” မနိုင်သော်လည်း မရှုံးပါနဲ့ “

 

” မေမြတ်နိုးအား ကိုရီးယားထိပ်တန်းရုပ်သံလိုင်း MBC မှ လာရောက်တွေ့ဆုံရိုက်ကူးခဲ့ပြီး သရဖူပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိကြောင်း ဖြေကြားခဲ့

မြန်မာအလှမယ် မေမြတ်နိုးအား ကိုရီးယားထိပ်တန်းရုပ်သံလိုင်းတစ်ခုဖြစ်သည့် MBC ရုပ်သံလိုင်းမှ လာရောက်တွေ့ဆုံ ရိုက်ကူးခဲ့ပြီး မေမြတ်နိုးက ဖြစ်ပွားနေသောကိစ္စရပ်များအားလုံး ပြီးဆုံးစေချင်ပြီဖြစ်ကြောင်း နှင့် သရဖူပြန်လည်ပေးအပ်သွားရန်လည်း အစီအစဉ်ရှိကြောင်း ဖြေကြားသည်။ MBC ရုပ်သံလိုင်းမှ တွေ့ဆုံမေးမြန်းမှုတွင် Miss Asia Pacific World Organization ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ပုံ အဆင့်ဆင့်၊ ဆုရရှိပြီးနောက်ယင်း Organization နှင့်ချုပ်ဆိုခဲ့ရသည့် စာချုပ်ပါ စည်းကမ်းချက်များ၊ ကိုရီးယားနိုင်ငံသို့ မိခင်ဖြစ်သူနှင့်အတူ ဒုတိယအကြိမ် သွားရောက်နေထိုင်စဉ် တွေ့ကြုံခဲ့ရမှုများ၊ စပွန်ဆာရှာရန်ပြောဆိုခဲ့မှုနှင့် ပလက်စတစ်ဆာဂျရီ လုပ်ဆောင်ရန် တိုက်တွန်းခဲ့မှုအခြေအနေများ၊ သရဖူရုတ်သိမ်းခံရခြင်းကိစ္စရပ်များ၊ National Director မလှနုထွန်းနှင့် ဖြစ်ပွားခဲ့သည့် ပြဿနာများအား အသေးစိတ်မေးမြန်းခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ MBC က လာရောက်တွေ့ဆုံမှုကို မြတ်နိုးလက်ခံလိုက်တာက ကိုရီးယားဘက်ကအဖွဲ့အစည်းတွေ၊ ကိုရီးယားဘက်ကသူတွေ အားလုံးကိုလည်း အမှန်တရားကို သိစေချင်တယ်။ သူတို့လည်း အမှန်တရားကို သိချင်လို့ လာရောက်တွေ့ဆုံတာလို့ ယုံကြည်တဲ့အတွက် လက်ခံတွေ့ဆုံဖြစ်တာပါ။ သူတို့ကိုဖြေကြားခဲ့ရာမှာလည်း မြတ်နိုးဖြစ်ပျက်ခဲ့သမျှတွေအားလုံးကိုေ ဖြေကြားခဲ့တယ်။ အဓိက ကတော့ မြတ်နိုးအခုချိန်မှာ ဖြစ်နေတဲ့ပြဿနာတွေအားလုံးကို ပြီးဆုံးသွားစေချင်ပါပြီ။ မြတ်နိုးရင်ဆိုင်ခဲ့ရတာတွေ၊ ကြုံ တွေ့ခဲ့ရတာတွေကလည်း မြတ်နိုးရဲ့အသက်နဲ့ မမျှပါဘူး။ အရမ်းလည်း စိတ်ဆင်းရဲခဲ့ပါတယ်။ ရှက်လည်းရှက်တယ်။ ဒါကြောင့် မြတ်နိုးဘက်က သဘောထားကြီးစွာနဲ့ အားလုံးကိုခွင့်လွှတ်ပြီး သရဖူပြန်ပေးသွားဖို့ အစီအစဉ်ရှိပါတယ်။ ဒါကြောင့်သူတို့ Organization ဘက်ကို သရဖူပြန်ပေးသွားမှာပါ။ ဒီလိုသဘောထားကြီးစွာနဲ့ သရဖူပြန်ပေးတာကိုမှ ပုဂ္ဂိုလ်ရေးဆိုင်ရာစွပ်စွဲမှုတွေ၊ နစ်နာစေမှုတွေထပ်လုပ်မယ်ဆိုရင်တော့ မြတ်နိုအနေနဲ့ ဥပဒေအတိုင်းပဲ ဆက်လုပ်သွားပါမယ်”ဟုမေမြတ်နိုးက ဆိုသည်။

