စဉ်းစားစရာ အဖြေ Win-Win
ဒီနေ့ သရုပ်ဖေါ်ကာတွန်းဇတ်ထုတ်လေးတစ်ခုပြန်ဖတ်ရသဗျ
ပန်းချီသရုပ်ဖေါ်လက်ရာကတော့ တော်တော်ကောင်းလှသဗျာ……ဒီလို..ဒီလို
ကဲ..ကဲ..ကဲ
ဒီပုံပြင်လေးကိုစာရှုသူများဖတ်ပြီးသွားပီပေါ့
ကျုပ်လည်းငယ်ငယ်ကတည်းကဖတ်ဖူး ကြားဖူးခဲ့တဲ့ပုံပြင်လေးပါ
စာဖတ်သူများလည်းကြားဖူး ဖတ်ဖူးပီးသားဖြစ်မယ်လို့ထင်ပါတယ်
ငယ်ငယ်တုန်းကဖတ်ရတော့ အိုကေပဲဗျ
မထေရ်ကြီးကိုလေးစားကြည်ညိုခဲ့မိတယ်ဆိုပါတော့
အသက်အရွယ်ရောက်လာမှ
အတွေ့အကြုံတွေစုံလာမှ
စာဖတ်တွေနာလာမှ… အဖိုး၊ အဖွား၊ အဖေ၊ အမေတွေရဲ့
ငယ်ငယ်က ပုံပြင်တွေ၊ ဆိုဆုံးမရင်းပြောခဲ့ကြတဲ့ ဆိုရိုးစကားတွေ
ပြန်ဆန်းစစ်ဖို့လိုလာပြီလို့တွေးမိပါတယ်။
ဒီဇတ်လမ်းမှာပြောချင်တာကိုသေချာကြည့်တော့
၁။ မထေရ်မြတ်က ကြိုးကြာအသက်ထိခိုက်မှာစိုးလို့ သူမြင်ခဲ့တာကိုမပြောဘူး
(သူကိုယ်တိုင်မြင်လိုက်တဲ့အဖြစ်အပျက်နဲ့ပါတ်သက်ပီး သိသိကြီးကိစ္စကိုဖွင့်မပြောတာလိမ်ရာမကျဘူးလား)
၂။ ကျောက်သွေးသမားဟာ ကျုပ်ဆိုလည်း ဒီကိစ္စပြန်တွေ့ဖို့သေရေးရှင်ရေးလုပ်ရတော့မှာပဲလေ
၂။ ကျောက်သွေးသမားအနေနဲ့ကတော့ အဖြစ်အပျက်အရ မထေရ်ကိုပဲစွတ်စွဲစရာရှိတာပဲလေ..သူမှန်တယ်
ဇတ်လမ်းနိဂုံးချုပ်တော့
သူအသက်ပေးကာကွယ်ချင်တဲ့ ကြိုးကြာလည်း မရှုမလှသေရရှာတယ်
သူကိုယ်တိုင်လည်းအခံရခက်တဲ့ဒုက္ခဝေဒနာကိုခံစားရင်းအသက်ဆုံးရှုံးတယ်
နေ့စဉ်ဆွမ်းလောင်းပြီးဘာသာတရားအလွန်လေးစားသူ၊ ရိုးသားစွာလုပ်ကိုင်စားနေသူ ကျောက်သွေးသမား ပြည်သူတစ်ယောက်လည်း ငရဲကြီး(သူတို့အဆို) ကျရှာတယ်
ဘယ်မှာလည်း Win-Win
ဒီဇတ်လမ်းမှာ သူပေးချင်တာဇွတ်ပေးသွားတာ
ယုတ္တိ၊ ယုတ္တာတွေမစဉ်းစားခဲ့ကြဘူးဗျ
တကယ်ကတော့ဗျာ………….
ဒီဇတ်ထုတ်မှာ…ပြသနာကို Win-Win ရှင်းနိုင်တဲ့နည်းကလွယ်လွယ်လေးပါ
ဇတ်ထုတ်မှာပါသူဇတ်ဆောင် တွေလဲတစ်ယောက်မှအသက်မဆုံးရှုံး
ရပါပဲနဲ့ ဒီပြသနာကိုရှင်းလို့ရပါတယ်…..မထေရ်ကအမှန်အတိုင်းပြောပြ။
ကျောက်သွေးဆရာကို ဒေါသမထွက်ဖို့နဲ့ စိတ်ရှည်ဖို့တရားဟော။
ဆေးဆရာတစ်ယောက်ဆီက ၀မ်းနှုတ်ဆေးကြိုးကြာငှက်ကိုခွန့်။
စာဖတ်ပိတ်သပ်ကြီးရောဘယ်လိုထင်ကြပါသလဲ….
တော့ဖ်တန်းစါရင်းဝင် လူမိုက်ကြီးမှ ကွန်မန့်တောင်းလိုက်ရပါကြောင်းဗျာ။
အားလုံးကိုလေးစားခင်မင်လျှ က်
.ထာဝရလမ်းဆက်လျှောက်နေတဲ့…
.ကြီးမိုက်။
.၂၆-၈-၂၀၁၅
ရဟန်းမစားရသော ဆွမ်းတစ်နပ် မဟုတ်လား ဘဘဦးသုခရိုက်တာလေ ဇာတ်လမ်းတိုရှိတယ်။
Was this answer helpful?
