ဖေ့ဘွတ်မှာ မတင်ချင်လို့ ဒီမှာတင်လိုက်တာ

ဘုန်းကြီးနဲ့တက်တူး နဲ့ မအပ်စပ်ဘူးရယ်လို့တော့မဟုတ်ပါဘူး

ရန်ကုန်ဘဆွေရဲ့ မြန်မာပြည်သား စာအုပ်ထဲမှာဆိုရင် တန်ဆောင်မုန်းညမှာ ကိုရင်ကြီးကတစ်ရွာလုံးက ယောက်ျားပျိုတွေကို ထိုးကွင်းထိုးပေးတာလေ။

အခုလာထိုးတဲ့ ဘုန်းကြီးကတော့

အဲဒီနေ့က ညနေသုံးနာရီလောက် ဘုန်းကြီးနှစ်ပါးလာမေးတယ်

လက်မောင်းက ထိုးထားတဲ့ပုံလေးပြင်ချင်လို့ပါတဲ့

ဟုတ်ကဲ့ ရပါတယ်ဆိုတော့ ဈေးပြောတော့ဘုန်းကြီးက မတတ်နိုင်ပါဘူး

အဲဒါနဲ့ လက်မောင်းအတွင်းသား မှာမြားနတ်မောင် သေးသေးလေးထိုးချင်ပါသတဲ့

ဂျိုးလေးလဲပါမှ ဖြစ်မတဲ့

ရပါတယ်ဖျာ့ဆိုတော့ကာ ည ၇နာရီလောက်လာထိုးလို့ရလားဆိုတော့ အော်ဘုန်းကြီးဆိုတော့လူရှင်းတဲ့အချိန်လာထိုးတာပဲရပါတယ်လေဆိုပြီးလက်ခံလိုက်မိတယ်။

အချိန်ကာလကိုကြည့်ပြန်တော့ ကထိန်ပွဲကြီးပြီးကာစ နှစ်ရက်မြောက်မှာပေါ့ ။

ဘုန်းကြီးေ တွရေလန်းနေတဲ့အချိန်လေ ဘာတဲ့ ဖုန်းဆိုင်မှာတောင် S5 လာဝယ်သတဲ့ ringtone လေးကလဲ (ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာကောင်းလိုက်တာကွာ) ဆိုပဲ။ ဖေ့ဘွတ်မှာ ဖတ်မိတာပါ။

အဲဒါထားပါတော့ ဘုန်းကြီးကရောက်လျှင်ရောက်ချင်းဆိုသလို ဖုန်းတွေဝင်လာပါတယ် ဇောတိက ဘယ်ဈေးနဲ့လာကောက်မယ်။ သမ္မတ ဘယ်ဈေးဘာညာပေါ့ ။ သင်္ကန်းဝယ်ရောင်းပွဲစားတွေပါ။ အဲဒီကိစ္စက တော်ရုံဘုန်းကြီးမလွတ်ပါဘူး ငယ်ငယ်တုန်းက နွေရာသီသုံးလလုံး ကိုရင်ဝတ်ဘူးတော့ အခုထိ ဘုန်းကြီးဘယ်အချိန်ဝတ်ဝတ် လက်ကတော့ ကောင်းကောင်းထိုးတတ်ပါတယ်။ကျွန်တော်ဝတ်တဲ့ကျောင်းက ဘုန်းကြီးတွေလဲ မဟုတ်တာမလုပ် ညဘက်အပြင်မထွက်ပေမယ့်အဲဒါလေးတွေတော့ရောင်းစားတာပဲ။ ဆိုလိုချင်တာက ဒကာဒကာမတွေရှေ့မှာ အဲဒီကိစ္စတွေ ဖုန်းနဲ့ပေါ်တင်ကြီးဆက်ပြီးတော့ မရောင်းစားသင့်ဘူးပေါ့ဗျာ သင်္ကန်းမှာ ကထိန်ဆိုပြီးလှူထားတဲ့သူတွေက အဲဒီဖုန်းဆက်သံတွေကြားရင်ဘယ်လောက် အကုသိုလ်များလိုက်မလဲ။

အဲဒီကိစ္စပြီးတော့ ဒကာမကဖုန်းဆက်ပါလေရော ဘယ်ရောက်နေလဲ ပြန်လာရင် အအေးဝယ်ခဲ့ဖို့ သုံးခါလောက်ဆက်တယ်။ ဟူး ဒီခေတ်မှာလဲ မာတုဂါမ (သက်ကြီးရွယ်အိုမပါ) ဧည့်စာရင်းမတိုင်ပဲ တည်းနေတဲ့ကျောင်းတွေတော်တော်များနေတယ်ထင်ပါ့။

တက်တူးက တစ်နာရီခွဲလောက် ထိုးပြီး ပြီးသွားတယ်။ တန်ရာတန်ကြေးယူတယ်။ ဈေးမလျော့ဘူး။ သမာအာဇီဝ လုပ်စားတာ ။ ဘုန်းကြီးဆီက ပိုက်ဆံပြန်ယူလို့ လိပ်ပြာမလုံတာမျိုးမရှိဘူး။ သံဃာပစ္စည်း အဆိပ်သီးဆိုပေမယ့် ကျွန်တော်ကတော့ ဘာမှမဆိုင်ဘူး ။ ခံချင်းခံ ဟိုဘုန်းကြီးပဲခံရမှာလို့ပဲတွေးတယ်။

 

About ဦးသု

ဦး သု has written 58 post in this Website..

ယောင် 60 ဒါပေမယ့် တစ်ခါတစ်လေ 6 ကဇောက်ထိုးဖြစ်သွားတယ်