အမှား…။

black chawMay 23, 20141min41095

မိတ်ဆွေများသိပြီးဖြစ်တဲ့အတိုင်း…ဘလက်ချောဆိုတဲ့ နလဗိန်းတုံး ကောင်ဟာ
ဗိုလ်လို သိတ်မတော့ တတ်ပါဘူး…။
သို့ပေမယ့် လူကြားသူကြားထဲရောက်ရင် လူအထင်ကြီးနည်းလားဆိုတဲ့ ထုံး နှလုံးမူပြီးသကာလ…
အောက်ပါအတိုင်း ဗိုလ်လို ထည့်ထည့်ရေးတတ်ပါတယ်…။
ဆိုတော့ကာ…
အမေရိကန်စာရေးဆရာ EMERSON ပြောခဲ့ဘူးပါတယ်ဗျာ…။
အဟမ်း…အဟမ်း…အဟမ်း…အော် ဒီချောင်းနှယ် ဗိုလ်လိုတော့တော့မယ်ဆို အလိုက်ကိုမသိဘူး…။
“A MAN’S SUCCESS IS MADE UP OF FAILURES, … I HAVE HEARD THAT IN HORSEMANSHIP
HE IS NOT THE GOOD RIDER WHO NEVER WAS THROWN, BUT RATHER THAT A MAN WILL
NEVER BE A GOOD RIDER UNTIL HE IS NOT…”

ဗမာလို ဘာသာပြန်ပေးပါ…ဟုတ်လား…။
လုပ်ပေးရမှာပေါ့ခင်ဗျာ…။
တတ်သည့်ပညာ မနေသာပေါ့…ဟေးဟေး…။
ဆိုလိုတာကဗျာ…အဟမ်း…။
အောင်မြင်မှုဆိုသည်မှာတဲ့ ကျရှုံးမှု (အမှား) များဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်…တဲ့…။
မြင်းပေါ်မှ မကျဖူးသူသည် မြင်းစီးသမားကောင်း မဖြစ်နိုင် ပါဘူးတဲ့…။

ဟေးဟေး…အထင်မကြီးပါနဲ့ဗျာ…
မြားနတ်မောင် မဂ္ဂဇင်းထဲမှာ ဆရာအေးမိုး ဘာသာပြန်ပြထားတာကို ကူးချထားတာပါ…။
ဆရာအေးမိုးရဲ့ ဆောင်းပါး ခေါင်းစဉ်က အမှား တဲ့…။
သူ့ဆောင်းပါးရဲ့ အဆိုကတော့ အမှားကို မကြောက်ဖို့…။
မှားမှာ ကြောက်နေခြင်းသည် အောင်မြင်တိုးတက်ရေးအတွက် အဟန့်အတား ဖြစ်စေတယ်…
ဘာ…ညာ ပေါ့ခင်ဗျာ…။
ပြန်ပြင်လို့မရနိုင်တဲ့ အမှားမျိုးတွေကိုသာ မကျူးလွန်မိဖို့ ပါတဲ့…။
ဒါက 1995 September လထုတ် မြားနတ်မောင်မဂ္ဂဇင်းထဲမှာပါတဲ့ ဆရာအေးမိုးရဲ့ အမှားဆိုတဲ့
ဆောင်းပါးပါ…။
သင်တန်းတစ်ခုတက်ခဲ့တုန်းက ဆရာတစ်ယောက် ပြောဖူးပါတယ်…။
ဒီနေ့ သိထားတာတွေ အားလုံးဟာ မနက်ဖြန် အလကား ပဲ တဲ့…။
နည်းပညာ အသစ်အဆန်းတွေဟာ နေ့တိုင်း မရိုးနိုင်အောင် ပေါ်ထွက်နေပါတယ် မိတ်ဆွေ…။
အတွေးအခေါ်အယူအဆတွေဟာလည်း အမြဲပြောင်းလဲနေတာပါပဲ…။
အဲဒီအတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူ မှု ပြုဖို့ လိုအပ်လှပါတယ်…။
မကြာခင်ကမှ ထွက်ခဲ့တဲ့..
ဆရာနေဇင်လတ်ရဲ့ စာအုပ်တစ်အုပ်နာမည်က
မှားပြီးမှ ပညာဖြစ်လျှင် ဒီခေတ်မှာ ညံ့၏ တဲ့…။
ဒီခေတ်မှာ အမှားတောင်မခံတော့ဘူး ခင်ဗျ…။
ကိုယ်တိုင်မှားမှ မဟုတ်ဘူးပေါ့…သူများမှားတာကနေလည်း သင်္ခန်းစာယူလို့ ရတယ်ပေါ့…။
အမှားကျူးလွန်ခြင်းကိုတောင် ခွင့်မပြုတော့ပါဘူးခင်ဗျာ…။
မှားပြီးမှ ပညာဖြစ်လျှင် ဒီခေတ်မှာ ညံ့၏ လို့ကို ပြတ်ပြတ်သားသား ဆိုနေချေပါပြီ မိတ်ဆွေ…။
ကဲ…ဒီပို့စ်ကို နိဂုဏ်းချုပ်ပါရစေတော့…။
လွန်ခဲ့တဲ့ နှစ် ၂ဝ လောက်က ဆရာအေးမိုး က လူငယ်တွေကို ဆုံးမပါတယ်…။
အမှားကို မကြောက်နဲ့ တဲ့…။
အမှားရှိမှ အမှန်ကိုရပါမယ်…တဲ့…။

ဒီနေ့ မှာတော့ ဆရာနေဇင်လတ်က လူငယ်တွေကို ဆုံးမပါတယ်…။
မှားပြီးမှ ပညာဖြစ်လျှင် ဒီခေတ်မှာ ညံ့၏ တဲ့…။
ဆိုတော့…ဘလက်ကြီးကတော့ အမှားတွင်းကြီးထဲကနေ တစ်ထစ်ချင်း တစ်ရစ်ချင်း
ရုန်းထွက်ခဲ့ရသူမို့ ဟိုတုန်းက ဆရာအေးမိုး ယူအဆလေး ကြိုက်တယ်ဗျ…။
လူဆိုတာ မှားတတ်တဲ့ သတ္တဝါပဲဗျာ…နော့်…။
အမှားကိုရင်းပြီး အမှန်ကို ရအောင်ယူပေါ့…။
ဟေးဟေး…ကိုယ့်ဘက်ကိုယ်ယက်ပြီး တွေးတဲ့ အတွေးဗျ…။
ကျမ တစ်ခါပဲ မှားမိတာပါ လှည်းသားငါးရာနဲ့ ဆိုတာမျိုးလည်း ဖြစ်စေနဲ့ပေါ့ဗျာ…။
ဒီပို့စ်ကို အတည်ပေါက်ကြီးနဲ့ ဖတ်နေတဲ့ ကျောင်းဒကာ ကျောင်းအစ်မကြီးတို့ကရော…
အမှား နဲ့ ပတ်သက်လို့ ဘယ်လို အယူအဆရှိသလဲ…။
သိချင်မိပါတယ်ဗျာ…။
ချစ်ခင်လေးစားတဲ့…
လူညံ့ကြီး ဘလက်…။

95 comments

  • black chaw

    May 23, 2014 at 1:48 pm

    ရွာထဲ လူ စည် နေတာတွေ့တော့…
    ပို့စ်တင်ချင်စိတ် ပေါက်လာတာနဲ့…
    ရေးပြီးမှ မတင်ဖြစ်ပဲ သိမ်းထားခဲ့တဲ့ ပို့စ်အဟောင်းတစ်ပုဒ်ကို
    ပြင်ဆင်မွမ်းမံခြယ်သပြီး သကာလ…
    ပို့စ်အဖြစ်တင်လိုက်ရတာပါ ဗျာ…။
    ဟေးဟေး…အမှားပါရင် ခွင့်လွှတ်ပါ ခင်ဗျ…။
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။
    😀

  • nozomi

    May 23, 2014 at 2:05 pm

    မိန်းမတွေ အကြောင်း လုံးဝ မပါတဲ့ ပို့စ် အနေနဲ့ ထူးထူး ခြားခြား မှတ်သားဖတ်ရှုသွားပါတယ်

    တခြား ပို့စ် တွေ မှာ ကိုချော ကြီး ဝင်မန့်ရင် အရင်လို အမြင်တွေကို လွတ်လွတ်လပ်လပ် ရေးစမ်းပါဗျာ
    မှား မှာ စိုးပြီး ရောက်ပါတယ် လာပါတယ်လောက် မလုပ်ပါနဲ့ ပေါ့ရွှတ်ရွှတ်နဲ့
    ဆရာချော ရဲ့ လက်စ လက်န ကို သိသူ တစ်ယောက်နဲ့ အားမလို အားမရ ဖြစ်မိပါတယ် ဗျာ
    ( ဆရာလုပ်တယ် မထင်စေလို ပါ ၊ ချစ်လို့ ပြောကြည့် အကြံပေးကြည့်တာပါ )

    ကျနော်ကတော့ ပို့စ် ထဲ က
    မှားပြီးမှ ပညာဖြစ်လျှင် ဒီခေတ်မှာ ညံ့၏ ဆိုတာကို ဆောင်ပုဒ်လုပ်ရင်း
    ကိုယ်တိုင် နဲ့ သူများ အမှားတွေက နေ သင်ခန်းစာ ယူနေရတုန်းပါ ဗျာ

    • ဟာဂျာ ဟာဂျာ ကိုနိုကြီးကလဲဂျာ…ပြောရက်ထာ…. ကျုပ်အစ်ကိုမဲကြီးကို မိန်းမအကြောင်းမပါရင် ထမင်းစားပျက်တဲ့လူကြီးကျနေတာပဲ… အဲဒါချည်းပဲ ချားချင်နေလို… ခိခိခိခိ………..