LikeDislikeခစ်ကာလဂျင်း မတူတာ ထည့်စဉ်းဆားရမည် ပါပါမိုက်။ လအုခေတ် အသိ၊အမြင်မျိုး ဧည့်ဒီခေတ်မှာ ရှိခြင်မှရှိမည်။ ဆင့်ကဲဆင့်ကဲ ဖြစ်ဆင်အရ ဖြစ်လာတဲ့ ယနေ့အသိနဲ့ နှိုင်းယှဉ် မစဂေါင်း။ အုမပါဂျာ… ဟိုဒုံးက ဓါတ်ပုံရိုက်လျင် ဝိညာဉ်ဖမ်းဆားခံရမည်အထင် ဒဂယ်ရှိဂဲ့ဒယ်။ ယနေ့ခေတ်မှာဒေါ့ မူလဓါန်းခလေးတောင် ပဲပေးယဂေါင်းမှန်းသိပီ။ လင်ကိုဖျား သားကိုသခင် အယူကိုလည်း သူ့ခေတ်သူ့အခါ ညံမမှီရဂေါင်းလား ပြောမြ။ ပီးဒေါ့ ပုံမှာပြောတဲ့အတိုင်း အခြေအနေ ထပ်တူမကျနိုင်။ မဟော်သထာ ဇတ်မှာ ပတ္တမြား ရေကန်ထဲမှာ မရှိ၊ ထန်းပင်ပေါ်မှာရှိ ဆိုတာ အခုခေတ်နဲ့ဆို သိပ်မထူးဆန်း… ဘာလို့လည်း လူမျိုး၊နိုင်ငံပေါင်းစုံ ကူးလူးဖလှယ် ဆက်ဆံတဲ့ ခေတ်မို့ပါ။ ဖြုန်းကနဲဆိုပီး သဟုတဗ ကျယ်ပြန့်လာဂျသီမှုတ်…။ ပေါယယဉ်ဒေါ့ အကျယ်ဂျီးဗျာ။ ဒါပေမဲ့ ပါပါမိုက်ကို အနော်ခြစ်တယ်၊ အားကိုးဗျဆေ…
Was this answer helpful?
LikeDislike.မိမိအယူအဆမိမိလွတ်လပ်စွာပြောနိုင်ပါတယ်…ဒါပေမဲ့
.ခေတ်ကာလနဲ့တော့ဆိုင်မယ်မထင်..
.မဟော်သဓါရဲ့ နွားတရားစီရင်ခန်း ဖတ်ကြည့်ပါအုံး
.ဘုရားရှင်ခေတ်ကတည်းက ဆေးဆရာတွေပေါ်နေပါပြီ
Was this answer helpful?
LikeDislikeရုတ်တလျှပ် ဖြစ်လာတဲ့ အခြေအနေဂိုလည်း ကျိအူးလေ ပါပါမိုက်…။ ဘုန်းကြီးက ပြေပြေလည်လည် ပြောဂေါင်းပြောမှာပေါ့။ ပီးဒေါ့လှည်း ဘေးမှာ ခုတ်ထစ်ထားတဲ့ သွေးသံရဲရဲ သားတစ်တုံးနဲ့ဆို ကြိုးကြာငှက် အသက်ဘေးကိုပဲ စိုးရိမ်လျှာမှာပေါ့။ မင်းပြစ်ဒဏ် သင့်မှာကြောက်နေတဲ့ လူကို တယားခြလို့ ဖြစ်နိုင်ဗူးထင်တယ်။ ဘုန်းကြီး မယူပါဘူးလို့ပဲ ပြောမှာပေါ့။ ဒါမှ မှုတ်လဲ ငါနဲ့ငှက်ပဲ ကြံခဲ့ပါတယ် ပြောဂေါင်းပြောမဲ။ ပူထူနေတဲ့ ပထိမ်ဆြာက နားဝံဗမှား။ မဆီမဆိုင် ဆွဲထည့်တယ် ထင်မှာပေါစ်။ ကိဆ္ဆအတော်မြှားမြှားမှာ ကာယဂံယှဉ်တွေရဲ့ မိုက်မဲရူးသွပ်မှု ပဓါဏကြဒယ်။ ပြန်ကြည့်ပေါယင်သာ ဟိုလိုမဖြစ်လား ဒီလိုမဖြစ်လား လမ်းဖြောင့်ဒါ။
ဒါပဲဂျာ ပါမိုက်ရဲ့ တားကြောင်ကြီး
Was this answer helpful?
LikeDislikeမဆွေးနွေးဗျဇီနဲ့။
ဟိဟိ။
ခါတလေ အဲဒီ ဇာတ်တော်တွေကို အားမလို အားမရဖြစ်တာတွေ၊ ချဲ့ကားတယ်လို့ ထင်တဲ့ အထင်တွေကနေ တွေးလေလေ မဖြစ်နိုင်တာမြင်လေလေ
ကိုယ့် ဘာသာ သာသနာ ကို လူ ပြေါစရာ ဖြစ်ဖြစ်သွားတာမို့
ကျနော်ကတော့ ဖတ်ရုံပဲ ဖတ်တော့တယ်။
တွေးတော့ဘူးး
ရှေးခေတ်က ဝင်းဝင်း ကို မကြိုက်လို့ နေမှာ ပါ မိုက်မိုက်။
Was this answer helpful?
LikeDislike.မဆွေးနွေးလည်းဖတ်တဲ့အတွက် ကျေးကျေးပါ ကေဇီ
.မဝေပြောသလိုပဲကောက်ချက်ချရတော့မယ်ထင်တယ်….ဥာဏ်မကောင်းဘူးလို့
Was this answer helpful?
LikeDislikeဦးကြီးမိုက်တွေးသလိုပဲ တွေးမိတယ် ..
ဒါပေမယ့် အဲဒီခေတ်တုန်းကလူတွေက အခုခေတ်လောက် ဥာဏ်မကောင်းဘူးလို့ ပြောနိုင်တယ် ..
Was this answer helpful?
LikeDislikeကြိုးကြာကို လည်ညှီးရင် ကိုခမောင်သန့် ဘေ့စ်ဂီတာနဲ့ ရိုက်မှာပေါ့ဗျ…။
နောက်တာပါဗျာ….
