https://www.facebook.com/AungGyeee/posts/355715534624531

 

သင် ကြက်ဆူပင် စိုက်လိုပါသလား?
ပြည်ခိုင်ဖြိုးပါတီကိုသာ မဲပေးလိုက်ပါ။

သင် အဓိကရုဏ်းများနှင့် ကျီးလန့်စာစား ရှင်သန်လိုပါသလား?
နေမျိုးဝေ ဦးဆောင်သော ပါတီကို မဲပေးလိုက်ပါ။
(သို့မဟုတ်)
ဦးဝီရသူ တရားပွဲများကို လွတ်လပ်စွာကျင်းပခွင့်ပေးထားသော ပြည်ခိုင်ဖြိုးပါတီအား မဲပေးလိုက်ပါ။

သင် မည်သူ့ကို အဖေခေါ်ရမှန်းမသိပဲ ဖြစ်ချင်ပါသလား?
ပီအာဖော်ဆောင်သော ဒေါ်ခင်ဝိုင်းကြည် တို့ အဖွဲ့ရှိနေသည့် ခမောက်သူခိုးပါတီအား မဲပေးလိုက်ပါ။
(သို့မဟုတ်)
ဒေါ်ခင်ဝိုင်းကြည် တို့ နှင့် ထူးမခြားနားသည့် ပြည်ခိုင်ဖြိုးပါတီအား မဲပေးလိုက်ပါ။

ခြင်းတောင်းကိုကျောမှာပိုး ဆင်ကြယ်ဖိနပ်စီးပြီး သေနတ်အစုတ်ကိုင်ကာ လစာ တစ်သိန်းဝန်းကျင်ဖြင့် အသေခံစစ်တိုက်လိုပါသလား?
တပ်မတော်သားများအား စစ်ရေးစွမ်းရည်ပြည့်ဝအောင် လွှတ်တော်အတွင်း ၂၅% ထည့်ကာ လေ့ကျင့်ပေးနေသည့် ပြည်ခိုင်ဖြိုးပါတီအား မဲပေးလိုက်ပါ။

သင် ကျပ်နှစ်ထောင်ဖြင့် နေ့စဉ်ဘဝ လုံလောက်ပြီဟု ခံစားရပါသလား?
ပြည်ခိုင်ဖြိုးပါတီ အား မဲပေးလိုက်ပါ။

သင့်ထံမရောက်ပဲ သင့်ကိုယ်စား ပိုက်ဆံပတ်ချေးယူတတ်သူကို အလိုရှိပါသလား?
ပြည်ခိုင်ဖြိုးပါတီကိုသာ မဲပေးလိုက်ပါ။

သင်နှင့်တကွ ပြည်သူအားလုံးအတွက် စောက်သုံးမကျတဲ့ စစ်တပ်ကို ပိုင်ဆိုင်လိုပါသလား?
ပြည်ခိုင်ဖြိုးပါတီကိုသာ ရဲရဲကြီး မဲပေးလိုက်ပါ။

ရောဂါဖြစ်လျှင် နိုင်ငံရပ်ခြားသို့သွားရောက်ကုသလိုပါသလား?
ပြည်ခိုင်ဖြိုးပါတီကြီးကိုသာ မဲပေးလိုက်ပါ။

ကမာ္ဘပေါ်မှာ အညံ့အဖျင်းဆုံး ခေတ်နှောင်းသင်ရိုးများကို အလွတ်ကျက်မှတ်ပညာရေးစနစ်ကြီးဖြင့် အနာဂါတ်မျိုးဆက်အား ဝံ့ဝံ့ထည်ထည် ပညာသင်ကြားစေလိုပါသလား?
ပြည်ခိုင်ဖြိုးပါတီကြီးကိုသာ မဲပေးလိုက်ပါ။

သင် အလိမ်ခံလိုပါသလား?
လူမှုရေးအသင်းကြီးကနေ ချက်ခြင်း ပါတီအဖြစ် ပြောင်းသွားခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီကြီးကို မဲသာပေးလိုက်ပါ။

မိဘပြည်သူများ ခင်ဗျား … အစချီကာ ပြောချင်ရာပြော။ ပြီးရင် လုပ်ချင်ရာလုပ်တဲ့ တစ်လတစ်ခါ လာတဲ့ အသံကို မေ့မရအောင် သင်စွဲလမ်းနေပါသလား?
ပြည်ခိုင်ဖြိုးပါတီကိုသာ မဲပေးလိုက်ပါ။