မေမြတ်နိုးအနေဖြင့်လက်ရှိတွင် MRS ကျောင်း၌ ပြန်လည်တက်ရောက်နေပြီဖြစ်ပြီး ပညာရေးတွင်အာရုံစိုက်လိုကြောင်း၊ အနုပညာလုပ်ငန်းများကိုလည်း မြန်မာနိုင်ငံအတွင်း၌ ဆက်လက်လှုပ်ရှားသွားမည်ဖြစ်ကြောင်း၊ ယခုကိစ္စရပ်မှာ Miss Asia Pacific World Organization ၊ National Director နှင့် မြန်မာအလှမယ်တို့ကြား ဖြစ်ပွားခဲ့သောပြဿနာဖြစ်ခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေးကိုလည်း မထိခိုက်စေလိုကြောင်း ပြောကြားသည်။ ”

( Ref: Eleven Media Group သတင်း )

ဒီမနက် ဒီသတင်းကိုဖတ်လိုက်ရတော့ ကျွန်တော်စိတ်ထဲမကောင်းခဲ့ဘူးလေ။

အားမတန်လို့ဘဲ မာန်လျော့တယ်ဆိုဆို မိန်းခလေးလည်းဖြစ်နေတာရယ် မြန်မာဓလေ့အရ မိန်းခလေးတွေက အသက်နဲ့လူလုပ်တာမဟုတ်ဘူး၊ အရှက်နဲ့လူလုပ်တာဆိုတဲ့ သမရိုးကျပြောနေကျအရဘဲဖြစ်ဖြစ် ကိုယ်က ခံစစ်ကသူ ဖြစ်နေပြီဆိုတော့လည်း ဒီလိုဘဲအဆုံးသတ်တာအကောင်းဆုံးပါဘဲလေ။ ဘာဘဲဖြစ်ဖြစ် အခုလို ဖြစ်သွားတဲ့ကိစ္စရပ်မှာ ယူတတ်ရင် သင်္ခန်းစာတွေ အတွေ့အကြုံတွေ အများကြီးရခဲ့ ကြမှာပါ။