:P
ကျုပ်ကတော့ အောင်မိုးသူပြောတဲ့ ရုပ်ရှင်ကိုပြေးမြင်မိတယ်။
(ဦးသုခ မျက်စိမကောင်းတော့လို့ ဦးစီးရုံဦးစီးပြီး တကယ် ရိုက်ခဲ့တာ
ဆြာမောင်နန္ဒလား ဆြာမောင်နှင်းမိုးလား မမှတ်မိ) – မှားလျင်ပြင်ပါ
တဆက်တည်း ဘာကိုသွား သတိရသလဲဆိုတော့ အနှီဇာတ်ကားမယ်
ကြိုးကြာ ကျောက်ကို မျို တဲ့အခန်းမှာ ကြိုးကြာ လည်တိုင်ကျော့မှာ
အလုံးတလုံး တလိမ့်လိမ့်နဲ့ ဆင်းသွားတာကို ရိုက်ပြထားနိုင်တာကို အဲ့သြချီးကျူးမိတယ်
(ယနေ့ခေတ်လို ကွန်ပြူတာနဲ့ ပေါင်းပြီး ညာလို့ ရတာမဟုတ်)
ထန်းလျက်ခဲသော်လည်းကောင်း ဘဲဥ ငုံးဥလို ဟာမျိုးသ်ာလည်းကောင်း တခုခုကို မျိုစေပြီး
ရိုက်ထားတာဖြစ်မယ် မြင်မိတယ်။ သည်အကြောင်း ရေးကြ ပြောကြတာ မမြင်မိသေး။
သည်လို အသေးအဖွဲလေး ဆိုပေမယ့် know-how လေးတွေသာ စုစည်း မျှဝေ လက်ဆင့်ကမ်းနိုင်မယ်ဆိုရင်
လို့သာတွေးမိတော့တယ်။
ဇာတ်တော်အကြောင်းတော့ မဆွေးနွေးချင်ဘု
သဂျီး နဲ့ တအိုးတည်း အတူတူကြော် ခံထိမစိုးလို့…။
အားးးဟိ။
Was this answer helpful?
LikeDislike.ကိုရင်ဂီနဲ့ အောင်မိုးသူပြောတဲ့ကားမကြည့်ဖူးလိုက်ဘူးဗျ…
Was this answer helpful?
LikeDislikeဒီဇာတ်တော် ကိုတော့ တော်တော် ရင်းရင်းနှီးနှီး သိနေတယ်…။
အပေါ်က အောင်မိုးသူ ပြောသလို ဦးသုခ ရဲ့ ဇာတ်လမ်းတိုကိုလည်း ကြည့်ဖူးတာ ပါမှာပေါ့ဗျာ…။
ကိုမိုက်တွေးသလိုမျိုး တစ်ခါ မှ မတွေးမိဘူးဗျ…။
ဇာတ်တော်ဆိုတော့ ပေးချင်တဲ့ မက်ဆိ တစ်ခုခု ရှိပါလိမ့်မယ်…။
အဲဒီ မက်ဆိ ရဖို့ အခုလိုမျိုး ဇာတ်လမ်းကို ဖန်တီး ထားတာနေမယ်လို့ ထင်မိပါတယ်…။
ကိုမိုက်တွေးသလို ဇာတ်ကို ပြင်ရေးလိုက်ရင်
သူပေးချင်တဲ့ မက်ဆိ ဆီကို မရောက်နိုင်ဘူးလားလို့…။
(အထင်)
ဥာဏ်မီသလောက်လေး ကွန်းမန့်ဝင်ရေးသွားပါတယ် ဗျာ…။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
Was this answer helpful?
LikeDislikeဒီဇာတ်တော် က ပေးချင်တဲ့ massage က ဒီမှာပါ ခင်ဗျာ…။
ဆိုတော့ ဒီဇာတ်တော်ကို ဒီလို ရေးမှသာ
သူပေးချင်တဲ့ massage ဆီ ရောက်မှာပါ။
ကိုမိုက်ပြောတဲ့ ၀င်းဝင်း နဲ့ သာဆို
အားလုံး အဆင်ပြေပြေ နဲ့ ပြီးသွားမှာမို့
ဒီ massage ကို ပေးလို့ ရမယ် မထင် ။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
Was this answer helpful?
LikeDislikeဟုတ်ပါ့..
အဲဒီဝတ္တုဖန်တီးသူက.. သူ့ရဲ့ သိပ္ပံနားမလည်….သချာ်မတတ်တဲ့စိတ်လေးနဲ့… လျှော်ကရေးလိုက်တာ..
နောက်အနှစ် ၁၀၀၀လောက်နေ.. ဘွဲ့ရတွေအကုန်ထိုင်ကန်တော့.. အဲ..အဲ.. စဉ်းစားဝေဖန်မယ်လို့.. တွေးမှ.. မတွေးမိနိုင်တာပဲ…။
ပေါချက်က.. နာ..။
ဆိုတော့…
အဲဒီ သချာ်မတတ်သူပေးချင်တဲ့.. မက်စိကို.. ပြောင်းပြန်သာတွေးပြီးလုပ်ကြပေတော့…
တိုင်းပြည်တိုးတက်မယ်..။ လူတဦးချင်းစီ.. အောင်မြင်ကြမယ်..။ Win -Win…
Was this answer helpful?
LikeDislike.သူပေးချင်တဲ့ massage ကိုသိပါတယ်ဗျာ..ဒါပေမဲ့ပေးပုံယုတ္တိမကျတော့ခေတ်ကာလသားသမီးများ
.သူပေးချင်တဲ့ massage ဘယ်ရတော့မလဲ…မနေ့ညကသားကိုဒီပုံပြင်ပြောပြတော့..သူကလည်း
.ငှက်ကိုဝမ်းသက်စေတဲ့ဆေးကြွေးဖို့ပဲပြောသဗျ
.မထေရ်မြတ်ကိုဂုဏ်ငယ်စေတာ ဒီပုံဝတ္ထုဖန်တီးသူသာဖြစ်ပါကြောင်း…
.အကြည်ညိုလွန်လို့ ပုံဝတ္ထုတွေချဲ့ကားပြောလေ…ဓမ္မစစ်နဲ့ဝေးလေပဲလို့မှတ်တာပဲ
Was this answer helpful?
