ကိုယ့်ရွာက လူတွေကို နည်းပညာလေးတစ်ခုလောက် လက်တို့ ပြီး ပြောပြရဦးမယ်..

လက်တို့ ပြီးတော့ ပြောတယ်ဆိုလို့ တော့ သိပ်စိတ်လှုပ်ရှားမသွားပါနဲ့ ….
နည်းပညာခေတ်ကြီးထဲမှာ နည်းပညာတိုင်း လျှို့ ဝှက်ချက်တွေ ရှိပါတယ်

ဒါပေမယ့် ကျနော်ပြောတဲ့ နည်းပညာက ကွန်ပြူတာတွေ ဆော့ဖ်ဝဲတွေ မလိုပါဘူး…..
ဒါတွေ မပါလို့ အထင်တော့ မသေးလိုက်နဲ့ နော်
အိုင်တီခေတ်ကို ရောက်နေပြီကမ္ဘာကြီးကို နည်းပညာတွေနဲ့ ဖန်ဆင်းပစ်လိုက်မယ်လို့  ကြွေးကြော်နေတဲ့ နည်းပညာရှင်တွေအထဲက ဒီနည်းပညာအောက်မှာ ဘယ်နှစ်ကြိမ်ထိထားတယ်တယ်ဆိုတာ

သူတို့ ကိုယ်တိုင်တောင် သိလိုက်မှာ မဟုတ်ပါဘူး….
ကျနော်တွေ့ ဘူးတယ်စကားဝိုင်းဖွဲ့ ပြီဆို နိုင်ငံတကာ နည်းပညာတွေကို ရွှန်းရွှန်းဝေအောင်ပြောပြီး၊ တတ်မြောက်ထားတဲ့ ပညာ အရှိန်နဲ့ စကားပြောနေချိန်မှာ မျက်နှာက ဂုဏ်ယူနေတဲ့  မျက်နှာတွေနဲ့ ….
ဒီနည်းပညာအောက်မှာ တော်တော်များများထိထားကြတာတော့ သေချာတယ်
တော်ရုံ နည်းပညာလောက်လေးနဲ့ တော့ လွတ်နိုင်မယ်လို့ တော့ လျှော့မတွက်နဲ့ ၊ မရနိုင်ဘူး။ ထိမှာလဲ။
သူလိုကိုယ်လို အဆင့်မပြောနဲ့  ဘီလ်ဂိတ် လိုလူတောင် ထိနိုင်တယ်။ တစ်ကယ်လို့ သူသာ မြန်မာပြည်မှာ နေထိုင်ဆိုရင်ပေါ့လေ
ဒါဖြင့် ဘာနည်းပညာလဲလို့ မေးရင်တော့ ပြောရမှာဘဲ
သိပ်တန်ဘိုးထားပြီး လူတိုင်းမစားနိုင်တဲ့  မလိုင်။

