စာတွေလည်း ဖတ်ချင်တယ် . . . စာဖတ်ဖို့လည်း အချိန်မပေးနိုင်ဘူး . .  ဖတ်ဖို့လည်း ပျင်းနေတယ် . .

 

ဆိုတော့ . . . အလုပ်လုပ်နေချိန်မှာပဲ ဖြစ်ဖြစ် . . ညအိပ်ခါနီးမှာပဲ ဖြစ်ဖြစ် . . . ကားစောင့်နေချိန် ကားစီးနေချိန်မှာပဲ ဖြစ်ဖြစ် နားထောင်လို့ရအောင် စာအုပ်တွေကို အသံသွင်းထားတဲ့အခွေလေးတွေ ဝယ်လို့ရရင် ကောင်းမယ် . . .ရေဒီယိုမှာ အဲဒီလိုဖတ်ပြတဲ့ အစီအစဉ်လေးတွေရှိတယ် . . . အလုပ်လုပ်ရင်း နားထောင်ရတာ သိပ်သဘောကျတာပဲ . . .

 

နောက် ကလေးတွေအတွက် ပုံပြင်ခွေလေးတွေ ရှိမယ်ဆိုရင် အိပ်ယာဝင်ပုံပြင်လေးတွေကို ဖွင့်ပေးမယ် . . . နောက် သူတို့ထမင်းစားချိန်မျိုးတွေမှာ ဖြစ်ဖြစ် . . . ဖွင့်ပေးထားမယ် ဆိုရင် စာမဖတ်ဖြစ်ရင်တောင် အသိလေးတွေ ရှိလာမလားလို့ . . .

 

ရွာထဲကသူတွေ လုပ်ပါလားဟင် . . . မဟုတ်ရင်လည်း ခဝဲခြံကပဲ သွားငှားရင် ကောင်းမလား :)

လုံမလေးမွန်မွန်

About လုံမလေးမွန်မွန်

has written 159 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့… ဘ၀ဆိုတာ တိုတိုလေးရယ်ပါ… ….

CJ # 11202010