မိုးကုန်​စ ​..နေသာ​သော​နေ့တစ်​​နေ့၌……

ကျွန်ုပ်​သည်​ မှုခင်းမှတ်​တမ်းများကိုဖတ်​ရှုခြင်းမှ ငြီး​ငွေ့လာသဖြင့်​ ယ​မန်​​နေ့က ထုတ်​​ဝေ​သော နံမည်​ကြီးဂျာနယ်​တစ်​​စောင်​အား

လှနိ​လှော ဖတ်​ရှု​နေမိလေသည်​ ။

တစ်​​နေရာသို့​ရောက်​​လေ​သော်​ ​အောက်​​ဖော်​ပြပါထူးဆန်း​သော ​ကြော်​ငြာအား

တွေ့ရှိသဖြင့်​ အကြိမ်​ကြိမ်​ ဖတ်​​နေမိ​လေ၏။ ​ကြော်​ငြာမှာ …….

 

….. နှစ်​လွှာ​ပေါင်းလို့ တစ်​ရွက်​ဖြစ်​ ​သော၊

လျှပ်​စစ်​ သံလိုက်​စက်​ကွင်းတို့သည်​ ရ​ကောက်​နာရီ တစ်​ဝက်​ခန့်​တွင်​ ဆယ့်​တစ်​မီးငြိမ်း​သော​နေ့၌​ ဆုံကြမည်​ ……

 

အကြိမ်​ဖန်​များစွာ ဖတ်​ရှုစဉ်းစားပါ​သော်​လည်း ကျွန်ုပ်​၏ ညံ့ဖျင်းလှ​သော ဦး​နှောက်အတွင်း၌ အ​ဖြေထွက်​မလာသဖြင့်​ အတ္တကိလမထ အနုယောဂ ကိုပွါးများခြင်းမှ​ကင်း​စေ​သောငှါ ထိုဂျာနယ်​အား အပြီးအပိုင်​ပိတ်​သိမ်းလိုက်​ရ​လေ​တော့သည်​ ။

သို့​သော်​… ထို ထူးဆန်း​သော​ကြော်​ငြာသည်​ကား ကျွနု​ပ်​၏မှတ်​ညဏ်​ထဲတွင်​ ထုတ်​မရသည်​ဖြစ်​၍ မကြာခဏသတိယ​နေ​လေ​တော့သည်​ ။

ငယ်​စဉ်​ကာလက ဖတ်​ခဲ့ဖူး​သောဝတ္ထုများတွင်​ပါရှိ​သော လူဆိုးဂိုဏ်းများ အခြင်းခြင်း အချက်​ပြ​သော ​ကြော်​ငြာ​ပေ​လော ဟု ​တွေး​မိ​နေ​သေးပြန်​၏ ။

မည်​သို့ပင်​ဖြစ်​​စေကာမူ ကျွန်ုပ်​မှာ စိတ်​ထဲတွင်​ ခိုးလိုးခုလုဖြစ်​လျက်​ သုံးရက်​တာမျှ သည်းခံ​အောင့်​အီးထားခဲ့​လေသည်​ ။ သုံးရက်​​မြောက်​​သော​နေ့တွင်​မူ မည်​သို့မျှ မခံစားနိုင်​​တော့သည်​ဖြစ်​သဖြင့်​ မိတ်​​ဆွေကြီးကိုမြင့်​​ကျော်​အား ဖွင့်​​ပြော၍​မေးမြန်းတိုင်​ပင်​ရန်​ ချိန်းဆိုလိုက်​ရ​လေ​တော့သည်​ ။

ကျွန်ုပ်​တို့ အမြဲတမ်း ထိုင်​​နေကြ​ဖြစ်​​သော လှည်းတန်းအိုင်​တီလက်​ဖက်​ရည်​ဆိုင်​သို့​ရောက်​​လေ​သော်​ လက်​ဖက်​ရည်​နှင့်​မုန့်​များမှာယူပြီး… ကိုမြင့်​​ကျော်​မှ..

