ဟို ကရွဲစည်ပို့(စ) မှာ စရင်းနောက်ရင်း လေးပေါက် စ လိုက်တဲ့ သေတမ်းစာ အကြောင်းကနေ အပြောင်အပျက်ပို့(စ) လေး တင်မှလို့ စဉ်းစားမိတာ။
ဟီးး   :mrgreenn:
အဲလို စဉ်းစားမှ အပြောင်အပျက်က ထွက်မလာပဲ ခေါင်းထဲ ပေါ်လာတာတွေက နည်းနည်း ” လေး ” သွားတယ်။
အာတီဒုံရဲ့ ပို့(စ) လေးကိုလည်းဖတ်ထားမိတာလည်းပါတာပေါ့။
ဟိ။
အမှန်က ဟိုပြသနာ ပို့(စ) က အတည်ရေးတာ ဘယ်လိုဖစ်ပြီး ပေါက်ကရဖြစ်သွားမှန်းမသိဝူးးးး  :mrgreenn:

ထားပါလေ။

သေတမ်းစာ အကြောင်း စ ပါ့မယ်။
မှတ်မှတ်ရရ ငါးတန်းလောက်က Will လို Auxiliary verb ကို Noun အနေနဲ့  သေတမ်းစာ လို့ စ သိဖူးခဲ့တာ။
စိတ်ထဲ အမှတ်ထင်ထင်ပဲ။ သေတမ်းစာ ဆိုတာ စိမ်းတော့ စိတ်ဝင်တစား ဘာများတုန်းပေါ့။ :roll:

 

နောက်ပိုင်း ဟို ကွယ်လွန် မင်းသားကြီး က သေတမ်းစာထားခဲ့ချင်လို့ ဗုဒ္ဓဘာသာကနေ ခရစ်ယာန်ဘာသာ ပြောင်းတယ် လို့ ကြား မိတော့ လည်း နားမလည်ဘူးး….
အဲဒီတုန်းက နားမလည်တာမှာတင် ရပ်နေတာ။ ဆက်မတွေးကြည့်မိဘူးးး။

နောက်ပိုင်း အသက်ရလာ စာဖတ်တော့မှ တွေးမိတယ်။
ဗုဒ္ဓဘာသာမှာ သေတမ်းစာ မရေးရဘူးလို့ ဘယ်သူကပြောတာတုန်း တို့။  :roll:
ရေးချင်ရေးခဲ့လို့ မရဘူးလားတို့။  :roll:
ရေးရင် ဘာသာပျက်သလား တို့ အစုံပါပဲ။ :roll:

တွေးသာ တွေးမိတာ။ ကိုယ်နဲ့လည်း မဆိုင်တဲ့ ကိစ္စမို့ အကြာကြီး ခေါင်းခြောက်မခံနိုင်တဲ့ အပြင် ဘယ်သူ့မှ ကို မမေးကြည့်မိဘူးးး

၂၀၁၁ မှာ အဘိုး ဆုံးတော့

မွေးမေလေ့တို့ မောင်နှမ ၅ ယောက် အမွေတွေခွဲတော့ မှ “ဒက်ဒီက ဘယ်သူ့ကို ဘယ်နှရာခိုင်နှုန်း ပေးချင်တာကို ဘယ်တုန်းက ဘယ်သူ့ကို ပြောခဲ့တာကို ဘယ်သူက သိသလိုလို ပဲ” ဆိုတာမျိုးနဲ့ အမွေကိစ္စဖြတ်ရတာ ၂၀၁၄ မှ ပြီးပါတယ်။
ဒါ ကျန်ခဲ့တာ အများကြီး ဆိုတဲ့ထဲ မပါဘူးနော်။
ချစ်ခင်တဲ့ မောင်နှမတွေမို့ ညှိယူကြရတာ။
ထုံးတမ်း အစဉ်အလာ အရ ဘယ်လို ခွဲတာတို့ ဥပဒေ အရ ခွဲတာ တို့ ပါခွင့်မရလိုက်လို့ ၃ နှစ်လောက် အတွင်း ပြီးတာ။

နို့မို့ ကိုယ်ပါ ဟို စကားပုံ အတိုင်း “မြေးဦး သားထွေး ညီတူပေး” တို့ ဘာတို့နဲ့ တစခန်းထလို့ရသေးတယ်။  :mrgreenn:

အဲဒီကျမှ ဆက်တွေးတာ အမွေ ကိစ္စတွေ ရောက်သွားရော။ အဲဒီ အမွေ ကိစ္စ အတွေးတွေ နောက်မှ တင်ဦးမယ်။
ဟိဟိ  :mrgreenn:
အဲဒါနဲ့ အတွေးကို ရပ်ပြီး သေတမ်းစာ ကိစ္စ ပြန်သွားးးရော။

ကိုယ်သေလွန်ပြီး နောက် ကိုယ်ဖြစ်စေချင်တာလေးတွေကို တရားနည်းကျကျ ရေးထားတဲ့ စာမျိုးကို သေတမ်းစာလို့ ခေါ်မယ်ထင်ပါတယ်။
တခြားနိုင်ငံတွေမှာ သေတမ်းစာ ကို ဘယ်လို ရေးပြီး ဘယ်လို ရှင်းကြလည်း မသိပေမဲ့

မြန်မာရုပ်ရှင်ထဲမတော့ တစ်ယောက်သေတာနဲ့ တိုက်ပုံလေးဝတ်ထားတဲ့ ရှေ့နေတစ်ယောက်က လာပြီး အတက်(ချ) ကေ့(စ) လေးဖွင့်ပြီး စာလေးထုပ်ပြတာမျိုး မြင်ဖူးထားတော့….
သေတမ်းစာ အကြောင်း သိတဲ့ ဥပဒေ ဝန်ထမ်း ဒါမှ မဟုတ် ယုံကြည်ရတဲ့သူများ ရှိသင့်လေသလားးး  :roll:

