ဒီ တစ်ခေါက် ပြန်တော့ ၃ ပတ်။

စားခဲ့တာလည်း အများကြီးပဲ။ ကြုံသလိုစားခဲ့တာမို့ ကက်တဂိုရီ ခွဲပြီး ရေးမို့ ဘယ်လိုမှ စဉ်းစားမရ။

ဆိုတော့ အစဉ်အလိုက်ပဲ ရေးသွားမယ်နော့။ ပုံနဲ့ တကွ။

:mrgreenn:

ဂျန် ၃၀ ရက်နေ့ညနေ ရောက်တော့ ကိုယ့် အဖွဲ့တွေ မွသဲတို့ မက်စေ့လှမ်းပို့ပြီး တားတယ်။ အပြင်စာမစားနဲ့အူးတဲ့။ ကိုယ်က ကျောက်ဖြူရခိုင် ဆိုင် ခြေလှမ်းပြင်နေမှကိုးးး။ :mrgreenn:

ဟုတ် .. မစားပါဘူးပေါ့။ အာ့နဲ့ တောင်ဥက္ကလာရပ်ကွက် အတွင်းထဲ တောင်ဥက္ကလာ စာတိုက် နားက”ဥက္ကလာ ခေါက်ဆွဲဆိုင်” ကနေ ခေါက်ဆွဲကြော် ထမင်းကြော် နံကင် မှာစားလိုက်တယ်။ မီးခိုးနံ့သင်းတဲ့ ခေါက်ဆွဲကြော် ငတ်နေတာမို့ စားလို့ကောင်းတာ။ (ရပ်ကွက် အပြင်က အစာမှ မဟုတ်။ အပြင်စာဘယ်ဟုတ်ပါ့မလဲနော့) :mrgreenn:

1

“ဥက္ကလာ ခေါက်ဆွဲဆိုင်”

2

“ဥက္ကလာ ခေါက်ဆွဲဆိုင်”

3

“ဥက္ကလာ ခေါက်ဆွဲဆိုင်”

 

ဂျန် ၃၁ ရက်ကျ ကိုယ့် အဖွဲ့တွေနဲ့ တွေ့သလေ။ မနက်ကို FMI အိမ်ယာထဲက “သပြေရိပ်” မှာ ထိုင်သေးတယ်။ ခရီးစဉ်ရဲ့ ပထမဆုံး လက်ဖက်ရည် ပေါ့ဆိမ့်လေး သောက်ရတာပေါ့။ ကျန်တဲ့သူတွေ စားတဲ့ နန်းကြီးသုတ်ဆိုတာ မြည်းလိုက်သေးတယ်။ မဆိုးပါဘူးး။ မန်းလေးသူမို့ မန်းလေးကို မမှီဘူးလို့ပဲထင်တယ်။ :mrgreenn:

မွဝေအိမ် ကူးတဲ့ အချိန်မှာ အစားတွေကတော့ အိမ်လက်ရာတွေ အစုံမို့ …….   :mrgreenn:

မွ ဝေ လုပ်ထားတဲ့ ဆူရှီး အပြင် အဲဒီမှာ ကောက်တေး ဘဆွေရဲ့ ကောက်တေး စ မြည်းဖူးကြတာပဲ။
မမာကလည်း ဝက်သားဒုတ်ထိုးနဲ့ ကြာဇံကြော်။
မွသဲက ဘိတ် အာပုံ
မွညိုမာ က မုန့်လိပ်ပြာတွေ သယ်လာတယ်။

IMG_2548

မွဝေ အိမ်က အပြန် မွအိ ဆီ ဝင်ပြီး ကိုယ့် အမရဲ့ နာမည်ကြီး လက်ရာ ဆန်းဝစ် လေးနဲ့ ကော်ဖီလေးမျှောလိုက်သေးတယ်။
ဟိ။ :mrgreenn:

1

1

2

2

3

3

 

