Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


Travis ZawMay 6, 20151min125020
“စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ အတုကြီးကို ပြတ်ပြတ်သားသား ဆန့်ကျင်ပါ” (ဆောင်းပါး) ============================================================ “လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတ သန့်ရှင်းအောင် ဝိုင်းဝန်း စောင့်ကြပ်ပါ။ မိမိ အသည်းကြားက မဲတပြားကို ခွေးစား မခံရအောင် ဂရုပြုပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ပြည်သူကို ရင်ဝယ်သားလို အုပ်ချုပ်မဲ့ မိဘနဲ့တူသော အစိုးရတရပ် ပေါ်ထွန်းအောင်….” ကမာ္ဘပေါ်မှာ ပေါ်ထွန်းခဲ့သမျှ နိုင်ငံရေးစနစ်တွေထဲမှာ လူများစုရဲ့ ဆန္ဒကို အထင်ဟပ်နိုင်ဆုံးစနစ်ဟာ ဒီမိုကရေစီစနစ်ပါလို့ ပြောမယ်ဆိုရင် ငြင်းဆန်မဲ့ လူများများစားစား ရှိမယ် မထင်ဘူး။ လူ့ဂုဏ်သိက္ခာကို မြတ်နိုးတယ်။ လူဖြစ်တန်ဖိုးကို အလေးထားတယ်။ လူကို လူလို မြင်တဲ့စနစ်မို့ အခြေခံလူ့အခွင့်အရေးတင်မက နိုင်ငံသားအခွင့်အရေးကိုလည်း အသိအမှတ်ပြုတယ်။ လူများစုသဘောထားနဲ့ အုပ်ချုပ်တယ်ဆိုပေမဲ့ လူနည်းစုဆန္ဒကို လည်း မထေမဲ့မြင် […]


Travis ZawApril 30, 20151min60511
https://www.facebook.com/AungGyeee/posts/355715534624531   သင် ကြက်ဆူပင် စိုက်လိုပါသလား? ပြည်ခိုင်ဖြိုးပါတီကိုသာ မဲပေးလိုက်ပါ။ သင် အဓိကရုဏ်းများနှင့် ကျီးလန့်စာစား ရှင်သန်လိုပါသလား? နေမျိုးဝေ ဦးဆောင်သော ပါတီကို မဲပေးလိုက်ပါ။ (သို့မဟုတ်) ဦးဝီရသူ တရားပွဲများကို လွတ်လပ်စွာကျင်းပခွင့်ပေးထားသော ပြည်ခိုင်ဖြိုးပါတီအား မဲပေးလိုက်ပါ။ သင် မည်သူ့ကို အဖေခေါ်ရမှန်းမသိပဲ ဖြစ်ချင်ပါသလား? ပီအာဖော်ဆောင်သော ဒေါ်ခင်ဝိုင်းကြည် တို့ အဖွဲ့ရှိနေသည့် ခမောက်သူခိုးပါတီအား မဲပေးလိုက်ပါ။ (သို့မဟုတ်) ဒေါ်ခင်ဝိုင်းကြည် တို့ နှင့် ထူးမခြားနားသည့် ပြည်ခိုင်ဖြိုးပါတီအား မဲပေးလိုက်ပါ။ ခြင်းတောင်းကိုကျောမှာပိုး ဆင်ကြယ်ဖိနပ်စီးပြီး သေနတ်အစုတ်ကိုင်ကာ လစာ တစ်သိန်းဝန်းကျင်ဖြင့် အသေခံစစ်တိုက်လိုပါသလား? တပ်မတော်သားများအား စစ်ရေးစွမ်းရည်ပြည့်ဝအောင် လွှတ်တော်အတွင်း ၂၅% ထည့်ကာ လေ့ကျင့်ပေးနေသည့် ပြည်ခိုင်ဖြိုးပါတီအား မဲပေးလိုက်ပါ။ သင် ကျပ်နှစ်ထောင်ဖြင့် နေ့စဉ်ဘဝ […]


