အင်္ဂလိပ်စာ ရေးတတ်လိုသော်( ၉ )

အရင်လက Narrative paragraph လေးတွေအကြောင်း စတင်ဖော်ပြခဲ့ပါတယ်။ နမူနာအနေနဲ့ စာရေးသူရေးသားခဲ့တဲ့ Narrative paragraph လေးကိုတင်ပြပေးခဲ့ပါတယ်။ တကယ်တော့ဒီ narrative paragraph လေးတွေဟာ ဒို့မြန်မာလူမျိုးတွေနဲ့အမတန်ကို နီးစပ်ပါတယ်။ မြန်မာလူမျိုးတိုင်း ကရင်ဖြစ်ဖြစ် ၊ကယားဖြစ်ဖြစ်၊ ကချင်ဖြစ်ဖြစ်ဖြစ်၊ရှမ်းဖြစ်ဖြစ်၊ဗမာဖြစ်ဖြစ် အားလုံးမှာစိတ်ဝင်စား စရာကောင်းတဲ့ ဇတ်လမ်းလေးတွေ ထူးခြားဆန်းပြားတဲ့ အတွေ့အကြုံလေးတွေ ရှိကြပါတယ်။ ကိုယ်ပိုင်ဇတ်လမ်းမဟုတ်တောင် ၊ရင်းနှီးတဲ့မိတ်ဆွေများရဲ့ အတွေ့အကြုံလေးတွေရှိကြမှာသေချာပါတယ်။

ဒီတော့ narrative paragraph လေးတွေ ရေးတတ်လာအောင် လိုအပ်တဲ့ အချက်အလက်ကလေးတွေ ပြန်လည်ဆန်းစစ်ကြည့်ရအောင်။
character လို့ခေါ်တဲ့ ဇာတ်ကောင် နှစ်ဦး သုံးဦးထက် မပိုသင့်ပါ။ အဓိကဇာတ်ကောင်ကိုဆိုလိုပါသည်။
setting လို့ခေါ်တဲ့ နေရာနဲ့ အချိန်ကို story စကတည်းက ရှင်းရှင်းလင်းလင်း ဖော်ပြထားရမှာပါ။
climax လို့ခေါ်တဲ့ ဇာတ်လမ်းရဲ့ အမြင့်ဆုံးအခန်းမှာ ဖော်ပြပြီးသား ပြဿနာလေးကို ရှင်းပေးလိုက်ရမယ်။သို့မဟုတ် ထူးခြားတဲ့ ဆန်းပြားတဲ့ အဖြစ်အပျက်ကလေးကိုဖော်ပြပေးရမယ် ။
Typing up loose ends လို့ခေါ်တဲ့ ဇာတ်သိမ်းခန်းမှာ ဇာတ်လမ်းကို ရှင်းရှင်းလင်းလင်းလေး သိမ်းပေးရမှာဖြစ်ပါတယ်။ narrative paragraph လေးတွေကောင်းကောင်းရေးတတ်ချင်ရင် နာမည်ကျော် စာရေးဆရာကြီးများ၏ ဝတ္ထု တိုလေးတွေကို လေ့လာဖတ်ရှုထားဖို့ လိုပါတယ်။ ကံကောင်းချင်တော့ ဒီဝတ္ထုတိုလေးတွေကို ငွေကုန်ကြေးကျခံပြီး ဝယ်ယူဖတ်ရှုနေရန်မလိုပါ ။ internet ကြီး ရဲ့ကောင်းမှုကြောင့် ထိုဝတ္ထုတိုလေးတွေကို free ဖတ်ရှုနိုင်ပါတယ်။ website ကိုသိဖို့သာလိုပါတယ်။ website တွေများကြီးရှိပေမဲ့ စာရေးသူကြိုက်နှစ်သက်တဲ့ website လေးကို အောက်တွင်ဖော်ပြလိုက် ပါတယ်။ www.classicshortscom ဒီ Website လေးရဲ့ ထူးခြားချက်ကတော့ ဝတ္ထုတိုလေးတွေရဲ့ word count ကိုပါ သူကဖော်ပြပေးပါတယ်။ ဒီတော့ကိုယ်နိုင်မယ်ထင်တဲ့ word count လေးတွေကို ရွေးချယ်ပြီး ဖတ်ရှုနိုင်ပါတယ်။ ဖတ်ခါစမှာတော့ word count နည်းတဲ့ ၀တ္ထုတိုလေးတွေရွေးချယ်ပြီး ဖတ်ရှု