      • black chaw

        May 23, 2014 at 3:10 pm

        @ ရွှေတိုက်စိုး ;
        အောင်မယ် နင် တစ်ခါ မှားပြီးပြီ…။
        ဘာငြင်းချင်သလဲ…။
        😀

  • Nyo Win

    May 23, 2014 at 2:09 pm

    မမှားပါဘူးကိုဘလက်ရေ…..
    ကျနော်ကတော့ခဏခဏမှားတပ်လွန်းလို ့….အမှန်တွေတောင်..အတောင်ပေါက်ပေါ့…..:D

    • black chaw

      May 23, 2014 at 2:18 pm

      @ Nyo Win ;
      ခဏခဏ မှားပြီးမှတော့ အမှန်ကို ရအောင်ယူပေတော့ ကိုညိုဝင်းရေ…။
      အမှားပြီးရင် အမှန်လာမှာပါဗျာ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • black chaw

    May 23, 2014 at 2:15 pm

    @ nozomi ;
    ပထမဆုံးပေးတဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးအထူးပါ ကိုနိုကြီးရေ…။
    ချစ်လို့ ပြောသွားတဲ့ စကားလေးအတွက်လည်း ကျေနပ် ရပါတယ်…။
    ဆိုတော့ ပို့စ် အတွက် ပေးသွားတဲ့ ကွန်းမန့်လေးကလည်း လှပါတယ်ဗျာ…။
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။

  • ကေဇီ

    May 23, 2014 at 2:18 pm

    အမှန်တရားက ဖိနပ်စီးနေတုန်း အမှားက ကဘာပတ်ပြီးပြီဆိုတော့ကာ …….
    ကဘာပတ်နိုင်တဲ့လမ်းကိုပဲ ရွေးပါရစေ (အဲလေ ဟုတ်ပေါင်)
    ခုမှ ဖိနပ်ကြိုးချည်နေတုန်းပဲ။ စောင့်ဦးနော်။ :mrgreenn:

    မှန်တာတွေသာ မသိတာဗျ။
    တမီးက မှားတတ်လွန်းလို့ (အဟွာပါ။ လုပ်ငန်းခွင်မှာပြောတာပါ)
    အမှားသီချင်းတွေတောင် စုထားသေးတယ်။

    -မှားပါတယ်။
    -ငါ ကိုက မှားတာပါ။
    -ငါ့ ဘက်က မှားတာပါ။
    -မှားပြန်တယ်။
    -မှန်တယ် ထင်တာတွေ ဒီ အချိန် မှာ အကုန်မှားတော့။
    -မှားသွားပြီ။ လုံးဝ စိတ်ကုန်မိ။
    -ငါ မှားတာရှိရင် တောင်းပန်ပါတယ်။
    -မှားတဲ့ ဘက်မှာ ငါတစ်ယောက်တည်း။
    -ကျွန်တော်မှားမိ အပြစ်ရှိ။
    -မှားပြီ။

    နာ့ လောက် မှားနိုင်သူများ ရှိသေးလားးး

    :mrgreen:

    • black chaw

      May 23, 2014 at 2:29 pm

      @ ကေဇီ ;
      ပြောရင် ယုံမှာမဟုတ်ဘူးဗျ…။
      ဒီပို့စ်ကို တည် ထားတာက အမှား ပါတဲ့ သီချင်းစာသားတွေနဲ့ပါ…။
      အဓိကကတော့ ဝင်းမင်းထွေးရေးပြီး ချစ်ကောင်းဆိုခဲ့တဲ့ အမှား သီချင်းနဲ့ပေါ့…။
      ဘေ့စ်ဂစ်တာ တစ်လုံးတည်းနဲ့ ဆိုသွားတဲ့ သီချင်းဗျာ…။

      နာရီတွေ လည်နေတယ်
      ကြယ်တွေကြွေနေတယ်
      ဂစ်တာကြိုးမှာ သီချင်းလေးတစ်ပုဒ်
      ကမ္ဘာမြေကြီးကတော့ သူ့အတိုင်းပဲ ရှိနေတယ်
      ငါ့ဘဝမှာ အိုး…အမှားပဲ

      စသည်ဖြင့်ပေါ့ဗျာ…။
      ဆိုတော့ ကေဇီ က အမှားသီချင်းတွေ နဲ့
      ကွန်းမန့်ရေးလိုက်တဲ့အခါ…
      ရေးလက်စ ပို့စ်ကိုတောင် ဆက်ရေးချင်စိတ်ပေါက်သွားရတယ်ဗျာ…။
      ကွန်းမန့်လေးအတွက်ကျေးဇူးပါ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

      • ကေဇီ

        May 23, 2014 at 2:35 pm

        ဆက်ရေးပါဗျာ။
        ကျနော်က ကိုဘလက်ရဲ့ ပင်တိုင် ပရိတ်သတ်ပါ။
        ဖတ်ပြီး စိတ်ညစ်ရတဲ့ ကွန်ပလိမ်းပို့(စ) တွေမဖတ်ချင်ဘူးဗျ။
        ဒါနဲ့ စကားမစပ် …
        နောက်တစ်ပတ်လောက်တော့ ကျုပ် အကိုကြီး ကြိုက်တဲ့ ဘရန်း ရန်းမလို့ စဉ်ထားပါတယ်။

        :s:

  • အမှားဆိုတာ လူတိုင်းနဲ. ထိုက်တန်တဲ့စကားလုံးပါ…ဗျာ.. အဲ ဒါပေမယ့်.. ထိုက်တန်တယ်ဆိုလို. အမြဲမှားနေရင်တော့.. ဘဝပါ ပါးသွားလိမ့်မယ်ဗျို…
    အခုတော့ ညနေပိုင်းစလုံးပေါင်းမှားနေတဲ့ ကန်ဘောင်ဘေးက Prome ကို လစ်ရအောင်… လာထား……..

  • Wow

    May 23, 2014 at 3:12 pm

    အမှားထဲမယ် ပျော်နေတဲ့ဘွများ လှည်းသားငါးရာက အသွားအပြန်တောင် ဆုံလိုက်သေး :mrgreen:

    • black chaw

      May 23, 2014 at 3:14 pm

      @ Wow ;
      ဟယ် တစ်ခါတည်းတောင် မဟုတ်ဘူးပေါ့…။
      အသွားရော အပြန်ရော တဲ့လား…။
      အော်…အမှား…အမှား…။
      :mrgreen:

      • Wow

        May 23, 2014 at 3:24 pm

        အမှတ်မချိတာများ ပေါပါဒယ် :mrgreen:

  • black chaw

    May 23, 2014 at 3:13 pm

    @ ရွှေတိုက်စိုး ;
    အိမ်မပိုင် ပဲ ဂေါ်လီ ထွက်လုပ်မလို့လားကွယ်…။
    မတော်…အရက်သောက်ပြီး…အိမ်ရောက်မှ
    တရားထိုင်နေရပါဦးမယ်…။
    ကြည့်လုပ်ပါဗျာ…။

  • surmi

    May 23, 2014 at 3:20 pm

    အမှားတွေကတော့အများကြီးဘဲအစ်ကိုရေ
    တနေ့ကျရင်တော့ မရှက်မကြောက် ရေးပါဦးမယ်
    အခုလည်း မှားနေတာလေးများပြင်နေရသဗျာ
    🙂

    • black chaw

      May 23, 2014 at 3:29 pm

      @ surmi ;
      အတူတူပါပဲ ကိုဆာမိရယ်…။
      ရေးသင့်တဲ့ အချိန်ရောက်ရင်တော့…
      နောက်လူတွေ ရှောင်နိုင်အောင် ရေးကြတာပေါ့ဗျာ…။
      ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။
      :mrgreen:

  • Mr. MarGa

    May 23, 2014 at 3:25 pm

    ဟိုလေ
    ကြားဖူးတာ ပေါ့နော်
    လူ ဆိုတာက တဲ့
    တွေ့လာတဲ့ အမှားတွေကနေ သင်ခန်းစာယူရင်း ပြင်ကြ ဆင်ကြရင်း
    ဒီလိုဖြစ်လာတယ် ဆိုပဲ
    ဟိုထဲမှာ ဟိုလူကြီး ပြောသွားတာထင်တာပဲ
    ဟီးးး
    အမှားဆိုလို့ အမှားပါတာ ဝင်ပြောသွားတာ
    မှားသွားရင် ခွင့်လွှတ် :kwi:

    • black chaw

      May 23, 2014 at 3:32 pm

      @ Mr. MarGa ;
      အိမ်း…ခွင့်လွှတ်ပါတယ် ကွယ်…။
      ခွင့်လွှတ်ပါတယ်…။
      မှန်စေဗျား…။
      :mrgreen:

  • pooch

    May 23, 2014 at 3:33 pm

    Things always go wrong, try to catch yourself တဲ့ အဲ့လိုပဲ ပြောကြတာပဲ
    လောင်းတိုင်းနိုးဆီး ကိုဘလက် မဒမ်ဘလက်ကိုလည်း သတိရတယ်လို့ ပြောလိုက်ပါ။ ;p

  • တကယ်ဆို ချစ်တာအမှား …မှားမိတဲ့သူပါ
    (ဟိ ဝိုင်းစုသီချင်းကို ဆိုကြည့်တာ)

    သမီးကတော့ ဆရာနေဇင်လတ် ပြောတာကို သဘောကျတယ်
    ဒါပေမယ့် ကိုယ်တိုင်မှားခဲ့ရင်တော့ ဆရာအေးမိုးစကားနဲ့ ဖြေသိမ့်မယ်
    မကောင်းဘူးလား

    • black chaw

      May 23, 2014 at 3:51 pm

      @ လုံမလေးမွန်မွန် ;
      ချစ်တာအမှား လို့ တော့ မလုပ်လိုက်ပါနဲ့ လုံမရယ်…။
      ငါ့ကောင်ကြီး အသီးတွေ ကွဲနေပါ့မယ်…။
      ပို့စ်အတွက်ပေးတဲ့ ကွန်းမန့်လေး လှပါကြောင်း…။
      :mrgreen:

  • black chaw

    May 23, 2014 at 3:49 pm

    @ pooch ;
    အဲဒီ မဒမ်ဘလက် ကလည်း…ခင်ဗျားကို တွေ့လည်းမတွေ့ဘူးပဲနဲ့ဗျာ…။
    ပုဂံရောက်တိုင်း pooch ဆိုတာ ချည်းပဲ…။
    ပြီးခဲ့တဲ့ သင်္ကြန် ဓမ္မရာဇက ကို ရောက်တော့…
    ရွှေချနေတဲ့ ဘုရားကြီးကိုကြည့်ပြီး…
    pooch တစ်ယောက် ဘာတွေများလုပ်နေသလဲ မသိဘူးလို့
    ပြောနေပြန်ရောဗျာ…။
    အောင်မယ် သူနဲ့ပဲ ငယ်သူငယ်ချင်းလိုလို ဘာလိုလိုဗျ…။
    ခင်ဗျားက မိန်းကလေး ဖြစ်နေလို့ ကျွန်တော်က သဝန်မတိုတာဗျ…။
    ယောက်ျားလေး ဖြစ်ရင် ဘယ်လွယ်လိမ့်မလဲ…။
    ဟေးဟေး…။
    ကျွန်တော်တို့ လင်မယား ၂ ယောက်လုံးက
    မပုချ်ကို သတိရကြပါတယ်ဗျာ…။
    ကွန်းမန့်လေး လာချီးမြှင့်သွားတာအတွက်လည်း ကျေးဇူးအထူး…ဗျ…။
    :mrgreen:

  • kai

    May 23, 2014 at 3:59 pm

    ဆရာဝန်ကတဲ့.. မှားရင်တဲ့.. အသက်တချောင်းသေပါသတဲ့..
    အင်ဂျင်နီယာ့တဲ့.. မှားရင်တဲ့.. ချာနိုဘိုင်းလ်ပေါက်သလို.. ဖုကုရှီးမားဂိမ်းသလိုဖြစ်ပြီးလူသိန်းသန်း… ဒုက္ခများတယ်တဲ့…။

    ကဲ.. ဆရာဝန်များ.. :mrgreen:

    • black chaw

      May 26, 2014 at 10:33 am

      @ kai ;
      :mrgreen:
      ဟီး…။
      ဘာမှမဟုတ်ပါဘူး…။
      ကျေးဇူးတင်ပါတယ်လို့ ပြောမလို့ပါဗျာ…။
      :mrgreen:

  • Crystalline

    May 23, 2014 at 4:08 pm

    ကျမလည်း လုပ်သမျှ တစ်ခါတည်းနဲ့မှန်တာ ရာနှုန်းနည်းလို့… ပထမလူကြီးအယူအဆကိုပဲ ထောက်ခံချင်သား.. :mrgreenn:

    • black chaw

      May 26, 2014 at 10:35 am

      @ Crystalline ;
      အဲဒါ…အများစု တွေ့ရတဲ့ အတွေ့အကြုံပေါ့…သမီးရေ…။
      ဦးဘလက်နဲ့ အတူတူပါပဲဗျာ…။
      :mrgreen:

  • sorrow

    May 23, 2014 at 4:11 pm

    ပျက်စီးခြင်းတွေကို ပြင်ဆင်ဖို့အခွင့်အရေးတွေဟာ…
    တစ်ခါတလေ အမှားဆိုတဲ့ခေါင်းစဉ်နဲ့လာတတ်တယ်..
    ပုံ ..ကချင်နုထွားကြီး

    မင်းကလေးမှားနေမယ်ဆိုခဲ့ရင်တောင် .မင်းဘက်မှာမတ်မတ်ရပ်ပြီး …
    ကျုပ်ကြီးက.ကောင်းကင်ကို အံတုဝံ့သူပါ ဖြူဖွေးလေးရယ် … ( ကဲကြည့် ချစ်တတ်လိုက်ပုံများ..အဟေးဟေး )

    • black chaw

      May 26, 2014 at 10:41 am

      @ sorrow ;
      အော်…ညီလေးဆောရိုးရယ်…။
      ရိုးမန့်စ် အော့ဖ် ကချင်နုထွားကြီးပေါ့…။
      ဟေးဟေး…။
      အချစ်မှာ အမှားအယွင်း လုံးဝ (လုံးဝ) မရှိ…အာဟီး…။
      :mrgreen:

  • ဦးကျောက်ခဲ

    May 23, 2014 at 4:47 pm

    အတည်မန့်ပါ့မယ်ခင်ဗျာ…
    ကျောက်စ်တို့ Chairman က မှာတမ်းချွေပါတယ်…
    လူဆိုတာအမှားမကင်းလို့ လူတိုင်းမှားဖူးတာ သဘာဝပါပဲတဲ့…
    ဒါပေမည့် အမှားဆိုတာ လက်ခံနိုင်တဲ့အတိုင်းအတာ ၊ လက်မခံနိုင်တဲ့အတိုင်းအတာ ရှိပါသတဲ့…
    သေချာတာကတော့ အမှားတစ်ခုကို ၂ကြိမ်ကြူးလွန်သူကို သူခွင့်မလွှတ်ပါဘူးတဲ့…
    အဲဒါနဲ့ ကျောက်စ်လည်း မမှားအောင်နေရင်းကနေ…. ဟမ်… ဘာတွေပြောမိတယ်မသိ
    😀

    • black chaw

      May 26, 2014 at 10:45 am

      @ ဦးကျောက်ခဲ ;
      အတည်မန့်မယ်ပြောပြီး အရွှန်းဖေါက်သွားတယ်…လူဆိုး…။
      မမှားအောင်နေရင်းကနေ မြန်မာရုပ်ရှင်တွေထဲကလို…
      မင်းသမီး နဲ့ မှားမိအောင် မှားပြီး…ဟမ်…ဘာတွေပြောနေမိတယ်မသိ…။
      :mrgreen:

  • lu lu

    May 23, 2014 at 4:56 pm

    { ငါ့ဘက်ကမှားတာပါ အားလုံးကအ မှန်ပဲ ထားပါတော့
    … } ဒီသီချင်း ဘူ ဆိုတာလဲ မသိ အာဟိ
    မသိနားမလည်ဟု ဆိုကာမျှဖြင့် ဥဗ ဒေ ကသင့်ကို
    ခွင့်လွှတ်မည် မဟုတ် တဲ့ ဒါ မြို ့မ ဈေးရှေ့မှာရေးထား
    တဲ့စာ
    အမှားများကြားထဲက ရုန်းထွက် ရန်ကြိုးစားနေသူ
    ကချင် သူပုန်

    • black chaw

      May 26, 2014 at 10:54 am

      @ lu lu ;
      အမှားများကြားထဲက ရုန်းထွက်ရန် ကြိုးစားနေသူ ဆိုတော့
      မှားနေဆဲ လူတစ်ယောက်ပေါ့…။
      ရှေ့မှာ အမှန်တွေ စောင့်နေပါတယ်ဗျာ…။
      ရဲရဲသာ ရုန်းထွက်ခဲ့ပါ…။
      :mrgreen:

  • alinsett (gazette)

    May 23, 2014 at 5:15 pm

    အဟဲ
    လေးဘလက်ကြီးရဲ့ ”စာ” ကို ဖတ်ပြီးတော့. . .
    ခေါင်းထဲ တန်းရောက်လာပြီးသတိရမိတာက. . .
    ဆရာနေဇင်လတ်ရေးတဲ့ စာအုပ်တစ်အုပ်ဗျ
    ဘာတဲ့. . .
    မှားပြီးမှ ပညာဖြစ်လျှင် ဤခေတ်တွင် ညံ့၏ တဲ့. . .

    ကျနော်တော့ အဲ့ဒီစာသား ခေါင်းစဉ်တပ်ထားတာမြင်ကတည်းက
    အဲဒီ အယူအဆကို စိတ်ဝင်စားသွားတာဗျို့. . .

    ဝယ်ဖတ်ချင်လိုက်တာ ဆိုတဲ့စိတ်ရှိတုန်းက
    တစ်အုပ် ၃၅၀ဝ ကို မဝယ်နိုင်လို့ ပိုက်ပိုက်မရှိလို့ မဝယ်ခဲရဘူး
    လစာလေးထုတ်ပြီးလို့ သွားဝယ်မယ်လုပ်တော့ ဆိုင်ပေါ်မှာ မတွေ ့တော့ဘူး

    အဲဒါနဲ့ အခုထိ မဖတ်ရသေးဘူး။

    :mrgreen:

    ဆိုလိုချင်တာက
    အဲဒီစာသားလေးကို အတော် သဘောကျမိနေတယ်ဆိုတာပါ
    အရင်တုန်းက မှားပြီးရင် သင်ခန်းစာရတာကို ကျေနပ်တယ်။
    ဂွတ် ပေါ့။

    အခုခေတ် အသိခေတ် ပညာခေတ် ဂဘာ့ရွာခေတ်ကျတော့
    မှားပြီးမှ ပညာဖြစ်ရင်
    မှားပြီးမှ သင်ခန်းစာဖြစ်ရင်
    ညံ့တယ် ဆိုပဲ

    အားရှိတယ်ဗျ

    ——

    • black chaw

      May 26, 2014 at 10:59 am

      @ Alinsett ;
      အားရှိတယ် ဆိုတော့ မမှားဖူးသေးတဲ့ သဘောများလားကွယ်…။
      :mrgreen:

      • alinsett (gazette)

        May 26, 2014 at 12:01 pm

        မှားဖူးတာပေါ့ဗျာ
        ပြောပြလို့မကောင်းတဲ့အမှားတွေတောင်. . . . .
        :mrgreen:

  • naywoon ni

    May 23, 2014 at 7:09 pm

    ​တေး​ရေး ​မောင်​သစ်​မင်​း ​ရေးပီး မင်​းသားကြီးဆိုသွားတဲ့ သီချင်​းတစ်​ပုဒ်​မှာ ” လူဆိုတာ အမှား အယွင်​း အားလုံး ​ပေါင်​းစပ်​ထားတဲ့ အရာ ပိုင်​ဆိုင်​ရာ ရုပ်​ဝတ္ထု က ပညတ်​ချက်​မျှသာ ” လို့ ဆိုထားပါလား ဗျို့ ။ ​ရှေ့ကအဆိုကိုပဲ လက်​ခံပါတယ်​ ။ ​နောက်​က အဆိုက​တော့ဖြင်​့ ခဲတန်​​တွေမှာ ခဲဖျက်​ မတပ်​ဖို့ ​ပြော​နေသလိုပဲ ။

    • black chaw

      May 26, 2014 at 11:05 am

      @ naywoon ni ;
      ဟုတ်တယ် ကိုနေ။
      ကျွန်တော်နဲ့ အတူတူပဲ…။
      :mrgreen:

  • snow smile

    May 23, 2014 at 7:14 pm

    မှား ဘူး တယ် ( past)
    မှား နေ စ မြဲ (present)
    မှား လိမ့် အုန်း မယ် (future)
    ကျွန် မ က တော့ ခပ် ထူ ထူ မို ့ အ မြဲ ကြုံ နေ ရ အုန်း မှာ

    • black chaw

      May 26, 2014 at 11:08 am

      @ snow smile ;
      အမြဲတမ်း မှားနေမယ့်သဘောပေါ့ နော့်…။
      ကွန်းမန့်လေး ဝင်ရေးပေးသွားတာကျေးဇူးပါ ဗျာ…။
      :mrgreen:

  • ROssI

    May 23, 2014 at 11:19 pm

    တင်တွေ ရင်တွေ အကြောင်းမပါတော့ ဖတ်ရတာ သိပ် စက်စီမကျဝူးဗျာ…

    အားဟိ..

    😀

    • black chaw

      May 26, 2014 at 11:12 am

      @ ROssI ;
      အော်…ဟိုလူကြီးပြောသလိုဖြစ်နေပြီဗျာ…။
      တင်ကောင်း ရင်ကောင်းတဲ့ မိန်းမတွေ မြင်ရင်
      ကိုဘလက်ကို သတိရတယ် တဲ့…။
      ကိုုယ့် အဖြစ်က ဒီလောက်ပဲ ဆိုးနေပြီလား တင်တင်ရယ်…။
      အဲ..ဂီဂီရယ်…။
      :mrgreen:

  • တောတွင်းပျော်

    May 23, 2014 at 11:49 pm

    sorry ! အချစ်ရယ် ကိုယ်မှားသွားတယ်။
    ညက အရမ်းမုးနေလို ့ပါ။

    • black chaw

      May 26, 2014 at 11:15 am

      @ တောတွင်းပျော် ;
      ဟေးဟေး…ဒီအမှားမျိုးက အမှားကောင်းဗျ…။
      :mrgreen:

  • အရီးမုတ်ဆိတ်

    May 24, 2014 at 3:35 am

    ဦးနေဇင်လတ် ဆိုတာ သမ္မတအကြံပေးလား ကဘချောရဲ့။
    အထဲဘာရေးထားမှန်းမသိဘဲ ခေါင်းစဉ်ကြည့် စွတ်ဝေဖန်ရင် “အမှား” ဖြစ်မလားမသိ။
    ဒီတော့ စွပ်မဝေဖန်ဘဲ ချော်ပြီးဘဲ ဝေဖန်တော့မယ်။
    အလကားပြောတာပါ။

    ဆရာကြီးတွေကို မဝေဖန်ပါဘူး။
    “အမှား” ဆိုတာကိုဘဲ ဝေဖန်မှာပါ။
    ဇော်ကန့်လန့်လုပ်ကြည့်မလို့။
    “အမှား” လို့ ပြောလိုက်တာနဲ့ “မမှန်တာ” လို့ လူတွေကထင်ရော။ ရှင်းပါတယ်နော်။ အဟိ။
    “မမှန်ဘူး” ဆိုတာကို ဘယ်သူတွေက ဘာစံ နဲ့ တိုင်းပြောမှာလဲကွယ်။
    အဲဒီ စံတွေ ကရော မှန်ရဲ့လား။