LikeDislikeဓမ္မစစ်စစ်တွေကို.. သခ်ျာမတတ်သူတွေက.. သူတို့အိုင်ဒီယာ.. လက်တောက်လောက်လေးတွေလိုက်ဖြည့်ပြီး… ခပ်တည်တည်..ဘုရားဟောဆိုပြီးချည်းကိုင်တုတ်နေသမို့.. ဗုဒ္ဓသာသနာလည်း.. အနောက်နိုင်ငံတွေမယ်.. ရီစရာတွေဖြစ်…။
ထေရာဝါဒဆတော်ကြီးတွေလည်း.. နိုင်ငံခြားသာသနာပြုကြွချီတော်မူကြတယ်ဆိုပြီး.. .. လူမျိုးခြားတွေ.. သာသနာတော်ထဲသိမ်းသွင်းနိုင်ဖို့မပြောနဲ့.. ရှိနေပြီးတဲ့ မိရိုဖလာဗုဒ္ဓဘာသာဝင်တွေတောင်.. ထွက်ကုန်…။
အနိစ္စ…။
Was this answer helpful?
LikeDislikeအရိယာပုဂ္ဂိုလ်မှန်သမျှသည်
မေတ္တာပေမနှင့်နေသည့်သူများဖြစ်ပါသည်။
မေတ္တာပေမဖြင့်နေသောအရိယာပုဂ္ဂိုလ်များသည်
သတ္တဝါဟူသမျှရုပ်နှင့်နမ်မျှသာရှိသည်ဖြင့်၍
အယုတ်,အလတ်,အမြတ်ဟူ၍အတန်းစားခွဲခြားထားမှုမရှိပါ။
ငါးပါးသီလမြဲမြံသဖြင့်မိမိကြောင့်သူတစ်ပါးအသက်ဆုံးရှုံးမှုအားအသက်ဖြင့်
လဲကါ၊ကါကွယ်ပေးနိုင်သည့်ပုဂ္ဂိုလ်သူမြတ်များသာဖြစ်သည်။
မဟာဗုဒ္ဓဝင်ကျမ်းလာ-ဇတ်တော်ကြီးဆယ်ဘွဲ့ လာ-တွင်ပါရှိသော
(ဘုရားလောင်း-ပါရမီဆယ်ပါးဖြည့်ကျင့်ခဲ့မှုများအား)
ဇတ်နိပါတ်တော်များတွင်၊ဖတ်ရှုကြည့်ပါလျှင် ယခုရုပ်ပြဇတ်လမ်းထက်
ပိုမို၍ရှင်းရှင်းလင်းလင်းသိမြင်နိုင်မည်ဖြစ်ပါသည်။
Was this answer helpful?
LikeDislike.အန်တီအေးကိုလေးစားပါတယ်…
.အရိယာပုဂ္ဂိုလ်မှန်သမျှ ကိုလည်းလေးစားပါကြောင်း
.ဒါပေမဲ့ပုံဝတ္ထု ကိုယုတ္တိတန်အောင်ဖန်တီးမထားတော့…ထင်သလို သူပေးချင်တဲ့ massage .မရတာပြောချင်တာပါ
.
Was this answer helpful?
LikeDislikeရုပ်ပြဇတ်လမ်းတွင်၊ပါဝင်သောမထေရ်မြတ်သည်
မိမိ၏ဝဋ်ကြွေးပါလာမှုအားဆင်ခြင်ဥာဏ်အရ၊သိရှိနိုင်သောပုဂ္ဂိုလ်သူမြတ်ဖြစ်သည်။
မေတ္တာပွားများရာ၌ကြောက်တတ်မကြောက်တတ်နှစ်ရပ်များစွာ
သတ္တဝါဟုပို့ဆိုကြရာ၌၊ပုထုဇဉ်မှန်သမျှကြောက်တတ်သည့်
သတ္တဝါများဖြစ်ပြီး၊မကြောက်တတ်သည့်သတ္တဝါများသည်အရိယာပုဂ္ဂိုလ်မြတ်များ
ကိုဆိုလိုခြင်းဖြစ်သည်၊ရုပ်ပြဇတ်လမ်းတွင်ပါရှိသောမထေရ်သည်
မကြောက်တတ်သောအရိယာပုဂ္ဂိုလ်မထေရ်မြတ်ဖြစ်၍သာ၊မိမိအသက်ကိုမငဲ့ကွက်
မကြောက်ရွံ့ ခြင်းဖြစ်သည်။။
Was this answer helpful?
LikeDislikeအဲ့ခေတ်က လူတွေ ဥာဏ်မကောင်းဘူးလို့ပဲ ဖြည့်တွေးရင် တွေး ဒေါ်ဇီဇီ ပြောသလို ချဲ့ကားပြီး ဇာတ်လမ်းဆင်ထားတယ် ပဲ ဆိုဆို..
အဲ့လိုတွေးတော့မှကို စိတ်ချမ်းသာ မယ့် ပုံ ပေါက်နေပြီ။
အဲလို မှ မဟုတ်ရင်တော့ ဒီ ဘုန်းကြီး အတော် တစ်ကိုယ်ကောင်းစိတ် များတာပဲ လို့ တွေးရတော့မယ်။
ကြိုးကြာ ကို သတ်ရင် ရမယ့် အပြစ် နဲ့ ဘုန်းကြီး ကို တီးလို့ ရမယ့် အပြစ် ဘယ်ဟာက ပိုကြီးသလဲး)
(တချို့တွေများတော့ ဘုန်းကြီးတွေကို တီးပြီး ရာထူးတွေ တက်သွားတယ် ဆိုလား….း) )
Was this answer helpful?