Travis ZawApril 25, 20151min9059
https://www.facebook.com/thurein.hlaingwin/posts/518209994984286   မနေ့က ကိုးကန့်မှာ တပ်ကအလူးအလဲခံရတာတွေမြင်ရတော့ တော်တော်ဒေါသထွက်တယ်။ လိုင်းပေါ်က စစ်တပ်ထောက်ခံတဲ့သူတွေက ရေလိုက်ငါးလိုက်လွဲနေတယ်။ သူပုန်ကိုဖိဆဲတယ်၊ စစ်တပ်မထောက်ခံတဲ့သူတွေကိုဖိဆဲတယ်။ သူတို့ကိုဆဲလို့ ဘာမှဖြစ်မလာဘူး။ တကယ်ဆဲရမယ့်သူတွေကိုတော့ ဆဲဖို့၊ ဖိအားပေးဖို့ ကျန်နေတယ်။ စစ်တပ်က ဘက်ဂျက်ဝေစုကို တောက်လျောက် အများဆုံးသုံးခဲ့တာ။ ပညာရေး ကျန်းမာရေး အသုံးစရိတ်နှစ်ခုပေါင်းလို့မှ တစ် ရာခိုင်နှုန်းလောက်မရှိတဲ့အချိန်မှာ တပ်ကဘက်ဂျက်ကို တစ်ဝက်နီးပါးလောက်ထိသုံးခဲ့တာတွေတောင်ရှိတယ်။ အဲလောက်သောက်သောက်လဲသုံးထားတာ အခုသောက်သောက်လဲခံရဖို့လား။ ဆဲခြင်းဆဲရင် ခင်ဗျားတို့အပွင့်ကြီးတွေအခက်ကြီးတွေကို လှိမ့်ဆဲရမှာ။။ ဘက်ဂျက်ကိုအသေယူထားတာက အောက်ခြေစစ်သားတွေအတွက်မှမဟုတ်တာပဲ။ တပ်မတော်မှာ ပစ္စလက္ခတ်အလုပ်အခံရဆုံးကလူပဲ။ စစ်သာတိုက်ခိုင်းချင်တာ ဘာများထောက်ပံ့မှုတွေလုပ်ပေးနေလို့လဲ။ ကျွန်တော့်အမျိုးတစ်ယောက်တော့ ရှေ့တန်းထွက်ရတော့မယ်ဆိုရင် မင်္ဂလာဒုံဈေးကနေ စစ်ပစ္စည်းတွေကိုယ့်အိတ်ကိုယ်စိုက် သွားသွားဝယ်ရတယ်။ တပ်အပြောင်းအရွှေ့အော်ဒါထွက်ရင် ကိုယ့်စားရိတ်နဲ့ကိုယ် အပြောင်းအရွှေ့လုပ်ရတယ်။ ဒါကအသေးအမွှားလေးတွေပဲရှိသေးတယ်။ အမြဲတမ်းလိုလိုလေ တပ်မတော်ကြီးက ဒါလုပ်ဒါလုပ်ဆိုပြီး အမိန့်သာရောက်လာတာ တော်တော်များများက အိတ်စိုက်ပဲ။ စစ်သားယောက်ျားကိုယူလိုက်မိရင် […]


Travis ZawApril 24, 20152min112425
