လူ ရယ် လို့တော့ မွေးလာရင်တော့ အချစ်နဲ့မကင်းပါဘူး။ ရည်းစားဆိုတာ လူတိုင်းမှာရှိခဲ့မှာပါ။ ရင်ခုန်မှု ဆိုတာလဲ လူတိုင်းမှာရှိတာပဲ ။ ဒါပေမဲ့ . .. . . . အသက်အရွယ်ဆိုတာကို သတိထားသင့်ပါတယ်။ ကျောင်းမှာ ဆရာမ ပြောခဲ့တဲ့ စကားလေးကိုသတိရမိတယ်. ” မိန်းကလေးတွေလဲ အချိန်ကျ ယောကျာင်္းယူရမှာပဲ ၊ ယောင်္ကျားလေးတွေလဲ မိန်းမယူရမှာပဲ ၊ မင်းတို့မယူလဲ မိဘတွေက အိမ်ထောင်ချပေးလိမ့်မယ်။ ဒီအရွယ် ဒါတွေဘာလိုလို့လဲ” တဲ့။ မှန်ပါတယ်။ ဆရာမတွေလဲ အားရင်အားသလို ဆုံးမ ကြပါတယ်။ ဒါပေမဲ့ ကျောင်းသားတွေ ကျောင်းသူတွေ ချစ်သူဆိုတာကို ထားချင်ကြတာဘာလိမ့်? ကျွန်တော်လဲ ခုထိ အဌမတန်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ယောက်ပါပဲ။ “မင်းက အဲလောက်ပြောနေရအောင် မင်းကိုလွတ်ကင်းလို့လား”  လို့မေးရင် ကျွန်တော်လဲ မလွတ်ကင်းပါဘူး။ ကောင်လေးဆိုတာကတော့ ကောင်မလေးဘက်က လက်ခံရင် ဘာမဆိုလုပ်မဲ့ လူစားမျိုးတွေပဲလေ. . . အဲ ဒိနေရာမှ ကျတော့ မိန်းကလေးတွေ ဘက်က လဲ အရေးကြီးသွားပါတယ်။ ယောကျာင်္းလေးဘက်က ဘယ်လိုပဲစစ ပါ။ စာပေးတယ် ရည်းစားစကားပြောတယ်။ မည်သို့ပင်ဖြစ်စေ ကောင်မလေးဘက်က ဘာမှပြန်မလုပ်ဘူး ဆိုရင် ကောင်လေးကအချိန်တန်ရင် လက်လျှော့သွားမှာပဲ။ ခုတော့ တစ်ခါတစ်လေ ကောင်မလေးဘက်က စလာတာတွေတောင် မြင်နေရတော့ လုံးဝ မဖြစ်သင့်တာတွေပါ။ မကြာသေးပါဘူး ညီမလေးကို သင်တဲ့ ဂိုက်ဆရာမ က အင်းစိန်က ဆရာမဆိုတော့ သူတို့ ကျောင်းကို လာတဲ့ တန်းပြဆင်းတဲ့ ကျောင်းဆရာလေးတွေကို ကျောင်းသူမလေးတွေက စာလိုက်ပေးလို့တဲ့ . .. ..ဒါဟာ မဖြစ်သင့်တဲ့အရာပါပဲ။ လုံးဝပါ။ အဲဒိရဲ့ ဇင်မြစ်အရင်းကို ပြန်ကြည့်ရင် ကိုရီးယားကားတွေကြောင့်လဲ ပါပါတယ်။ ကောင်မလေးတိုင်းက သူတို့စိတ်ဝင်စားတဲ့ကောင်လေး ရှေ့မှာ ရွပြမယ် ပြီးရင် ရည်းစားစာ ပေးဖို့ ဆိုတာ ၀န်မလေးတော့ပါဖူး။ ဒန်ကျွဲပင်ပုခတ်လွှဲမယ် ဆိုတဲ့စကားကြောင့်များလား? ခေတ်ပျက်ကြီးလား?

About Burma

သားပု has written 46 post in this Website..