နောက်ဆုံးနှစ်စာမေးပွဲကျတော့
အိမ်ကို မပြောရဲဘူး။
အလုပ်တစ်ခု ဝင်လုပ်ပြီး
စာမေးပွဲ ပြန်ဖြေဖို ့စီစဉ်ရပါတယ်။
အဲ့ဒီအချိန် သီချင်းမရေးဖြစ်တော့ပါဘူး။
မျိုးမျိုး နဲ ့ရော
သီချင်းလောကနဲ ့ပါ
အတော် အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။
ဒါပေမယ့် ၁၉၉၆ လောက်မှာ ထွက်လာတဲ့
အဲလက်စ် ရဲ ့”နေ ့သစ်များကိုကြိုဆိုခြင်း”
စီးရီးစ်မှာ ကျနော် နဲ ့မျိးမျိုး ပေါင်းရေးတဲ့
သီချင်း ၃ ပုဒ် ပါခဲ့ပါတယ်။
“အချစ်ဆိုတာဘာလဲ”
“အိပ်မက်တစ္ဆေ”
နဲ ့
တိုင်တည်သီချင်း
“နေ ့သစ်များကိုကြိုဆိုခြင်း”
သီချင်းတွေပါ။
အိပ်မက်တစ္ဆေ က မျိုးမျိုး ဆိုပြီးသားကို
ပြန်ဆိုတာပါ။
အဲလက်စ် ရဲ ့ပထမဆုံး သီချင်းခွေမှာ
ပါဝင်ခွင့်ရခဲ့တာ အတွက်
ကျနော် အခုထိ ဂုဏ်ယူနေမိတုန်းပါပဲ။
အဲဒီအတွက်
မျိုးမျိုး ကို ကျေးဇူးတင်ရမှာပါ။
ခွေထွက်ပြီး ပေါက်နေချိန်အထိ
အဲလက်စ်ကိုမမြင်ဖူးခဲ့ပါဘူး။
နောက်ပိုင်း ကျနော်တို ့သူငယ်ချင်းတွေ
စုလုပ်တဲ့ အလုပ်ဖွင့်ပွဲ ကို ဖိတ်တော့
အဲလက်စ် က ပွဲတက်ပေးခဲ့ပါသဗျာ။
အချစ်ဆိုတာဘာလဲ သီချင်းကို
အဲလက်စ် က “အချစ်နဲ ့ကောင်းကင်” ခွေမှာ
ထပ်ဆိုခဲ့ပါသေးတယ်။
ပြီးတော့ သားစိုး ကလည်း
“မြန်မာဒီဂျေများရဲ ့အကောင်းစား Remix” ခွေမှာ
ထည့်ပြီး Remix လုပ်ခဲ့ပါသေးတယ်။
Remix က ပိုတောင်မိုက်သေးဗျာ။
ကျနော်ဟာ နောက်ပိုင်းမှာ
စိတ်ကူးသက်သက်များ ခွေထဲက
သီချင်းတွေကိုညွတ်ခဲ့ဖူးပြီး
အဲလက်စ် ရဲ ့ပရိသတ် တစ်ယောက်လည်း
ဖြစ်ခဲ့ပါသေးတယ်။
အဲလက်စ် တစ်ကိုယ်တော်ရှိုး ကို
အင်းလျားလိတ်မှာလုပ်တော့
ကျနော်သွားကြည့်ခဲ့ပါသေးတယ်။
အောင်မြင်တဲ့ပွဲတစ်ပွဲပါ။
အဲဒီရှိုးမှာ ကျနော့် သီချင်းတစ်ပုဒ်မှ မဆိုခဲ့ပါဘူး။
ကျနော်ကတော့ ဆိုစေချင်တာပေါ့။
(ဆက်ဦးမည်)
(BC)

About black chaw

black chaw has written 332 post in this Website..