“ညောင်စေ့လောက်လှူ ညောင်ပင်လောက်ရ”… ဆိုသည့်စကားဟာ လာဘ်လာဘကိုဦးတည်ပြီးဟောပြောနေတာများဖြစ်နေမလားလို့သုံးသပ်မိတယ်…….. ညောင်စေ့လောက်ဘဲလှူပြီး ညောင်ပင်လောက်ရတာဟာ တရားပါ့မလား?…. …ထို့အတူဘဲ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း အချိန်တွေပေးဆပ်ပြီး ဘုရားဖြစ်ခါမှ လေးဆယ့်ငါးဝါဘဲ ဖြစ်ခွင့်ရတယ်…ဒါဟာ တာဝန်များပြီး အခွင့်အရေးနည်းနေတယ် လို့မြင်မိပါတယ်…စဉ်းစားကြည့်?….အလုပ်ကိုနည်းနည်းလုပ်ပြီး လုပ်အားခကိုများများရချင်တဲ့လူလည်း မဖြစ်သင့်သလို……အလုပ်ကိုများများလုပ်ပြီး အခွင့်အရေးနည်းနည်းရတဲ့လူ
လည်းမဖြစ်သင့်ပါ…အဲဒီနှစ်ခုဟာ မတရားတွေဘဲဖြစ်တယ်…
တနည်းပြောရရင်…အလုပ်ကို နည်းနည်းလုပ်ပြီး ကိုယ့်အတွက်များများရချင်တဲ့လူသည် “ကာမ”ဘုံသားဖြစ်ပြီး…အလုပ်ကိုများများအနှစ်နာခံပေးဆပ်ပြီး အခွင့်အရေးကိုနည်းနည်းနှင့် လုံးဝမယူသောသူသည် “ရူပါရူပ” ဘုံသားများဖြစ်ကြပါသည်…(၂၉)နှစ်ထီးနန်းစည်းစိမ်နဲ့နေခဲ့တာဟာ အခွင့်အရေးသမားဖြစ်ပြီး…(၆)နှစ်မှားကျင့်ခဲ့ သည့်အကျင့်ဟာလည်း တာဝန်ကိုကြီးကြီးယူပြီးအနှစ်နာခံ သမားဖြစ်နေတယ်…ဒီအစွန်း နှစ်ခုကိုနားလည်လို့ တာဝန်နဲ့ အခွင့်အရေးမျှသည့် အလယ်လမ်းကိုသူလျှောက်ခဲ့လို့ ဘုရားအဖြစ်ကိုရောက်ခဲ့တာပါ…
အခွင့်အရေးနှင့် တာဝန်မမျှတလျှင်လောကကြီး မငြိမ်းချမ်းနိုင်ပါ….တာဝန်နှင့် အခွင့်အရေး မျှမျှတတသုံးဆောင်တတ်ပြီး.. ကမ္ဘာလောကကြီး ငြိမ်းချမ်းပါစေ….

About Ko out of...

Ko out of... has written 91 post in this Website..