 

“ ဆိုပါဦး အိုင်​အိုရဲ့… ဘာ​တွေများ ထူးခြားလို့လဲဗျ ”

 

“ ထူးပါ​သော်​​ကော ..ကိုမြင့်​​ကျော်​ရယ်​… ဒီ​ကြော်​ငြာဟာပုံမှန်​မဟုတ်​ဖူးဆိုတာ​တော့သိ​ပေမယ့်​ ဘာကိုဆိုလိုပြီး ဘယ်​သူ​တွေက ဘာ​ကြောင့်​ ​ထည့်​သလဲကို ​တွေးမရလို့ဗျို့ .. ဒါနဲ့ပဲ ခင်​ဗျားကို ဒုက္ခပေးရ တာဘဲဗျာ..”

ဟု ​ပြောရင်း … ကျွနု​ပ်​မှ ၄င်း​ကြော်​ငြာပါ​သောဂျာနယ် ကိုပြလိုက်​​လေသည်​ ။

ကိုမြင့်​​ကျော်​မှာ အဆိုပါ​ကြော်​ငြာအား တစ်​ချက်​မျှ ဖတ်​ကြည့်​ပြီးလျှင်​ ကျွနု​ပ်​ထံသို့ပြန်​​ပေးရင်း…

 

“ အိုင်​အို…. မန်းတ​လေး ​ဂေဇက်​ လျှို့ဝှက်​အသင်း ဆိုတာကြားဖူးသလား”

” မကြားဖူးဘူး ကိုမြင့်​​ကျော်​… ဘယ်​လိုပတ်​သက်​လို့လဲ ​ဗျ”..

 

ကိုမြင့်​​ကျော်​မှာ လက်​ဖက်​ရည်​တစ်​ငုံ​သောက်​၍ စီးကရက်​အားတစ်​ချက်​မျှ ဖွာရှိုက်​ပြီး​နောက်​…..

 

” ဒီလိုဗျ … အိုင်​အိုမသိ​သေးဘူးဆိုရင်​ နဲနဲ​တော့​ပြောရ​သေးတာ​ပေါ့… ဒီအသင်းကို ဘယ်​သူကဘယ်​လိုရည်​ရွယ်​ချက်​နဲ့တည်​​ထောင်​တယ်​ဆိုတာ အတိအကျမ​ပြောနိုင်​​ပေမယ့်​ အခုထိ​တော့ လျှို့ဝှက်​​နေထိုင်​လှုပ်​ရှားတာကလွဲပြီး ဘာမှ​တော့ မသင်္ကာ စရာမ​တွေ့​သေးဘူဗျ။

သူတို့ကိုဦး​ဆောင်​ တဲ့သူက​တော့ အ​မေရိကားမှာ​နေပြီး Kai (ခိုင်​) လို့နာမည်​ခံထားတယ်​။ ​ယောက်​ကျားအသွင်​ယူ ထား​ပေမယ့် ကျား/မ မကွဲပြား​ပါဘူး ။ အသင်းဝင်​​တွေဟာ နိုင်​ငံအသီးသီးမှာ အလွှာ​ပေါင်းစုံက​နေပါဝင်​​နေတယ်​ ။ အချင်းချင်းလည်း လျှို့ဝှက်​နာမည်​မှတပါး မ​တွေ့ဘူး မသိဖူးကြဘူးဗျ ။ ထိတ်​ပိုင်း ​ကိုယ်​စားလှယ်​တချို့ပဲ ဘဝမှန်​ကိုသိရှိပြီး အချင်းချင်းမြင်​ဘူး​တွေ့ဘူးကြတယ်​ ။ အများအားဖြင့်​ ပရဟိတလုပ်​ငန်း​တွေကို တခြားအဖွဲ့အစည်းနံမည်​ခံပြီးလုပ်​တတ်​ကြတယ်​။ ဆို​တော့ …..

အိုင်​အို​တွေ့တဲ့​ကြော်​ငြာဟာ သူတို့​ခေါင်း​ဆောင်​အချင်းချင်း​တွေ့ဆုံဖို့ ချိန်းဆိုတာဘဲဖြစ်​လိမ့်​မယ်​ဗျ ” …

ဟု ရှည်​လျားစွာ ရှင်းပြ​လေ၏ ။

 

“ဒါဆိုလည်း ပြီးတာပါဘဲဗျာ… နို့..​နေပါဦး .. ခင်​ဗျားသူတို့ချိန်းတဲ့စာ ​ဖော်​နိုင်​လားဗျ .. “

 