မနက်တိုင်း လ္ဘက်ရည်ဆိုင်မှာ နံပြားတို့  ပလာတာတို့ နဲ့ တွဲဖက်စားတဲ့ မလိုင်။

နွားနို့ ကို မလိုင်ဖြစ်လာအောင် ချက်တဲ့ မလိုင်ချက်နည်းပေါ့ဗျာ
ခင်မင်သူတစ်ချို့ က စိတ်ဝင်စားနေကြတယ်ကိုယ်ကလည်း ပြောချင်ပါတယ်
ဒါပေမယ့်လို့ တစ်ချို့ က ဒီနည်းပညာနဲ့  စီးပွားရေး လုပ်နေကြတာ..။ ဖတ်ပြီးရင်တော့ ဆိတ်ဆိတ်နေပေါ့နော်..
……….
မလိုင်ချက်နည်းက အမှန်အကန်ချက်နည်းနဲ့ အကြံအဖန်ချက်နည်း ၂ခု ရှိတယ်ဗျ….အမြတ်များများလိုချင်လို့ ကြက်သားပေါက်စီကိုတောင် ကြွက်သားနဲ့  အစားထိုးလုပ်နေချိန်မှာ ၊ အမြတ်နည်းနည်းနဲ့ ကောင်းကောင်း လုပ်လိမ့်မယ်၊
အမှန်အကန်လုပ်လိမ့်မယ်လို့  ထင်ရင်တော့ ကိုယ့်သဘောပေါ့ဗျာ
ခုပြောမယ့် မလိုင်ချက်နည်းက နို့ အစစ် ၁လီတာ ဘူး ၁ဘူးလိုတယ်နောက်အဓိက အရေးကြီးဆုံးကတော့….
တစ်ရှုး တစ်လိပ်အကောင်းဆုံးအဖြစ် ကျနော့် ဆရာမ သုံးတာကတော့ ရေအိမ်သုံး တစ်ရှုးပေါ့ဗျာ….
ပထမ နို့ ကို မီးမျှင်းမျှင်းလေးနဲ့ ပွက်လေရုံလေး တည်ထားတာ
နို့ တွေ ဆူပွက်နေမှ တစ်ရှုး စက္ကူစလေးတွေကို ၁လက္မ အရွယ် ၊သို့ မဟုတ် ၁x၃ လက္မ အရွယ် အရှည်လိုက်လေးတွေ၊ အပိုင်းပိုင်း
အဖြတ်ဖြတ်လေးတွေ လက်နဲ့ ဖဲ့ ပြီး မျှင်းမျှင်းလေးဆူပွက်နေတဲ့ နို့ အိုးထဲကို ၄..၅ ဖဲ့ ထည့်ပြီး ၂မိနစ် ၃ မိနစ်စောင့်ပြီးမှ နောက် စက္ကူ ၄..၅ ဖဲ့ ထပ်ထည့်တာ….ဒီလိုလုပ်သွားလိုက်တာ နောက်ဆုံးတော့ စားသုံးသူတို့ အကြိုက် သိပ်ကောင်းတဲ့ မလိုင်အိုးကြီး ဖြစ်သွားတော့တာ
မီးမပြင်းဘို့ နဲ့ စိတ်ရှည်ဘို့ ဘဲ လိုတာပါ….
ဒီနည်းနဲ့ ချက်တာကို သိပြီး ၊ နောက်မနက် မလိုင်မှာစားတဲ့ သူတွေရဲ့ မျက်နှာကို ကျနော် အကဲခတ်ပြီးသေချာကြည့်တာ..
စိတ်ထဲမှာ ရိပ်မိလေမလား စိုးရိမ်တာအံ့သြတယ်ဗျာတစ်ချို့ များ ၂ပွဲတောင် ဆက်စားတာ
ကျနော့်ဆရာမ အမား က နပ်တယ်ကျနော်မျက်နှာ အရိပ်အကဲ ကြည့် ပြီး

မင်း စိုးရိမ်နေတာလားစိတ်မပူနဲ့ သူတို့ ဒီဆိုင်မှာ မလိုင်စားလာတာနှစ်၂၀ လောက်ရှိနေပြီ” တဲ့..။ ပြီးရော
လက်တွေ့ မှ ယုံတယ်ဆိုစမ်းကြည့်ပေါ့
ကျနော်တောင် စိတ်ကူးတာ...ဂေဇက် ရွာသူရွာသား ညီအကို မောင်နှမတွေ တွေ့ ဆုံပွဲမှာ မလိုင်နဲ့ ပေါင်မုန့် ကြွေးမလားလို့ ….
မလိုင် ချစ်သူအပေါင်း ကြိုတင်စာရင်းသွင်းနိုင်ပါပြီ

kz နဲ့  ဗုံဗုံ အတွက် အထူးဦးစားပေးစနစ်။

စာဖတ်သူအပေါင်း ဂုဏ်ယူသော မျက်နှာပေးများဖြင့် မလိုင် စားနိုင်ကြပါစေ ဒချိ ဒချိ

 

( ကော်မန့် တွေ တခုချင်း စာမပြန်နိုင်ပေမယ့် ပို့ စ်လေးကိုတော့ လက်ဆောင်အဖြစ် အရင် တင်ပေးလိုက်ပါတယ်)

မလိုင်သုတေသီ

ကျော်စွာခေါင်

 

About ကျော်စွာခေါင်

kyaw swar kaung has written 80 post in this Website..

ပန်းချီကို လူမှန်းသိတတ်စကတည်းက အရိုက်နှက်ခံပြီး သင်ယူဆည်းပူးခဲ့ပါတယ်.. 3D Animation အတွက် ပန်းပုရုပ်လေးတွေ ဖန်တီးပါတယ်..။ ကဗျာရေးတယ်..စာရေးပါတယ်..။ ထမင်းမေ့ ဟင်းမေ့ စာကို အသည်းအသန်ဖတ်ပါတယ်..။