အရီး ရဲ့ စုန်းမ စာ ဆိုတာလေး ယူသုံးပါရစေခညာ။

~~~~~~~~~~~~~~~~~~~

ပြန်တွေးကြည့်တော့လည်း လူကြီးတွေက (၁၀) တန်း သည်သာ အရေးကြီးဆုံးလို့ ပြောလို့သာ အင်း အင်း ဟုတ်ကဲ့ လိုက် ခဲ့တာ။

ကွကိုယ် ဘာဖြစ်ချင်လဲ ရေရေရာရာမသိဘူးး!!

အဲ ဘာလုပ်ချင်လဲ မေးလည်း အဲဒီ အချိန်ပိုင်းလေး အသက်ပိုင်းလေးမှာ စိတ်ရူးပေါက်ပြီး လုပ်ချင်တာလောက် ပြောမိတာရယ်။

.

.

အခုလည်း သေချာသိလား ဆိုတော့ ဝေတေတေ ပါ။

လာမေးရင်လည်း ဘစိုင်း ယူရကောင်းနိုးး

ရဲတိုက် ကို စောင့်ရကောင်းနိုးး

ထမင်းလေးနပ် ဆက်စားရကောင်းနိုးး

တနိုးနိုး ဖစ်နာ။

(နောက်ထာ နောက်ထာ အဟုတ်မမှတ်ကြနဲ့။ ဒီလက်က အတည်ရေးလို့ကိုမရလို့)

:mrgreenn:

~~~~~~~~~~~~~~~~~~~~~~~~~

ခုမှသာ သေချာပြန်တွေးမိတာကို ရေးရတာ။

အဲဒီတုန်းကတော့…..

(၁) ဝါသနာရယ်

(၂) အသက်မွေးဝမ်းကြောင်း အတတ်ပညာရယ်

(၃) ငါ ဘာကြီးဖြစ်ချင်တာရယ် ဆိုတဲ့ ၃ ခု ကို သိပ်သဲကွဲတာမဟုတ်ဘူးရယ်။

 

.

.

ဝါသနာဆိုတာ ဝါသနာပါတာ လုပ်တယ် ဆိုတိုင်းလည်း ပိုက်ဆံရတာမဟုတ်ဘူးး

Money is Second GOD ဆိုတဲ့ ခေတ်ကြီးမှာ နိုင်ငံအခြေအနေက မကောင်း ပိုဆိုးသေးး။ ဝါသနာပါတာလုပ်ရုံနဲ့ ဗိုက်ဝတာမဟုတ်တော့ အဲတာကို အခြေခံပြီး ကိုယ့် လမ်းကြောင်းကို ရွေးလို့က မရ။

.

.

အသက်မွေးဝမ်းကြောင်းဆိုတာမှာကျ အမျိုးမျိုးး။ ဘဝအာမခံချက် (ရှိတယ်လို့ ပြောကြတာပဲ) နဲ့ ပိုက်ဆံရှာဖို့ စဉ်းစားရတော့မယ်လေ။

ပညာ ဒီဂရီ ဘွဲ့ရတဲ့ဘာသာရပ်နဲ့ အသက်မွေးဝမ်းကြောင်းလုပ်မလားး

လက်မှုပညာ အတတ်ပညာလေး သင်ပြီး ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်းမလားး အဲဒါရွေးရမှာ။

ကိုယ်တွေနိုင်ငံမတော့ ဘွဲ့လေးရမှ၊ ဒီဂရီလေးရှိမှ ဆိုတဲ့ အသိနဲ့ ခေါင်းထဲထည့်ခံထားရတော့၊ ကိုယ်တိုင် မာစတာပြီးပြီး စလုံး ၁ဝ နှစ်လောက်မှာ ၁ထပ်တိုက်ကို ဖြစ်ဖြစ်မည်ကာမတ ဆောက်နေရတုန်းး လမ်းထိပ်က ဝက်သားဒုတ်ထိုးသည်က ၂ နှစ် အတွင်း ၃ ထပ်တိုက် ဆောက်နိုင်တယ် ဆိုတော့ ကိုယ် ရွေးခဲ့တဲ့ အသက်မွေးဝမ်းကြောင်းနဲ့ လုပ်ငန်းကို ကွကိုယ် အကြည်ညိုတောင် ပျက်မိတယ်။ ဘွဘွ။

“နင် လက်ကောက်တွေ တံတောင်ဆစ်လောက် ဝတ်ပြီး ဒုတ်ထိုးရောင်းမလား” မေးကြည့်။

အရင်ကတော့ “ဟင့်အင်း” ပဲ။

ခုတော့ မန်းလေးပြန် ကြာဇံကြော်  နဲ့ ဒုတ်ထိုး ရောင်းဖို့ မှီသေးလား စဉ်းစားနေရပြီ။

:roll:

အဲလေ… ပြောရင်း ကလေးတွေ နဝေတိမ်တောင်ဖြစ်နေဂျအူးမယ်။

မမဂျီး ပြောချင်တာက ကိုယ့်ဘဝ ရှေ့ဆောင်က ပိုက်ဆံလား၊ လိပ်ပြာသန့်သန့်ကိုယ်နေနိုင်မဲ့ နေရာတစ်နေရာလား အရင် တွေးလို့ ပြောချင်တာ။

တရားနည်းလမ်းနဲ့ လုပ်သမျှ အလုပ်နဲ့..

ရှာသမျှ ပိုက်ဆံနဲ့ ခေါင်းချ အိပ်ပျော်နိုင်ရင်ကို အဲဒါ နေပျော်တဲ့ ဘဝလို့ အခု အသက်ပိုင်းမှာ တွေးမိတယ်ရယ်။

.