LikeDislike.အမှန်ပဲကိုဂျက် ရေ :))
.ဇတ်လမ်းအဆုံးမှာ ဂွတ်ရီဇတ်မထွက်တော့ မထေင်္ရကြိုးပမ်းမှုဟာ အားလုံးကိုဒုက္ခရောက်စေပါရောလားဗျ
Was this answer helpful?
LikeDislike“Who’s the more foolish: the fool, or the fool who follows him?” ~ Obi-Wan Kenobi
===========================
Once in the past in an Indian village, a man whom villagers believe
is wise. One day, a goat drank water in a earthen pot and its head
stuck in the pot. The villagers consulted the the wise man for
solution. He instructed the villagers to dismantle the fence so he
can ride his elephant in to observe the situation. He asked the
villagers, “What do you want?”. The villagers said that they wanted
to save the pot. He said, “Cut off the goat’s head.” The goat’s head
stuck in the pot still after it was cut off. The villagers ask, “How
can we take the goat’s head out of the pot?” He said, “smash the
pot.” The villagers smashed the pot. The wise man said, “Now that I
solved your problem, my elephant cannot turn in this alley; you have
to dismantle the other fence so I can go. So did the villagers.
=========
တယော်ကယောက်က.. ဘာသာပြန်ပေးစေချင်တယ်…။
ထေရာဝါဒမြန်မာတွေ.. အယူအဆ..၀ါဒရေးရာမှာ.. ဘာဖြစ်နေသလဲ.. မှန်းကြည့်နိုင်အောင်လို့…။
ဆိုတော့…
ကျုပ်က.. ဦးသုခနဲ့လည်း.. အကြာကြီးစကားပြောဖူး..တရားဆွေးနွေးဖူး..
အဲဒီရုပ်ပြထုတ်တဲ့.. ပုတက် ကိုဖန်တီးသူတဦးနဲ့လည်း.. သိသဗျ..။
သူတို့ဘ၀တွေကို သိတာပြောတာနော…
Was this answer helpful?
LikeDislike.သဂျီးကြံကြံဖန်ဖန်ရှာလာတယ်…ဟုတ်သဗျ…
.အိုးလည်းဆုံး ဆိတ်လည်းဆုံး…ခြံစည်းရိုးလည်းကုန်ပေါ့ :))
Was this answer helpful?
LikeDislikeကကြီးမိုက်ရဲ့.. ဇတ်က..ပိုဆိုးနေတယ်လို့.. တွေးတောင်မတွေးကြည့်ရဲဖူးမဟုတ်လား..

အဲလို…နှစ်ထောင်ချီ.. စိတ်ဓတ်စစ်ဆင်ရေးက.. ကောင်းတာ..
ကဲ..
လိုက်ဆို..
သြကာသ…သြကာသ.. ရှိခိုးပူဇော်.. ဖူးမျှော်မာန်လျှော့..ငါ့ထိုင်ကန်တော့ကြ…။ …
..
..
..
တဲ့..။
Was this answer helpful?
LikeDislikeဒါမိုးလား သဂျိုင်ခီး??
တခါတုန်းက အိန္ဒိယပြည်က ရွာတရွာမှာ ရွာသူရွာသားတွေ ကိုးစားကြတဲ့ ပညာရှိဆိုသူတယောက် ရှိပါသတဲ့။
တနေ့မှာ ဆိတ်တကောင်ဟာ မြေအိုးတအိုးထဲ ရေသောက်ရင်း ခေါင်းပြန်ထုတ်မရဘဲ တစ်-နေပါတယ်။
သည်တော့ ရွာသူားတွေဟာ အနှီပြသနာကို အဖြေရှာဖို့ ပညာရှိဆီချဉ်းကပ်ပါတော့တယ်။
ပညာရှိက အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ ဆင်စီးပြီး လာရောက်ကြည့်ရှုဖို့အတွက်
ခြံစည်းရိုးကို ဖျက်ချပေးဖို့ တောင်းဆိုပါတော့တယ်။ အဲ့ဒီနောက်မှာတော့ ရွာသူားတွေကို
မင်းတို့ ဘာကို အလိုရှိသလဲ လို့ ရွေးခိုင်းပြီး မေးလိုက်တယ်။ ရွာသူားတွေ ပြန်ဖြေတဲ့အဖြေ
ကတော့ မြေအိုးကို အလိုရှိပါတယ်တဲ့။ သည်တော့ ပညာရှိက ကိုင်းဒါဆိုလည်း ဆိတ်ကို ခေါင်းဖြတ်လိုက် ဖို့ပြောပါတယ်။
ဆိတ်ခေါင်းကို ဖြတ်လိုက်ပေမယ့်လည်း ပြတ်သွားတဲ့ ဆိတ်ခေါင်းက မြေအိုးထဲ ကျန်နေသေးတဲ့အခါ
ရွာသူားတွေက ဆိတ်ခေါင်းကို မြေအိုးထဲကနေ ဘယ်လိုထုတ်ရမလဲ ထပ်မေးပါတော့တယ်။
အဲ့သည်မှာ ပညာရှိက အိုးကို ခွဲလိုက်ဖို့ ထပ်ပြောပြန်ပါတယ်။ သူကဆက်ပြီး ကိုင်း ငါမင်းတို့ရဲ့ ပြသနာကို ဖြေရှင်းပြီးသွားပြီ။
ငါ့ဆင်က သည်လမ်းကြားမှာ လှည့်လို့ပတ်လို့ အဆင်မပြေဘူး သည်တော့ ငါပြန်ဖို့အတွက် ကျန်နေသေးတဲ့ တဖက်က
ခြံစည်းရိုးကို ဖျက်ပေးစမ်းပါအုံးလို့ တောင်းဆိုပြန်ပါတယ်။ ရွာသူားတွေကတော့ သူမိန့်တဲ့အတိုင်း ပေါ့..။
Was this answer helpful?