    “အမှား”တစ်ခုကို အရင်ထဲက အကြိမ်ကြိမ် ကျူးးလွန်ဖူးခဲ့ရင် အဲဒီ “အမှား” ရဲ့ အရသာ ကိုကြိုက်တတ်ခဲ့ရင် ဆက်ကျူးးလွန်ဖို့ အရမ်းလွယ်သပေါ့။
    တစ်ခါတစ်လေများ အဲဒီ အမှား တောင်မလာသေးဘူး။
    အစပျိုး “အနံ့” ရရုံနဲ့ သိနေတတ်အောင်ကို အမှား နဲ့ ယဉ်ပါးနေတာ။

    ဒီ အရီး တစ်ယောက် ဘာတွေ လျှောက်ပြောနေလဲ မထင်ကြဘူးလား။
    ဘာမှမပြောပါဘူး။
    ဘူဖေးဆိုင်မှာ သွားစားပြီးတိုင်း သေလုမြောပါး တနင့်တပိုး စားပြီး ငါတော့ မှားပြီ။ နောက်တစ်ခါ ဒီလို ဘယ်တော့မှ မစားတော့ဘူး လို့။
    ပြီးတော့လဲ။ သိတယ်နော်။

    ဒါထက် ကဘချော သင်တန်းဆရာပြောတဲ့
    {ဒီနေ့ သိထားတာတွေ အားလုံးဟာ မနက်ဖြန် အလကား ပဲ တဲ့…။}
    လွန်ခဲ့တဲ့ နှစ်၃ဝလောက် က စာတွေ အများစု ဒီနေ့ ထိ အသုံးဝင်နေတာ ရှိတုန်းပါဘဲလေ။
    ဒီတော့ အဲလိုပြောတာ အဲလာ ဝုတ်ဘူး။ မှားတယ်။ “အမှား” :-)))))))))))

    PS – ဒီလို တင်မပါ ၊ ရင်မပါ စာတွေ များများဖတ်ချင်သပါ့။ ;-)))

    • black chaw

      May 26, 2014 at 11:28 am

      @ အရီးမုတ်ဆိတ် ;
      ကျွန်တော် က ပေါ့ပေါ့ပါးပါးလေး ရေးလိုက်တာပါ ခင်ဗျ…။
      ဒီဘက်ခေတ် လူငယ်တွေအတွက် တောင်းဆိုချက်တွေက မြင့်လာပြီဆိုတာလေး
      ပေါ့ပေါ့ပါးပါး သတင်းပေးလိုက်တဲ့ သဘောပါ…။
      ကျွန်တော့် ပို့စ်တွေမှာ တင်တွေ ရင်တွေ အကြောင်းထည့်ထည့်ရေးတာက
      ဖတ်သူအားလုံးကို ပျော်ရွှင်စေချင်လို့ ရွှတ်တဲ့ နောက်တဲ့ သဘောပါခင်ဗျ…။
      တင်မပါ ရင်မပါအောင် ကြိုးစားပါ့မယ်…အစ်မရေ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။
      :mrgreen:

  • Foreign Resident

    May 24, 2014 at 6:36 am

    ကို ဘလက် ရေ ။

    ကျနော်လဲ ငယ်ရွယ် နုနယ်စဉ် အခါတွေ တုန်းကတော့ ၊
    ( အတွေးအခေါ် ၊ အတွေ့အကြုံ နုနယ်စဉ် အခါကို ပြောတာပါ )
    မှားမိတာတွေ ကြုံခဲ့ဘူးပါတယ်ဗျာ ။

    ဒါပေမယ့် ၊ ရင့်ကျက်လာတဲ့ အချိန်မှာတော့ ၊
    အမှားတွေ လုံးဝ နီးပါး ( လုံးဝ နီးပါး ) မရှိရစေဖို့အတွက် ၊
    ဉာဏ် နှင့် ဝီရိယ ကို ပိုအားစိုက်ထုတ်ပြီး ကာကွယ်ရသပေါ့လေ ။
    ( ကံ ကတော့ ကိုယ် လည်း သိပ် မ တတ်နိုင်တဲ့ အပိုင်းပေကိုး )

    အမှား နှင့် ပါတ်သက်တဲ့ ကိုယ့် အယူအဆကို ပြောရမယ် ဆိုလို့ရှိရင်တော့ ၊

    ၁ ။ ငယ်ရွယ်စဉ် ဘဝ မှာတော့ ရှောင်ဖို့ လုံးဝ နီးပါး မဖြစ်နိုင်ပါဘူးဗျာ ။
    ( ဘုရားတောင် ၆ နှစ်တိတိ မှားပြီး ဒုက္ခာ စရိယာ ကျင့်ခဲ့မိသေးတာဘဲလေ )

    ၂ ။ အဲ ၊ ရင့်ကျက်လာပြီးတဲ့ အချိန်မှာတော့ ၊
    ကိုယ်စွမ်း ရှိသမျှ ၊ ဉာဏ်စွမ်း ရှိသမျှ လေ့လာသုံးသပ်ပြီး မ မှားအောင် ကြိုးစားရသပေါ့ဗျာ ။
    ( ” မှားပြီးမှ ပညာဖြစ်လျှင် ဒီခေတ်မှာ ညံ့၏ ” ဆိုတာ ဒီအရွယ်ကို ပြောတာပေါ့ )

    ၃ ။ အထူးသဖြင့်တော့ ၊
    က ။ သိသိကြီး နှင့် ယုတ်မာ အောက်တန်းကျတဲ့ အမှားမျိုး ( ကာမေသု ) ၊
    ခ ။ စိတ်အလိုကိုလိုက်ပြီး ထိန်းချုပ်မှု အားနည်းတဲ့ အမှားမျိုး ( ဆေးလိပ်သောက် ) ၊
    ဂ ။ ပေါ့လျော့မှုကြောင့် အကြိမ်ကြိမ် အခါခါ မှားနေတဲ့ အမှားမျိုး ( စာရင်းဇယား ) ၊
    ဒါမျိုးတွေကို မမှားရလေအောင်တော့ အထူး ရှောင်ကျဉ် ထိန်းချုပ် ရသပေါ့ဗျာ ။

    ၄ ။ လောလောဆယ်တော့ လက်အောက်ငယ်သားတွေကို ပြောလေ့ရှိတဲ့စကားကတော့ ၊
    ” ဘာအကြောင်းနှင့်ဘဲ ဖြစ်ဖြစ် မှားတာ ဘာမှ မလိုချင်ဘူး ” လို့ ။

    ဟဲ ဟဲ ။ ဒူးလောက် တင်ထားမှ ၊ ရင်လောက် ကျ ပေမကိုး ဗျ ။
    ဒီလောက် ပြောထားတာတောင် ၊ မှား နေကြဦးမယ်လို့တော့ မျှော်လင့်ထားပြီးသားပါ ခမျ ။
    နို့မို့ရင်လည်း ၊ ခဲတံတွေမှာ ခဲဖျက်တွေ ဘယ်တပ်ထားပါ့မလဲ ၊ နော့် ။

    • padonmar

      May 24, 2014 at 9:02 am

      အမှားမရှိရဆို သတ်ပုံပြင်ဆင်ရေးအဖွဲ့ဘယ်ရှိမလဲ။
      FRရဲ့ အမှားကို ပြင်ပါမည်။
      ဒုက္ကရစရိယာ ဖြစ်ပါသည်။
      ဒုက္ခခံသော ဒုက္ခစရိယာမဟုတ်။
      ဒုက္ကရ=ပြုနိုင်ခဲသော(လူသာမာန်များကျင့်နိုင်ရန်ခက်ခဲ ကြမ်းတမ်းသော)
      စရိယ=အကျင့် ဖြစ်ပါသည်။ ဟီဟိ

      • Foreign Resident

        May 24, 2014 at 9:51 am

        ကျေးကျေး ၊ အန်တီမာ ။
        ဒါကြောင့် ၊ ရေးကတည်းက ထင့်နေတာ ။
        ဒီ စာလုံးပေါင်း တွဲပုံက ငါနှင့် မရင်းနှီးပါဘူးလို့ ။

        ဒါနှင့် ၊ ကျနော့် နောက်ဆုံး Post ကို ရန်ကုန်က ဝင်ရတာ ဘယ်လိုနေတုံး ။
        ဓါတ်ပုံများတော့ ဝင်ရတာ ခက်လား ။

    • black chaw

      May 26, 2014 at 11:32 am

      @ Foreign Resident ;
      စိတ်ပါ လက်ပါ ရေးပေးသွားတဲ့ ကွန်းမန့်အရှည်ကြီးအတွက်…
      ကျေးဇူးပါ ကိုဖေါရေ…။
      ကျွန်တော်တို့ ခေတ်ထက် ဒီနေ့ခေတ်လူငယ်တွေအတွက်…
      တောင်းဆိုချက်တွေက မြင့်မားလာနေတယ် ဆိုတာကို
      သတင်းပေးချင်တဲ့ သဘောပါခင်ဗျ…။
      :mrgreen:

  • ကြောင်ဝတုတ်

    May 24, 2014 at 8:23 am

    ကလေးလေးတစ်ယောက်လိုတော့
    ဘယ်ဖြူစင်မှာလဲ
    လောကလမ်းမများ
    စမ်းတဝါးတဝဲလည်
    အိပ်မက်တို့ရှည်လျား
    မောပန်းလိုနွမ်းနယ်
    ခရီးတို့မဆုံးခင်အထိ
    ငါဟာ မှားယွင်းရဦးမယ်

    Credit to
    တေးဆို – ကိုညီထွဋ်
    တေးရေး – အယ်ဖြူ
    သီချင်း – ဘဝ

    • black chaw

      May 26, 2014 at 11:37 am

      @ ကြောင်ဝတုတ် ;
      အော်…ညီထွဋ် ခရေဇီ ကြီးဆိုတော့
      ညီထွဋ် သီချင်းနဲ့ ကွန်းမန့်ရေးတယ်ပေါ့…။
      ကိုယ်ကတော့ ထူးအိမ်သင် ခရေဇီမို့ ထူးအိမ်သင်သီချင်းလေးပဲ
      ကိုးကားပါရစေဗျာ…။

      လမ်းတစ်ခုသာရွေး…အမှားသို့မဟုတ်အမှန်…
      ဒါပဲပေါ့ဗျာ…ယုံကြည်စိတ်ထား…။

      :mrgreen:

  • JackSkellington

    May 24, 2014 at 8:55 am

    အမှား က တော့ တစ်ခုခု လုပ်နေသရွေ့ ရှိနေဦးမှာပဲဗျ။

    ကျနော် က တော့ ပထမ အဆို ကို သဘောကျတယ်။

    ဘယ်သူကြီးလား မသိဘူး ပြောထားဖူးတာလေ “ဘယ်တော့ မှ မမှား တဲ့ လူသည် ဘာကိုမှ မလုပ်သော သူ ဖြစ်သည်” ဆိုတာ။
    အယ်ဒီဆင် ပြောတာကတော့ “ငါ လျှပ်စစ် မီးလုံး ကို မလုပ်သင့်တဲ့ နည်းပေါင်း တစ်သောင်းကျော်ကျော် လောက် ကို ရှာဖွေ တွေ့ရှိသွားပြီ” တဲ့။