.

အဲဒီအခါကျမှ “ငါဘာဖြစ်ချင်လဲ” စဉ်းစားဖို့ လို့ပြီ။

တသက်လုံး ဘယ်လို ဘဝမျိုးနဲ့ နေချင်သလဲ စဉ်းစားဖို့လိုပြီ။

ကိုယ့် ဘဝမှာ ဘာက အလိုအပ်ဆုံးလည်း တွေးဖို့ လိုပြီ။

ဘာပဲ ရွေးရွေး အကောင်း နဲ့ အဆိုးကတော့ ဒွန်တွဲလာမှာပဲ။

ကိုယ်ရွေးတဲ့ လမ်းရဲ့ အားနည်းချက်ကို ကိုယ် ဘယ်လောက်ထိ လက်ခံနိုင်မလဲ ပဲ တွေးရမှာ။

.

.

ဒီ အသက်အရွယ်မှာ အဲလောက် ထိ တွေးပြီး ရွေးချယ်ဖို့ ငယ်ကောင်း ငယ်ရွယ်နေပါဦးမယ်။

လူကြီးတွေကတော့ လမ်းပြ ပေး အကြံညာဏ်ပေးရမှာပေါ့။

“ကလေးတွေကို ပျော်ခွင့်ပေးလိုက်တဲ့ ကိုငြိမ်းမောင်” လုပ်မရသလို

ကိုယ့်တုန်းက မဖြစ်ခဲ့ မလုပ်နိုင်ခဲ့တာတွေ ကိုယ့်ကလေးကျမှ အထုတ်ကြီး ရွက်ခိုင်းတာလည်း မဟုတ်သေးဘူးး။

ဒီနေရာမှာတော့ မိဘတွေ ရဲ့ ပညာအရည်အချင်းနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာပေါ်မူတည်သွားလို့ အများကြီးမပြောလိုတော့ဘူးး!!

.

.

ကလေးတွေကို အစထဲက ကိုယ့်အားကိုယ်ကိုးတတ်အောင် ဘယ်လိုဆုံးဖြတ်တတ်အောင် လေ့ကျင့်မထားပဲနဲ့တော့ ခုချိန်မှာ လွှတ်ပေးလို့ ဆုံးဖြတ်ခိုင်းလို့မရတဲ့ ကလေးတွေလည်း အများကြီးရယ်။

ဘဝမယ် လောကဓံ ၈ ပါး သာမက မိဘကျေးဇူး ဆိုတာလေးပါ ခေါင်းပေါ်ရွက်ထားရတဲ့ ကလေးတွေပါလေ။

သူတို့မယ် ကြွေးဟောင်းဆပ် ဆိုတာတွေ ကြွေးသစ်ပေး ဆိုတာကလည်း ငယ်တုန်းကတည်းက ရိုက်သွင်းခံထားရတာ။

ဘဝမယ် လူဖြစ်ဖို့ မကြံသေးဘူး လူကြီးတွေ အတွက် တွေးရ ကိုယ့် မမွေးသေးတဲ့ ကလေးတွေ အတွက် တွေးရဆိုတာလည်း အလုပ်တော့မဟုတ်သေးဘူးး

တစ်ကိုယ်စာ ကိုယ်တသက်စာ အတွက် ကိုယ် မားမားမတ်မတ်ဖြစ်အောင်လုပ်ထားခဲ့ရင် ကိုယ့် ကလေးတွေ ကိုယ့် မျိုးဆက်တွေကို ပရက်ရှာပေးစရာမလိုဘူး ဆိုတာ ကို ရှင်းမပြရဲပါဘူးး!!

အဟေးဟေးး

:mrgreen:

ခင်ဇော် ထော်လော်ကန့်လန့်ပြောပြန်ပဟ ဆို ဆဲခံရတာပဲ အဖတ်တင်မယ်လေ။

အဲဒီတော့ အဲဒါတွေ မတွေးပဲ ကိုယ့် တစ်ကိုယ်စာ အတွေးအခေါ်နဲ့ ဆုံးဖြတ်ပါလို့ ဘယ်သူ့မှကို အကြံမပေးရဲတော့ပါဘူးး

.

.

အနိစ္စ ဒုက္ခ အနတ္တ!!!

ရေးရင်းနဲ့ ကြားဖြတ် အဲဒီ ဂွစာအတွေးတွေ ဝင်လာတာ ဘာဆက်ပြောရမယ် မသိဖြစ်သွားလို့ မန့်မှာသာ ထင်ရာ မြင်ရာ ဝင် ပွါးပေးဂျဒေါ့လို့ ပြောချင်ဘာဒေ ခညာ။

ဘာရေးရေး ကောင်းကောင်းကို အဆုံးသတ်မရ ဖောက်ဖောက်လာတာဖဲ ဂယ်ဖဲ ဂယ်ဖဲ!!

:mrgreenn:

.

.

ဒါပေမဲ့ (၁) နဲ့ (၂) အချက်အရ ပြောရမယ်ဆိုရင် ဝါသနာကို အခြေခံတဲ့ (ထမင်းစားလက်မှတ် ခေါ်မလား) အသက်မွေးဝမ်းကြောင်းပညာရပ် တစ်ခုခုကတော့ တတ်ကို တတ်ထားသင့်ပါတယ်။

ဘွဲ့လက်မှတ်တွေ ဆုတ်ဖြဲခံရရင် ဘာအလုပ်မှ လုပ်စားမရတော့မဲ့ ခင်ဇော် ကိုယ်တွေ့နဲ့ အခြေခံပြီး ပြောတာပါ။

 

 

 

 

About ဇီဇီ

ဇီဇီ has written 357 post in this Website..

CJ # 129120