ရန်ကုန် က ဟော့ပေါ့နဲ့ ဘာဘီကျူ း

SawAungAugust 5, 20151min89613

အခုတလော ရန်ကုန် ဟော့ပေါ့ဆိုင်တွေနဲ့  အဝစား အသားကင်နဲ့ ဟော့ပေါ့ဆိုင်တွေ

ခေတ်စားလာပါတယ်။ ရေဘေးကြောင့်လည်း စာတွေက ရေးမထွက်ပါဘူး။ သို့ပေမယ့်

မရေးရရင်မနေနိုင်တာကလွဲလို့ အသားကင်နဲ့ ဟော့ပေါ့ဆိုင်တွေအကြောင်း ရေးဖို့စိတ်ကူး

လေးပေါ်လာတာနဲ့ ရေဘေးအတွက်လည်း ကိုယ်တတ်နိုင်သလောက်လေး လှူ  ရေးချင်တာ

လေးလည် ရွာထဲမှာရေးဖို့ ရွာထဲကို ခြေလှမ်းခဲ့ရပြန်ပါတော့တယ်။

အိမ်မှာလည်း စားဖို့ဝယ်ထားတဲ့ ဆန်လေးလည်း ကုန်ခါနီးပါပြီ။ ရုံးကနေ အမေ့ကို

ဆန်တစ်အိတ်လောက် စုစပ်ပြီး ဝယ်ထားပါဦးအမေရယ်။ သား ပိုက်ဆံရရင် ထပ်ပေးပါ့

မယ်ဆိုပြီး ကိုယ့်မိသားစုအတွက်လည်း အမေ့ကို ဆန်ဝယ်ထားခိုင်း။ ရန်ကုန်က စားခဲ့သမှ ျ

ဟော့ပေါ့ဆိုင်အကြောင်းလေးတွေ စာစီကာ ရေးမိပြန်ပါတော့တယ်။

 

Thai Pot

ရန်ကုန်မှာတော့ နာမည်ကြီးတဲ့ အဝစား ဘူဖေး အသားကင် နဲ့ ဟော့ပေါ့ ဆိုင်ပါ။

အင်းစိန်လမ်းမပေါ် သံလမ်းမှတ်တိုင်းအနီးမှာတစ်ဆိုင် ၊ ရန်ကင်း ဘောက်ထော်

အဝိုင်းလေးမှတ်တိုင်အနီးမှာ တစ်ဆိုင် ရှိပါတယ်။

သူနာမည်ရလာတာကတော့ ဈေးသက်သာမှုနဲ့ ဝန်ဆောင်မှုကြောင့်လို့ထင်ပါတယ်။

အဝစားတစ်ယောက်ကို ၆၈၀ဝကျပ်ပါ။ ၁၂ နှစ်အောက် ကလေးတစ်ယောက်ကို ၃၈၀ဝကျပ်

ပါ။

– Hop Pot အိုးကတော့ အကင်စင်က အလယ်မှာဖြစ်ပြီး ဘေးပတ်လည်ကတော့ အရည်သောက်ဖြစ်ပါတယ်။

– အဆင်သင့်အစားအသောက်တွေကတော့

– ထမင်းကြော် ၊ ကြာဇံကြော် ၊ ခေါက်ဆွဲကြော် ၊ ကြက်ကြွပ်ကြော် ၊ အစိမ်းကြော် တို့

ပါပါတယ်။

အသားတွေကတော့

– အမဲသား ၊ ကြက်သား ၊ ဝက်သား ၊ ဝက်နားရွက် ၊ ဝက်အသည်း ၊ ကြက်ဥ ၊ ဘဲဥ ၊

ငါးကြင်း ၊ ဂဏန်း(အသေး) ၊ ပုစွန် ၊ ငါးခြစ် တို့ပါပါတယ်။

အရွက်တွေ အနေနဲ့

– မုန်ညင်း ၊ ကန်စွန်းရွက် ၊ ဆလပ် ၊ ပြောင်းဖူး ၊ မှိုအကြီး ၊ ကြာစွယ် ၊ ပိန်းဥ ၊ မုန်လာပင်ပေါက်

