ဟို တစ်နေ့တုန်းက စံတော်ချိန်သတင်းစာလေး ကောက်ကိုင်ပြီး

သတင်းထူးများပါမလားလို့

ဟိုလှန်ဒီလှန် ဖတ်လိုက်တော့. . . .

 

————

 

“ အမျိုးသားစာပေတစ်သက်တာဆု ချီးမြှင့်ငွေက်ို လေးဆ သို့မဟုတ် ငါးဆ /

အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုကို နှစ်ဆ သို့မဟုတ် သုံးဆ တိုးမြှင့် ချီးမြှင့်ရေးအတွက် . . .

၂၀၁၄ – ၂၀၁၅ ဘဏ္ဍာနှစ်တွင် ထည့်သွင်းထားခြင်း မရှိသော်လည်း. . .

နောင်နှစ်များ၌ ဆတိုး ပိုမိုချီးမြှင့်နိုင်ရေးအတွက် . . .ဆောင်ရွက်သွားမည် ဖြစ်ကြောင်း. . .

ပြန်ကြားရေးဝန်ကြီးဌာန | ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြောဆိုခဲ့. . .

 

မတ်လ ၁၂ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် ပြည်သူ ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး |

၂၄ ရက်မြောက်နေ့ တွင် … … …

အလုံမဲဆန္ဒနယ်မှ

ပြည်သူ ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၏ မေးမြန်းမှ ုကို ဖြေကြားရာတွင် ပြန်ကြားရေး/ ဒု ဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်. . .

 

 

“. . . . . . . . . ဒါပေမဲ့ . . .စာပေဆုချီးမြှင့်ရေး လျာထားငွေကို

၂၀၁၄ – ၂၀၁၅ ဘဏ္ဍာနှစ်မှာ . . . မူလနှုန်းထားအတိုင်း လျာထားတောင်းခံပြီး ဖြစ်ခြင်းကြောင့် နောင်နှစ်များမှာ … …

ဆတိုး ပိုမို ချီးမြှင့်နိုင်ရေးအတွက် တင်ပြဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ´´ဟု

ဦးပိုက်ထွေးက ရှင်းလင်း ဖြေကြားခဲ့. . .

 

သဒင်းဒူး

သဒင်းဒူး

 

 

ဆု... အဟု အဟု...

ဆု… အဟု အဟု…

 

 

 

 

—————-

 

စံတော်ချိန်/အတွဲ(၁)/အမှတ်(၃၃၄)/စာမျက်နှာ(၁၂)/

{၁၃/၃/၂၀၁၄/ကြာသပတေး}

 

÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

 

ဒီသတင်းကြားရတာ ဝမ်းသာစရာပါ။

အကောင်အထည်ပေါ်တာ မပေါ်တာကနောက်. . .

အခုလို ပြောဆိုဆွေးနွေးဖော်ရတာပဲ အတော်ကျေးဇူးတင်စရာကောင်းနေပါပြီ။

 

ဒီပြောဆိုချက်အတိုင်း တကယ်ဖြစ်လာရင်တော့. . .

ဒါက ကောင်းတဲ့ လက္ခဏာပါ ။

 

အမြန်ဆုံးအကောင်အထည်ပေါ်လာဖို့ မျှော်လင့်ကြပေဦးတော့ စာရေးဆရာအပေါင်း/ စာဖတ်သူအပေါင်းတို့ရေ. . .

 

ပြီးတော့ ဆက်မျှော်လင့်ရမှာက. . .

 

ရသင့်၍ ထိုက်တန်သော စာ. . .

ရသင့်၍ ထိုက်တန်သော စာရေးသူတွေ…

ရသင့် ရထိုက်သော . . .

အသိအမှတ်ပြု ချီးမြှင့်ဆုတွေ. . .

ရကြစေဖို့ပါ. . . .

 

ဆန္ဒ ပြုမိပါကြောင်း. . . .

 

**************************

 

လေးစားစွာဖြင့် . . .

 

အလင်းဆက် (Gazette)

 

13 / 3 / 2014 /

 

( မရမ်းကုန်း )

 

About alinsett

alinsett has written 615 post in this Website..

. . .