ဖေဖော်ဝါရီ ၁ ရက်နေ့တော့ အိမ်ကပ်တယ်လေ။ နီးနီးနားနား အင်းဝလမ်း နဲ့ သစ္စာလမ်းထောင့်၊ တောင်ဥက္ကလာ က“ကျောက်ဖြူ ရခိုင်ဆိုင်” သွားစားတယ်။ “မင်းလမ်း” ထက်ကောင်းတယ်လို့ ထင်တယ်။ မှာရတာလည်း မြန်တယ်။ ပုံပါ အစားအသောက်တွေမှ ၁၀၀၀၀ကျပ်ပဲ ကျတယ်။ မဆိုးဘူး ။

ကြက်သောက်ဆမ်း ပုဇွန်ကင် မုန့်ဖတ် အချိုသုတ် ရခိုင်သုတ် ငှက်ပြောဖူးသုတ် ရခိုင်မုန့်တီ

“ကျောက်ဖြူ ရခိုင်ဆိုင်” ကြက်သောက်ဆမ်း
ပုဇွန်ကင်
မုန့်ဖတ် အချိုသုတ်
ရခိုင်သုတ်
ငှက်ပြောဖူးသုတ်
ရခိုင်မုန့်တီ

 

ညဘက်ကျ နီးနီးနားနား သစ္စာလမ်းမကြီး ပုန္ဏမီမှတ်တိုင် နားက”ဝင်း ကြေးအိုးဆိုင်” က ဆန်ပြားကြေးအိုးလေး တစ်ပွဲပဲ စားတယ်။ ကျန်တဲ့သူတွေရဲ့ ဆီချက်တို့ ကြေးအိုးကြာဇံဆီချက်တို့လည်း မြည်းလိုက်သေးတယ်။ အသားများတယ်။ အရသာကောင်းတယ်။ အသားကင်လည်း ရတယ်။ အချဉ်ကောင်းတယ်။

IMG_2561

“ဝင်း ကြေးအိုးဆိုင်”

ဖေဖောရီ ၂ ရက်နေ့ကျလည်း အိမ်ထမင်းအိမ်ဟင်းပဲ။

အိမ်မှာ

အိမ်မှာ

 

ညဘက်ကျ အမ တစ်ယောက်က ညစာကျွေးမယ်ဆိုလို့ အစက မြန်မာပလာဇာ ကိုချိန်းလိုက်တာ။ ၄ ထပ်မှာ အစားအသောက်ဆိုင်ချည်းပဲ။ သူ့ကို စောင့်ရင်း မြန်မာပလာဇာ က”ရွှေပလ္လင် လက်ဖက်ရည်ဆိုင်” မှာ ဝင်ထိုင်လိုက်သေးတယ်။ လက်ဖက်ရည်က သပြေရိပ်ထက် ကောင်းတယ်။ ပေါက်ဆီလေး ဝက်သားပေါင်းလေးပါ မြင်တော့ မနေနိုင် မှာစားလိုက်မိသေးတယ်။

အမလာတော့ ဒီပေါ်က ဆိုင်တွေမှာ မစားချင်ဘူး အကင်ပဲသွားစားရအောင် ဆိုပြီး ထုံးစံအတိုင်း ကမ္ဘာအေးဘုရားလမ်းပေါ်က”ယူနန် အကင်ဆိုင်” ကိုချီတက်ကြတယ်လေ။ ဈေးသင့်တယ်၊ နေရာသန့်တယ်၊ ကားရပ်ရတာအဆင်ပြေလို့ အကင်ဆို ယူနန် ကို ပဲသွားတယ်။

IMG_2562

“ယူနန် အကင်ဆိုင်”

ဖေဖော်ရီ ၃ ရက်နေ့ကျ  လှည်းကူးသွားစရာရှိတာနဲ့ သွားရင်း “နန်းမြို့တော် စားတော်ဆက်” မှာ နေ့လည်စာ စားဖြစ်တယ်။ ပဇွန်ချဉ်သုပ်နဲ့ ကြက်သည်းမြစ်ကလွဲရင် ကျန်တာ သာမာန်ပါပဲ။

IMG_2563

“နန်းမြို့တော် စားတော်ဆက်”