– ယိုးဒယား အသားကင်တွေအစုံပါပါတယ်။

အချို ပွဲ

– ရေခဲမုန့် ၊ အအေး

အရသာကတော့ ဟော့ပေါ့အရည်နဲ့ အကင်ကတော့ အသင့်အတင့်ပါပဲ အကင်ကတော့

အချဉ်ရည်ကောင်းတော့ စားလို့ကောင်းပါတယ်။

 

ရွှေလား Hot Pot

 

ပထမဆုံးဖွင့်ခဲ့တဲ့ဆိုင်က ရောက်လမ်းမှာပါ။ သူကတော့ ဟော့ပေါ့သာပါပြီး ဘူဖေးစနစ်

မဟုတ်ပါဘူး။ အရည်ကိုတော့ အချိုကော အစပ်ကော ကြိုက်သလောက် ယူလို့ရပြီး။

ထည့်မယ့်အဆာတွေကိုတော့ Set Menu အလိုက်ထည့်စားရတာပါ။ တစ် Set ကို

7000 အနည်းဆုံးကနေ 18000 လောက်ထိရှိပါတယ်။ အသားနည်းပါတယ်

အရည်ရဲ့ အရသာကတော့ ပြောစရာမရှိပါဘူး တော်တော်ကောင်းပါတယ်။ ခုနောက်ပိုင်း

နာမည်ကြီးလာတဲ့ ဆိုင်ပါ။ Center တော်တော်များများမှာလည်း နေရာယူလာပါပြီ။

တစ်သောင်းဝန်ကျင်းလောက်မှာ သူ့ရဲ့  တစ်set စာလောက်ကို ဝတယ်ဆိုရင်

ကောင်းပါတယ်။ အဝစားမယ်ဆိုရင်တော့ ဘတ်ဂျက်နဲ့ မကိုက်ပါဘူး။

 

Apple Hot Pot

ကြည့်မြင့်တိုင်မှာ ရှိတဲ့ဆိုင်လေးပါ။ ကြည့်မြင့်တိုင် လျှပ်စစ်ရုံးရှေ့ ကဆိုင်ပါ။ သူလည်း

ဘူဖေးစနစ်ပါ။ အကင်မပါဘဲ ဟော့ပေါ့သီးသန့်ပါ။ သူကတော့ တစ်ယောက် 8000ပါပဲ။

အစားအသောက်တွေကို သွားယူစရာမလိုဘဲ ထည့်ထားပန်းကန်လေးတွေ ရှေ့ ရောက်လာ

ရင် ယူပြီး ထည့်စားရုံပါပဲ။ အရသာတော့ ကောင်းပါတယ်။ အစားအသောက်တွေကို

ထိုင်စောင့်ရတာတော့ စိတ်မရှည်ပါဘူး။ ဟိဟိ။

 

Hot Spot Hop Pot

ရတနာလမ်းနဲ့ ဝေဇန္တာလမ်းထောင့်ကဆိုင်ပါ။ အရင်ကတော့ အဝစားမဟုတ်ပါဘူး။

အခုတော့ ဘူဖေးစနစ်ပြောင်းလဲလိုက်ပါတယ်။ ဖေ့ဘွတ်က ကြော်ငြာတွေ့တာနဲ့

တလောကပဲ သွားစားဖြစ်ပါတယ်။ တစ်ယောက်ကို 8000ကျပ်ပါ။

သူ့မှာ ထူးခြားတာက အကင်စင်က သက်သက်ဖြစ်ပြီး။ ဟော့ပေါ့အိုးက သက်သက်ပါ။

နောက် သူ့ရဲ့ ဘူဖေးမှာ ဝက်သားဒုတ်ထိုးပါပါတယ်။ အရွက်တွေကတော့ သိပ်မစုံပါဘူး။

အသားတွေကိုတော့ အရသာအစုံ ခွဲထားပါတယ်။ ကြက်ဆိုရင် ကြက်အချို ၊ ကြက်အစပ် ၊

ကြက်တုံရမ်းဆိုပြီးခွဲထားပါတယ်။ ဆားဗစ်သိပ်မကောင်းတာက လွဲလို့ မဆိုးဘူးလို့ ပြောလို့

