သူငယ်ချင်းတွေထဲမှာ မျက်ကပ်မှန်တပ်လေ့ရှိသူတွေ ပါမယ်လို့ထင်ပါတယ်နော်

နဂိုပါဝါမျက်မှန် တပ်ရသူတွေက မျက်ကပ်မှန်တပ်လိုက်တဲ့အခါ ပါဝါမျက်မှန်ကြီးတပ်စရာမလိုတော့လို့ ပို နုလာတယ်လို့ထင်တာပဲ(ကွကို ထင်တာပေ့ါနော် )

နဂို ပါဝါမျက်မှန်တပ်စရာမလိုသူတွေတောင် BIG GYE လေးတွေ တပ်ကြတော့ မျက်ဆံကျယ်ကျယ်ပုံစံလေးပေါက်ပြီး ပိုလှစေတယ်လို့ ယုံကြည်လို့ အရောင်စုံလေးတွေ တပ်ကြတာ တွေ့နေရတယ် ။

ကိုယ်တိုင်လည်း မျက်ကပ်မှန် တပ်ဖြစ်နေတော့ မျက်ကပ်မှန် ရဲ့ ဆိုးကျိုးတွေနဲ့ ဂရုစိုက်သင့်တာလေးတွေ လိုက်ရှာဖတ်ဖြစ်တယ် ။ အဲ့ထဲက လိုအပ်မယ် ထင်တာလေးတွေကို သူငယ်ချင်းတွေဖတ်ရအောင် ပြန်လည်ဝေမျှပါတယ်နော်

►ِ►► မျက်ကပ်မှန် တပ်လိုက်ရင် လှပတဲ့မျက်ဝန်းလေးတစ်စုံကို ရရှိတာတော့ မှန်ပေမယ့် မျက်ကြည်လွှာလေးကတော့ သနားစရာပါပဲ ။ မျက်ကြည်လွှာ ဟာ သူလိုအပ်တဲ့ အောက်ဆီဂျင်ကို လေထဲကနေတိုက်ရိုက် ရယူတာဖြစ်လို့ မျက်ကပ်မှန် တပ်ထားတဲ့အခါ လုံလောက်တဲ့အောက်ဆီဂျင် မရရှိပါဘူး ။” ဒါကြောင့် တစ်နေ့ကို ရှစ်နာရီသာ မျက်ကပ်မှန် ကို တပ်ဆင်သင့်ပါတယ် ။ အချိန်ပိုကြာကြာတပ်တဲ့အခါ အစပိုင်းမှာ မသိသာပေမယ့် ကြာလာရင် မျက်ကြည်လွှာ အောက်ဆီဂျင် မလုံလောက်မှုကြောင့် အမြင်ဝေဝါးတာမျိုးတွေ ဖြစ်နိုင်ပြီး ၊ ပိုဆိုးလာရင် အမြင်အာရုံထိခိုက်တဲ့အထိ ဖြစ်နိုင်လို့ ဒီအချက်လေးကိုတော့ အထူး ဂရုပြုကြဖို့လိုပါတယ်နော်” ◄◄◄

►မျက်ကပ်မှန်တပ်ဖို့ လက်နဲ့ မကိုင်ခင် လက်ကို သေသေချာချာ ဆေးရပါမယ် ။ ဆေးတဲ့အခါ ဆပ်ပြာအပြင်းစားတွေ မသုံးသင့်ပါဘူး ။ အမွှေးနံ့အရမ်းများတဲ့ဆပ်ပြာ ၊ အလှဆီ ၊ ရေမွှေးတွေ က လက်ကို ထိတဲ့အခါ လက်အရေပြားပေါ်မှာ အလွှာလေးတစ်ခုအဖြစ် ကျန်ရှိနေတတ်ပြီး မျက်ကပ်မှန်တပ်တဲ့အချိန် မျက်လုံးကို ထိမိရင် မျက်စိ ယားယံတာ အမြင်ဝေဝါးတာတွေ ဖြစ်စေပါတယ် ။

►လက်ကို ခြောက်သွေ့စေတဲ့အခါမှာလည်း ဂွမ်းမျှင် ၊ ချည်မျှင်တွေ ကပ်တတ်တဲ့ ပုဝါ မျိုးနဲ့ မသုတ်မိစေဖို့ ဂရုစိုက်ဖို့လိုပါတယ်။