LikeDislikeဟုတ်ပါ့..
တော်ချက်က.. ခြံစည်းရိုးလေးတဖက်ပါ.. သေချာထည့်ဖျက်ပေးသွားသေး…။
ဆိုတော့..
ဒီပုံပြင်မှာ.. လူတယောက်မှမသေ.. ဆိတ်တကောင်တော့ ဟင်းစားရ.. ငရဲကျတယော်ကမှမသွားရဘူး…ပေါ့..။
Was this answer helpful?
LikeDislike.၂၀၁၂ ဇန္န၀ါရီလောက်က ကျနော်မိတ်ဆက်ပေးခဲ့တဲ့ Buddha’s Diary…ဗုဒ်ဓဒိုင်ယာရီ စာအုပ်လေး
.ဖတ်ကြည့်ကြစေချင်မိတယ်…
http://myanmargazette.net/96118
Was this answer helpful?
LikeDislikeအရင့် အရင်….ရှေးရှေ့….ခေတ်ဆီက လူတွေရဲ့ အတွေးတွေ ဆုံးဖြတ်ချက်တွေကို…
ကျနော် ဖတ်ဖတ်ပြီး..ထိုင် အံ့သြနေမိတာ….
Was this answer helpful?
LikeDislikeရဟန်းမစားရသော ဆွမ်းတစ်နပ်ကို သတိရသွားတယ်.. ရဟန်းသရုပ်ဆောင်တာ ဇော်လင်း ထင်ပါ့…
ဟုတ်တယ် အူးမိုက်ရဲ့… အဲဒီဇာတ်တော်တွေ ငယ်ငယ်က သိပ်ကြိုက်ခဲ့တာ.. အခုလိုအချိန် ပြန်ဖတ်တော့ တစ်မျိုးကြီးပဲ.. သိပ်လက်မခံချင်တော့ဘူး…
Was this answer helpful?
LikeDislikeအနော့်ဂို အကောင်းမြင်စိတ်ထား အားလုံးကို အကောင်းမြင်စိတ်နဲ့ကြည့်လို့ အဆုံးကနေမဒဲ့ လူဂို… ယေရှုခရစ်က အကောင်းမြင်စိတ်ရှိလွန်းလို့ ကားစင်တင် အသတ်ခံရတာလို့ ပြန်ကလန်ခဲ့ဒယ်…. ဆိုင် ဆိုင် မဆိုင်ဆိုင်
Was this answer helpful?
LikeDislikeအဲဒီဇာတ်လမ်းက တီဗွီမှာ မကြာခဏလာဖူးလို့ ကြည့်ဖူးတယ်။
ကမိုက်လိုတော့ အတွေးမထွက်ခဲ့ဖူးဘူး။
တချို့ဇာတ်တော်တွေမှာ ပေးချင်တဲ့မက်ဆေ့ခ်ျကို ဇောင်းပေးပြီး
ကျန်တာကို မှိန်ပစ်လိုက်တော့ ယုတ္တိမရှိဘူးလို့ ထင်ရတာတွေ ဖြစ်လာတယ်လို့ ထင်မိတယ်။
ဥပမာပြောရရင် မျက်မမြင်ဆင်စမ်းသလို ဆင်တစ်ကောင်လုံးကို မခြုံငုံမိပဲ မဟုတ်တဲ့အဖြေတွေ ထွက်လာတာပေါ့။
သစ္စာရွှေစည်ဆရာတော် ဦးဥတ္တမဟောတဲ့ တရားတော်တွေ နာကြည့်ပါ။
ကိုယ်ကြားနာဖူးပြီးသားတရားတော်တွေကိုပဲ မတူတဲ့ရှု့ထောင့်ကမြင်ကြည့်ပြီး ဟောထားတာတွေ တော်တော်ကောင်းတယ်။
Was this answer helpful?
LikeDislike.၀င်ဖတ်မန့်ပေးတာကျေးဇူးပါ မမ ခင်ဗျား
Was this answer helpful?
LikeDislikeအမွှေးတိုင်ရဲ့ အခိုးအငွေ့တွေဟာ ဆေးလိပ်ထက်ပိုပြီး ကင်ဆာဖြစ်နိုင်ချေ များစေနိုင်
Wednesday, August 26, 2015 18:00(+0630)
အာရှတိုက်အတွင်းမှာ ရှိတဲ့ ဘုံကျောင်းတွေ ၊ ဘုရားရှိခိုးကျောင်းတွေ နဲ့ အနောက်တိုင်းမှာ ရှိတဲ့ လမ်းသရဲ တစ်ချို့ကြောင့် အမွှေးတိုင်တွေဟာ တစ်ကမ္ဘာလုံးမှာ မွှန်ထူနေအောင် လောင်ကျွမ်းနေပါပြီ။
ဒါပေမယ့်လည်း အဲဒီလို အမွှေးတိုင်တွေက ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေဟာ စီးကရက်သောက်တာထက် ပိုမိုပြီး ခန္ဓာကိုယ်အတွင်းက ဆဲလ်တွေကို အဆိပ်ဖြစ်စေနိုင်တယ်လို့ သုတေသန အသစ် တစ်ခုက သတိပေးလိုက်ပါတယ်။
ဒါ့အပြင် ထိုလေ့လာမှု ကတွေ့ရှိခဲ့တာတွေကတော့ အမွှေးတိုင်တွေရဲ့ အခိုးအငွေ့တွေဟာ စီးကရက် ကြောင့် ဖြစ်တဲ့ အခိုးအငွေ့တွေထက်ပိုပြီး အဆိပ်ဖြစ်မှု ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ထို အဆိပ်ဖြစ်မှု တွေဟာ မျိုးရိုးဗီဇ ဆိုင်ရာ သန္ဓေပြောင်းလဲ ခြင်းတွေနဲ့ DNA ဆဲလ်မှာ ပြောင်းလဲမှု တွေကို ဖြစ်ပေါ်စေပြီးတဲ့နောက် ကင်ဆာဆဲလ် တွေကို ဖြစ်ပေါ်လာစေနိုင်တယ်လို့ လေ့လာမှု က ဖော်ပြခဲ့ပါတယ်။