ရတဲ့ ဆိုင်လေးပါ။ လူများတဲ့နေ့ သွားမစားနဲ့ပေါ့နော်။ ကျတော်တို့သွားတုန်းက လကုန်ရက်

ဆိုတော့ ၁၅မိနစ်လောက်နေမှ ဟော့ပေါ့အိုးလာချပေးတယ်။  (ကိုယ်တွေကလည်း လကုန်

ရက်လေးပဲ သွားစားနို်င်တာကိုး။)

 

မခုတ ထိုင်းဘာဘီကြူ း နဲ့ ဟော့ပေါ့ (Makuta Thai BBQ & Hot Pot)

သစ္စာလမ်းနဲ့ ဝေဇယန္တာလမ်း ဆုံနားမှာ တည်ရှိပါတယ်။ မမချွိတို့နဲ့ နီးနီးလေးပါ။

ခု ညွှန်းလာတဲ့ဆိုင်တွေထဲမှာ ကျတော် သဘောအကျဆုံးပါ။ ဈေးကတော့ အရင်တင်ပြခဲ့တဲ့

ဘူဖေးတွေထက် တစ်ထောင်ကျော်လောက်ကြီးပါတယ်။

တစ်ဦးကို ၉၈၀ဝကျပ်ပါ။ ကလေးဆိုရင် ၅၀၀ဝကျပ်ပါတယ်။ ညွှန်းဆိုရလောက်

အောင် ကောင်းတဲ့ အချက်တွေက

– ဟော့ပေါ့အိုးနဲ့ အကင်စင်ကတော့ တစ်ဆက်တည်းပါပဲ။

– ဆိုင်က အခြား ဘူဖေးဟော့ပေါ့ဆိုင်တွေထက် ပိုသပ်ရပ် သန့်ရှင်းပါတယ်။

-ဝန်ထမ်းတွေ ဆားဗစ်ကောင်းပါတယ်။

-အသီးအရွက်တွေ ပိုစုံစုံလင်လင်ရပါတယ်။ (ဥပမာ – ဘေဘီကွန်းလိုမျိုး အခြားဘူဖေး

ဟော့ပေါ့ဆိုင်တွေ မရပါဘူး။ နောက် မှိုနှစ်မျိုး သုံးမျိုး ရပါတယ်။ တို့ဖူး နှစ်မျိုး ရပါတယ်။)

– ပင်လယ်စာမှာ ပုစွန် ဂဏန်း ငါးအပြင် ပြည်ကြီးငါး ဂဏန်းဆိုလည်း လက်မတွေချည်းပါ။

-အသားမှာလည်း စုံပါတယ်။

-အချဉ်ရည်ကောင်းပါတယ်။

-အချိုပွဲမှာ အအေးနဲ့ ရေခဲမှုန့် အပြင် ရွှေရင်အေး မုန့်လက်ဆောင်းရှီပါတယ်။

– ထမင်းကြော် ၊ ကြာဇံကြော်အပြင် ထိုင်းအစားအစာအချို့ပါ ဘူဖေးထဲမှာပါဝင်ပါတယ်။

-ဟော့ပေါ့အရည်ဟာ ထိုင်းပေါ့ထက်ကောင်းပါတယ်။

 

တစ်ခါတစ်ခေါက်လောက် သွားစားကြည့်ရအောင်။

 

………..

လေးစားစွာဖြင့်

အောင်မိုးသူ

 

13 comments

  • ဇီဇီခင်ဇော်

    August 5, 2015 at 3:36 pm

    ငယ်။
    ချစ်ဖို့ကောင်းတဲ့ ငါ့ မောင်။
    ခိခိ။
    မှတ်သွားပြီ။

    :chit:

  • ကြည်ဆောင်း

    August 5, 2015 at 4:45 pm

    Thai Pot စားဘူးတယ် don’t like
    မခုတ တော့ အညွှန်းကောင်းလို့ သွားစားကြည့် အုံးမယ်
    အညွှန်းအတွက် Thanks

    • အောင် မိုးသူ

      August 6, 2015 at 9:44 am

      မခုတက ဂက်စ်အိုးနဲ့မဟုတ်ဘူး မီးသွေးအိုးလေးနဲ့ အိုးလည်း လဲပေးတယ်။ ကျတော်ကတော့ ကြိုက်တယ်။

  • Alinsett @ Maung Thura

    August 5, 2015 at 7:59 pm

    အင်းစိန်လမ်းမပေါ်က …အဲ့နားရောက်တိုင်း….မှတ်ချက်ချမိတာက…
    .။




































    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .
    .