အပြန်ကျ “အိုင်တီ လက်ဖက်ရည်ဆိုင်” ထိုင်တယ်။ ပြည်လမ်းပေါ်မှာ ရှိတယ် လှည်းကူးဘက်ကလာတော့ ဘယ်ဘက်က ခြံဝန်းကြီးထဲမှာ ဖွင့်ထားတာ။ ကျယ်တယ်။ ကားရပ်တဲ့နေရာက ဝန်ထမ်းတွေက သွက်တယ်။ အိမ်သာသန့်တယ်။ နေရာကောင်းတယ်။ လက်ဖက်ရည်သောက်မိတော့ ကောင်းတယ်လို့ ပြောလို့ရတယ်။ သစ်သီးလက်ဖျော်လည်း မျိုးစုံရှိတယ်။ ပလာတာမြည်းခဲ့တာ မဆိုးဘူးး၊ နန်းကြီးသုတ်ကတော့ မန်းလေးမမှီ။ နေရာ အတော်ကြိုက်ခဲ့တယ်။

 

ဖေဖောရီ ၄ ရက်နေ့  မန်းလေးသွားပြီ။ လမ်းမှာ နေပြည်တော် ရပ်နားစခန်း မှာ နားတော့ “မြောင်းမြဒေါ်ချို” မှာ စားဖြစ်တယ်။ မြန်မာထမင်းဟင်း လက်ရာ အတော်ကောင်းပါတယ်။ မုန့်ဟင်းခါးကိုတော့ အပြန်မှ မြည်းမယ် တေးထားခဲ့တယ်။

"မြောင်းမြဒေါ်ချို"

“မြောင်းမြဒေါ်ချို”

 

 

မန်းလေးရောက်တော့ ထုံးစံအတိုင်းပါပဲ။

အိမ်ထမင်း အိမ်ဟင်း

အိမ်ထမင်း အိမ်ဟင်း

အိမ်ထမင်း အိမ်ဟင်း

အိမ်ထမင်း အိမ်ဟင်း

အိမ်ထမင်း အိမ်ဟင်း

 

 

 

အုန်းအုန်း ပဲထမင်း

မန်းမြို့တော် ပေါက်ဆီ

IMG_2584

အိမ်ထမင်း အိမ်ဟင်း အုန်းအုန်း ပဲထမင်း မန်းမြို့တော် ပေါက်ဆီ ပဲပြုတ် နံပြား

 

 

 

 

 

 

 

 

 

 

 

 

 

 

ရှမ်းလက်ရာ ရှမ်းအစားအစာ

ရှမ်းလက်ရာ ရှမ်းအစားအစာ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ပန်းချယ်ရီ ရှမ်းခေါက်ဆွဲ

IMG_2154

ပန်းချယ်ရီ ရှမ်းခေါက်ဆွဲ

 

 

 

 

 

 

 

 

 

 

 

 

 

ကရဝိတ် ကီးမား

ပန်းသခင် လက်ဖက်ရည် ကော်ရည် စတာတွေ လှည့်ပတ်စားနေတာမို့ ပုံတွေကလည်း ဗျောက်သောက်…..

ဗျောက်သောက်၊ စားသောက်

ဗျောက်သောက်၊
စားသောက်

ဗျောက်သောက်၊ စားသောက်

ဗျောက်သောက်၊
စားသောက်

IMG_2585

 

 

 

 

ဖေဖော်ရီ ၆ ရက်နေ့ စစ်ကိုင်းသွားဖြစ်တယ်။ “ဒေါ်ရိတ်ကြီး အသုတ်ဆိုင်” ကောင်းတယ်ဆိုလို့ ဝင်စားဖြစ်တယ်။ ၆ ယောက်ကို ၆ ထောင်လောက်ပဲ ကျတာမို့ တန်တယ်ခေါ်မလားး။ အသုတ်တွေလည်း စားကောင်းတယ်။ ကိုယ်ကတော့ အညာသူမို့ ဆိုင်ရဲ့ သစ်သားတန်းလျားတွေနဲ့ စားရတာလည်း ကြိုက်တယ်။

ဒေါ်ရိတ်ကြီး အသုတ်ဆိုင်

ဒေါ်ရိတ်ကြီး အသုတ်ဆိုင်

 