daily eleven သတင်းစာကိုပေးပို့မယ့် ကျွန်တော့်ကိုယ်တွေ့လုပ်ငန်းလေးအကြောင်းပါ…   ဆရာဝန်အလုပ်ကိုဝါသနာပါလွန်းလို့ကိုလုပ်ခဲ့သူပီပီ ကျွန်တော့်အတွက် လူနာတွေကိုကြည့်နေရရင် မမောနိုင်ခဲ့ ပါဘူး။ နောက်မှာ ဘယ်လောက်ပဲလူနာများနေပါစေ လက်ရှိကြည့်နေတဲ့ လူနာတစ်ယောက်ကို မှာစရာရှိတာ မှာတတ်တာကျွန်တော့်အကျင့်ပါဘဲ။ မြန်မာနိုင်ငံရဲ့ အခြားခြားသော ဆေးရုံဆေးခန်းတွေနှင့်တူညီစွာ ကျွန်တော့်လူနာတွေထဲမှာ သွေးပေါင်တက်တဲ့ လူနာတွေကလည်း အတော့်ကိုများလှပါတယ်။ အခြားဆရာဝန်တွေက လူနာတွေကိုဘယ်လိုမှာတယ်မသိပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်သွေးပေါင် တက်တဲ့လူနာတွေကို ဆောင်ရန်ရှောင်ရန်မှာတဲ့အခါမှာ ကံ စိတ် ဥတု အာဟာရ လေးခုကိုမူတည်ပြီးမှာတတ် ပါတယ်။ အလုပ်ပြင်းပြင်းထန်ထန်မလုပ်ဖို့ စိတ်ခံစားချက်တွေကိုထိန်းသိမ်းဖို့ ပူပြင်းလှတဲ့ရာသီဥတုမှာ နေတတ်ဖို့ အဆီအစိမ့်အငန်စတဲ့တက်စာတွေကိုရှောင်ဖို့မှာခဲ့ပါတော့တယ်။ အစားအစာတွေကို ထပ်ပြီးအာရုံစိုက်မှာမိတာဆိုရင် မတည့်တဲ့အစားအစာတွေက ဝက်သား အမဲသား ဘဲသား ငါးသလောက် ငါးဖယ် ပုဇွန် အုန်းနို့ ထောပတ် ဆေးလိပ် အရက် ကွမ်း ကြက်ဟင်းခါးသီး […]


Travis ZawApril 23, 20151min3885
https://www.facebook.com/notes/10153242147608276/?pnref=story တောကျတယ်ဆိုဆို ခေတ်မမီဘူးပြောပြော ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ မြန်မာပြည်မှာ အသံဆူဆူတွေကို အသုံးပြုကြ၊ သဘောကျကြပါတယ်။ မိုးမလင်းမီကတည်းက ဖွင့်လိုက်ကြရတဲ့ ကုသိုလ်ရေးနှိုးဆော်သံကနေ ဘတ်စ်ကားသံ၊ လုပ်ငန်းခွင်သံ စသဖြင့် အသံမျိုးစုံဟာ ဒီနေ့ခေတ်မှာတော့ ဆူညံသံတွေ ဖြစ်လာခဲ့ပါပြီ။ ဆူညံသံတွေကို နာရီကနေ ရက်၊ ရက်ကနေ လအထိ ဆက်တိုက် ကြားရတဲ့အခါ ဒေါသဖြစ်တာတွေ၊ စိတ်မထိန်းနိုင်တော့ဘဲ တုံ့ပြန်မိတာတွေ၊ အရေးယူအပြစ်ပေးရတာတွေ ဖြစ်လာပါတယ်။ မြန်မာတွေဝန်းကျင်က ဆူညံသံတွေ ညံလွန်းနေပြီလားဆိုတဲ့ ခေါင်းစဉ်နဲ့ DVB ဒီဘိတ်ကို မျိုးမျိုးက တင်ဆက်ခဲ့ပါတယ်။ ဦးဆောင်ဆွေးနွေးသူတွေအဖြစ် စာရေးဆရာ အတ္တကျော်၊ စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာစိုးမင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်လေးတင်နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဒေါက်တာအေးမင်းတို့က ပါဝင်ကြပါတယ်။ . […]