    ဘယ်သူ မဆို ပထမ တစ်ခေါက် ထဲ နဲ့ မှန်အောင် လုပ်နိုင်တာက ရှားပါတယ်။ ရှိရင်တောင် ကံစွပ်ကံစမ်း မှန်သွားတာ ဖြစ်ရင် ဖြစ်။ မဟုတ်ရင် သိပ်ပြီးတော့ ကို တော် နေလို့ဖြစ်ရင် ဖြစ်ပဲ။ အဲလို သိပ်တော် နေတဲ့ သူ တောင် မှ ၁၀ဝ ရာခိုင်နှုန်း အမြဲ မှန်နေဖို့ က မဖြစ်နိုင်ပါဘူး။

    သူများ အမှားထဲက သင်ခန်းစာ ယူဖို့ ဆိုတာကလဲ သူများ တွေ ကြုံရတဲ့ ပြဿနာ နဲ့ ကိုယ် အခု ကြုံ နေရတာနဲ့က တစ်ထပ်ထဲ ဖြစ်ချင်မှ ဖြစ်မှာကိုး။ ဒါတောင် တခြား ထည့်စဉ်းစား စရာ တွေက အများကြီးရယ်။

    နောက်ပြီး လုံးဝ အမှား မခံ တဲ့ ကိစ္စ ရပ်မျိုးတွေ (ဥပမာ စစ်လက်နက် တွေ မော်တော်ကား တွေ မှာ ပါတဲ့ ပစ္စည်းတွေ) ကျတော့လဲ တကယ် အသုံးမပြုခင်မှာ မှားနည်းပေါင်း သောင်းခြောက်ထောင်နဲ့ စမ်းသပ် စစ်ဆေး ပြီးတော့မှ ဈေးကွက်ပေါ် ကို တင်တာ ဖြစ်တဲ့ အတွက် ဈေးကွက်ထဲ ရောက်ပြီးမှ ထပ်မှားပါတယ် ဆိုရင်တော့ ရောင်းတဲ့ company က အတော် အသုံးမကျ ရာ ကျသွားပါပြီ။

    ကျနော့် ခံယူချက် ကတော့ လုပ်နေရင် အမှားက ရှိနေမှာပဲ ဒီ တော့
    အဲ့ဒီ အမှားတွေ ဖြစ်နိုင်သမျှ တွေကို စဉ်းစားပါ။ (သူများ ဆီက မြင်ဖူး ကြားဖူး တဲ့ သင်ခန်းစာ တွေ အပါအဝင်)
    ဘယ်လို ရှင်းရမလဲ ပြင်ဆင်ပါ။
    တကယ် LIVE မဖြစ်ခင် မှာ စမ်းသပ်ပါ။
    testing မှာ အမှားဖြစ်တာတွေကို မှတ်ထားပါ။ နောက်တစ်ခါ ကျရင် ဒီလို မဖြစ်ရအောင်။
    ဒါဆိုရင်တော့ တကယ် အသုံးပြုတဲ့ အခါ ကျရင် အမှား ၉၉ ရာခိုင်နှုန်းလောက် ကင်းသလို ဖြစ်သွားပါပြီ။
    (ပွဲမဝင် ခင် အပြင် က ကျင်းပ) ဆိုတဲ့ စကားလဲ အရှိသားကိုး။

    အပေါ် က ပြောသွားတာတွေက ရိုးရိုး မသိလို့ မှားတဲ့ အမှားမျိုးနော့။
    အဘ ဖော ပြောသလို သိသိကြီးနဲ့ မှားတာ မျိုး ကျတော့လဲ ရိုက်သတ် ဖို့သာ ကောင်းပါတော့တယ်ဗျာ။ 😛

    • black chaw

      May 26, 2014 at 11:41 am

      @ JackSkellington ;
      စိတ်ပါလက်ပါ စိတ်ရှည်လက်ရှည် ပေးသွားတဲ့ကွန်းမန့်လေးအတွက်
      ကျေးဇူးပါ ဆရာ…။
      ရွာသားအသစ်လို့ ထင်ပါတယ်…။
      နောက်လည်း ကျွန်တော့်ပို့စ်တွေကို ဝင်ဖတ်ပြီး…
      ကွန်းမန့်လေးတွေ ချီးမြှင့်ပေးပါလို့ တောင်းဆိုပါရစေဗျာ…။
      JackSkellington

      • JackSkellington

        May 27, 2014 at 6:25 pm

        ဟီး….
        ရွာထဲ ရှိနေတာတော့ နှစ်ပေါက် နေပါပြီ။
        စာဖတ် နေသူ ကြီး လုပ်နေတာလေ… း)
        ရွာထဲက ရေးထား ငြင်းထားတာလေးတွေ သဘောကျလို့ ပါ ခင်ဗျ။

  • Dote Kha

    May 24, 2014 at 12:16 pm

    ဆရာအေးမိုးက ချသာချ၊ မှားမှာမကြောက်ကြနဲ့ဟ လို့ ပြောပြီး၊ ဆရာနေဇင်လတ်ကတော့ ဒီခေတ်မှာ မမှားအောင် ဂရုစိုက်ကြပါလို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မှားမှာကြောက်ပြီး တွေဝေနေရင်လည်း အချိန်ကုန်မယ်။ မှားပြီး ပြန်ပြင်ရင်လည်း အချိန်ကုန်မယ်။ အမှား အကြီး၊ အသေးနဲ့ ပြန်ပြင်လို့ရတဲ့အမှားနဲ့ ပြန်ပြင်လို့မရတဲ့အမှား စတာတွေအပေါ်မှာတော့ဖြင့် မူတည်လိမ့်မယ် ထင်ပါရဲ့။

    • black chaw

      May 26, 2014 at 11:43 am

      @ Dote Kha ;
      ကိုဒုက္ခ ရဲ့ ကွန်းမန့်လေးကို လေးလေးစားစား ဖတ်သွားပါတယ်ဗျာ…။
      ကွန်းမန့်လေး အတွက် ကျေးဇူးပါဗျာ…။
      :mrgreen:

  • ဆိုတော့ခေါင်းစဉ်လေးဖတ်တယ်၊ ဘာကိုများ ရည်ညွှန်းလဲ ရေးထားတာတွေ ဖတ်ကြည့်တယ်၊ နောက်တော့သူများတွေ အမြင်တွေလိုက်ဖတ်မိတယ်..

    ပြောရရင် အူးဘလက်ရေ၊ မန့်ထားတဲ့သူတွေလဲ အားနာပါတယ်၊ ကိုယ်ပိုင်အမြင်နဲ့ ပြောရရင် အရင်လို ကွန်မန့်နဲ့ ဒီဆိုက် ဘယ်လိုမှ နာမည်မရနိုင်တော့ပါဘူး၊ (တစ်နည်း) လူချင်းသိနေကြသူတွေများတော့ အချင်းချင်း ဖေးမပြီး ပြောနေရသလိုလို၊ ထိန်းပြီးပြောနေရသလိုလို၊ တစ်ချို့များ အတည်ပြောချင်တာတောင် ထောင်တန်တဲ့စကား ရယ်ရင် ပေါ့တယ်ဆိုတဲ့ထုံးနှလုံးမူလို့ ပြောချင်တာပြောပြီး ပေါ့ပေါ့ပါးပါးလေးဖြစ်အောင် အရွှန်းဖောက်သွားတယ်ပေါ့။

    ကျွန်တော်ကတော့ အားနာစရာလူလဲမရှိသလို၊ ထိန်းလဲပြောနေစရာလဲ မလိုသလို လူချင်းလဲ မသိဖူးတော့ ပြောမယ်ဗျာ။

    (ရှေးခေတ်က ရွာမှာ လွမ်းမောဖွယ် အချီအချဆွေးနွေးကြသလိုပေါ့၊ နည်းနည်းတော့ရှည်မယ်)

    ဘာတဲ့.. ခေါင်းစဉ်က အမှား…။ တဲ့

    ဆိုတော့ ဘယ်သူတွေများမှားကြလေသလဲဆိုပြီး ဝတ်ဖတ်ကြည့်တယ်ပေါ့နော်၊ ဘယ်လိုပြောရမလဲဆိုတော့ ဖတ်ကြည့်တယ်ပေါ့နော်။

    ဒါက ကောက်နှုတ်ချက်လေးတွေ

    ” အမှားကို မကြောက်နဲ့ တဲ့…။
    အမှားရှိမှ အမှန်ကိုရပါမယ်…တဲ့…။ ”

    အဲ့ဒီစကား လုံးဝလက်မခံပါဘူး၊ ကျွန်တော်မှားသွားမှာ၊ အမှားလုပ်မိမှာကို ကြောက်ပါတယ်၊ အမှားရှိအောင်မနေပါဘူး၊ ဒီတော့ မှန်တာတွေပဲ လုပ်ဖြစ်ပါတယ်ပေါ့၊ အမှားထဲက အမှန်တရားတစ်ခုကို ယူတယ်ဆိုတာတော့ မငြင်းပါဘူး၊ ဒါပေမယ့် သူများအမှားကနေပဲ ဖြစ်ပါတယ်။

    နောက်တော့ အူးဘလက်က ထုံးစံအတိုင်း မိန်းမတွေအကြောင်း ပြောလက်လေးရှိနေတော့ ဒါလေး ထည့်ပြောသွားတယ် (ယောကျာ်းတွေပဲ တွေးမိပြီး ရယ်မပေါ့လေ)

    ” ကျမ တစ်ခါပဲ မှားမိတာပါ လှည်းသားငါးရာနဲ့ ဆိုတာမျိုးလည်း ဖြစ်စေနဲ့ပေါ့ဗျာ…။”

    ဒါကို တစ်ယောက်က ဝင်မန့်ထားတယ် (သက်တော်ရှည် ရွာ့ဂုဏ်ထူးဆောင် ဘွားတော်ကြီးတစ်ယောက်ပါ။)

    ဘာတဲ့..

    “အမှားထဲမယ် ပျော်နေတဲ့ဘွများ လှည်းသားငါးရာက အသွားအပြန်တောင် ဆုံလိုက်သေး :mrgreen:

    ဆိုတော့ ကျုပ်အနေနဲ့ ကျုပ်မမှားအောင် နေတဲ့သူမှ၊ ကျုပ်မမှားတာတွေ လိုက်မှားနေပြီးမှ မှားတာ တောင်းပန်ပါတယ်ဆိုပြီး သူတို့ ကိုယ်ပိုင် စိတ်ပျော်ရွှင်မှုရှာတာကို မဟာပုရိသ၊ မြင့်မြတ်တဲ့ ယောကျာ်းတစ်ယောက်အနေနဲ့ သဘောထားကြီးပြနေရခြင်းထက်

    လုံးဝမမှားတာကိုပဲ ပိုမြတ်နိုးပါကြောင်း၊ မှားပြီးရင်လဲ လက်ခံပါတယ်။

    ရေဆေးပြီး ပြတိုက်ထဲမှာပဲ ထားလိုက်ချင်တယ်။ တစ်ကယ်။

    • ကေဇီ

      May 25, 2014 at 11:22 am

      အမှားမရှိ မှန်တာတွေပဲ လုပ်နေသူဆိုလို့ မြင်ဖူးအောင် အပြေးလာကြည့်တာ။
      😀
      အမှားယူတာတောင် သူများ အမှားထဲက ယူတာဆိုတော့ ,,,,,,
      ကိုယ်တိုင်မှာတောင် သင်ခန်းစာ ယူစရာ၊ အမှားရယ်လို့ပြောစရာမရှိဘူး လို့ ပြောတာလားဟင်?