၇ ရက်ညတော့ မွေးမေလေ့ မွေးနေ့ကို လမ်း ၃၀၊ ၆၄ လမ်း နဲ့ ၆၅ လမ်းကြားက“Life Dimsum & Cafe” မှာ လုပ်ပေးဖြစ်တယ်။ ဒီ ဆိုင်သစ်က ကားရပ်ရတာ ကောင်းတယ်။ အရသာလည်း အတော်ကောင်းတယ်။ မနက်နေ့လည် ည အတွက် စုံတယ်။ ခုဆို ဘယ်လို မိသားစုပွဲလေး ကျင်းပချင်ချင် အစားအသောက်အပြင်အဆင် ဝန်ဆောင်မှုကောင်းတယ်လို့သတင်းကြီးလို့ပါ။

 

၈ ရက်နေ့တော့ အိမ်မှာပဲ စားတယ်။ ညဘက် ဝိုင်ကေကေအို မှာ စားတယ်။ ရေးဖူးတာမို့ ချန်ခဲ့ပြီ။

 

၉ ရက်နေ့ ညစာကို “Life Dimsum & Cafe”  မှာ သူငယ်ချင်းတွေနဲ့ ထပ်သွားစားတယ်။

IMG_2569

“Life Dimsum & Cafe”

 

၁၀ ရက်က ကန်တော်ကြီး သံဃာ့ဇီဝိတဒါန ဆေးရုံမယ် မိသားစု အလှူလေးရှိတယ်။ ဖြစ်ချင်တာကိုပြောလိုက်ရုံ နဲ့ အလှူမနက် ဒီတိုင်းထသွားရုံပါပဲ။ ချက်ပြုတ်တာရော စီစဉ်တာရော ပြည့်စုံပါတယ်။

၁၁ ရက်ကျ မေမြို့ တက်တယ်။ နေ့လည်စာကို “ရွှေမူဆယ် စားသောက်ဆိုင်” မှာ စားတယ်။

IMG_2596

“ရွှေမူဆယ် စားသောက်ဆိုင်”

ရှမ်း တရုတ်စာ အရမ်းစားကောင်းတယ်။ ဆိုင်အပြင်အဆင် အကောင်းကြီးမဟုတ်ပေမဲ့ သန့်ရှင်းအောင်ကြိုးစားထာတ်အာ သိသာပါတယ်။ ၁၂ ယောက်ကို ၃သောင်း၂ထောင်လောက်ပဲကျတာမို့ တန်တယ်ပဲ ယူဆပါတယ်။

စားပြီးတော့ သျှမ်း မလိုင်လုံးလေးပဲ မြည်းမယ်ကြံထားတာ။ လိုက်ပို့တဲ့ အမတွေက တစ်ဆိုင်ခေါ်သွားမယ်ဆိုလို့ လိုက်သွားတယ်။ ဆိုင်အပြင်အဆင်ကိုမကြည့်ဘူးဆိုရင်ဖြင့် စားလို့ သောက်လို့ အတော်ကောင်းတဲ့ ဆိုင်ပါ။

IMG_2131

ကော်ဖီ၊

ဒိန်ချဉ်

စတော်ဘယ်ရီ လက်ဖျော်

ထောပတ်သီးလက်ဖျော်

ပူတင်း ပုံရိုက်ဖို့တောင် မေ့သွားလို့ အထွက်ကျမှ ဆိုင်ကိုပဲ ရိုက်ခဲ့နိုင်တယ်။

 

 

၁၂ ရက်နေ့ စစ်ကိုင်းဘက်ထပ်သွားပြီး ည အပြန်မှာ အမရပူရက “အိပ်မက်ချို စားသောက်ဆိုင်” မှာ ဝင်စားဖြစ်တယ်။ သူ့နေရာမှာ သူ့လက်ရာလေးနဲ့သူတော့ ကောင်းတယ် ဆိုရမယ်။ ဘီယာလေးပါ ပါရင် ပိုကောင်းတဲ့ ဆိုင်မျိုးပေါ့။ ဟိ။ ချိုချဉ်ကြော်နဲ့ ငါးကင် အကောင်းဆုံးပါပဲ။

