တခါတုန်းက ရွာကြီးတစ်ရွာမှာ. .  . . .

ဆိတ်ကျောင်းတဲ့ နားထိုင်းတစ်ယောက် ဆိတ်ကျောင်း ထွက်ရာမှာ သူကျောင်းနေတဲ့ ဆိတ်တွေထဲက ခြေကျိုးနေတဲ့ ဆိတ်လေးတစ်ကောင် ပျောက်သွားတယ် ။

ဆိတ်ကျိုးလေးကို လိုက်ရှာရင်းနဲ့ ထန်းတက်နေတဲ့ လူတစ်ယောက်ကို တွေ ့လို ့ သူ့ ့ဆိတ်ကျိုးလေးကို တွေ ့မိလားးးလို့ ့မေးလိုက်တယ်

။မေးပေမယ့် ထန်းတက်သမားကလည်း နားထိုင်းပဲ ။

ဆိတ်ကျိုးလေး တွေ ့မိလား မေးတာကို သူကြားချင်ရာကြားပြီး ဖြေချင်ရာ ပြန်ဖြေတယ် ။

ဟေ့ ဟောဒီ မြင်မြင်သမျှ ထန်းတော က ငါ့ယောက္ခမ ထန်းတောကြီးပဲကွ ဆိုပြီး လက်ကို ဝှေ ့ယမ်း ပြလိုက်ရော ။

အဲဒီ လို ပြောတာကို ဆိတ်ကျောင်းတဲ့ နားထိုင်းကလည်း ကြားချင်ရာ ကြားပြီး ထန်းတက်သမားက လက်ဝှေ့ယမ်း ပြလိုက်တဲ့ ဘက်မှာ ဆိတ်ကျိုးလေး ရှိတာကိုးးးးဆိုပြီး သွားရှာ လေရော ။

သွားရှာတော့ ကံကောင်းထောက်မစွာနဲ့ ဆိတ်ကျိုးလေးကို ပြန်တွေ ့တယ်။

ဒီဆိတ်ကျိုးလေး အခုလိုပြန်တွေ ့တာ ဟို ထန်းတက်သမား ညွှန်ပြလို့ပဲ ဆိုပြီး ပြန်တွေ ့တဲ့ ဆိတ်ကျိုးလေးကို ထန်းတက်သမားကို ပေးလိုက်တော့မယ်တဲ့ ။

ကျေးဇူးဆပ်တဲ့ အနေနဲ့ပေါ့လေ ။

အဲဒါနဲ့ ထန်းတက်သမား နားထိုင်းဆီ ပြန်လာပြီး ဆိတ်ကျိုးလေးကို လက်ညိုးထိုးပြပြီး ဒီ ဆိတ်ကို လက်ဆောင်ပေးပါတယ် ယူလိုက်တော့ လ်ို့ ့ပြောလိုက်တယ် ။

ဒါပေမယ့် ထန်းတက်သမား နားထိုင်းက ဆိတ်ကလေး ခြေထောက်ကျိုးတာကို သူ ့လာ စွပ်စွဲနေတာလို ့ကြားးးပြီးးး ဒီဆိတ် ခြေထောက်ကျိုးတာ ငါ့ကြောင့်မဟုတ်ဘူးဆိုပြီး အကြောက်အကန် ငြင်းပါလေရော ။

ဆိတ်ကျောင်းတဲ့ နားထိုင်းက အတင်းပေးးးးထန်းတက်တဲ့နားထိုင်းက သူမလုပ်ကြောင်းငြင်းနဲ့ ပြဿနာ တက်နေကြပါတယ် ။

ပြဿနာက ရှင်းမရအောင် ရှုပ်နေပါတယ် ။

နှစ်ယောက်လုံးက နားထိုင်းတွေဆိုတော့ သူပြောတာ ကိုယ်မကြား ကိုယ်ပြောတာ သူမကြားနဲ ့ကိုယ်ထင်ရာတွေ ကို စွတ်ပြောနေကြတာကိုးးးး ။

နောက်ဆုံးတော့ နှစ်ယောက်သား ဖြေရှင်းပေးနိုင်မယ်ထင်တဲ့ သူကြီးဆီ ရောက်လာကြပါတယ် ။

သူကြီးကို နှစ်ယောက်ရှင်းပြကြပါတယ်။

ဆိတ်ကျောင်းတဲ့နားထိုင်းကလည်း သူလက်ဆောင်ပေးတာကို အတင်းငြင်းနေလို ့ စိတ်ညစ်ရကြောင်းးးးးး ။

ထန်းတက်သမားနားထိုင်းကလည်း ဆိတ်ကလေး ခြေကျိုးတာ သူ့ကြောင့်မဟုတ်ကြောင်းးးး သူ့ ့ကို မတရား လာစွပ်စွဲနေကြောင်းးးး

တိုင်ကြတောကြတာပေါ့ ။

သူတို့ဘာတွေပြောပြော သူကြီးကလည်း ကြားတာ မဟုတ်ဘူး ။

နားထိုင်းပဲ ။

သူကြီးကလည်း ကြားချင်ရာကြားပြီးးး တစ်ခွန်းပဲ ပြန်ပြောလိုက်တယ်လေ ။

ဟေ့ မင်းတို ့ဘယ်လိုပြောပြော ဒီမိန်းမကို ငါ ပြန်မပေါင်းနိုင်ဘူးးကွ တဲ့ ။

သူကြီးနားထိုင်းက မိန်းမနဲ့ ကွဲထားခါစ ကိုးးး။

သူ ့အပူနဲ့ သူ လေ ။

=======================

 

ဘာရယ်မဟုတ်ပါဘူး ။ ကြားခဲ့ဖူးတဲ့ ဟာသ ပုံပြင်လေးတစ်ပုဒ် ပြန် သတိရသွားလို ့ မကြားဖူးသူ ရှိရင် ဆိုပြီး ဝေမျှလိုက်တာပါ ။ ရည်ရွယ်ချက် လေးတော့ ရှိတာပေါ့ ။ အဟိ ။ ======================

=လေးစားစွာဖြင့်
အလင်းဆက်

About alinsett

alinsett has written 615 post in this Website..

. . .