လောဘကင်းတဲ့ စိတ်ကလေးဖြစ်ပါစေသား

ခွင့်ရက်လေးမပြန်ခင် တနင်္ဂနွေတစ်ရက်သူငယ်ချင်းမင်္ဂလာဆောင်သွားဖို့ ကားဂိတ်မှာကားစောင့်နေတုန်း ကာရံရဲ့နံဘေးမှာအသက်၆၅ဝန်းကျင်အဖွားအိုနှစ်ယောက်ကားဌားနေတာကိုအမှတ်မထင်တွေ့မြင်မိပါတယ် . . . .

အဖွားအိုတို့က သင်္ကန်းကျွန်းစံပြဈေးသွားမလို့အဌားကားတားစီးနေကြပါတယ် အချိန်ကတော့ ၉နာရီဝန်းကျင်မို့ လူလည်းအနည်းငယ်ရှင်းချိန်ပေါ့ အတော်လေးကြာတော့အဌားကားတစ်စီးရောက်လာပါတယ်

့. အမေတို့ စံပြဈေးသွားချင်လို့ပါ
. ကားသမားက ၂၅၀၀ပေးရမယ်
. အဲဒါနဲ့အဖွားတစ်ယောက်က ၁၅၀၀ထားလိုက်ပါသားရယ်
. ကားသမားကလည်း မရဘူးဗျကားတွေကအရမ်းပိတ်တယ်ပြောပြီး မောင်းထွက်သွားပါတယ်

နောက်တားလဲထို့အတူပြောပြီးပြီးထွက်သွားကြပါတယ်
ကာရံလည်းအမြင်မတော်တာနဲ့ ကားဌားပေးဖို့ဆုံးဖြတ်ပြီးအဖွားအိုဆီသို့သွားမေးလိုက်ပါတယ်

အမေတို့က စံပြဈေးသွားမလို့ပါ ကားသမားတွေကမလိုက်ကြဘူးလေ အမေတို့မှာလည်းပိုက်ဆံကအလုံအလောက်မပါလာဘူး ကာရံကလည်း ဟုတ်ကဲ့သားကူညီပေးပါ့မယ်ဆိုပြီးကားဌားပါတော့တယ် ခက်တာကရန်ကုန်မရောက်တာလဲကြာတော့နည်းနည်းအခက်တွေ့ပါတော့တယ်

ပထမကားတစ်စီးရောက်လာပါတယ် ကာရံကလည်း အစ်ကိုစံပြဈေးသွားမလို့ အဖွားအိုနှစ်ယောက်ထဲပါ ဘယ်လောက်ပေးရမလဲ ၂၅၀၀တောင်းပါတယ် ဒါနဲ့ကာရံကလည်း အစ်ကိုရယ် ၁ဈေးနဲ့စံပြဈေးကနီးနီးလေးပါ နောက်ပြီးပိတ်ရက် လမ်းလည်းရှင်းပါတယ်၁၅၀၀ထားလိုက်ပါလို့ပြောရင်း ကားသမားက မရဘူးလမ်းတွေပိတ်နေတယ်ပြောပြီးမောင်းထွက်သွားပါတော့တယ်

အတော်လေးကြာတော့နောက်တစ်စီးကိုလက်တားရင်း မေးပြန်ပါတယ် အစ်ကိုဘယ်သွားမလို့လဲ ကျွန်တော်စံပြဈေးသွားချင်လို့ပါ ၂၅၀၀ပေးရမယ်ဗျ ဒါနဲ့ ကာရံလည်းအဖွားအိုတို့နောက်ကျမှာစိုးတာနဲ့ ၂၀၀၀ထားလိုက်ပါလား အဖွားအိုနှစ်ယောက်ထဲပါ ကျွန်တော်က ကုသိုလ်ယူတာပါလို့ပြောပြီးအကူအညီတောင်းလိုက်ပါတယ် သူလည်းခဏစဉ်းစားပြီး အတော်လေးကြာတော့ ဟုတ်ကဲ့ရပါတယ်ဆိုပြီး အဆင်ပြေသွားပါတယ် ကာရံလည်းကျသင့်ငွေရှင်းပေးပြီး
အဖွားကျွန်တော်ကားခရှင်းပေးလိုက်ပြီနော် အဖွားတို့အတော်လေးပျော်သွားပါတယ် နောက်ပြီးသာဓု သုံးကြိမ်ခေါ်ရင်းထွက်ခွာသွားပါတော့တယ်

ကာရံလည်း ဘဝတစ်ပါးသို့ကူးပြောင်းသွားတဲ့ အဖွားကိုမြင်မိရင်း ဖွာဖွားမြေးကောင်းမှု အမျှပေးဝေပါတယ်လို့ စိတ်ထဲဆုတောင်းနေမိပါတော့တယ်

ကာရံလည်းအဖွားတို့ပျော်နေတာလေးစိတ်ထဲကြည်နူးရင်း သူငယ်ချင်းမင်္ဂဆောင်သွားဖို့ကားစောင့်နေမိပါတယ်

လောကမှာငွေကအရေးကြီးတာမှန်ပေမယ့် သူ့နေရာနှင့်သူ အသုံးချတက်ရင် လောဘဆိုတာ ကင်းဝေးမှာပါ မလိုအပ်ပဲလောဘမကြီးပါနဲ့လား လှူ မှကုသိုလ်ယူတက်ထာထက် အသက်ကြီးရွယ်အိုတွေကိုတက်နိုင်သလောက်လူတက်ရင်လေ ငွေထက်ပိုတဲ့ စိတ်ချမ်းသာမှုတွေ ပိုင်ဆိုင်နိုင်ပါစေသား

ကာရံ ၂၃့ ၅့ ၂၀၁၄

About ကာရံ

ကာ ရံ has written 191 post in this Website..