လွယ်လွန်းလို့ လုပ်စားပြီး

အရသာကောင်းလွန်းလို့ ကြိုက်လို့ လာမျှတာ။

ပါဝင်ပစ္စည်း
ပုဇွန်ထုတ်/ပုဇွန်ဆတ်ထုတ် – ၁၀ ကောင်

အသားပြား – ၁၀ ပြား

ဆား/ငရုတ်ကောင်းအနက် – အနည်းငယ်

ဟင်းချက်ဝိုင်/အရက် – ၁ ဖုံး

ပင်စိမ်းရွက် – အရွက် ၂၀

သွားကြားထိုးတံ – ၁၀ ချောင်းး

ထောပတ်ဆီ – ထမင်းစားဇွန်း ၂ ဇွန်း

ခိခိခိခိ ပိန်အူးမှာ

 

:mrgreen:

 

ပြုလုပ်နည်း
၁) ပုဇွန်တွေ ခေါင်းပြုတ်၊ ချေးကြောင်းထုတ်၊ အခွံခွါထား

၂) ဆား/ငုတ်ကောင်းအနက်မှုန့် ဟင်းချက် အရက်နဲ့ နယ်ထား

၃) အသားပြား ၁၀ ပြားကို ခွါထုတ်ပြီး ပင်စိမ်းရွက်တွေလည်း ရေဆေးထား

၎) ပုဇွန်ကို အရွက် ၂ ရွက်ဆီ နဲ့ ပတ်ပြီး အသားပြားကို စောင်ခြုံသလိုပတ်လိုက်

၅) အစကို သွားကြားထိုးတံနဲ့ ထိုးသီထားလိုက်

၆) ကင်ပြားပေါ်ကို ထောပတ်ဆီ သုတ်ပြီး စီတန်း ကင်လိုက်

၇) ကြိုက်ရာ အနေတော်/အရောင် ရတဲ့ထိ ညှပ်နဲ့ ဟိုဘက်လှန် ဒီဘက်လှန်

၈) ပြီးရင် ဘာဘီကျူးဆော့လေးနဲ့ တို့စားလို့ရပြီ။

 

ပုဇွန်တွေ ရေထဲနေရတာ ချမ်းမှာစိုးလို့ ဆယ်ပြီး စောင်ခြုံထားတာ

ပုဇွန်တွေ ရေထဲနေရတာ ချမ်းမှာစိုးလို့ ဆယ်ပြီး စောင်ခြုံထားတာ

 

မီးလှုံခိုင်း

မီးလှုံခိုင်း

 

 

 

 

စားလို့ရပြီ

စားလို့ရပြီ

 

စိမ်းပြာ ခရုပါ ရတာနဲ့ ရေစင်အောင်ဆေးပြီး ဂျင်းထောင်းပြီး ပြုတ်ထားတာ။

စိမ်းပြာ ခရုပါ ရတာနဲ့ ရေစင်အောင်ဆေးပြီး ဂျင်းထောင်းပြီး ပြုတ်ထားတာ။

 

ဆာရှိမိလေးပါ ရလာတာနဲ့ ပွဲတော်ဖြစ်သွားရော။

ဆာရှိမိလေးပါ ရလာတာနဲ့ ပွဲတော်ဖြစ်သွားရော။

ဇီဇီ

About ဇီဇီ

ဇီဇီ has written 343 post in this Website..

CJ # 129120