Travis ZawApril 18, 20151min5085
https://www.facebook.com/tin.nyunt.338?fref=ts ပလေတိုပြောသွားဖူးတဲ့ စကားတစ်ခွန်းကို ပြန်ပြီးတော့ ကိုးကားချင်ပါတယ်။ “ကလေးသည် မသင်ယူချင်လျှင် သင်ကြား၍မရ” ဆိုတဲ့ စကားပါ။ ခု ဆရာတို့ ဆရာမတို့ သင်ကြားနေတဲ့ ကလေးတွေဟာ တကယ်သင်ယူချင်လို့ သင်နေကြတာလား၊ မိဘတွေက အတင်းလာပို့ထားလို့ သင်ကြားပေး နေကြရတာလား။ ပြန်စဉ်းစား ဖူးပါသလား။ ကျောင်းဆိုတာ လေးဘက်နံရံကာထားပြီး၊ ကျောင်းတက်လျှင် ဝင်းဝတံခါးကိုပါ ပိတ်ထားကာ ပတ်ဝန်းကျင်နဲ့ အဆက်ဖြတ်လိုက်သော နေရာကို ကျောင်း လို့ ထင်ထားစဲဆိုရင်တော့ ကျွန်တော်တို့ ခေတ်ကို မမြင်တော့ဘူးလို့ ဆိုရမယ်ထင်တယ်။ ဆိုဗီယက်ရုရှားခေတ်က သတင်းကားတိုလေးတစ်ခုကိုကြည့်ဖူးတယ်။ ပါမောက္ခကြီးတစ်ယောက်က မူလတန်း ကလေးတွေကို စာသင်တာ။ ကလေးတွေကို သစ်တောထဲခေါ်သွားတယ်။ စမ်းချောင်းလေးတွေကို ဖြတ်ကြ တယ်။ ပန်းလေးတွေ ခူးကြတယ်။ ခူးလာတဲ့ ပန်းလေးတွေကို အမည်ရွတ်စေတယ်။ စာလုံးပေါင်း […]


Travis ZawApril 9, 20156min4968
https://www.facebook.com/kothet.win.5/posts/767056366742114 ကားနဲ့အပျော်ခရီးထွက်မယ့်သူများအတွက်-အထူးမှာကြားချက်– အထူးသဖြင့်-ဧရာဝတီတိုင်း–မှာ-ရှိတဲ့-ချောင်းသာ-ငွေဆောင်-ဆိုတဲ့ပင်လယ်ကမ်းခြေများသို့လူတော်တော်များများက-ကားအမျိုးမျိုးနဲ့ သွားကြပါလိမ့်မယ် Skill—ရှိပြီးသားရော–Beginner—များရော—-ပါကြပါလိမ့်မယ်– . ရန်ကုန်နဲ့ပုသိမ်အကွာအဝေးကတော့-ဘုရင့်နောင်တံတားက-တိုင်းလိုက်ရင်-ပုသိမ်မြို့ဝင်အထိ-၁၁၃-မိုင်-ရှိပါတယ်– ပုသိမ်တစ်ဖက်ကမ်းကဆက်သွားလိုုက်ရင်-ငွေဆောင်ကို-၃၇-မိုင်ဆက်သွားရပါလိမ့်မယ်– ချောင်းသာကိုဆိုရင်တော့-မိုင်-၃၀-ကျော်ကျော်ပါပဲ– ဘာပဲဖြစ်ဖြစ်-ဒီခရီး-၂-ခုစလုံးကို-မိုင်-၁၄၀–