ဒီမှာတော့ တို့ သူတို့ နိုင်ငံသား ဖြစ်ပြီ ဆိုတာနဲ့ CPF Nomination Form ဆိုတာ ဖြည့်ထားလို့ ရတယ်။
ကိုယ့် အကောင့်ထဲရှိတဲ့ ငွေ, CPF account (အစိုးရ ဆုငွေထဲ ရှိတဲ့ ပိုက်ဆံ) တွေ ကိုယ်သေရင် ဘယ်သူ့ကို လွှဲဆိုတာ ဖြည့်ပြီး ပေးထားလို့ရတယ်။
ဖြည့်မထားတဲ့သူ အတွက်က ……
သူသေရင် သူ့ အိမ်ထောင်ဖက်က အရင် ရမယ် (ထင်တယ်)

ပြီးမှ သားသမီး လာတာ (အတိအကျ မသိ)
အဲဒီ ၂ မျိုးမရှိရင်တော့ ..

မိဘရှိရင် မိဘ၊

မိဘမရှိရင် မောင်နှမ အဲလို သွားတယ်။

အသိထဲက ချင်း တိုင်းရင်းသား ကောင်လေး ဆုံးတော့ မြန်မာပြည်က မိဘတွေ သူ့ ငွေတွေ လာထုတ်ရတာ မြင်ဖူးတယ်။

:i:

ဘာပဲ ပြောပြော ပေးချင်တဲ့ သူ ပေးသင့်တဲ့သူကို ကိုယ့်ဟာကိုယ် ဆုံးဖြတ်ပြီး ပြောခဲ့ရတာ ဆိုတော့ မဆိုးဘူးပြောရမယ်။
ဟိ။  :mrgreenn:
ကြိုတင်ပြင်ဆင်ချင် ပြင်လို့ ရတာပေါ့လေ။

ပိုက်ဆံ ကိစ္စနဲ့ပတ်သက်ပြီး အသေဖြောင့်အောင် လုပ်သင့်တယ် ခေါ်မလားးး  :roll:

 

ချစ်ကြွေးမုန်းကြွေးတွေနဲ့ အသေမဖြောင့်တာမျိုး မဖြစ်အောင်တော့ ကျနော်တို့ ပြင်ဆင်ရဦးမယ်ထင်တယ်။  :mrgreenn:

ကျနော်ကတော့ သေတမ်းကစားပါတယ်။

ညတိုင်း မအိပ်ခင်လေး တစ်နေ့လုံးရှိတဲ့ အချစ်တွေ အမုန်းတွေ အညှိုးတွေကို ဖြတ်ရတယ်။
စိတ်ကိုဖြတ်နိုင်သလောက်ပေါ့။

ခွင့်လွှတ်ဖို့ ကြိုးစားနိုင်တာလေး ကြိုးစားးပေါ့။

နောက်ပြီး ခုနောက်ပိုင်း ဘယ်သူ့ကို ပဲ ချစ်ချစ် ခွဲခွါဖို့ အရင် စိတ်မှာ အသင့်ပြင်ပြီးသားဖြစ်နေတတ်ရဲ့။

:chit:

ကျနော့ မွေးမေလေ့ မှာထားတာ တစ်ခုတော့ သတိရ မိ…
မှတ်မှတ်ရရ ၂၀၁၂ ကဘာ ပျက်မယ်တို့ဘာတို့ ကြားတုန်းက။ အဟိ။  :mrgreenn:

ဘယ်လို အန်ဒရယ် နဲ့ ရင်ဆိုင်ရ ရင်ဆိုင်ရ နောက်ဆံတင်းတဲ့စိတ်ကို ဖြတ်ပြီး မှ ရင်ဆိုင်လို့ ပြောတာ။
သူတို့ အန်ဒရယ်တို့ အသက်ဘေးတို့ တွေ့ရမယ် ဆိုလည်း နောက်ဆံလုံးဝ တင်းမှာ မဟုတ်လို့ မှာထားတာ။

“ဘယ်သူ ဘယ်လို ရှိနေပါ့မလဲ၊ ဘယ်သူ က ဖြစ်ပါ့မလား၊ ဘယ်သူနဲ့တော့ဖြင့် မခွဲနိုင်ဘူး”  ဆိုတဲ့ စိတ်နဲ့ သေခြင်းတရားကို ရင်မဆိုင်ပါနဲ့လို့ ပဲ ပြောတာလို့ နားလည်လိုက်တယ်။

ဒါက ပြင်ဆင်ခွင့်ရမယ် မျှော်လင့်မိလို့ ကြိုတင် မှာကြားထားတာတွေပေါ့။
တရားမှာတော့ သူ့အခေါ်အဝေါ် နဲ့သူရှိမှာပါ။
ကျနော် နားလည်သလောက် ပြောတာ….

သေခြင်းတရားဆိုတာ မမျှော်လင့်တဲ့ အချိန် ရုတ်တရက် လာတာမျိုးကျတော့လည်း ……
ကိုယ့်နောက်ဆုံးထွက်သက် ဘယ်လို ထွက်သွားမှန်းမသိနိုင်တာမျိုးလည်း ရှိနိုင်တတ်တာကိုးးး……

ဆိုတော့ …….
ဘယ်လို သေရ သေရ ပါ။
ကျနော်ကတော့ အသေဖြောင့်ချင်ပါတယ်။

 

 

ဇီဇီ

About ဇီဇီ

ဇီဇီ has written 354 post in this Website..

CJ # 129120