      ကိုရင် စိုင်း၊ စိတ်တော့ မဆိုးနဲ့ဗျ။
      ကိုရင် ဟာက အစွန်းရောက်လွန်းတယ်။

      မနေနိုင်လို့ဝင်ပြောတာ။
      ကိုယ့်ကိုယ်ကို မစ်စတာ ပါဖက် ထင်ပြီး
      ကိုယ်လုပ်တာမှ အမှန်၊
      သူများလုပ်သမျှ အမှားထင်
      ကိုယ်မလုပ်တာမျိုးကို မှားတယ်ထင်
      သူများ အမှားကို ခွင့်မလွှတ်နိုင်၊
      ခွင့်လွှတ်တယ် အမည်ခံပြီး မှ သတိရတိုင်း တတွတ်တွတ် ပြောနေနိုင်တဲ့ သူမျိုးကို အသည်းယားလွန်းလို့။
      :mrgreenn:

      အမှန်တရား ဆိုတာ တစ်မျိုးပဲ ရှိတာမဟုတ်။
      ကိုယ့် အမှန်တရားနဲ့ကိုယ် ဆိုတာမျိုးကို လက်ခံလို့လားမသိ။
      လူတိုင်းမှာ သူ့ပေတံနဲ့သူရှိတယ်ဗျ။
      ကိုယ့်ပေတံနဲ့ လိုက်တိုင်းပြီး ကိုယ့် စံမဝင်ရင် မှားတယ်လို့ ပြောလို့မရပါဘူးးး

      လောက မှာ မမှားတဲ့သူ ဘယ်သူမှ မရှိဘူးး
      မှားတာကို မှားနေတယ် သိဖို့က အဓိကပဲဟာ။
      ကိုရင် ကိုယ်ရေးကိုယ်တာတွေတော့ မပြောလိုပါဘူးးး
      ဒါပေမဲ့ ကိုယ်က ဒီလို ကြုံတာနဲ့ ကျန်တဲ့ မိန်းမတွေ ဒီလိုပါပဲ ဆိုတဲ့ လေသံမျိုးနဲ့တော့ သိမ်းကြုံး အထင်မသေးစေချင်ဘူးးး

      ဒီလိုပြောလို့တော့ စိတ်မဆိုးပါနဲ့။
      ကျနော် ခင်ဗျားကို လူရင်းလို သဘောထားပြီး အားမနာတမ်းပြောတာပါ။

      အပေါ်မှာ အရီးလတ်တို့ ဘဖောတို့ ဦးကျောက်တို့ ပြောသွားတာ ရှင်းပါတယ်ဗျ။
      ကျနော်တို့ ဝါးတို့ကတော့ ဘယ်တုန်းကမှ အတည်မမန့်လို့ပါ။
      :mrgreenn:

      • alinsett (gazette)

        May 25, 2014 at 3:51 pm

        မမခိုင်ဇာ
        ဟောဒီ ပိုစ့်မော်ဒန်ခေတ်ကြီးမှာလေ
        အမှန်တရားးမျိုးစုံရှိနေပြီတဲ့
        မမခိုင်ဇာကတော့ အဲဒီသဘောတရားလေးကို အငွေ့ အသက်ပါးပါးလေးနဲ့ ရေးပြသွားလို့ . . . .

        အာ့လေး လာဝင်ပြောတာ. . . .

        အမှန်တရားမျိုးစုံရှိတယ်

        ဘယ်ဟာ အမှားလဲ. . . .

        တကယ်
        တကယ်

        :mrgreen:

      • Wow

        May 26, 2014 at 9:02 am

        ကျွန်တော်တို့က ဒီဆိုဒ်ထဲက လူတွေကို (တစ်ချို့ပေါ့လေ) အပြင်မှာ တွေ့ဖူးသလို ရင်းလဲရင်းနှီးပါတယ် ဒါကြောင့်တကယ့် မောင်ရင်းအစ်ကိုတွေလို ညီအမတွေလိုပါပဲ…

        ကျွန်တော့်ပျော်စေပါးစေနောက်လိုက်တဲ့ကိတ်စလေးက ကိုစိုင်းဘက်က လက်တလော ခံထားရတဲ့ ခံစားချက်ကို သွားဆွသလို တိုက်ဆိုင်သွားသလိုဖြစ်ရင်တော့မတတ်နိုင်ပါဘူး….

        တကယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကျင့်တရားက ကိုယ်ကိုယ်တိုင်းကောင်းပါတယ်လို့ အော်ပြနေရုံနဲ့ ကောင်းမလာနိုင်သလို… (နဝတက နှစ်ပေါင်းအတော်ကြာ သူကောင်းပါတယ်လို့ချည်းအော်လာတာ ဘယ်သူယုံလို့လဲ)

        ကိုယ့်ဟာကိုယ် စန်းစန်းညွန့်ဖြစ် ဒရမ်မာကင်းဖြစ်နေတဲ့ကိတ်စကြောင့် အရပ်လှည့် ပြသနာရှာတာတော့ မကောင်းဘူးပေါ့ဗျာ….

        နတ်သင်းလတ်စ်ဖေါ်အဲဗား (ခွက်ဒစ် မောင်ဂီ)…. ကျွန်တော်က ဘယ်သူဘာပြောပြော စိတ်ထဲမထားပါဘူး… :boss:

        • ကေဇီ

          May 26, 2014 at 10:55 am

          စကလင်ရှော့ဖမ်းပြီး ကြုံမှ ဖဲ့တယ်လားးး

          :boss:

        • Wow

          May 26, 2014 at 11:31 am

          တူပဲသင်ထားပေးပီးတော့ :kwi:

        • flamingo

          June 1, 2014 at 8:25 am

          ဘယ်သူဘာပြောပြောစိတ်ထဲမထားပါဘူးဆိုရင်တော့ပြောဘီ..
          WOW ကို……မောင်မတ်နဲ့အပြိုင်….လိုက်ဘီ…သတိသာထားတော့……
          ကျပ်ကိုလဲဘယ်သူမှလဲမသိတော့….စိတ်ချလက်ချနေလို့ရတာပေါ့နော်..
          .
          .
          .
          .
          အလကားပြောတာ…၆ဝ နားနီးနေဘီ…

        • ကေဇီ

          June 1, 2014 at 8:48 am

          ဟမ်?
          ဟာ။
          နာ့ ချစ်တူကို အပြိုင်လု နေကြပါလားးး
          မဖစ်ဖူးးးး
          ဒီခေါက်ပြန်လာရင် လက်မှတ်ထိုးသွားမှ…

          :s:

          :mrgreen:

        • flamingo

          June 1, 2014 at 11:57 am

          မမှီတော့ဘူး..မြေးဆွိရေ….

        • Wow

          June 2, 2014 at 9:20 am

          အနော်က အနော့်ချစ်တူကို ၈ဝ (အသက်ပါဗျာ) မှန်းထားတာ… ၆ဝ ဆိုတော့ ငယ်သေးတယ် :mrgreen:

    • စိတ်ပေါက်ပေါက်နဲ့ ရေးထည့်လိုက်တာ

      ဒီထဲကလူတွေထိခိုက်လိုစိတ်မရှိပါဘူး၊ ဘယ်သူမှလဲ ကျွန်တော့်ရန်သူမဟုတ်ဘူး၊ မှားသွားရင်တောင်းပန်ပါကြောင်းနဲ့ နောက် မဆွေးနွေးတော့ပါဘူးဆိုတဲ့အကြောင်း။

      လွန်တာရှိ ဝန္တာမိပါ။

      • အရီးခင်

        May 25, 2014 at 4:06 pm

        အဲလာ”အမှန်” အတွက် အဖြေရှာတာ မဟုတ်ပါ။
        အမှန် ရဖို့ ရှောင်ပြေးတာ။
        ဆက်ပြောပါလေ။ မှားလဲ မှားပေါ့။ ဘာဖြစ်သေးလဲ။
        လူသတ်တာမှ မဟုတ်ဘဲ။ ဆဲ နေတာမဟုတ်ဘဲ။ :-)))))

    • Wow

      May 26, 2014 at 9:17 am

      ချွိချွိပြောတော့ ငယ်တုံးက ငွေကြည်ကာတွန်းသွားသတိရတယ်….

      ခလေးက လမ်းထဲက ခြေတစ်ဘက်ဆာလေငန်းဖြတ်နေသူကို “ကိုခင်မောင်တွန့်လိန်ဂွမ်” ဆိုပီး စပြီးအော်ပြေးသတဲ့… အိုက်လူလဲ ကလေးအဖေကို လာတိုင်တာပေါ့လေ… ကလေးအဖေက လဲ ဆုံးမရှာပါတယ်… ကလေးကို တုတ်ဆွဲပြီး ချက်ချင်းရိုက်တော့တာပဲ… ဒါပေသိ သူက ရိုးရိုးမရိုက်ဘူး….

      “ကိုခင်မောင်တွန့်လိမ်ဂွမ်လို့ နောက်ခေါ်အူးမလား” … တုတ်တချက်
      “ကိုခင်မောင်တွန့်လိမ်ဂွမ်လို့ နောက်ခေါ်အူးမလား” … နောက် တုတ်တချက်

      …..

      ကြာတော့ ဟိုခမျာ ပြန်တားယူရတယ်… တော်ပါပြီဗျာ… ခလေးက ပြောတာ တစ်ခွန်းထဲပါတဲ့….
      :mrgreen:

      အဖေက အခါခါပြောပြီး ဆုံးမလိုက်တာ တစ်ရပ်ကွက်လုံးနားကို စွဲရောပဲ….

      အမှားကို လက်မခံတာလေ… :kwi:

      • ကေဇီ

        May 26, 2014 at 9:25 am

        ဟဲ့။
        နိ ကိုလည်း အတည်ပြောတတ်အောင် ပြီးမှ ဆုံးမဦးမယ် ဝါးတားတားရယ်။
        အဲလို ပြောပြောပြီး ရိုက်ရမားးးး
        :mrgreen:

        နာ တို့ ၂ ယောက် ဒီ အနောက်နဲ့ ဘယ်နေ့ဒုက်ခရောက်မယ်မသိ။ :mrgreenn:

        နာ့ အမှားက အလီဘာဘာနဲ့ ခိုးသား ၄ဝ လောက် နဲ့ပဲဆိုတော့ လှည်းသား ၅၀ဝ အသွားအပြန် ဝါး ကိုတော့ လေးစားပါတယ်။
        😀

        ငါကတော့ ဝီဝီ မျိုးစောင့် ဥပဒေကိုပဲကြောက်ရမယ်။ :hint:

        • Wow

          May 26, 2014 at 9:35 am

          ဆုံးမမဲ့ ဆုံးမ နားစွဲအောင်တော့ ဆုံးမနော် :mrgreen:

    • black chaw

      May 26, 2014 at 11:59 am

      @ ရှုံးနိမ့်မှုများနဲ့..လူ ;
      ကိုရှုံး ရေ ကွန်းမန့်လေးအတွက်ကျေးဇူးပါဗျာ…။
      ဒီပို့စ်က ကျွန်တော် ပေါ့ပေါ့ ပါးပါး ဖတ်လို့ရအောင် ပြီးတော့
      ပေါ့ပေါ့ ပါးပါး ကွန်းမန့်ပေးလို့ရအောင် ရည်ရွယ်ရေးထားတာပါခင်ဗျ…။
      ကိုရှုံးအနေနဲ့ အပျော် အပျက် ဝင်ရေးသွားလို့လည်း ရပါတယ်…။
      ဒါမှမဟုတ် အတည်အခန့် ဝင်မန့်သွားချင်လည်း ရပါတယ်…။
      ဒါမှမဟုတ်ရင်လည်း အပျော်တဝက် အတည်တဝက် ဝင်မန့်သွားရင်လည်း ရပါတယ်…။
      တခြားသော ကွန်းမန့်ရေးသူတွေကို တိုက်ခိုက်ရေးသားတာမျိုးတော့ဖြင့် မလုပ်စေချင်ပါဘူးခင်ဗျာ…။