” အတိအကျမဟုတ်​​ပေမယ့်​ ကျုပ်​နည်းကျုပ်​ဟန်​နဲ့ ခန့်​မှန်းနိုင်​ပါတယ်​အိုင်​အို…. ဒီလိုစဉ်းစားကြည့်​ဗျာ .. ​နေ့ရက်​ နာရီကို အရင်​စဉ်းစားရင်​ … ရ​ကောက်​နာရီတစ်​ဝက်​လို့ဆိုထား​တော့ .. မြန်​မာအက္ခရာမှာ ရ​ကောက်​နဲ့တူတာ ခွန်​နှစ်​မဟုတ်​လား ..၊ ဆို​တော့ ခွန်​နှစ်​နာရီခွဲ​ပေါ့ဗျာ..ပြီ​တော့ .. ဆယ့်​တစ်​မီးငြိမ်း​သော​နေ့ဆို​တော့

၁၁ ရက်​​နေ့​တော့မဖြစ်​နိုင်​ဘူး ။၁၁ ရက်​​နေ့က​ကျော်​သွါးပြီ ။ ​ပေါင်းခြင်း ၁၁ ရတဲ့ ၂၉ ရက်​​နေ့ပဲ ဖြစ်​လိမ့်​မယ်​..။ နှစ်​လွှာ​ပေါင်းမှတစ်​ရွက်​ဆို​တော့ ..စွယ်​​တော်​ရွက်​​ပေါ့ဗျာ.. လျှပ်​စီးပတ်​လမ်းလို့ လဲဆိုထားပြန်​​တော့..

အင်း… မဟုတ်​မှလွဲ​ရောဗျာ ..ဟို ဆင်​​ရေတွင်းမှတ်​တိုင်​နားက စွယ်​​တော်​ရွက်​လျှပ်​စစ်​ကျွမ်းကျင်​သင်​တန်းများလား မဆိုနိုင်​ဘူး ..”

 

ကျွနု​ပ်​မှာ ကိုမြင့်​​ကျော်​စဉ်းစားအ​ဖြေထုတ်​သွားပုံကို တအံ့တသြ​ငေးကြည့်​ရင်း အားကျစိတ်​များပင်​ ဖြစ်​မိ​နေ​သေးသည်​ ။

ထို့​နောက်​…

 

 

 

 

 

ကျွနု​ပ်​တို့နှစ်​ဦးသား ​ရောက်​တတ်​ရာရာများ​ပြောဆိုပြီးလျှင်​ အသီးသီး လမ်းခွဲ၍ ပြန်​လာခဲ့ကြ​လေ​တော့သည်​ ။

 

==================================================

 

အထက်​ပါကိစ္စများ ဖြစ်​ပွါးပြီး​နောက်​ .တစ်​ပတ်​ခန့်​မျှကြာ​သော်​ ………

 

” ဆရာ ….. အပြင်​မှာ ဆရာ့ကို​တွေ့ချင်​လို့တဲ့… ဝင်​ခွင့်​​တောင်း​နေတယ်​ ဆရာ “

 

” ဘယ်​သူ တဲ့လဲ ​မောင်​တိုး “

 

“ပဒုမ္မာ ..တဲ့ … ကိစ္စက​တော့ ဆရာနဲ့​တွေ့မှ​ပြောမယ်​တဲ့ ..”

 

ကျွနု​ပ်​မှာ အသိအငြိမ့်​မင်းသမီးများထဲမှ ပဒုမ္မာ ဆိုသူရှိမရှိ အလျင်​အမြန်​ပင်​စဉ်းစားရ​လေ​တော့သည်​ ။

ကျွနု​ပ်​ ​တွေး၍ မဆုံးမှီပင်​ တိုးညှင်းညင်​သာ​သော ​ခြေသံတို့ကိုကြားရပြီး​နောက်​ ….

 

” ကျွန်​မ ဝင်​ခဲ့ပါရ​စေရှင်​”… ဟု တည်​ငြိမ်​​အေးချမ်းသည့်​ အမျိုးသမီးတစ်​ဦး၏ အသံကို ဦးစွာ ကြားလိုက်​ရ​လေ​တော့သည်​ ။

 

 

( ဆက်​လက်​​ဖော်​ပြပါမည်​)

 

 

ကြိုးစားပါဦးမည်

ရာမည

 

 

 

 

 

 

 

About ရာမည

ရာမည has written 35 post in this Website..