အာပျိုယီး မမချွိ … တင်းလေပြီ…

တင်းလည်း တင်းချင် စရာကိုး …။ ဟုတ်သည်… ပိတ်သတ်ကြီး စဉ်းစားကြည့် ဗျာ…။

ကြက်သွန်မြစ် နဲ့ ထွီ ဇာ ယူတဲ့ ယောက်ျားများကို …. တယောက်က ကတုံး နောက်တယောက် က ဆံထုံးပေ ပင်…။

ကတောက်ခ်…။
မမချွိ သက်မကို ရှိုက်ထုတ်ရင်း တက်ခေါက်သည်…။
ဟန်ဘာကာသဖွယ်.. ပါးနှစ်ဖက်၏ လှိုဏ်သံကြောင့်ထင့်… ဘေးနားမှ လူများ ပင် တုန် သွားလေသည်…။

တက်ခေါက်လည်း ခေါက်ချင်စရာကိုး … တကယ်တော့ ..မမချွိ သည် ကြက်သွန်မြစ်ကြီးထက် တောင့်သည်.. (ခါးပတ်လည်)
ထွီဇာဂလေး ထက်လည်း …ကြီးသည်..။ (မျက်စိ) …ဒင်းတို့ကျ ဂဒုံး နဲ့ ဇဒုံး က ကြွေ ပီး …င ..ကျမှ …
ပြည်ပမှ တင်ပို့ထားသော ဘယ် MNL ဘောသမားမှ မျက်စိမကျရဒယ်လို့ …။

အိပ်မက်ထဲမှ မင်းသားလေး ဆိုင်းဆိုင်း ကလည်း …ကိုယ့်ကို စာလိပ်ဖို့ ဝေးစွ ..သွသူပင် စာနု အရေးလွန်ပီးသကာလ သူငယ်ရှာ ၀ုန်းတော့မည်ထင့်…
(မားယွဲ ကြောင့်လားတော့ မပြောတတ်ပေ…)

နောက်ကားတွေက ကျော်တက်ရုံမကလို့ … အိပ်ဇောမှ ပင် မီးခိုး မှုတ်လိုက်သေးသည်…။
ခေတ်ပြိုင်တွေထဲ …ဟိုအူးလေး က အဆိုးဆုံး …။ ဘယ့်နှယ့် .. ကွ ကိုယ် မစွံလို့ …တရားပဲ အားထုတ်သယောင်
နိုင်ငံရေးပဲ ရဲရဲတောက်သယောင် အသွင်ယူဟန်ကိုယ့်ထားပါတယ်ဆိုမှ..အူရိုင်းလေးကို ဒေါင်ချာစိုင်းအောင်တိုက်ပီး
ဥသြဆွဲ တာ မှတ်တမ်းတင်ရင်း လက်ခမောင်း တဖြောင်းဖြောင်း ရိုက်ပြလိုက်သေးသည်…။ အော်… ဘွ ဘွ…။

တကယ်တော့ မမချွိ ခုတလော … ၀ိုင်းစကတ်တိုသိမ်း ဂလေး၏ လမ်းထီးကြီးရဲ့ ဘေး သီချင်းတောင် နားထောင်လို့မရပေ…။
ကတောက့်ခ်… ခွေးပစ်တဲ့ဒုတ် က ကျောတာ တော့ နာသအေ…။ လေးဘီးကား ကျော်တက်တာလိုမျိုး အသဲဆတ်ဆတ်နာသည်…။
ဟုတ်တော့လည်း ဟုတ်သည်…ကား-စကားပြောလို့ ..ကားနဲ့နှိုင်းပါက ဒီအတိုင်းသွားလျှင်…
ပြောင်ပြောင့်မေတ္တာ အနန္တာ ..နှစ် ၃၀ဆယ် ဆို ကျို လိုက်ပါ… ဟူသော စီမံကိန်းနှင့် တိုးတော့မည်…။
မဖြစ်ချေ…။

ဖန်ဆင်းရှင် ငြိုညင်အောင် ဘယ်တုန်းက ဘာလုပ်ခဲ့မိသလဲတော့ မသိ..။ ဇာတာ က မလိုက်ပုံများပြောပါတယ်…။
နီးနီးမပြောနဲ့ … ခပ်လှမ်းလှမ်းပဲကြည့်ဦး…မမချွိ သည် ကြိုက်သမျှမင်းသား ဂျော်လကီဖြစ်တဲ့ ဇာတာရှင်ပါပေ…။
နီးစပ်ရာ ယောက်ျားလေး အပေါင်းအသင်းသူငယ်ချင်းများက …သူရို့ ၆မြင့်ကပ်သော မင်းသား ပေါ်လာတိုင်း..
မမချွိ ရယ်… ဒင်းကို ကြိုက်လိုက်ဇမ်းဘာ ..ဟု ပြောသည်အထိ …။(အီကား အတွင်းစကား..)