►ဆံပင်ဖျန်းဆေး ၊ ပုံသွင်းဆေးတွေ သုံးလေ့ရှိတယ်ဆိုရင် မျက်ကပ်မှန် မတပ်ခင် အသုံးပြုဖို့ သင့်ပါတယ်တဲ့ ။ ပြီးတော့ လက်သည်းရှည်နဲ့ မျက်ကပ်မှန်တပ်တဲ့အခါ မျက်ကပ်မှန်ကို အစင်းဖြစ်စေတာမျိုး ၊ မတော်တဆမျက်လုံးကို ထိခိုက်မိစေတာမျိုးဖြစ်တတ်လို့ လက်သည်းညီညီလေးတွေထားတာမျိုးက ပိုသင့်တော်ပါတယ်။

►မျက်နှာမှာ ဘာမှမလိမ်းရသေးတဲ့အချိန် မျက်ကပ်မှန် တပ်သင့်ပါတယ် ။ ချွတ်တဲ့အခါမှာတော့ မိတ်ကပ်တွေ မဖျက်ခင် အရင်ဆုံး မျက်ကပ်မှန် ကို ချွတ်သင့်ပါတယ် ။

► တချို့တချို့သော မျက်စဉ်းတွေ နဲ့ မျက်လုံးအတွက် အသုံးပြုရတာမျိုးလေးတွေက မျက်ကပ်မှန်တပ်ရသူတွေ အနေနဲ့ မသုံးသင့်တာမျိုး အဆင်မပြေတာမျိုးရှိလို့ မျက်စိဆရာဝန် နဲ့သေချာတိုင်ပင်ပြီးမှ ရွေးချယ် သုံးစွဲသင့်ပါတယ် ။ (ဥပမာ Rohto မျက်စဉ်းတွေဆိုရင် မျက်ကပ်မှန် တပ်ထားတဲ့အချိန် မခတ်ရဘူးလို့ သူ့အညွွှှန်းမှာလည်း ပါ ပါတယ် ။ သူက ပူရှိန်းလေး ဖြစ်သွားပြီးမှ အေးတာဆိုတော့ မျက်ကပ်မှန် တပ်ထားရင် ခတ်လို့အဆင်မပြေလို့ မျက်စဉ်းဘူးတွေဆို အညွှန်းလေးတွေလည်း သေချာဖတ်ပြီးမှ သုံးသင့်ပါတယ်)

►မျက်ကပ်မှန်ကိုဆေးကြောမယ်ဆိုရင် (လက်သေချာဆေးထားပြီးသား) လက်ဖဝါးတစ်ဖက် ထဲ ဆေးရည်ထည့်ပြီး မျက်ကပ်မှန်ကို လက်ညှိုး နဲ့ ခပ်ဖွဖွ ဆေးကြောသင့်ပါတယ်။

► မျက်ကပ်မှန်ထည့်တဲ့ ဗူး ကို အသုံးပြုပြီးတဲ့အခါတိုင်း ဆေးရည် (သို့) ရေခပ်နွေးနွေးလေးနဲ့ ဆေးကြောပေးသင့်ပါတယ် ။
ပြီးတော့ မျက်ကပ်မှန် ဗူး လေးတွေကို သုံးလတစ်ခါ လဲလှယ်သင့်ပြီး ၊ မျက်ကပ်မှန် တွေကိုတော့ ခြောက်လ အသုံးပြုပြီးရင် လဲလှယ်သင့်ပါပြီနော်

ချစ်သူငယ်ချင်းတွေ မျက်ကပ်မှန်တပ်ပြီး လှပတဲ့မျက်ဝန်းလေးတွေ နဲ့အတူ နှလုံးသားလှလှလေးတွေပါပိုင်ဆိုင်နိုင်ပါစေနော်
4-Woman_with_Contact_Lens_page4

Ref: http://www.webmd.com/eye-health/caring-contact-lens

About ရွှေမိုးတိမ်

shwe yee has written 18 post in this Website..

Dear all , nice to see you :) I am from Mandalay and I love to read , write and share my feeling with friends.