      ကိုယ်ပိုင်အမြင်နဲ့ ပြောရရင် အရင်လို ကွန်မန့်နဲ့ ဒီဆိုက်
      ဘယ်လိုမှ နာမည်မရနိုင်တော့ပါဘူး

      ဆိုတဲ့ ထင်မြင်ချက် ကတော့ နည်းနည်းများ အစွန်းရောက်လေသလားပေါ့…။
      အော်…အမှား…အမှား…အမှား…။
      :mrgreen:

    • black chaw

      May 26, 2014 at 12:14 pm

      @ MaMa ;
      အိုကေဗျာ…။ မမကတော့ ရှင်းပါတယ်…။
      ဆရာအေးမိုး ကို ထောက်ခံပါတယ်တဲ့…။
      ပေါ့ပေါ့ပါးပါးပဲ ကွန်းမန့်လေးရေးသွားပါတယ်…။
      ကျေးဇူးပါ ဗျာ…။
      :mrgreen:

      @ kyeemite ;
      အမှားမကင်း သေးသော ကိုကြီးမိုက်ပေါ့ ခင်ဗျာ…။
      မာဆတ်က ကောင်မလေးနဲ့ အမှားမျိုး နှစ်ခါ မမှားမိစေနဲ့ ကိုမိုက်ရေ…။
      အာဟီး…။ :mrgreen:
      ထပ်မှားကြသေးတာလားဗျ…။ ဒေါသတွေတောင်ထွက်မိတယ်ပေါ့နော်…။
      သုံးခါမြောက်တော့ ထပ်မမှားမိစေနဲ့ ဗျာ…။ ဟေးဟေး…။
      :mrgreen:

      @ padonmar ;
      သတ်ပုံအမှား ဝင်ပြင်ပေးသွားတာကျေးဇူးပါ အစ်မရေ…။
      ဟေးဟေး…ကိုဖေါကြီးက အဲဒီလိုပဲ မှား…မှားနေတာဗျ…။
      :mrgreen:

  • အရီးခင်

    May 25, 2014 at 3:58 pm

    မောင်ရှုံး ဝင်ပြောလိုက်တာ ရယ် ကေဇီလေး ပြန်ဆွေးနွေးတာရယ် ဖတ်ကြည့်ပြီး သဘောကျသွားလို့ ထပ်စဉ်းစားမိလိုက်တာလေး။

    တစ်ခုခု ပြောကြကြေးဆို မပြောခင် အဲဒါကို အဓိပ္ပါယ်ဖွင့်ကြည့် ၊ အဖြူအမဲ အရောင် အရင် ခွဲ ကြည့် ဖို့လိုမလားဘဲ။
    ဒီတော့ “အမှား” ဆိုတာကို အဓိပ္ပါယ်ဖွင့်ကြည့် ပါလား။
    တကယ်တော့ အဲဒီ “မှား” ဆိုတာ ဘာ “မှား” တယ်ဆိုတာပါမှ ပိုပြီး အဓိပ္ပါယ်ပြည့်စုံမယ်။
    မဟုတ်ဘဲ အမှား ဆိုတာ ကို အပေါ်ယံ ပြောပြီး ဝေဖန်ကြတာမို့ မောင်ရှုံး ပြောလိုက်သလို ပေါ့ပေါ့လေး တွေ ဖြစ်သွားရတာပါ။

    ရင်းဂလိတ် မှာတော့ “mistake” ဆိုပြီး အဓိပ္ပါယ်တူတွေကို
    error, fault, inaccuracy, omission, slip, blunder, miscalculation, misunderstanding, flaw, oversight, misinterpretation, fallacy, gaffe, faux pas, solecism, misapprehension, misconception, misreading; စသဖြင့်ဖွင့်တယ်။
    အဲဒါတွေက မသိမသာလေး တွေ ဆက်ကွာနေတာ မောင်ရှုံး မြင်မှာပါ။
    ကြည့်နော်။ ဥပမာပေါ့။
    မှားဖတ်တာ နဲ့ မှား ရေးတာ။
    မှားတာခြင်းတူတယ်။ ဘယ်ဟာက ပိုပြီး ကိုယ့်ထိခိုက်နိုင်လဲ။
    ဘယ်ဟာက ကိုယ့်ပေါ့ဆမှုကြောင့် လဲ။ စဉ်းစားကြည့်လေ။

    အရီး အထင်မတော့။
    မှားရေးတာက ပိုပြီး ကိုယ့်နဲ့ ဆိုင်မယ်။
    ရေးတာက ကိုယ်ရေးတာကိုး။ ကိုယ် ရေးလိုက် မိတဲ့ စာလုံး အပေါ်မှာ ပြသနာတွေ ဖြစ်လာနိုင်တယ်။
    ကိုယ့်လက်ရေးမပီ ရင်ဖတ်တာ ဆက်မှားသွားမယ်။
    အဖတ်မှားတာက သူများအမှား ပေါ်မှာ ဖတ်သူက ဆက်လိုက်ပြီးမှား သွားတာမျိုး။
    ကိုယ်က ရှန်းပြီး ဖတ်တာတို့၊ ဘာသာပြန်လွဲပြီး ဖတ် မိတာတို့ ကတော့ ကိုယ့် ပေါ့ဆမှုပေါ့။
    မှားနိုင်ပါတယ်။
    ပြောချင်တဲ့ က “အမှား” လို့ ပြောလိုက်တိုင်း ကိုယ့်ပယောဂကြောင့် ကိုယ့်အားနည်းချက်ကြောင့် ကိုယ့်ဝီရိယနဲ မှုကြောင့်ချည်း မဟုတ်တာ ကို ဆိုလိုချင်ပါတယ်။

    ဒီတော့ ကိုယ်ကမှန်တာတွေချည်း လုပ်နေဦးတော့ သူများချသွားတဲ့ အမှားပေါ်မှာ နင်းမိပြီး ဆက်လိုက် နေတာဖြစ်နေရင် ကိုယ့် “အမှန်” ဆိုတာကလဲ “အမှား” ဖြစ်နေတယ် ဆိုတာဘဲ။
    အဲဒီမှာ ပိုရှုပ်လို့ သွားနိုင်တာက ကိုယ်ဘက်က အမှားမရှိ လုပ်နေသူ မို့ မမှားဘူး လို့ စိတ်ကထင်နေမိနေတော့ အမှား ဖြစ်နေပြီ လို့ ဘယ်လိုမှ လက်မခံ တော့ ဘူး။
    ဒီမှာ အမှန် နဲ့ ပိုဝေးသွားတော့မှာ မဟုတ်လား။
    ငါ လုပ်နေတာ မှားများ နေလား လို့ တွေးနေတတ်တဲ့ စိတ်က ကိုယ့်အလုပ်ကို တုန့်ဆိုင်း နှောင့်နှေး စေတာမှန်ပါတယ်။
    သို့ပေသည့် အဲဒီလို ခဏရပ်ပြီး ကိုယ့်ဟာကို ပြန်မစမ်းစစ် နိုင်ရင် မှားလိုက်တဲ့ အမှားက ပိုပြီး အထိနာပါတယ်။
    မှား မှာစိုးလို့ မှားနိုင်တာတွေ မလုပ်ပြန်ရင်လဲ ရသင့်တဲ့ အောင်မြင်မှု မရပါ။
    သို့ကမို့ ကေဇီ အကြံပြုသလို ဟိုဘက် ဒီဘက် အစွန်းမတွက် စိတ်ကလေး နဲ့ နေမှ လူ့ဘဝ မှာ နေပျော်မယ်ထင်ရဲ့။

    တကယ်တော့ ဘဝ ဆိုတာ ကားမောင်းရင်း လမ်းမှားလိုက်သလိုပေါ့။
    (၁) မှားတာ မသိဘဲ မောင်းနေလိုက်တာ လိုရာ ပန်းတိုင် နဲ့ ပိုပိုဝေးရင်း တောထဲရောက် ချောက်ထဲကျ သွားတာမျိုးလဲ ရှိ။
    (၂) မှားတာကို မသိဘဲ မောင်းရင်း မောင်းရင်း ကိုယ်သွားချင်တဲ့ နေရာထက် အင်မတန်ပိုကောင်းတဲ့ နေရာ ကို ရောက်သွားတာလဲ ရှိ။
    (၃) မှားတာ ကို သိလိုက်တယ်။ ဒါပေမဲ့ ဘယ်လိုမှ ရပ်မရဘဲ ဆက်ပြီး အမှားအတိုင်း မောင်းနေ ရင်း အမှန်လမ်း နဲ့ သိသိချည်းကို ဝေးသွားတာလဲ ရှိ။
    (၄) မှားတာ ကို သိလိုက်လိုက်ချင်း ချက်ချင်း ပြန်ကွေ့ အမှန်လမ်း ပေါ်ပြန်ရောက်အောင် တက်သွားနိုင်တာလဲ ရှိ။
    (၅) မှားတာ ကို သိလိုက်တယ်။ ဒါပေမဲ့ အမှားလမ်း က ပိုပြီး လှ၊ ပိုပြီးစိတ်ဝင်စားစရာ ဖြစ်သွားသမို့ အမှားလမ်း အတိုင်း ပျော်ပျော်ကြီး ဆက်လိုက်တာလဲ ရှိ။
    (၆) မှား မှား မှန်မှန် ရောက်ချင်ရာရောက် မောင်းနေတာမျိုးလဲ ရှိ။
    (၇) လမ်းမှား မစိုးလို့ မောင်းလိုက် ရပ်လိုက် မြေပုံကြည့် လိုက် နဲ့ နှေးနှေးလေး သွားနေရတာလဲ ရှိ။
    (၈) ဒီခေတ်ကြီးမှာ တော့ satnav အားကိုး နဲ့ သွားရင်း မဝင်ရ လမ်းကို စတ်က ဝင်ခိုင်းတာနဲ့ မှားဝင်သွား လိုက်တာလဲ ရှိ။
    မှား မဲ့နည်းပေါင်းကတော့ အစုံ ပါဘဲ မဟုတ်လား။
    ဒီတော့ “အမှား” ကိုတော့ ကြောက်လို့ မရ။
    တနည်း မဟုတ် တနည်း နည်းပေါင်းစုံထဲက အမှား ဆိုတာ ဖြစ်လာနိုင်တာမို့ အမြဲ တမ်း သတိလေး ယှဉ် ပြီး အမှား ကို စစ်နေရမှာပါ။
    အင်မတန်ကောင်းတဲ့ စက်တွေ မှာလဲ စက်က ထုတ်ပြီရင်တောင် စစ်ရသေးတာဘဲ။
    ကိုယ့်ဘဝ နေနည်း မှာလဲ ဒီလိုဘဲ ပေါ့။
    အမှား ရှိနိုင်တယ် ဆိုတဲ့ ဖွင့်ထားတဲ့စိတ် နဲ့ စမ်းစစ်နေဖို့ လိုတာပါဘဲ။
    အချိန်တိုင်း မှားနေတာကလဲ အစွန်းပါ။
    အချိန်တိုင်း မှားနေလို့ ကတော့ ပြင်လို့ လဲ အချိန်ရမှာ မဟုတ်ဘူး။ အဖာတရာနဲ့ ကြည့်ကောင်း မှာလဲ မဟုတ်ဘူး။

