ခေါင်းလောင်ကြီးဆယ်ယူတဲ့အခါမှာ လေကျယ်မိတဲ့အတိုင်း ရက်ကတော့ ပြည့်သွားပြီ ။ ဒီတော့ နဂလင်းတစ်ယောက်ဘာဆက်လုပ်ရမယ်မသိဖြစ်လာသည်။ ဒီတော့ ဘယ်သူမှ သက်သေပြလို့မရတဲ့ ဟာတွေကို သက်သေတည်မည်လို့ဆုံးဖြတ်ကာ။ နဂလင်း တစ်ယောက် အပျော်ကြီးပျော်နေရှာသည်။ ဒီတော့ကြေငြာချက်ထုတ်မည်။
☺☻☺☻☺☻☺☻☺☻☺☻☺☻☺☻☺☻☺☻☺☻☺☻☺☻☺☻☺☻☺☻

”ရက်ပြည်ပြီဖြစ်တဲ့အတွက် ကြေငြာရ ရင် ခေါင်းလောင်းကြီးအားရှာတွေပါပြီ ဒါပေမဲ့ အဲဒီခေါင်းလောင်းကို အိမ်လိုလုပ်နေကြသော နဂါးများက အိမ်ပြောင်းရမယ်” “ဒီအတွက် သူတို့ ပစ္စည်းတွေသယ်ရရွေ့ရတဲ့အခါမှာ လျပ်စစ်မီးကလည်း မရှိတော့ မီးထွန်းပြီးတော့ ပြောင်းရွေ့နေရတယ်။ ဒီတော့ အဲဒီလို သူတို့ ဖုယောင်းတိုင်မီး ထွန်းပြီးပြောင်းရွေနေ့တာ လူတွေကို မသိစေလိုဘူး”
“ ဥပမာ တရုတ်ကြီးတို့ ဘာတို့ တွေ့ရင် လာဖမ်းကြ ၊ဆေးဖော်ကြမှာစိုးရိမ်တယ်။နောက် နဂါးသိုက်ဆိုတာက ကလည်း ရတနာတွေ ထွက်တာများတော့ သိုက်တူးသမား ခရိုနီ ၀ါ၊ပြာ၊တွေက လာပြီး သိုက်တူး ရင် ဒုက္ခရောက်မှ စိုးလို့ နဂါမင်းက တောင်းပန်တာကြောင့် အခုမှထုတ်ဖော် ပြောကြားရတာဖြစ်ပါတယ်။”
“ သေချာတာကခေါင်းလောင်းကတွေ့နေပြါပြီ…ဘားမိနည်း ဘားမိဟန် နဲ့ရှာထားတာပါ။” နောက်ထပ် ရက်တိုးပြီးတော့ ဆယ်ယူ ဦးမှာပါ။ မရရအောင်ဆယ်ယူပြီး ဘုရားပေါ်မှာ ပူဇော်မှာပါ။”
“ ဒီခေါင်းလောင်းကို ပြန်ပေးဖို့အတွက်လည်း နဂါမင်းနဲ့ သဘောတူညီမှုရပြီးပါပြီ”
“အတိအကျပြေရရင်တော့ သမ္မတကြီးပြောထားတဲ့ နွားနို့တွေတိုက်ပြီးအကြိုသဘောတူညီမှုရရှိ ထားတာဖြစ်ပါတယ်။”
“သိုပေမဲ့ ဒီလို အကျိုးရှိရှိလုပ်ဆောင်နေတဲ့ အလုပ်ကိစ္စမှာ ပြည်ပအဖျက်အမှောင့် ပယောဂ တွေရှိပါတယ်။ ဒါကတော့ အားလုံးသိတဲ့ အတိုင်း ပေါ်တူဂီလူမျိုး နတ်စိမ်းဖြစ်နေတဲ့ ငဇင်ကာ ဖြစ်ပါတယ်။ သူလည်း ပါဝါအလျောက် ပရလောက မှာ နာမည်ရှိနေတော့ စိတ် ပူရပါတယ်။”
“ မြန်မာပြည်သူတွေကိုလည်း သူကတော်တော် လေးမုန်းနေပါတယ်။ဒိတော့ ဒံပေါက်တို့ ဘာတို့ကျွေးပြီး နှစ်သိမ့် ထားသော်ငြား သူကိုတော့ ဘာသာစကားအခက်ခဲကြောင့် နည်းနည်း ယုံကြည်ရဖို့ လိုအပ်ပါလိမ့်မယ်။”နောက် တစ်ချက်သန်လျင်က သူအုတ်ဂူ ပေါ်မှာ အတွဲတွေလာလာကမြင်းကျောထားနေတာရယ်။ အမှိုက်တွေညစ်ပွနေတာ၊ကွန်ဒုံးတွေ၊ အရက်ပုလင်ခွံတွေ စသဖြင့် ညစ်ပတ်နေတာကို ကျွန်တော်တို့ ဘက်က ပြန်လည်ဖြေရှင်းပေးဖို့ လည်းသူတောင်းဆိုထားပါတယ်။ သူနဲ့အတူ အပေါင်းပါဖြစ်တဲ့ နတ်သျင်နောင် ကိုလည်း အနည်းငယ်သတိထားရမှာပါ။အခုလောလောဆယ်ကတော့ နတ်သျင်နောင်က ဘာသာပြန်လုပ်ပေးပြီးကြားဝင်စေ့စပ်ပေးနေပါတယ်။ ” ဒါကတော့ လတ်တလောထုတ်ပြန်ချက်များပဲဖြစ်ပါတယ်။”

