iwatch (or ) Apple Watch

Mon LayApril 8, 20192min2590

မွန်လေးခုတလော အရမ်းကြိုက်မိနေတဲ့ Device လေးပါ။ apple company ကပဲထပ်ထုတ်တဲ့ ပစ္စည်းလေးပေါ့။ apple product ဆို crazy ဖြစ်လွန်းလို့။ အစကတော့ ဒီလက်ပတ်နာရီလေးကို ဖုန်းလောက်သိပ်မကြိုက်၊ သိပ်ရင်မခုန်ခဲ့ဘူး။ ဘာလို့ဆို ကိုယ်ကလက်ပတ်နာရီ ပတ်လေ့လည်းမရှိ၊ လက်ပတ်နာရီဝတ်လိုက်တာနဲ့ Allergic ဖြစ်လို့ လက်ကိုချွေးစားပြိီး ယားတတ်လို့။ အဲတာနဲ့ ထွက်တုန်းက စိတ်မဝင်စားလို့ သွားတောင်သွားမကြည့်ဖြစ်ခဲ့ဘူး။ ဒါပေမဲ့ တစ်ရက် အမတွေနဲ့ boat party join မိတာ အဲ့ပွဲမှာ ကောင်မလေးတစ်ယောက်က သူကပတ်လာရော..ပြီးတော့အဲ့လက်ပတ်နာရီနဲ့ဖုန်းပြော နေတာတွေ့တော့..အိုးလားလား..တယ်မိုက်ပါလားလို့..

ကိုယ်တောင်ဖုန်းရေစိုမှာစိုးလို့ ဖုန်းကို အိတ်နဲ့အထပ်ထပ်နဲ့ထည့်လာပြိီး ဖုန်းခေါ်တာတောင်မကိုင်ဖြစ်တာ သူ့ကြည့်ရတာ စမတ်ကိုဂေါ်နေတော့ တာပဲ ..အဲဒါနဲ့တအားစိတ်ဝင်စားသွားပြီး အကျျိုးကျေးဇူးတွေရှာဖတ်တော့တာပေါ့။video တွေကြည့်တယ်။ ပြီးတော့ ကြိုက်လို့ဝယ်ပလိုက်တယ်။ ကိုယ်ပတ်တာလေးတွေ့တော့ အရမ်းလှလို့ဆိုပြီး ဘယ်လက်ပတ်နာရီလေးလဲ..အရမ်းလန်းတယ်လို့ ကိုယ့်အကောင့်မှာလာလာမေးကြလို့ ဒီပို့စ်လေးနဲ့ ပြန်ရှယ်ပေးလိုက်ပါတယ်။

အရင်ဆုံး iphone နဲ့ pair လုပ်ရပါတယ်။ iphone သမားတွေပဲရပါတယ်။ ဆိုင်ကလုပ်ပေးပါလိမ့်မယ်။

မက်ဆေ့ပို့နိုင်တယ်။ ဖုန်းထဲက app တွေမှန်သမျှအကုန်နီးပါး reponse လုပ်နိုင်တယ်။

ဖုန်းပြောနိုင်တယ်။ ရုတ်တရက်ဖုန်းကိုကောက်မကိုင်နိုင်ရင် လက်ပတ်နာရီလေးနဲ့ပြန်ပြောလို့ရတယ်။

လက်ချွေထွက်းမှာလည်းကြောက်စရာမလိုဘူး။ သူက sport band လေးတွေနဲ့။ ပြီးတော့ လက်ပတ်ကြိုး တစ်ခုထဲဆိုပတ်ရရင်ပျင်းစရာကောင်းတယ်။ သူက မျိုးစုံလဲပြီး ပတ်လို့ရတယ်။ စမတ်တွေဂေါ်လို့ရတယ်။

iPhone 6 နဲ့ iPhone 6 Plus တို့လိုပဲ device အတွင်းမှာ NFC ပါရှိတဲ့အတွက် Apple Pay အသုံးပြုနိုင်တယ်။

ကိုယ့်ရဲ့ heart beat ကိုသိလို့ရတယ်။ အရမ်းစိတ်ညစ်နေလား၊ ဒေါသထွက်နေလား။

ကိုယ့်ရဲ ့ရေသောက်နှုန်းနည်းတာများတာကအစသိနိုင်တယ်။ water tracker လေးတော့ဒေါင်းထားပေါ့။

ဒီနေ့လမ်းလျှောက်တာ နည်းတာ၊များတာကအစသိနိုင်တယ်။ လေ့ကျင့်ခန်းလုပ်တာနည်းတာ၊များတာ၊ အထိုင်နည်းလား၊များလားကအစသိနိုင်တယ်။ အထို်င်များနေရင်လည်း ခဏလောက် ထရပ်ခိုင်းတာမျိုးတွေလုပ်ခိုင်းတယ်။ အသက်ဝဝ ရူခိုင်းတဲ့လေ့ကျင့်ခန်းတွေလည်းလုပ်ခိုင်းတယ်။

charge time အနေနဲ့ ၁ နာရီ ခွဲဆို 80% နဲ့ ၂ နာရီ ခွဲဆို 100% ရရှိနိုင်တယ်။

ရေစိုခံတယ်

မြေပုံသုံးလို့ရတယ်။

ရာသီဥတုကြည့်လို့ရတယ်။

ဖုန်းကို ကို်င်စရာမလိုဘဲ..နာရီကနေ control လုပ်ပေးနိုင်တယ်။

ဆိုဒ်ကလည်း 38mm, 42mm နဲ့ 44 mm ဆိုပြီးလာပါတယ်။ Series 1 ကနေထွက်လာတာ ခုဆို Series 4ထိထွက်ထားပါတယ်။ ကိုယ်ကြိုက်နှစ်သက်သလို..ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ Warranty ပါတဲ့ဆိုင်တွေမှာပဲ ရွေးချယ်ဝယ်စေချင်ပါတယ်။

ကုန်ကုန်ပြောရရင် apple watch က..မွန်လေးရ ဲ့Family doctor လေးပါပဲ။

အရမ်းကိုလန်းတဲ့နာရီလေးနော်..apple ပစ္စည်းတွေက ပေးရတဲ့ဈေးနဲ့တန်ပါတယ်။