    ”ညှော်လိုက်တာ”

  • ဟေသီ

    August 6, 2015 at 8:38 am

    အိမ်ကို ဆွယ်တရားဟောပြီး သွားစားအုံးမယ်။ လူကလည်း အစားဆို ဘယ်အခါမှ လက်နှေးတယ် မရှိဘူး ရယ် 😛

  • Ma Ma

    August 6, 2015 at 9:47 am

    ဟော့ေ့ပါ့ဆိုရင် ရွှေကောင်းကျန်ခဲ့သလားလို့။
    ရွှေကောင်းက ဘတ်ဂျတ်နဲ့ ကိုက်ပြီး အရည်က အချိုရော အစပ်ရောရလို့ ကြိုက်တယ်။

    Apple က ဈေးချလိုက်တာလား။
    တခါသွားစားတုန်းက ၉၅၀ဝ ပေးရတယ်။
    Apple က တစ်ယောက်စာ အိုးသေးသေးလေးနဲ့ စိတ်ကြိုက်စားလို့ရပေမယ့် အရည်အရသာကို သိပ်မကြိုက်ဘူး။

    ကျန်တာတွေတော့ မသိဘူး။

    • အောင် မိုးသူ

      August 6, 2015 at 11:27 am

      ရွှေကောင်းကို ချန်ခဲ့တယ်ဆိုတာ ဈေးများလို့ပါ။ ကြိုက်ရာစားဆိုပေမယ့် ကန်စွန်းရွက် တစ်ပန်းကန်တောင် ငါးရာအထက်ဆိုတော့ မကိုက်ဘူးလေ။ ကျတော်ကတော့ ဘတ်ဂျတ်ကိုက်ပြီးပဲ စားတယ်။

  • Mike

    August 6, 2015 at 9:49 am

    .Thai Pot တော့စားဖူးတယ်..မဆိုးပါဘူး..တန်တယ်
    .ရေးပြထားတဲ့အတိုင်းဆို Makuta Thai BBQ & Hot Pot ကပိုကောင်းမယ်..မစားဖူးသေး..သွားစားရမယ်
    .သင့်ခရုပါ အောင်မိုးသူ

  • Foolish Girl

    August 6, 2015 at 1:55 pm

    Thai Pot မှာတစ်ရက်သွားစားတုန်းက လူအရမ်းများတော့ အသား ထည့်တဲ့ပန်းကန်တွေညစ်ပတ်တာတို့ တခြားထမင်းကြော်ခေါက်ဆွဲကြော်တို့ကလည်းပွစာကြဲပြီး သာကူအချိုပွဲရည်ထဲပြောင်းဖူးစေ့တွေပါကျနေတော့ စားသုံးသူအတွက်အဆင်မပြေတာတွေ့ရတယ် စားသုံးသူတွေစနစ်ကျဖို့လိုသလို ဝန်ထမ်းတွေကလည်းလိုက်ပီး ဖြည့်ဆည်းပေးဖို့လိုအပ်တယ်ထင်တယ်

    Hot Spot Hop Pot မှာတော့အကင်နဲ့ Hot Pot အိုးခွဲပေးထားတဲ့အတွက် အရည်သောက်ချင်သူတွေအတွက်ပိုအဆင်ပြေတယ် အကင်အိုးထဲကအရည်က စစချင်းတော့ကောင်းပေမယ့် ကင်တာကြာလာလို့ ကျတဲ့အရည်တွေကိုသောက်မိရင်လူတွေအတွက်မကောင်းဘူးထင်တာပဲ
    ဒီဆိုင်မှာလည်း ဝန်ထမ်းတွေရဲ့ Service မကောင်းတာတွေ့ရတယ် အသားအရွက်တို့ကသိပ်မစုံပေမယ့်သပ်ရပ်ပါတယ်
    တစ်ခြားဆိုင်တွေတော့မစားဖူးသေးဘူး 🙂

Leave a Reply