ဒါကြောင့် အဆုတ်နဲ့ ပတ်သက်ပြီး ရောဂါ အခံ ရှိသူတွေအနေနဲ့ အမွှေးတိုင်ကြောင့်ဖြစ်တဲ့ အခိုးအငွေ့ကို ရှောင်ရှားတာဟာ အကောင်းဆုံး ဖြစ်မှာပါ။ အမွှေးတိုင်ဆိုတာဟာ လွှစာ ပါဝင်တဲ့ ၀ါးချောင်းကို လိုအပ်တဲ့ အဆီတွေ သုတ်လိမ်းထားတာဖြစ်တဲ့အတွက် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းတဲ့အခါ ထိုပါဝင်ပစ္စည်းတွေအားလုံးဟာ လေထဲကို လွင့်ထွက်သွားပါတယ်။
ထို အခိုးအငွေ့တွေကို ရှုရှိုက်လိုက်မိတဲ့အခါမှာတော့ ထို ပါဝင်ပစ္စည်းအားလုံးဟာ အဆုတ်ထဲကို ၀င်ရောက်သွားပါတယ်။ ထို ဖြစ်စဉ်ကိုတော့ နှိုးဆွခြင်း တုံ့ပြန်မှု လို့ ခေါ်ပါတယ်။
ဒါကြောင့် အခုကစပြီး အမွှေးတိုင်တွေရဲ့ အခိုးအငွေ့တွေဟာ လေထု ညစ်ညမ်းမှု တစ်ခုတည်းကို ဖြစ်စေနိုင်တာမဟုတ်ပဲ ၊ အဆုတ်ကင်ဆာ ၊ လူကေးမီးယား နဲ့ ဦးနှောက် အသားပိုတွေကို လည်း ဖြစ်ပေါ်လာစေနိုင်တယ်ဆိုတာကို ထိုလေ့လာမှု က ပြသ သတိပေးခဲ့တာပဲ ဖြစ်ပါတယ်။
ထို လေ့လာမှုကိုတော့ တရုတ်နိုင်ငံက China Tobacco Guangdong Industrial Company က ဦးဆောင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး ထို လေ့လာမှုကိုတော့ Environmental Chemistry Letters ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။
( Mario )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
Ref : Dailymail
Was this answer helpful?
LikeDislikeပါပါမှိုက်ပြောတာ ဘာသွားသဒိယလဲဆိုဒေါ့ လူcat အချို့ပြောသလို… ဟာ ဘုရားကကွာ သူ့ခြေမ ကွဲဖို့ ဝဋ်ကျွေးဆပ်ခြင်တာနဲ့ ရှင်ဒေဝဒတ်ကို ထိုးခြတယ်၊ ကျောက်တုံးပိမှ ဖြစ်မည်ဆိုလဲ သူ့တန်ခိုးနဲ့ တောင်ပေါ်က ကျောက်တုံး သူ့အလိုလျောက် ကျလာမည့်အချိန် သိပြီး သွားနေလိုက်ပေါ့။ အခုတော့  ဒေဝဒတ် အချောင်မိတယ်။ ဒဂယ်စို သူတွန်းချလည်း အပြစ်မကြီးအောင် ရှောင်ဖို့သင့်တာပေါ့။ အဲလို အဲလို… ပြောသဗျာ။။။
Was this answer helpful?
LikeDislikeဧဲလိုပဲ ရှိသေးတယ်။ အခါတပါးမှာ သူဌေးသားတြောက် တရားလာနာတယ်။ ဘုရား စကားမဆုံးခင်မှာ ကိစ္စရှိသေးတယ်ဆိုပီး အချိန်ခေါက်လစ်သွားတယ်။ သူသာ တရားဆုံးအောင် နာလျင် တမဂ်တဖိုလ် ရမည်တဲ့။ ခုတော့  သံသရာကြော ပက်လာဘ်မြောပေါ့။ အဲသူက အူးမှိုက်ကြီး ဖြစ်ကောင်းဖြစ်နိုင်တယ်.. ပြောမြ။ ကြံဖန်တွေးကြေးဆို ဘုရားက သိလျက်နဲ့ ဘာလို့ မတားသလဲ။ တန်ခိုးနဲ့တားလျင်တား ဒါမှမဟုတ် မေတ္တာဓါတ် လွှမ်းခြုံဖမ်းထားလိုက်ပေါ့။။။
Was this answer helpful?
LikeDislikeနှောက်တခုဂ ဘုရားနဲ့ အမျိုးလည်းတော်တဲ့ အစားကြူးတဲ့ ဘုရင်တပါး ရှိသေးတယ်။ ပသဓနဒီဆိုလား ဘာလား နာမည်မမှတ်မိ။ သိပ်ဝလို့ အစားလျော့ နည်းတောင် ဘုရား ပြပေးခဲ့ဖူးတယ်။ အဲဒီဘုရင်ဂျီး ဘုရားဖူးလာရင် မင်းဝတ်တန်ဆာ ငါးပါးကို အပြင်မှာထားပီး ကျောင်းထဲ တရားဝင်နာတုံး သူ့တူက မင်းဝတ်တန်ဆာတွေကို မောင်ပိုင်စီးပီး ဘုရင်လှုပ်လိုက်တယ်။ အဲဒါ ပျံခြဖို့ သူယောက်ဖ တိုင်းပြည်ဆီသွားတာ လမ်းမှာ ဆင်းဆင်းရဲရဲသေတယ်။ အဲဒါလည်း တွေးကောင်းတိုင်းတွေးဂျေးဆို ဘုရားက အကျိုးသင့်အကြောင်းသင့် ဖြောင်းဖြဖို့ သင့်တာပေါ့။ ဟဲ့ ဗျင်ဂျီး နင့်ကံကုန်တော့ မည်၊ အာဏာ မက်မနေနဲ့.. ဘွကူးကောင်းဖို့ လှုပ်ဆိုပီးဒေါ့…
Was this answer helpful?