ပဲထားလိုက်ပါတော့— . ဒါကြောင့်မို့-မိတ်ဆွေတို့ရဲ့–ကားဟာ-ဒီဇယ်ဖြစ်ဖြစ်-ဓါတ်ဆီဖြစ်ဖြစ်—ရန်ကုန်ကမထွက်ခင်-တိုင်ကီအပြည့်ဆီထည့်သွားပါ– မထည့်ဖြစ်ရင်လည်း-လမ်းမှာဆီဆိုင်တွေအများကြီးပါပဲ— ရန်ကုန်-ပုသိမ်လမ်းရဲ့-ထူးခြားချက်ကတော့—လမ်းခရီးကွာဝေးမိုင်-၁၀၀-ကျော်လေးမှာ–ဆီဆိုင်က–မရေမတွက်နိုင်အောင် ရှိနေတာကိုမြင်ရလို့ပါ—၅-မိုင်-မှာ-၁-ဆိုင်လောက်ကိုပျမ်းမျှရှိနေပါတယ်–မယုံရင်-ရေတွက်သွားလိုက်ပါ– ဘယ်လမ်းမှ-ဒီလောက်-ဆီဆိုင်အရေအတွက်များတာမတွေ့ဘူးလို့ပါ– အရေအတွက်နဲ့အရည်အချင်းဆိုတာကို-သိပ်မယုံသေးလို့-ကျွန်တော်ကတော့–ရန်ကုန်ကပဲဆီအပြည့်ထည့်သွားပါတယ်– . -ဈေးကတော့-သယ်ယူခအတွက်–ရန်ကုန်ထက်-10%-ပိုယူပါလိမ့်မယ်– ရန်ကုန်မှာနာမည်ရပြီးသားဖြစ်တဲ့-MAX-/MMTM-/GL-/NEWDAY-/ဆိုတဲ့ဆိုင်မျိုးတော့မဟုတ်ပါဘူး– ဒေသခံဆိုင်နာမည်အမျိုးမျိုးနဲ့မို့–ဆီ-ကွာလတီအတွက်-စိတ်မသန့်ရင်–ဆိုက်ကိုဆိုတဲ့စိတ်မချင့်မရဲ နဲနဲဝင်ရမှာမို့ပါ— . MAX–ဆိုတဲ့-နာမည်ကြီးဆိုင်ကိုတော့-ရှားရှားပါးပါး–တစ်ဆိုင်တော့တွေ့ရပါလိမ့်မယ်— . ဗိုလ်မြတ်ထွန်းတံတားကိုကျော်အပြီး—သင်ဖျူးဖျာ-မျိုးစုံထွက်တဲ့–အပြင်—ကုလသမဂ္ဂ-အတွင်းရေးမှုးချုပ်-ဦးသန့်ထွက်ပေါ်လာခဲ့တဲ့- ပန်းတနော်ဆိုတဲ့—မြို့မှာတော့–MAX–ဆီဆိုင်ရှိပါတယ်—-နာမည်ကိုယုံကြည်ပြီးသာဆိုရင်တော့-အဲ့ဒီမှာထည့်လိုက်ပေါ့– ဘယ်ကားမဆို-ဆီတိုင်ကီအပြည့်ရှိခဲ့ရင်–ရန်ကုန်-မှ-ပုသိမ်ကိုကျိန်းသေရောက်ပါတယ်— မိုင်-၁၀၀-ကျော်ကို-ဘယ်ကားဖြစ်ဖြစ်-ဆီ-၅-ဂါလံထက်ပိုမကုန်လို့ပါ—ပုသိမ်မြို့အဝင်လေယာဉ်ကွင်းမှာ-ရန်ကုန်ကဆီဆိုင်အချို့ရှိပါတယ်–ဒီမှာထည့်လည်းရပါတယ်– ငွေဆောင်မှာဆိုရင်တော့—GL–ဆိုတဲ့ဆိုင်ကျိန်းသေရှိပါတယ်—-ငွေဆောင်အထိအရောက်သွား-အပြန်မှာအပြည့်ဖြည့်လိုက်လည်း