ဒီမိုခွေစီနှင့် ဆံပင်အတိုအရှည်
———————————
မေမေ သားတော့ မြန်မာ့ဒီမိုခွေစီ က ဆံပင်အတိုအရှည်နဲ့ ဆက်စပ်မယ်မြင်မိတယ်မေမေ။

မေမေပဲ စဉ်းစားကြည့်လေ။ ဆံပင်ရှည်တဲ့ မေမေတို့ အိပ်ထိယ နွယ်ဝင်တွေက ဖိနှိပ်ခံရဆုံးဖြစ်ပြီး။

အဲ့သည့်အထက်မှာ သားတို့ မဟာ ပုရိသ တွေရှိတယ်မေမေ။ ပုရိသချင်းတူတူတောင် မေမေရယ်

အစိမ်းရောင်ဝတ်တဲ့ ရှေ့တစ်လက်မနောက်ပြောင်တွေက သားတို့ထက် ဆံပင်ပိုတိုတယ် ဆိုပြီး

အခွင့်အရေးပိုယူကြပါတယ်။ နာ့သင်းလာ့စ် ဖော်အဲဗား ပါမေမေ .. ခုတော့ ဆံပင်လုံးဝမရှိတဲ့

အနီ ဝတ်သူတွေက သူရို့အပေါ်တက် အခန့်သားထိုင်ကြတော့မယ်တဲ့ ..။

သားတော့လေ တနေ့တခြား ရှည်ရှည်ထွက်လာတဲ့ ဟောဒိဆံပင်တွေကို သိပ်မုန်းတယ် မေမေ။

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011