LikeDislike.ကျုပ်နားလည်တာက ဗုဒ္ဓ က ဖန်ဆင်းရှင်မဟုတ်
.လူတစ်ယောက်ရဲ့ကံကြမ္မာကိုဝင်ရောက်စွက်ဖက်လေ့မရှိ
.တရားဓမ္မစစ်ကိုသာရှင်းလင်းဟောကြားတော်မူခဲ့တယ်
Was this answer helpful?
LikeDislikeအနော်ပေါလိုဒါ ကံကြမ္မာလဲဟုတ်ဝူး၊ ဖမ်စင်းယှဉ်လည်း ဟုတ်ဝူး…။ ကိုယ်ညံတထွာလောက်နဲ့ တွေးကောင်းဒိုင်း တွေးစကြံဆည်တာကိုပေါသာ..။ အဲဒါနဲ့ပဲ မရှိတွေ အရှိဖြစ်.. အမှားတွေ အမှန်ဖြစ်တယ် ပါမိုက်.. ခြစ်လို့ပေါဒယ်မှက်ပါ။
ဟို ဒိဋ္ဌိမိစ္ဆာ မာမွပ်ခိုမ်ကိုတော့  အဖက်မလှုပ်ဗူး.. သန်ဆင်ခိုမ်လေးက ငှယ်သေးတယ်။
Was this answer helpful?
LikeDislikeကံကိုအဲလောက်ယုံကြည်တယ်ဆို.. ချီးပုံနင်းကြည့်ပါလား.. ကကြောင်..
..
ဆိုတော့…
ကံ၊ စိတ်၊ ဥတု၊ အဟာရတဲ့…။
ရုပ်တိုင်းမှာ.. ဖြစ်နိုင်ခြေက.. 4! အတွဲတွေတွဲမယ်ဆို.. ဖြစ်နိုင်ခြေ.. 4 Factorial= 24 ရှိသဗျ..။
ကံရော.. ဘယ်နှမျိုးရှိသလဲ.. သိသလား..
အကျိုးပေးရာကာလအရ ကံကို လေးမျိုးခွဲထားတယ်…။ (8! Factorial= 40320)
အဲ.. အလုပ်လုပ်ပုံအားဖြင့်လည်း ကံကို လေးမျိုးခွဲပြပြန်ရော…။ (16! Factorial= 2.092279e+13)
ပဋိသန္ဓေအကျိုးပေးဖို့ရာ ဦးစားပေးမှု အလှည့်အကြိမ်အလိုက်လည်း.. ၄မျိုးဗျ..။ (32! Factorial= infinity)
နောက်ပြီး.. အကျိုးပေးတဲ့နေရာကိုလိုက်ပြီး နောက်၎မျိုးလည်းရှိသေး..။ (64! Factorial= infinity infinity infinity)
အဲဒီနောက်ဆုံး.. လေးမျိုးထဲမှာမှ.. ပထမတမျိုး..ဥပမာထားပါစို့..
“အပါယ်ဘုံမှာ အကျိုးပေးတဲ့ အကုသိုလ်ကံ” တဲ့.. အကုသိုလ်ကံ”၁၀”မျိုးထပ်ရှိသဗျ..။
ပြောချင်တာက…
အဲလောက်ရှုပ်ထွေးနေတဲ့.. လေးသချေ်ကမ္ဘာတသိန်းလို..မဖြစ်နိုင်တဲ့ကိန်းဂဏန်း.. ဖြစ်နိုင်ချေတွေထွက်လာမယ့်.. ဟာတွေကို.. ဂေါတမဗုဒ္ဓကိုယ်တော်တိုင်ကလည်း.. ဖန်တီးဖန်ဆင်းပြုပြင်ဖို့စိတ်မ၀င်စားပါဘူး…။
ဒီခေတ်.. ဗုဒ္ဓထက်ထူးတဲ့..တချို့ကတော့.. အဲဒါတွေကို.. ဗုဒ္ဓကိုယ်တော်တိုင်ထက်သိနားလည်ပုံရပြီး.. လူတပါး တခြားတယောက်ကို.. ခတ်တည်တည်နဲ့..
မင်းက.. သေရင်..ငရဲရောက်မယ်..။
နင်ကတော့ နတ်ပြည်ရောက်မယ်ဆိုပြီး.. နတ်ပြည်/ငရဲလိုင်စင်ရပုဂ္ဂိုလ်ကြီးလို.. ခေါင်းစဉ်တွေလိုက်တပ်ပေးနေတာတွေလည်း.. ရှိပါသဗျ..။
“ငရဲနဲ့ခြောက်.. ဘုံနဲ့မြှောက်” လို့.. ကွန်မြူနစ်တွေက.. ခေါ်ပါတယ်..။
တချို့ကျ… .. အဲဒါတွေနဲ့ကိုင်ပေါက်ပြီး. လူတွေကိုစကားပြောဖက်မဖြစ်အောင်လုပ်သူတွေ ရျိပါတယ်..
အဲဒီလူတွေကိုယ်၌တွေက… ကံကိုယုံပုံရသမို့..
မယုံနင်းကြည့်… ခွေးချီးပုံလို့.. ပြောရမှာပါပဲ..။
Was this answer helpful?
LikeDislikeဝင် မန့်မလို့ လုပ်ရင်း
ကြောင် နဲ့ သဂျီး ငြင်းနေတာ တွေ့လို့
တိတ်တိတ်လေးပဲ ပြန်ထွက်သွားပါကြောင်း
:mrgreenn: :mrgreenn:
Was this answer helpful?
LikeDislike