ရတာပဲ–အဲ-ဒီလိုလည်းမယုံနဲ့အုံး–ဆီပြတ်နေခဲ့ရင်လည်း-ဘယ်လိုလုပ်မလဲ– လမ်းမှာဆီထည့်ရမယ့်ကိစ္စကို-ခုလို-ဘာလို့-ဇာချဲ့ပြီးပြောနေရတာလဲဆိုရင်–ဘယ်ကားမဆို-ဆီကုန်ရင်-ရပ်သွားမှာပါ– ခု-ခေတ်ပေါ်ကားအားလုံး-ဘာဆီသုံးသုံး–ဆီလုံးဝပြတ်ခဲ့ရင်နာသွားပါတယ်– ဒီဇယ်ဆို-အဆိုးဆုံး–လေခိုတဲ့ကိစ္စ-ဆိုတဲ့အသေးအဖွဲလေးကအစ-တော်တော်-ဒုက္ခရောက်ပါတယ်— ဆီကုန်တဲ့ကိစ္စလောက်နဲ့ကားပျက်တာဆိုပြီး-အချိန်ကုန်လူပမ်းဖြစ်တာမတန်ပါဘူး– ဆီတိုင်ကီထဲမှာ-ဆီတစ်ဝက်ကျော်ကျော်အမြဲရှိနေတဲ့-ကားအင်ဂျင်ဟာသက်တမ်းရှည်ပါတယ်—- အနည်တို့ရေတို့ဆိုတာ–ဆီတိုင်ကီအောက်ဆုံးမှာအမြဲရှိနေပါတယ်—ဆီနည်းနည်းနဲ့မောင်းနေတဲ့ကားအတွက်–ကားကလှုပ်နေတာနဲ့အမျှ- အနည်တု့ိ-ရေတို့က–ဒပ်လဘိုင်လိုက်ပြီးအပေါ်ကိုတက်လာလို့-မသန့်တဲ့ဆီတွေ-ဖေလ်တာထဲကိုအမြန်ဆုံးဝင်ကြပါလိမ့်မယ်— ဖေလ်တာက-မသန့်ပေးနိုင်တဲ့အဆုံး-ဆီပိ်တ်တာ-ဂျီးကပ်တာဖြစ်ကြမှာအသေချာပါ– ——————————————————————– နောက်အရေးတကြီးကိစ္စက-ဘက်ထရီကိစ္စပါ— မိမိကားဘက်ထရီသက်တမ်း-ဘယ်လောက်ကြာနေပြီလဲ-ဆိုတာ-တွက်ဆထားပါ– ပုသိမ်ကပြန်လာရင်–ရန်ကုန်မရောက်ခင်အထိ-ကျိန်းသေမိုးချုပ်ပါမယ်— ဒီရာသီကလည်း-ပူအိုက်နေလို့–ဘယ်ကားမဆို-အဲကွန်းဖွင့်လာမယ်—မီးကြီး-လည်းအသားကုန်ဖွင့်လာမယ်– သက်တမ်းရင့်ဘက်ထရီအတွက်–စိုးရိမ်ရပါတယ်—လမ်းခွတ်လပ်မှာ-မတော်တစ်ဆ-ကျန်းမာရေးအတွက်-ရှုးရှုးအတွက်– ကားစက်သပ်ပြီးသကာလ-ပြန်နှိုးခဲ့ရင်ဘက်ထရီဝပ်သွားတတ်ပါတယ်— ဒါကြောင့်ဆီကုန်မှာကိုမကြောက်နဲ့-စက်မရပ်မိစေနဲ့–စက်မသတ်နဲ့— ခုကားအားလုံးနီးပါးက–အော်တိုဂီယာဆိုတော့-တွန်းနှိုးလို့မရနိုင်ဘူးပေါ့— ဒါကြောင့်–ဘက်ထရီ-ကိစ္စအတွက်-ထောက်ကြိုး-ဘက်ထရီ-နီ/နက်—ကလစ်ကြိုးတစ်စုံကောင်းကောင်းဆောင်သွားသင့်ပါတယ်- အရေးပေါ်ဘက်ထရီ-Jump Starter–လေးတွေကိုဆောင်သွားရင်တော့ပိုကောင်း— အဓိက-နီ/နက်-ထောက်ကြိုးဆောင်သွားတာတော့အကောင်းဆုံးပါ—ဘဝတူကားများ-လမ်းမှာ-ဥဒဟိုသွားလာနေမှာမို့– လိုအပ်ရင်-လက်တားပြီးအကူအညီတောင်းနိုင်ပါတယ်—-အမျိုးအစားကောင်းကောင်း-ဓါတ်မီးတစ်လက်လည်းဆောင်သွားပါ– တစ်ချို့ဆို-အတွေ့အကြုံတွေရှိအားကြီးလို့–ကားဆွဲဘို့-နိုင်လွန်သို့မဟုတ်-စတီးကြိုးအသေးလေးတွေတောင်ဆောင်ထားကြပါတယ်- ဒါတွေအားလုံးပြောမယုံ-ကြုံဘူးမှသိပါလိ်မ့်မယ်- […]


