်သင့်ပါတယ်။ အစွန်းနည်းနည်းရောက်သွားတဲ့ ဘုန်းကြီးတစ်ပါးရဲ့လုပ်ဆောင်မှု ကြောင့် ဗုဒ်ဓ ဘာသာကနာမည်ပျက်မသွားပါဘူး။ ဒါပေမဲ့ နိုင်ငံသားတွေအတွက်တော့ ပုံရိပ်သိပ်မကောင်းဘူးပေါ့။ ဒါလဲ ကျမတို့တွေ သက်သေပြလို့ရပါတယ်။ ငါတို့တွေအစွန်းမရောက်ပါဘူး။ လူမျိုးပေါင်းစုံ ဘာသာစုံနဲ့သင့်သင့်မြတ်မြတ်နေထိုင်ပေါင်းသင်းဆက်ဆံတတ်ပါတယ်လို့။ ငါတို့တွေ ဝါဝါမြင်တိုင်းလည်းထိုင်မရှိခိုးပါဘူး။ မဲမဲမြင်တိုင်းလဲမဆဲပါဘူး။ ဂဏန်းတွေနဲ့လည်းရန်မဖြစ်ပါဘူး။ ကိုယ့်ယုံကြည်ချက်ကြောင့်အရာင်မပြောင်းသလို။ သူများယုံကြည်ချက်ကိုလည်းလေးစားပါတယ်လို့။
Was this answer helpful?
LikeDislikeအမျိုုးစောင့် ဥပဒေလာတော့မည် လော ၊ ဘာသာရေး က နိင်ငံရေးထဲကိုု ဝင်လာနေခြင်း
အမျိုးစောင့်ဥပဒေသည်ဦးဝီရသူရေးဆွဲခြင်းမဟုတ် by Popular Myanmar News Journal အမျိုးစောင့်ဥပဒေသည် အများထင်နေသကဲ့သို့ ဦးဝီရသူရေးဆွဲခြင်းမဟုတ်ဘဲ နိုင်ငံတဝန်းရှိ ဆရာတော်ကြီးများ၏ ဩဝါဒစီစဉ်ဦးဆောင်မှုဖြင့်ဥပေဒေပညာရှင်များ ပူးပေါင်းရေးဆွဲထားကြောင်း ယနေ့ အင်းစိန်အောင်ဆန်းတောရတပ်ဦးကျောင်း၌ပြုလုပ်သော အမျိုးဘာသာ၊သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ဩဝါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲတွင် တက်ရောက်လာသောဆရာတော်များက မိန့်ကြားခဲ့သည်။ ယင်းဥပဒေအား လွှတ်တော်တင်သည့်အခါတွင်ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းပြုသည့် ပြည်သူ့ကိုယ်စားလှယ်များကို မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းကပြုလုပ်သည်ကို သိလိုကြောင်းအမျိုးဘာသာ၊သာသနာစောင့်ရှောက်ရေးဥပဒေ ထောက်ခံဆွေးနွေးသောမော်လမြိုင်ဆရာတော်ဘုရားကြီးက မိန့်သည်။ “ဒီဥပဒေကို လွှတ်တော်တင်ရင် ဘယ်သူတွေကကန့်ကွက်မလဲဆိုတာ သိချင်တယ်၊ ကိုယ့်အမျိုးကိုစောင့်ရှောက်တဲ့ဥပဒေလို၊မလို ဆုံးဖြတ်ရမှာပဲ။ ကန့်ကွက်ရင် အဲဒီကန့်ကွက်တဲ့ ကိုယ်စားလှယ်ကို ၂၀၁၅ မှာ မဲမပေးခိုင်းတော့ဘူး ၊မဲပေးမယ့်သူတွေ၊ဒကာ၊ဒကာမတွေဟာ ဘုန်းကြီးတွေလက်ထဲမှာရှိတယ်ဆိုတာ သူတို့သိစေရမယ်” ဟု မော်လမြိုင်ဆရာတော်ဘုရားကြီးက ထောက်ခံဆွေးနွေးမှုတွင် ထည့်သွင်းမိန့်ကြားသွားသည်။
http://komoethee.blogspot.com/
Was this answer helpful?
LikeDislikeအွန် လွှတ်တော်ထဲမှာ ဘုန်းကြီး အမတ်ရှိတယ်ပေ့ါ။ ထူးဆန်းထွေလာပြည်မြန်မာပဲ။
Was this answer helpful?
LikeDislikeအဲသဟာကြောင့် ထင်ပါ့ ………..။ ဆံပင်ညှပ်ခတွေ ဈေးတက်နေတာ
Was this answer helpful?
LikeDislike