IMG_2567

“အိပ်မက်ချို စားသောက်ဆိုင်”

၁၃ မနက် ကျသူငယ်ချင်းတွေ “Life Dimsum & Cafe” မှာ ဒင်းဆမ်း နဲ့ ကျောက်ချထိုင်ပြီး လေပစ်ကြသလေ။

 

၁၄ ရက်နေ့ ရန်ကုန်ကိုပြန်လာတာ နေပြည်တော်မှာ နားဖြစ်တော့ တေးထားတဲ့ “မြောင်းမြဒေါ်ချို မုန့်ဟင်းခါး” ကို မြည်းမယ်ကြံရင်း ၂ ပွဲ စားဖြစ်သွားတယ်။

IMG_2251[1]

“မြောင်းမြဒေါ်ချို မုန့်ဟင်းခါး”

ညဘက် တုန်စိန် တို့ အောင်မိုးသူတို့နဲ့ ချိန်းလိုက်သေးတယ်။ ဝေဇယန္တာ စီးတီးမတ်မှာ။ “Happy Noodle & Cafe” တဲ့။ ကိုယ်က ညစာ အိမ်မှာ စားခဲ့တာမို့ ကော်ဖီပဲ သောက်လိုက်တယ်။ ကောင်းတယ်။ မိုးသူလာတော့ ပြောတာ ဒီဆိုင်က နာမည်ကြီးသတဲ့။ ခေါက်ဆွဲတို့ ထမင်းနယ်တို့ ကောင်းတယ်တဲ့။ အင်းယားလမ်းမှာ ဆိုင်ပင်ရင်းရှိသတဲ့။ ဗိုက်က ဘယ်လိုမှ မရတာမို့ မစားခဲ့ရပဲ တေးထားလိုက်ရတယ်။ :mrgreenn:

 

၁၅ ရက်နဲ့ ၁၆ ရက် ကတော့ အိမ်မှာပဲ ထူးမခြားနား စားနေတာပါပဲ။

အိမ်မှာ

အိမ်မှာ

အိမ်မှာ

အိမ်မှာ

 

 

၁၇ ရက်နေ့မနက်ကျ ကောင်းကင်ပြာလေးက MICT ထဲမှာ မုန့်လျှောက်စားရအောင်လို့ ဖျားယောင်းသလေ။ ဟိ။

မနက်ခင်း MICT က “Oriental House” မှာ ဒင်းဆမ်း စားတာ ဘယ်လောက်စားတုန်း ပုံမှာသာကြည့်တော့ ။

1

ကော်ဖီ ၂ ခွက်လည်းသောက်ခဲ့တယ်။ ညီမလေးက သင်္ဘောသီးထောင်း ၃ ဘူးထည့်ပေးလိုက်သေးးး။ စားရင်း တစ်ယောက်ထဲ တစ်ဘူးကုန်သွားသေးး။ ဆိုင်ကိုတော့ သူ့ကို မေးကြပါကုန်။  :mrgreenn:

နေ့ခင်းကျ ကိုနိုဇိုမိနဲ့ ချိန်းထားတာနဲ့ (၂ယောက်ထဲ မီဟုတ်ပါပု၊ တခြားသူတွေပါ ပါပါတယ်) :mrgreenn:

မွသဲ ရွေးတဲ့ ဆိုင်က ကိုယ် စားချင်နေတဲ့ ဆိုင်ဖြစ်နေရောပဲ။ “Happy Noodle & Cafe”  ပါ။ အင်းယားလမ်းထဲက။.

ကျိုင်းတုံခေါက်ဆွဲ အရသာကောင်း။ (ခေါက်ဆွဲ အတွက် တို့ဟူးခြောက်ကျော်တို့ ဝက်ခေါက်ကြော်တို့က အလကားပေးတာတဲ့။ ဟိ)

ရှမ်းထမင်းချဉ်လည်းကောင်း။

ဟက်ပီး ဘဲဥတဲ့။ (ထန်းညက်နဲ့မန်ကျည်းချဉ်အရသာရတယ်။) ဘယ်လိုလုပ်ထားမှန်းတော့ မသိ။။ စားကောင်းတယ်။.