Travis ZawApril 7, 20151min7539
ခိုးလိုးခုလု (https://www.facebook.com/tin.nyunt.338/posts/796382620446220) ကျွန်တော်က သူ့ကို “ကိုဝေ” လို့ခေါ်လိုက်ရပေမယ့် စိတ်ထဲကတော့ မကောင်းဘူး။ သူ့ရုပ်သွင်က အရင်နဲ့ မတူဘူး။ အရမ်းကို ချုံးကျနေတယ်။ ယခင်ကဆိုရင် အသားအရေကလည်း ဖြူဖြူဝင်းဝင်း၊ မျက်နှာက လည်း ဖောင်းဖောင်း၊ တကယ့်ကို ကြည်ညိုစရာကောင်းတယ်။ ကြည်ညိုရပေမပေါ့ တစ်ချိန်ကဆိုရင် သူက ဒီရွာမှာ ကျောင်းထိုင်ဆရာတော်ကိုး။ ရွာက ဘုန်းတော်ကြီးကျောင်းတွေမှာ သံဃဝေယျဝစ္စလုပ်ကိုင်ဖို့နဲ့ စာသင်ပေးဖို့ဆိုပြီးတော့ ပညာရေးဌာနကနေ ဘုန်းတော်ကြီးကျောင်းသင် မူလတန်းလေးတွေဖွင့်ပေးဖို့ အကူအညီပေးပါဆိုတဲ့ ညွှန်ကြားချက်ရောက်လာ တယ်။ ကျွန်တော်လည်း ရွာလယ်ကျောင်းဆရာတော်ဆီသွားပြီး မူလတန်းလေးတွေဖွင့်ပါ။ ကျွန်တော့်ကျောင်း ကြီးနဲ့တွဲဘက်ထားရမယ်။ ဆရာတော့်ကျောင်းက ကျောင်းသားလေးတွေလည်း စာလည်းတတ်၊ ဆရာတော် အတွက်လည်း အဖော်ရတာပေါ့ဆိုတော့ ဆရာတော်က ကောင်းသားပဲ ဒကာကြီးပဲ ကြည့်စီစဉ်ပေးပါဆိုတာနဲ့ ဘုန်းတော်ကြီးကျောင်း မူလတန်းဖွင့်ရေး ရွာနဲ့ဆွေးနွေးပြီး ဖြစ်အောင်လုပ်ကြရတယ်။ […]


Travis ZawApril 7, 20151min6915
https://www.facebook.com/notes/733942689997506/     ခေတ်အဆက်ဆက် အစိုးရအမျိုးမျိုး လူကြီးအထွေထွေအကြိ်ုက်လိုက်ကာ အရောင်အသွေးပြောင်းနေရသော သုခုမ အနုပညာရှင်တွေ (အများစု) ကို လူတွေက ဝေဖန်ကဲ့ရဲ့ကြသည်ကို မကြာခဏ တွေ့ရသည်။ ကိုယ်ပိုင်ခံယူချက်မရှိသူများ သာကူုးများဟူ၍။ အနုပညာသမားဟူသည်ကား ဘုရင်လက်ထက်၊ အင်္ဂလိပ်လက်ထက် ၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊  á€œá€˝á€á€şá€œá€•်ရ္းရဥပဟဎး (၁၉၄၈-၆၂)၊ ၁၉၆၂ တော်လှန်ရေး ကောင်စီတက်ရာမှသည် အသွင်ပြောင်းလာသော မဆလပါတီ လက်ထက်ကတည်းကစပြီး မင်းပွဲစိုးပွဲလည်းတက်  á€•á€źá€Šá€şá€žá€°á€€á€­á€Żá€œá€Šá€şá€¸á€–á€ťá€ąá€Źá€şá€–á€źá€ąá‹ အစိုးရ၏မူဝါဒကိုဖြန့်ရာတွင် ပါဝင်ရ။   ဟော.. ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကျတော့လည်း ပြည်သူနဲ့အတူ တက်တက်ကြွကြွရော သူများတွေပါ၍မလွှဲမရှောင်သာလို့ရော ပါလိုက်ကြပြန်။   တခါ အာဏာသိမ်းအပြီးကာလ..၁၉၈၉ လှေပြိုင်ကြီးမှအစချီကာ .စစ်အစိုးရက အခြေခိုင်လာသောအခါ နဝတ-နအဖ ကြံ့ဖွံ့ဇာတ်များ သူ့ကျွန်မခံ  á€•ဍပဎမတွ္ အဖေနဲ့သားတွေ ကြယ်တွေလတွေ တိမ်စင်တွေမှာ […]


Travis ZawMarch 31, 20151min5309
  || ပြည်သူ့အသံ || မရေးတော့ဘူးဟု စိတ်ကူးထားသည်။ မရေးမိအောင် တနေ့လုံး ချုပ်တည်း ထားသည်။ အကုသိုလ် များလွန်း၍ဖြစ်သည်။ ကြာတော့ လူလည်း အ…ဆိုးမြင် ဝါဒီ ကြီး ဖြစ်နေပြီ။ ဇီးပင်ကြီး သင်တန်း (ဗဟို ဝန်ထမ်းတက္ကသိုလ်-ဗဝတ) မှာ နိုင်ငံ ဘတ်ဂျတ် စီမံခန့်ခွဲပုံ အကြောင်းနားထောင် ရဘူးသည်။ ရေ ရေရာရာ နားမလည်သော်လည်း အဆုံးမှာ သ ဘောပေါက် လိုက်သည် က လစာဆိုသည်မှာ တိုးပေးချင် တိုးလို့လွယ်သည့် ကိစ္စ မဟုတ်ဟူ၍။ လူတောထဲ တိုးကာစ သ ဘောဖြူအူစင်း ဆိုတော့ ထို lecture နားထောင်ပြီး ဘတ်ဂျတ် စီမံခန့်ခွဲရသည့် တာဝန် ရှိသူတွေကိုပင် အားနာမိဖူးသည်။ သင်တန်းကျောင်းတွင် […]


Travis ZawMarch 27, 20151min5999
(Tim Heinemann သည် အမေရိကန်ကြည်းတပ် အထူးတပ်ဖွဲ့မှ အငြိမ်းစား ဗိုလ်မှူးကြီးတဦး ဖြစ်ပါသည်။ US Army Command and General Staff College တွင် ပညာရှင်ဆိုင်ရာ ဌာနမှူးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ယခုအခါ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး လေ့ကျင့်သင်တန်းပေးသူ တဦးအဖြစ် တာဝန်ထမ်းနေပါသည်။ ၂၀ဝ၃တွင် အီရတ်ရှိ လူနည်းစု တိုင်းရင်းသားများကို အာဏာခွဲဝေရေး သူ၏အယူအဆ မအောင်မြင်ခဲ့ပါ။ သို့သော် များမကြာမီက အီရတ်မြောက်ပိုင်းတွင် ISIS ကို ထိန်းချုပ်ရန် ကာ့ဒ်လူမျိုးများအား ထောက်ပံ့ ကူညီရေး တာဝန်ပေးခြင်း ခံရသည်။)   Asia Times online တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဖော်ပြခဲ့သည့် Tim […]