မဟာရာဇာ အဘိဓမ္မာ

လောက၌ တူမျှသော ချစ်ခြင်းမေတ္တာဟူသည်ကား ပေးတိုင်းလည်း ပြန်မရတတ်ပေ။ ထိုနည်းတူ ရှေးလူတို့အဆိုအတိုင်း စေတနာ ဟူသည်လည်း ဝေဒနာ ဖြစ်တတ်၏။

ပြဒါး သုတ်လိမ်းထားသော မှန်တစ်ချပ်ကဲ့သို့လည်း မိမိမှ ညာဘက် လက်ကို မြှောက်ပြပါလျက် မှန်အတွင်း ထင်းနေသော ပုံရိပ်က ဘယ်ဘက် လက်ကို ပြန်လည် မြှောက်ပြသကဲ့သို့ မိမိမှ တူညီသည် ထင်မှတ်သော အရာများသည်ကား စေ့စေ့ တွေးကြည့်သောအခါ သွေဖီ ဆန့်ကျင်ခြင်းတို့သည်သာ ဖြစ်နေတတ်ပေ၏။

သာမန် အသံတို့ ကင်းဆိတ်သော ညခင်းအခါတွင် လွန်စွာ တိုးညှင်းသော အသံတို့သည် ထင်ရှားလာတတ်သကဲ့သို့ အပေါ်ယံ အပြုံးတုတို့အား ဖယ်ရှား၍ ခေါင်းအေးအေးထား စဉ်းစား သုံးသပ်ကြည့်သော အခါတွင်ကား အမှန်တရား ဟူသည် ထင်စွာ ပြုလာတတ်လေသည်။

တိမ်ဖုံးသော လမင်းကဲ့သို့ မျက်ကွယ်ပြုခြင်း ခံရသော ချစ်ခြင်းမေတ္တာတို့သည် ညီတူမျှခြင်းအား မျှော်လင့်ပါလျက်ကယ်နှင့် မညီမျှခြင်းများဖြင့်သာ ကြုံတွေ့ရဖန် များလာသောအခါ ကဏန်းတစ်ကောင်၏ လမ်းလျှောက်ခြင်း ကဲ့သို့ လောကအား ဖီလာကန့်လန့်ပြု၍ သွားတတ်လေ၏။

လက်သည်းဆိတ်ရာများသော ဗူးသီးကဲ့သို့ ရင်သို့ထိခိုက်စေသော ဒဏ်ရာများသည် သေရာပါ အမာရွက်များကို ဖြစ်ပေါ်စေလျက် စိတ်၏ ငြိမ်းချမ်းမှုအား မလှမပ ဖန်တီးတတ်လေ၏။

တစ်ခါတစ်ရံ လောက၌ မိမိမှ ပြုံးပျော်စေရန် ရည်ညွန်းပြောသော စကားတစ်ခွန်းသည်လည်း စေတနာ မမြင်တတ်သော လူနှင့် တွေ့ကြုံရသောအခါ မိုက်ရိုင်းသည်ဟူ၍လည်း ပြောခံရတတ်သေး၏။

နေရောင်ထိတော့ လန်း၊ နေရောင် မရတော့ ညှိုးနွမ်း၊ နေကို မျှော်လင့်တတ်သည့် နေကြာပန်း၏ အဖြစ်သည်ကား သစ္စာ မေတ္တာဟူသော မှတ်ချက်ထက် ရူးခြင်း၊ မိုက်ခြင်းဟူသော မှတ်ချက်ဖြင့်သာ တန်လေ၏။

မည်သို့ဆိုစေ၊ ဝေဒနာ ပစ္စယာ တဏှာ ဟူသည်ကြောင့် တွေ့ထိသမျှ ဖီးလ် ဖြစ်သွားသောအခါ နောက်ဘဝ မျိုးစေ့အား ပျိုးချရာ မည်သည်ဖြစ်၍ မြင်၊ ကြား၊ နံ၊ သိ စသည့် ဝေဒနာ အဖြာဖြာ ဖြစ်ပေါ်လာလေသောအခါ လိုချင် တပ်မက်ခြင်း တဏှာ မဖြစ်ပေါ်စေပါဘဲ မြင်စဉ်ခဏ၊ ကြားစဉ်ခဏ မမြဲသော သဘောတရားတို့ကို သိမြင်ပေးပါမှ ဝေဒနာ နဲ့ တဏှာ ကြား ဘုရားပွင့် ဆိုသကဲ့သို့ နောက်ဘဝ၊ နောက်ခန္ဓာ၊ ဆင်းရဲတာရှည်ရမည့် အဖြစ် ကုဋေကုဋာကို မုချမှန်စွာ ရှောင်လွှဲနိုင်ခြင်းသည်သာ ဖြစ်ပါပေတော့မည်တည်း ….။

သာဓု … သာဓု … သာဓု ….

~~~~~~~~~~~~~~~~~~~~~~~~~
မဟာရာဇာ ၏ အိပ်ရေး မဝတဝ စာစဉ်များ
~~~~~~~~~~~~~~~~~~~~~~~~~

11 comments

  • ခရီးသည်ကြီး

    November 24, 2013 at 8:00 am

    သာဓု​ခေါ်ရမှာလား
    အမျှ​ဝေရမှာလား
    လက်​ရှိမိန်​းမကိုပဲကွာရှင်​းပြီး ​တောထွက်​ရမှာလား