    ပြောရရင် “အမှား” ထက်ပိုပြီး အရေးကြီးတာ ရှိတယ်။
    မှားတာ ကို တွေ့ရင် “ဘယ်လိုပြင်မလဲ” ဆိုတာဘဲ။
    “အမှန်ပြင်ပေါ့” ပြောတာ လွယ်လွယ်လေး။
    “ဘယ်နည်း နဲ့ ဘယ်လိုပြင်မလဲ”
    ဒီမှာ လဲ လူတစ်ယောက်နဲ့ တစ်ယောက် ပြင်ဖို့ နည်း တွေဟာ သူတို့ရဲ့ ဗီဇ၊ ပါတ်ဝန်းကျင်၊ ကြီးပျင်းရမှု၊ ပညာပိုင်းဆိုင်ရာ၊ အတွေးအခေါ်ပေါ်မူတည်ပြီး ကွဲလွဲနေမှာ အသေအချာပါဘဲ။
    ပညာတတ်တိုင်း ပြင်ဖို့ နည်းရှာတာ ပိုကောင်းမယ်လို့ ပြောမရဘူး။
    တစ်ချို့မှာ ဘဝ အတွေ့အကြုံ တွေက ပိုပြီး တန်ဖိုးကြီးတယ်။
    တစ်ခါတစ်ခါတော့လဲ လောကဓာတ်နည်းပညာကမှ ပိုပြီး ထိရောက်တယ်။
    သဘောက အမှန်ပြင်ဖို့ ဘာက ဆိုတာ ပုံသေနည်းချထားလို့ မရနိုင်ဘူး ဆိုတာပါဘဲ။
    လုပ်ထုံးလုပ်နည်းဘောင်တော့ ရှိသင့်တာပေါ့။
    မဟုတ်ရင် ဗြဲလရမ်းဖြစ်ချချတာဖြစ်နေမှာလဲ အသေအချာပါဘဲ။
    သတိ ပညာ ဉာဏ်လေး နဲ့တော့ ယှဉ်ပြီး ကြိုးစားသင့်တယ်။

    တစ်ခါတစ်ခါ အဲဒီ လိုပြင်ဖို့ ကိုယ်ချည်းတင်မဟုတ် သူများကပါ ပူးပေါင်းပြင်မှ “အမှန်” ရောက်မှာ ရှိပါတယ်။
    ဒီတော့ အားလုံးနားလည်ပြီး ပူးပေါင်းလာအောင် ဘယ်လို လုပ်ကြမလဲ။

    လောလောဆယ် ကိုယ်လိုရာ ဆွဲပြီ။
    “လက်ရှိ အခြေခံဥပဒေ”။
    မှားတယ်လို့ ထင်တယ်။ ဒါပေမဲ့ မမှားဘူး လို့ မျက်စိမှိတ်ငြင်းနေသူတွေရှိတယ်။
    ဒီမှာ ကြားလူတွေ က အများကြီး အရေးကြီးလာပြီ။
    စကားသံတွေ ဝဲ မနေမှ ၊ တစ်ယောက်ပြောတာ တစ်ယောက်က ပြတ်ပြတ်သားသား ကြားနေရမှ အမှန် ကို ရောက်အောင်သွားလို့ ရမှာ။
    ဒီတော့ ပြောရရင် “အမှား” မဖြစ်အောင် “စကားဝဲနေသူတွေ အားလုံး စကား ကိုပီပြင်အောင် ပြတ်ပြတ်သားသား ပြောကြပါလို့”
    စကားတွေ ဆက် ဝဲ နေကြဦးမယ် ဆိုလိုကတော့ ဘာသာပြန်အမှား တွေကြားမှာ ရွှေပြည်တော်မျှော်တိုင်းဝေး နေမှာ ပါဘဲ။
    ရှင့် Post မှာ ဒီလို မဆီမဆိုင် ဝင်ပြောလိုက်တာက “အမှား” ဖြစ်ခဲ့ရင် ခွေးလွှတ်ပါ ကဘချော ရယ်။

    တကယ်တော့ ဆက်ပြောချင်တယ် အများကြီး။
    သို့ပေမဲ့ ပြေးပြီ။
    :-))))))))))))))))

    • Wow

      May 26, 2014 at 9:28 am

      အရီးပြောတာကို ဆက်ရရင်…

      အနော်ကတော့ အလုပ်မှာ အလုပ်ဖြစ်အောင်လုပ်ပါတယ်… ပြသနာတစ်ခုဖြစ်လာရင် အမှားအတွက် အပြစ်တင်နေတာထက် အဲ့ဒီအမှား ကို ရီကာဗာဖြစ်အောင် ပြန်လုပ်ခိုင်းပါတယ်… လူဆိုတာ မသေမချင်းတော့ မှားနေမှာပါပဲ…. အမှားကို နောင်တရနေတာထက် အိုက်အမှားကို ပြန်ပြင်ဖို့တန်ဖိုးတစ်ခု ပေးဆပ်ရမယ်ဆိုတဲ့စိတ်.. ပြန်ပြီး ပြင်ရမယ်ဆိုတဲ့ တာဝန်ယူစိတ် စွဲနေအောင်ပဲ လေ့ကျင့်ပေးချင်ပါတယ်….. :kwi:

  • ကေဇီ

    May 25, 2014 at 5:08 pm

    BC for me of the day.
    :s:

  • Ma Ma

    May 25, 2014 at 5:59 pm

    တရုတ်စာသင်တုန်းက ဆရာက ဘာသာစကားသင်ရင် မှားမှာကြောက်ပြီး မပြောရင် မတတ်ဘူးတဲ့။
    အဲဒါကြောင့် မှားမှာမကြောက်ပဲ ပြောဖို့နဲ့ မှားသွားလို့ လူအများဝိုင်းရီကြရင် ဘယ်တော့မှ မမေ့တော့ဘူးတဲ့။
    အဲဒီစကားကို လိုက်နာပြီး သေသေချာချာ မတတ် မသိပဲ လျှောက်ပြောလို့ အရှက်သည်းခဲ့ရပေါင်းလည်း များပြီ။ (ခွက်ဒစ်တူ မောင်ဂီ)
    အဲဒါကြောင့် ဆြာဘလက်လိုပဲ ဆရာအေးမိုးကို ထောက်ခံပါကြောင်းးးးးးးးး :mrgreen:

  • kyeemite

    May 26, 2014 at 10:24 am

    ကျုပ်ကတော့ အမှားမကင်းနိုင်သေးကြောင်းဝန်ခံရမယ်…
    ဒါပေမဲ့ ပုံစံတူ နှစ်ခါမမှားအောင်တော့ သတိရှိရှိ ကရုစိုက်ပါတယ်…
    (ဒီကြားထဲတောင် ပုံစံတူအမှားတွေလုပ်မိသေးတယ်…အဲ့အတွက် ကိုယ့်ကိုကိုယ်လည်းဒေါသထွက်မိပါရဲ့)
    :kwi:

  • Kaung Kin Pyar

    May 26, 2014 at 1:00 pm

    မှားတာကတော့ ပြသနာမရှိပါဘူး…..
    ပြင်မရမှသာ ပြသနာရှိတာ….

    :kwi:

  • black chaw

    May 26, 2014 at 2:03 pm

    @ Kaung Kin Pyar ;
    မှန်ပါတယ် ခင်ဗျာ…။

  • Shwe Ei

    May 26, 2014 at 3:19 pm

    ရွာထဲမရောက်တာကြာလို့ အလွမ်းပြေဝင်ကြည့်မိပါတယ်….မနေနိုင်လို့ စာတွေပါဆက်ဖတ်လိုက်တယ်

    နောက်ဆုံး..ကွန်မန့်ပါရေးမိသွားရော 😀

    ကျနော်သာဆိုရင်တော့ ကိုမသိလို့လုပ်မိတဲ့ ပြင်ရ/ပြင်မရ အမှားတွေအတွက် မှားလေခြင်းဆိုပီး
    တွေးတောဝမ်းနည်းနေမဲ့အစား ပိုကောင်းတာတခုခုလုပ်နိုင်အောင်ဘဲ ကြိုးစားမိမှာပါဘဲ…

    ရွာသူားအားလုံးနေကောင်းကျန်းမာကြပါစေခီညော် 🙂

  • black chaw

    May 27, 2014 at 9:38 am

    @ Shwe Ei ;
    မ ရောက် တာကြာတဲ့ လူတစ်ယောက်ကို
    ပြန်တွေ ့ရတာ ဝမ်းသာပါတယ်ဗျာ။
    ရေးပေးသွားတဲ့ ကွန်းမန် ့လေးကလည်း
    လှနေတာ ပါပဲ။
    ကျေးဇူး။

  • အာဂ

    May 27, 2014 at 4:44 pm

    ဘဝမှာ အမှားခပ်များများကလွဲလို့ ဘာဆိုဘာမှမပိုင်ခဲ့တဲ့ကောင်ပါ။ (အရင်တုန်းက ကျနော့်ဆောင်ပုဒ်လေး) ဆိုင်မဆိုင်တော့မသိ သွားသတိရမိသွားတယ်။

    • အရီးခင်

      May 27, 2014 at 9:53 pm

      အမှားခပ်များများ” ဆိုတော့ကာ ကျုပ် ရဲ့ နွယ်ပင်လေး ကရော။
      ဒုတ် ဒုတ် နော် ဂဂ။ LOL;-)))))

    • black chaw

      May 28, 2014 at 9:50 am

      @ အာဂ ;
      ထူးအိမ်သင် သီချင်းလေးတစ်ပုဒ်ရှိတယ်…ညီလေးရေ…။

      လာပါကွယ် ဓါးကထက်ပေမယ့်လည်း…
      ဒို့ရရှိမယ့် ပျားရည်စက်ကချိုတယ်…
      အဆိုးထဲက အကောင်းပေါ့ကွယ်…

      တဲ့…။
      အမှားတွေကို ပျားရည်လို သဘောထား…
      ကျေကျေနပ်နပ်ကြီး ဆက်မှားနေကြတဲ့…
      မင်းတို့ကိုယ်တို့ ရဲ့ ဘဝများ ပေါ့…။
      😀

  • TNA

    May 27, 2014 at 10:15 pm

    လူဆိုတာအမှားနဲ့မကင်းနိုင်သမို့ မှားကြမှာပါပဲ။ အဲ့ဒီအမှားတွေကနေသာ နောင်တအဖြစ်မကူးပြောင်းသွားဖို့ လိုတယ်လို့ထင်တာပဲ။

  • black chaw

    May 28, 2014 at 9:52 am

    @ TNA ;
    နောက်ဆုံးပိတ် အိတ်နဲ့လွယ်သွားတဲ့ ကွန်းမန့်ရှင်အဖြစ်
    မသည်းနုအေး အား ကျေးဇူးမှတ်တမ်းတင်အပ်ပါသည်ခင်ဗျား…။
    😀

Leave a Reply