“အသေစိတ်အချက်အလက်များကိုတော့ ပြန်ကြားရေဌာနကဆက်လက်ထုတ်ပြန်သွားပါမယ်။”
☺☺☺☻☻☻☺☺☺☻☻☻☺☺☺☻☻☻☺☺☺☻☻☻

သတ်မှတ်ရက် ထပ်မံ ပြည့်သွားသော်…။ခေါင်းလောင်းက ဆယ်လို့မရ လှူထားတဲ့ ပိုက် ပိုက်တွေလည်း ကုန်ခါနီးပြီ…..ကြေငြာချက်ထပ်မံထုတ်ရတော့မည်။ နဂလင်း တစ်ယောက် ခေါင်းကုတ်ကုတ်နဲ့….။ကြေငြာချက်ထပ်ထုတ်သည်။

“မင်္ဂလာပါ။ ခေါင်းလောင်းကြီးအား ဆယ်ယူရန် ပဌာန်းဆက်များဖြင့် နဂါး ၊နတ် ၊ ပရလောက သားတို့အားအကြိမ်ကြိမ်ဆက်သွယ်ပြီး ဆယ်ယူရရှိခါနီးတွင်း နဂါးများ ဘက်မှ နေရာပြောင်းလိုသူနဲ့ ၊မပြောင်းလိုသူ ဟု အဖွဲ၂ဖွဲ့ကွဲကာ ပရိက္ခ များဖြစ်ပေါ် နေပြီး ငဇင်ကာအစိမ်းနတ်သရဲကလည်း မူလက သဘောတူညီချက်ထက် မိမိတို့ လုပ်ဆောင်မပေးနိုင်သော တောင်းဆိုချက်များစွာဖြင့် တောင်းဆိုလာသည်က တစ်ကြောင်း။နဂါးမင်းကြီးရဲ့ မိဘုရား ကလည်း ကိုယ်ဝန်လွယ်ထားရကာ ထိုကိုယ်ဝန် အား အဆိုပါ ခေါင်းလောင်းထဲမှ ဖွားမြင်မှသာ နောင် ဘုရားရှင်ပွင့်တော်မူလျင် ဖူးတွေ့ ရမည်ဟု အထက်ပုဂ္ဂိုလ်များ အိပ်မက်ပေးသော်ကြောင့် ထိုခေါင်းလောင်တွင်သာ မွေးဖွားလိုသောကြောင့် တစ်ကြောင်း။ ငမိုးရိပ်မိချောင်း၊ရှင်မွေးလွန်း၊မင်းနန္ဒ စသဖြင့်သော သူများကလည်း သူတို့ ပိုင်နက်နယ်မြေနဲ့ နီးစပ်သောကြောင့် သူတို့ အား မပူဇော် မပသ မိသည့်ကြောင့် တစ်ကြောင်း မျိုးစုံသော အနှောင့်ယှက်ပြဿ
နာများကြောင့်…တစ်ကြောင်း…။ ခေါင်းလောင်းဆယ်ယူမည့်အချိန်အားနောင်၂၀၂၀ခုနှစ်ရွေးကောက်ပွဲ စတင်ရန် မလိုတော့သိအချိန်ကာလသို့တွင်သာ ဆယ်ယူရန် မြစ်စောင့်နတ်ပေါင်းစုံ၊နဂါးပေါင်းစုံ(ပြောင်းရေး/မပြောင်းရေး)၊ငဇင်ကာနတ်စိမ်းအုပ်စု၊နတ်သျင်နောင်၊ငမိုးရိပ်မိချောင်း၊မလတ်တို၊မလတ်ရှည်၊ရှင်မွေးလွန်း+မင်းနန္ဒာ၊ကျွန်တော်တို့ နဂလင်း ခေါင်းလောင်းဆယ်ယူရေး ပါအဖွဲဝင်များ အားလုံးသဘောတူညီမှုအရ နောင်၂၀၂၀ခုနှစ်သို့ပြောင်းရွေ့လိုက်ရပါတယ်။အသေးစိတ်အချက်အလက်များကိုတော့အချိန်နဲ့ တစ်ပြေးညီထုတ်ပြန်သွားမှာဖြစ်ပါတယ်။ခင်ဗျာ။”

About အာဂ

အာ ဂ has written 177 post in this Website..

ဘ၀ ကို အခုမှ စပြီး ချရေးနေတာ ။ ဗလာစာရွက်ဆိုတော့ နည်းနည်းတော့ကြမ်းတယ်။ CJ # 8112011

   Send article as PDF