    • မဟာရာဇာ အံစာတုံး

      November 25, 2013 at 9:46 am

      မောင်ကြီးကို တစ္ဆေကိုက်လိမ့်မယ်
      မင်း .. လိုက်ခဲ့ဦး ..
      ဒီလို မလုပ်ဘူးဆိုယင်ဒေါ့ဖင့်
      တောလေး ဘာလေး ထွက်ဗျာ

  • မိုး မင်းသား

    November 24, 2013 at 10:51 am

    ပြဒါး သုတ်လိမ်းထားသော မှန်တစ်ချပ်ကဲ့သို့လည်း မိမိမှ ညာဘက် လက်ကို မြှောက်ပြပါလျက် မှန်အတွင်း ထင်းနေသော ပုံရိပ်က ဘယ်ဘက် လက်ကို ပြန်လည် မြှောက်ပြသကဲ့သို့ မိမိမှ တူညီသည် ထင်မှတ်သော အရာများသည်ကား စေ့စေ့ တွေးကြည့်သောအခါ သွေဖီ ဆန့်ကျင်ခြင်းတို့သည်သာ ဖြစ်နေတတ်ပေ၏။

    ကောင်းလိုက်တာမဟာရာဇာလေး………

    တွေးတတ်ရေးတတ်လိုက်တာ….လေးစားတယ်ညီလေးရေ

    • မဟာရာဇာ အံစာတုံး

      November 25, 2013 at 3:05 pm

      ကိုဂှီး မိုးမင်းသားဂျီးးး

      ခုလို လာအားပေးတာ ..
      သန်းကျူး သန်းကျူးဘာ ..

      ——–

      အောင်မဲလင်းး

      နင် ငါ့အောက်ကမှန်းသိအောင်
      ဒီကနေ ရီပလိုင်း ပြန်လိုက်ဒယ် ..
      ကျားဒလား တဘဲ့ဂလေးးး

  • ဝေဒနာပစ္စယာ တဏှာ မဖြစ်အောင်
    အဆင်း
    အသံ
    အနံ ့
    တွေ ့ထိ
    ကြံတွေးတာတွေကို
    ဖြစ်ပျက်သဘောတွေ ရှုမှတ် ပွါးများရမယ်ပေါ့လေ

    အင်းးး
    သာဒု သာဒု သာဒု

    အန်စရာတောင် တရားအသိတွေဘာတွေ တွေးတတ်နေပြီပဲ
    တော်တယ်ညီလေးးးမင်းတော်တယ်

    ငါ့တပည့်ငါးယောက်ထဲမှာ မင်း . . .နံပါတ် ခြောက် ပဲ

    :kwi:

  • ဦးကြောင်ကြီး

    November 25, 2013 at 10:15 am

    တောထွက်လို့ရဗီကွဲ့.. မွန်ဂလေးကို ဦးကြောင် စောင်မကြည့်ရှု ထားပေးမယ်.. ဆိတ်ဖြောင့်ဖြောင့်သာသွား… ပျံလာရင် အရိုးကိုက်ရဖို့ အာမခံဒယ်..

    • မဟာရာဇာ အံစာတုံး

      November 25, 2013 at 3:04 pm

      တောမထွက်ခင် အယင်ဆုံး
      ခင်ဗျား လျှာကြီးကို ဖြတ်ပစ်ခဲ့မှာ …

  • Mr. MarGa

    November 25, 2013 at 3:19 pm

    ဒါဆို အတော် တရားပေါက်နေပကိုး
    တောထွက်လိုက်တော့
    တရားကို ပါးစပ်နဲ့ ရှာမနေနဲ့ လက်တွေ့သာရှာ ငိငိ
    ဒီထက် နောက်ကျရင် သံယောဇဉ် အမျှင်တန်းပြီး ဖြတ်ရ ခက်နေလိမ့်မယ် ကွယ့် :mrgreenn:

  • TNA

    November 25, 2013 at 5:29 pm

    ခြောင့်ညှောင့် ညေး အကောင်ရှည်ကိုက်ခံရဒါနဲ့ တရာကျပီး တောထွက်တော့မို့လားဟေ အားလုံးကိုစွန့်တော့ မို့လား :mrgreen:

  • KZ

    November 26, 2013 at 10:45 am

    အိပ်ရေးမဝ တဝ အဘိဒမာတွေ က အမိုက်စားပါလားးးးး
    ညီမလေးကို မှာထားမှ။
    သူ့ကို စိတ်ဆင်းရဲ အောင် ထားလို့။
    ဒါမှ အိပ်မရ အိပ်မပျော် နဲ့ အမိုက်စား အဘိဒမာတွေ ထွက်လာဦးမှာ

    😀

    • ဦးကြောင်ကြီး

      November 26, 2013 at 11:30 am

      အံ့ဂို အိပ်ရေးပျက်စေချင် လွယ်ပါဒယ်.. မွန်က သူ့ထက် ပိုအားရှိအောင် လုပ်ယုန်ဘဲ..။ ဒင်း မျက်တွင်းဟောက်ပက် လျှာဂျီးထွက် ဒူးချောင် မူးယောင်ပီး စာဂေါင်းထွက်လာ.. အခုရွာထဲမှာ အတင်းတုပ်နေဂျဒဲ့ အမိုးတား ဆာပေစုရ.. အိုက်ပိုက်ဆံနဲ့ ကားဝယ်စီး… သူ့ကိုလည်း လစ်ပိုလေးဘာလေး တိုက်လိုက်..

Leave a Reply