ဖျော်ရည်လည်း ကောင်းတယ်။

ငှက်ပျောသီး ပျားရည်လည်း ကောင်းတယ်။

ဟီးဟီးး ပုံတင်ထားသမျှ အကုန်ကြိုက်နေရောပဲ။ နေရာကလည်း ကိုယ့် အကြိုက် ဝန်းကြီးထဲမှာ သီးသီးသန့်သန့်လေးးး သဘောတွေကျတာဆို။

IMG_2566

“Happy Noodle & Cafe”

 

 

ညနေဘက်ကျ ချာတူးတို့ နွယ်ပင်တို့နဲ့ ချိန်းထားတာနဲ့ တာမွေ အိုးရှင်း ကို သွားရတာ။

“Love Boat” ဆိုတဲ့ ဆိုင်လေမှာ စားရင်း ပြောရင်း ရီရင်း မှာတာတွေ ဘယ်လို ကုန်သွားမှန်းတောင် မသိ။

ယိုးဒယား စာ လို့ ပြောရမလားပဲ။

IMG_2564

“Love Boat”

 

၁၈ ရက်နေ့တော့ အမတစ်ယောက်ဖြစ်တဲ့ မမာ အိမ်ကို သွားစားတယ်။ မမာချက်ထားတဲ့ ဟင်းထမင်းတွေ အပြင် မွညို ရော မွသဲ ရော မွနို ရော ယူလာတဲ့ အစားအသောက်တွေ …..   ဟီးဟီးး  :mrgreenn:

 

1

1

2

2

 

ညဘက် ကိုကိုကျောက်အိမ် ဝင်ပြီး ဘုရားဆက်သွားးး

 

IMG_2450[1]

သာကေတ “ရွှေပုဇွန်” ကို ဆိုင်ပိတ်ချိန်နားနီးနောက်ဆုံးမှရောက်ပြီး ဖာလူဒါလေးသောက်ဖြစ်အောင် သောက်လိုက်သေးတယ်။

IMG_2459

“ရွှေပုဇွန်”

 

 

၁၉ ရက်နေ့ကျ အထုတ်တွေ ပြင်ရင်း တောင်ဥက္ကလာ နန္ဒဝန်ဈေးနားက “ပညာလမ်းထိပ် အသုပ်ဆိုင်” က နာမည်ကြီးနေတာမို့ သွားစားလိုက်သေးတယ်။ လူများတယ်၊ နေရာထိုင်ရတာမအိုကေဘူးး.. အရသာကတော့ ကောင်းတယ်။ အေးဆေးမရှိတော့ အစားက အရသာခံစားလို့ မရ။

2

“ပညာလမ်းထိပ် အသုပ်ဆိုင်”

3

“ပညာလမ်းထိပ် အသုပ်ဆိုင်”

 

 

 

၂၀ ရက် စလုံးပြန်ရောက်ပြီ။

 

ချောင်းဆိုး
အင်အင်းပန်း
အဖုထွက်၊
အသားမည်း
အရေခွံကွာ
ဗိုက်နာ
ဝိတ်တက်
ရောက်တာနဲ့ ဖြစ်မြဲလေးတွေ စ ပြီ။

မြန်မာပြည်တုန်းးက စိတ်ဆောင် သမျှ
ဒီရောက်မှ မြော့မြော့ ကျန်တော့တယ်…!! ???
ကယ်ဂျဘာာာာာာာ

:oops:

အာ့နဲ့ အိမ်မှာ ဆေးခွင့်ယူပြီး
ကိုဘလက်ပေးလိုက်တဲ့ ဆရာမင်းလူ ရဲ့ ဝတ္ထုတို ပေါင်းချုပ်ရယ် ကင်းကောင်လေး ပေးလိုက်တဲ့ ရှားလော့ဟုမ်းပေါင်းချုပ် စာအုပ်ရယ်နဲ့ နားနားနေနေပဲ။

:k:

 

ဇီဇီ

About ဇီဇီ

ဇီဇီ has written 333 post in this Website..

CJ # 129120