မြစ်ဆုုံ၊ လက်ပတောင်းတောင်၊ သစ်တောများ နှင့် အခြားသယံဇာတများ ကဲ့သို့ သင်နှင့်တကွ နိုင်ငံသားအားလုံးပိုင်သော အရာများအား လူမသိ သူမသိ ရောင်းစားသည့် အမှုများကြားဝယ် အရည်မရ အဖတ်မရ တကောက်ကောက် လိုက်လံစုံစမ်းရသော စုံထောက်ခြင်းအမှုကို နှစ်သက်ပါသလား?
ပြည်ခိုင်ဖြိုးပါတီကြီးကိုသာ မဲပေးလိုက်ပါ။

အနာဂါတ်မှာ အရက်ဆိုင်ဘီယာဆိုင် လုပ်ငန်း အရှိန်အဟုန်မြှင့်တင်လိုပါသလား?
ပြည်ခိုင်ဖြိုးပါတီကြီးကိုသာ မဲပေးလိုက်ပါ။

နယ်လှည့်ပါးရိုက်ခြင်း၊ ပုဆိုးလှန်ပြခြင်းအမှုများကို သင် ဖီးလ်လာပါသလား?
ပြည်ခိုင်ဖြိုးပါတီကြီးကို သာ မဲပေးလိုက်ပါ။

သင်ဟာ မြန်မာပြည် မှာ ရှိသမျှ တိုင်းရင်းသားအားလုံးနဲ့ အမြဲတမ်းသွေးကွဲပြီး အချင်းချင်း တဂျိန်းဂျိန်းချနေချင်ပါသလား?
ပြည်ခိုင်ဖြိုးပါတီကြီးကိုသာ မဲပေးလိုက်ပါ။

ဆီးသီဗန်းများ ခဏခဏမှောက်ချင်ပါသလား?
ပြည်ခိုင်ဖြိုးပါတီကို မဲပေးလိုက်ပါ။

ခေါင်းလောင်းအကြောင်းပြပြီး တပြည်လုံးအလိမ်ခံရတဲ့ အရသာကို သင်နှစ်သက်ပါသလား?
ပြည်ခိုင်ဖြိုးပါတီကြီးကို မဲပေးလိုက်ပါ။

သုံးသိန်းအထိ လာဘ်စားချင်ပါသလား?
ပြည်ခိုင်ဖြိုးပါတီကိုသာ မဲပေးလိုက်ပါ။

ငါးလောင်းပြိုင်လူသတ်မှုကို လုံးဝ မေ့ပစ်လိုက်ချင်ပါသလား?
ပြည်ခိုင်ဖြိုးပါတီကြီးကို မဲပေးလိုက်ပါ။

ရွှေမြန်မာ လို့ အားရပါးရကြွေးကြော်ပြီး ပြည်ပကို အိမ်ဖော်တွေတင်ပို့ရတဲ့အလုပ်ကို ပီတိဖြစ်နေပါသလား?
ပြည်ခိုင်ဖြိုးပါတီကို မဲပေးလိုက်ပါ။

ပြည်ပမှာ သင်အခက်အခဲကြုံတဲ့အချိန် သံရုံးနဲ့ သင် လားလားမှမဆိုင်သကဲ့သို့ တစိမ်းဆန်ဆန်နေချင်ပါသလား?
ပြည်ခိုင်ဖြိုးကို မဲပေးလိုက်ပါ။

သင်နှင့်တကွ ပြည်သူတစ်ရပ်လုံး ဒုက္ခရောက်ချိန်မှာ ပြည်ပနိုင်ငံတကာက ဝင်လာမယ့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို တားဆီးပိတ်ပင်စေချင်ပါသလား?
ပြည်ခိုင်ဖြိုးပါတီကြီးကို သာ မဲပေးလိုက်ပါ။

ဒေါ်ခင်ဝင်းလို ပစ်သတ်ခံချင်ပါသလား?
ကိုပါကြီးလို ပစ်သတ်ခံချင်ပါသလား?
ကျောင်းသားတွေလို အရိုက်ခံပြီး ထောင်ချခံရချင်ပါသလား?
တိရစာ္ဆန်ပုံစံ ရိုက်နှိပ်ထားတဲ့ ငွေကြေးများကို တန်ဖိုးထားသုံးစွဲလိုပါသလား?

အို …. ဘယ်လို အဆိုးမျိုးပဲ ကြုံချင် ကြုံချင် …

သင့်အတွက် ပြည်ခိုင်ဖြိုး က အသင့်ရှိနေပါတယ်။

“ဘာပဲလိုလို … ပြည်ခိုင်ဖြိုးမှာရှိတယ်”

လော်ဘီ အောင်ကြီး

 

About Travis Zaw

Travis Zaw has written 11 post in this Website..