ဖေ့စဘုတ် တခွင် လှည့်လည်ကျိတော့လည်း .. အခြေအနေကမကောင်း …ဟိုခြေဆော့လက်ဆော့ပိုတိုရှော့ဆြာမ
ကလိထားသော ခေါင်းဖြတ်ဆက် ပုံများကို မချိသွားဖြဲ လိုက်ခ် လုပ်ရင်း မျက်ရည်လည်ရတာ အကြိမ်ကြိမ်…။
ဒေးဗျစ်ဘက်ခမ်း အစ – ၀မ်လိဟုန် အလယ် ဂျက်စတင် ဘီဘာ အဆုံး အရွယ်၃ဘ၀ ပုရိသ များကလည်း သူ့ သမိုင်းနှင့်သူ…။

စက္ကင်းန် ကတောက်ခ်…
မမချွိ တောက်ခေါက်ပြန်သည်… ငါ့မှာသာ ခန်းလုံးပြည့် ဒင်းတို့ပုံတွေ ကပ်ထားရတာ…။ ဒင်းတို့ကတော့ ..ဟွန်း..။
နှုတ်ခမ်းကို ကျကျနန ဆူရင်း မှန်တင်ခုံဘက်သို့မလှည့်ချေ…။ အော်.. ဂျန်ဂျီဟွန်းနဲ့လည်း မတူပါပေ…။

သို့နှင့် အကြံကုန် ဂဠုံ အိုင်အိုဒင်းချက်ပြီတည်း … ဟုတ်သည် ..ချက်ပြီ…။
စွံလို စွံငြား .. ဘယ်လို အချက်အပြုတ်ကောင်းကြောင်း ..ဘယ်လို အိမ်မှုကိစ္စနိုင်နင်းကြောင်း …ပြသည့်အနေဖြင့်
မမချွိ တယောက် ဟင်းချက် စခန်း ၀င်လေတော့သတည်း…။ ဟိုငတိ ကျပ်သည့် ဂေါ်ရီလာ မားကတ္တင်း လားတော့ မသိပေ…။

သူဟင်းချက်ကောင်းကြောင်း ကို တော့ဖြင့် လျှောက်သီးဆေးပြားရောင်းသည့် ဇာတ်ခေါင်းကွဲ ပန်တျာ ဒညင်းဝက် …
ကိုယ်တော်လေး ဆက်ဖို့ ဆိုပီး ယူယူမြည်းလေ့ရှိသော အမြဲထွေနေသည့် ကနားစီး မိဂီ နှင့် သွေးကောင်းလွန်းစွာဖြင့်
လုံချည်ပေါင် ရိုက်လေ့ရှိသော ဖဲဝိဇ္ဇာ ကိုကိုကြည် တို့ အသိဆုံးဖြစ်သည်…။(၃ယောက်လုံး အကြွေးစားသည်ကိုးးး)

ခက်တာက နားစွန်နားဖျားနှင့် အတင်းပြောတတ်သည့် မမချော တည်း…။
မမချွိ ခညာ …ချက်ပြုတ်ကြော်လှော်ပီးသကာလ ….(ဓတ်သေ ရိုက်ပီးသကာလပေါ့လေ)
အိမ်ရှင်မကောင်းပီသစွာ … မလေလွင့်တန်တာ မလေလွင့်ရအောင် မစားချင်စားချင်(တကယ်က တအားစားချင်)
နှင့် စားသောက်သည်များကို. …..

ဆွဲနှုန်းက ကျွဲရှုံးတယ် …ဟူရွေ့လည်းကောင်း.. ပုရွတ်စိတ်မျက်ဝန်းထဲမှာ မိုးရွာပြီ ခိုင် ဟူ၍ လည်းကောင်း….
စာတိုပေစ များဖြင့် သွားနေကျ (စိတ်)မာဆတ်တွင် ဖြန့်လေသတည်းးးး.။

သူနှင့် အ၀င်အထွက် ဆုံနေကျ ကိုကိုနို ဆိုသူကလည်း … ပေါ်တာပြန် ဆိုသည်မှာ … ဆိုပီး …သူရို့ ရွာတွင် အတင်းတုတ်သေးသတဲ့…။
အော်… ကံဇာတာ ဆိုးချိန် ဆိုတော့လည်း… ခေါင်းကိုမော့ ..မျက်လုံး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း… ဖရန့်ခ်ျ ဖရိုင်း ဗလုံးဗထွေးနှင့် ရီမောလိုက်ရချည်ချည်းသာ…။

သို့သော် နာ့သင့်း လာ့စ့် ဖော်အဲဗား တည်း…။

တမြန်နေ့က သီဟပူရ ဘောလုံးအသင်း ၏ ဆယ်စုနှစ်တခုကျော် ကိုင်တွယ်ခဲ့သော …နည်းပြချုပ်အား …မြန်ကျင့်န် ဘောအသင်း အတွက်
ငှားရမ်းလိုက်ပြီ ဒဲ့ ….။ ဟုတ်ပီ ဒါ အကွက် အကွက်….. မမချွိ ရေရွတ်သည်…။

ဟုတ်သည် … နောက်မှ မွေးပီး သူအရင် အသက် ၃၀ ပြည့်သွားရှာသည့် ထွီဇာ ကလေးကို ကလူအိသို့ မြူအိသို့ ..မျက်ပေတုံးများဖြင့်ငေးနေလေ့ရှိသော….
ယူ-၂၃ အသင်းက ဂျာပု ကျီလင်း တို့ နုထွားဂျီး ဂျော်ကိုကို တို့အား …. နည်းပြအသစ်နှင့်အတူ အာဟာရပညာရှင်အဖြစ် ..တတ်ကျွမ်းသည့် ချက်ပြုတ်ရေးပညာဖြင့်
ပံ့ပိုးခွင့် ရနိုင်တော့မည် မဟုတ်တုံလော…။

စာဖတ်သူတို့ခီညား…..
စူ့ဝန လူငယ်လေ့ကျင့်ရေး စခန်းပြင်ပ၀ယ် … ဂင်တိုတို ပါးဖောင်းဖောင်းနှင့် စီဗီလေး တုန်တုန်ရီရီ ကိုင်စောင့်နေရှာသော အမယ်အို ကိုတွေ့ပါက …
ကျနော့် ဂျီးတော် မမချွိ ဆိုတာ သိရှိစေနိုင်ပါရန် …လွမ်းတော်မူ၍ စာကိုစီလိုက်ရပါသည်…ဒချိ ဒချိ..။

 

 

 

 

 

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011