တကယ်တော့ နိုင်ငံခြားတိုင်းတပါးကို အထင်မကြီးကြနဲ့လို့ မဆိုလိုပါဘူး အထင်ကြီးသင့်တာတွေ စနစ်ကျတိုးတက်တာတွေ အများများကြီးရှိပါတယ် ဒါတွေကို အထင်ကြီးကြပါ အတုယူကြပါ ကိုယ်လည်း ပါဝင်နိုင်အောင်လုပ်ပြီး ဂုဏ်ယူကြပါ၊ နိုင်ငံခြားမှာလည်း ကောင်းသောသူ မကောင်းသောသူ ကောင်းသော ဓလေ့ မကောင်းသောဓလေ့ဆိုတာ ဒွန်တွဲရှိ ကြပါတယ်၊ ကိုယ်ပါဝင်မယ့်ပွဲ ကိုယ်ပါဝင်မယ့်အလုပ် အနေအထား သူတို့ရဲ့နောက်ကြောင်းရာဇ၀င်အခြေအနေ ဒါတွေကိုလည်း ကြိုသင်လေ့လာပြီး လုပ်ကြသင့်ပါတယ်၊ နောက် သိထားဖို့တစ်ခုက သူ တစ်ပါးတိုင်းပြည်တွေမှာ မိမိနိုင်ငံသားနဲ့ အခြားနိုင်သားတို့ ပြဿနာဖြစ်ကြမယ်ဆိုရင် သူတို့နိုင်ငံသား ဘက်က ကာကွယ်ပေးတတ်ကြလေ့ရှိပါတယ် ဒီနိုင်ငံမှာတော့ ပြောင်းပြန်ပါ မိမိနိုင်ငံသားနဲ့ အခြားတိုင်းပြည်က နိုင်ငံခြားသားတို့ ပြဿနာဖြစ်ကြရင် ဆန်ရင်းနာနာဖွတ်ကြလေ့ရှိတယ်ဆိုတာကိုလည်း သတိပြုစေချင်ပါတယ်၊ ဘာလို့အဲလိုဖြစ်တာလဲဆိုတော့ ဒီနိုင်ငံရဲ့အစိုးရကိုယ်တိုင်က သူများပေးစာကမ်းစာနဲ့ ရပ်တည်နေကြလို့ပါဘဲ။ အဲလိုသူများပေးစာကမ်းစာဘ၀က လွတ်မြောက်အောင် ပညာတတ်တွေ ကြိုးစာ အောင်မြင်သူတွေ ရှိလာ ရင်လည်း မြန်မာသွေးစစ်စစ်ဆိုရင်တော့ ဟိုအရင်ခေတ်အဆက်ဆက် အုပ်ချုပ်သူ တွေဟာ ဖိနှိပ်မှုအမျိုးမျိုးနဲ့ ကွပ်မျက်ကြတယ်ဆိုတာတွေလည်း ရာဇ၀င်မှာစာတင်ခဲ့ကြပါတယ်၊ ရှေးယခင် ခေတ်က ကနောင်မင်းသားကြီး တို့ရေမြုပ်မှိုင်းစပ်တပ်အောင်မြင်တာကိုသာ မကွပ်မျက်ဘဲ တိုင်းပြည် အုပ်ချုပ်သူက ပံပိုးခဲ့ရင် အင်္ဂလိပ်နယ်ချဲ့ တို့ရေတပ်အင်အားနဲ့ မြန်မာပြည်သိမ်းပိုက်မှုမှာ အဟန့်အတား ဖြစ်ခဲ့မယ်ထင်ပါတယ်၊ မဆလလက်ထပ်က ရလွတ်ဆိုတဲ့ဒေသက တာယာပိုင်းဆိုင်ရာအောင်မြင်စမ်းသပ်မှုကို ပြည်သူပိုင်ပြုအနိုင်ကျင့်တော့ ပညာရှင် တွေဟာနောက်ဆုံး တာယာရေပုံးလုပ်တာလောက်နဲ့ဘဲ ပညာရှိုသွား ခဲ့ကြတာတွေ၊ န၀တလက်ထပ်မှာ ပညာ တကယ်တတ်တဲ့ ဆရာကြီးတွေ ပါမောက္ခတွေ ရှေ့နေကြီးတွေ နိုင်ငံ ခြားရောက်သွားခဲ့ကြတာလည်း မနဲခဲ့ပါ ဘူးလေ ဒီသမိုင်းကြောင်းကို မြင်တွေ့ကြုံခဲ့ကြလို့ ရေးပြခဲ့သူတွေရဲ့ ကလောင်ဟာ သွေးရုံမျှရေးပြခဲ့ကြတာ မဟုတ်ဘူးဆိုတာကို သိကြစေလိုပါတယ်လို့ပြောပါရစေနော်။

တီထွင်ပညာရှင် သောမတ်စ် အက်ဒီဆင်ကဒီလိုဆိုခဲ့ပါတယ်

အကြိမ် တစ်ထောင်လုံး ကြိုးစားတာ မအောင်မြင်ဘူးလို့ ကျုပ်တော့ မပြောဘူး။ ရှုံးနိမ့်စေနိုင်တဲ့ အကြောင်းရင်းပေါင်း တစ်ထောင်ကို ကျုပ်တွေ့ရှိလိုက်ပြီလို့ဘဲကြေငြာမယ်။

 

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..