လမ်းကလေး

DEPARKO DEPARKOJuly 16, 20131min1367

ဝေလီဝေလင်းမှာ လမ်းကလေးကိုအမိုှက်ရှင်းလို့ သီချင်းလေးတအေးအေးနဲ့ ညည်းတတ်တဲ့အမေ တာဝတိန်သာမှာ အမှိုက်မရှိလို့ ပျင်းနေပြီလားအမေ။
လူတွေစိတ်ဘဝင် ကြည်လင်စေဘို့ လမ်းကလေးကိုအမှိုက်ရှင်း အညစ်အကြေးတွေပြာပုံခင်းလို့ အပျင်းဖြေတတ်တဲ့အမေ လမ်းကလေးကအမေ့ကိုလွမ်း
သူ့ပုခုံးပေါ်မှာအညစ်အကြေးတွေလွှမ်းလို့ နွမ်းလျှနေတာအမေသိပါစ။
လူမိုက်တွေကိုဆုံးမ နှလုံးလှစေတဲ့အမေ အခု အဖေတစ်ယောက် သားဆိုးနဲ့ မြေးနှစ်ယောက် အမောတွေဖေါက်လို့ အမေမခေါ်သေးဘူးလား
သူညည်းတွားနေလေရဲ့။
နံနက်ခင်းရဲ့ကြေးစည်သံ နားဝမှာလျှံဝေလို့ အမေ့ရဲ့ မေတ္တာဘာဝနာပွား မကြားရတာကြာပါပေါ့လား။
ကျွန်တော်အမေ့သား အမေ့စကားအတိုင်း လူမိုက်တွေကိုရှောင်သွေ စိတ်တေလေကိုဆုံးမ နှလုံးလှအောင်ထား
တရားနဲ့နေ အမေရှိတဲ့အရပ် သားဆက်ဆက်လာခဲ့ပါ့မယ်အမေ။

7 comments

  • အလင်း ဆက်

    July 16, 2013 at 5:20 pm

    အမေ ကို လွမ်းနေတာလားး ဦးဦးရေ

    စာသားလေးတွေကို ဖတ်ပြီးးးနင့်နင့်နဲနဲ ခံစားမိပါတယ်။

    • DEPARKO DEPARKO

      July 16, 2013 at 5:24 pm

      ကိုယ့်ဘဝမှာလွမ်းစရာဆိုလို့ အမေဘဲရှိတာ

  • ဦး ကြိမ်

    July 16, 2013 at 7:58 pm

    အမေရှိတဲ့အရပ်ကျွန်တော်လည်းသိချင်တယ်ဗျာ…
    အမေ့ကို……ဘာမှမယ်မယ်ရရ ကျေးဇူးမဆပ်ခဲ့ဖူးသူမို့ပါ….ဘာလိုလိုနဲ့
    အမေထာဝရ ခရီးထွက်ခဲ့တာ၂၃-၉-၂၀၁၃ဆို…အနှစ်သုံးဆယ့်တစ်နှစ်ပြည်တော့မယ်လေ……..။
    အမေ့ကိုသတိပိုရစေအောင်……စာရေးတဲ့ ကိုဒီပါကို
    ကျေးဇူးတင်ပါတယ်………..။

  • kotun winlatt

    July 16, 2013 at 8:04 pm

    တရားနဲ့နေတဲ့ အမေရှိတဲ့ အရပ်ကို အမေချစ်သားလေးးး အရောက်လှမ်းနိုင်ပါစေ….။

    • DEPARKO DEPARKO

      July 17, 2013 at 8:50 am

      ကျေးဇူးပါ

  • Mr. MarGa

    July 16, 2013 at 8:56 pm

    တာဝတိံသာမှာ အမှိုက်မရှိဘူးတော့ မဟုတ်ဘူးဗျ
    နည်းတာပဲ ရှိတာ :mrgreen:

    • ခင် ခ

      July 17, 2013 at 1:21 pm

      ကိုဒီပါရဲ့ အမေက လမ်းကလေးတွေမှာရှိနေတဲ့ အမှိုက်လေးတွေ ရှင်းပေးတတ်တဲ့ အလေ့အကျင့်က သူ့ကိုပြန်ပြီးကောင်းကျိုးပြုမှာပါ။
      သိကြားမင်း မောင်မာဃ က တာဝတိ ံသာမှာ အမှိုက်နည်းနည်းရှိတယ်ဆိုတော့ တာဝတိ ံရဲ့ အမှိုက်သိမ်းစနစ်လေးက ဘယ်လိုများလဲလို့ တွေးမိတယ်ဗျ၊ မသိလို့ပါဆရာရယ် ပြောပြစမ်းပါကွယ်။

Leave a Reply