ဖို့အကြံပေးလိုပါတယ်။ အရှိန်ရလာတဲ့အခါ word count ပိုမိုတိုးပြီး စကားလုံးရေများတဲ့ ဝတ္ထု တိုလေးတွေကို ဖတ်ရှုနိုင်ပါတယ်။ စာရေးသူ recommend လုပ်လိုတဲ့ story လေး ငါးခုကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ ၀တ္ထုတိုရဲ့ title ရယ်၊စာရေးသူရယ်၊word count ရယ်၊ synopsis လို့ခေါ်တဲ့ ဇာတ်လမ်းအကျဉ်းရယ်ကိုဖော်ပြပေးလိုက်ပါတယ်။ အချိန်ယူပြီး ဖတ်ရှုဖို့ကတော့ စာဖတ်သူများရဲ့ တာဝန်ပါ။ ဒါက sample သက်သက်ပါ။ ဒီ website မှာကို ဝတ္ထုတိုလေးတွေအများကြီးပါ။လေ့လာဖတ် ရှုကြပါ။တန်ဖိုးမဖြတ်နိုင်ပါ။
The open Window-Saki-Word Count (1374)
စိတ်ရောဂါဝေဒနာရှိတဲ့ လူတစ်ယောက် စိတ်သက်သာာစေဖို့ တောအရပ်မှာလာခိုတဲ့အခါ အမဖြစ်သူက အဲ့ရွာမှာရှိတဲ့သူမရဲ့မိတ်ဆွေတွေထံ မိတ်ဆက်စာရေးပေးလိုက်တယ်။ ကံဆိုးချင်တော့ မိတ်ဆွေအဒေါ်ကြီးက ရေချိုးနေစဉ်ဖြစ်လို့ တူမလေးကဧည့်ခံပြီးစကားပြောတယ်။ ဒီစကားတတ်တဲ့ မိန်မပျိုလေးက ပြောပြတဲ့ ပုံပြင်လေးတွေကြောင့် နဂိုကမှ ခပ်ကြောင်ကြောင်ဖြစ်နေသူ အရူးတပိုင်း ဘယ်လိုဖြစ်သွားသလဲဆိုတာ ကိုယ်တိုင် ကိုယ်ကျဖတ်ကြည့်လိုက်ကြပါ။
The lady or the Tiger-Frank Stockton-Word Count(2747)
ဇတ်လမ်းကရိုးရိုးလေးပါ။လူငယ်တယောက်နဲ့ တိုင်းပြည်ရဲ့ အကြီးအကဲ ရှင်ဘုရင်ကြီးရဲ့ သမီးပျို မင်းသမီးလေးနဲ့လူငယ်သဘာဝ ချစ်သူဖြစ်ကြတယ်။ဘုရင်ကြီးသိသွားတော့ ခွဲပြစ်ရုံမက လူ ငယ်လေးကို ဖမ်းဆီးပြီပေါ့။အပြစ်ပေးပုံကကတော့ ခပ်ဆန်းဆန်း။ လူဘုံအလယ်မှာလူငယ်လေးကို အခန်းနှစ်ခန်းထဲက တခန်းကိုရွေးချယ်ခိုင်းတော့တာပါဘဲ။ တခန်းမှာ မင်းသမီးလေး မဟုတ်ပေမဲ့ မင်း သမီးလိုချောမောလှပတဲ့ မိန်မပျိုလေးတစ်ယောက်၊နောက်တစ်ခန်းမှာတော့ ဆာလောင်မွတ်သိပ်နေတဲ့ ကျားကြီးတကောင်။ဇတ်လမ်းအဆုံးမှာလူငယ်လေးက ကျားဘဲ အစားခံရမလား။လှပျိုဖြူလေးနဲ့ပဲ လက်တွဲရမလား ဆိုတာကို သိလိုသူများကိုယ်တိုင်သာဖတ်ရှုကြည့်ကြပါ။
The lottery-Shirley Jackson-Word Count (3773)
ဒီဝတ္ထုတိုလေးကတော့ ဖတ်ဖြစ်အောင်ကို ဖတ်ရမဲ့ ဝတ္ထုတိုလေးပါ။ကမ္ဘာကိုတုန်လှုပ်သွားစေတဲ့ဝတ္ထုတိုလေးဆိုရင်မမှားပါဘူး။The lottery ဆိုတဲ့ ခေါင်းစဉ်အတိုင်းမဲဖောက်တာပေါ့နော်။ တရပ် ကွက်လုံးဖိတ်ခေါ်ပြီး ကံထူးသူလူတစ်ယောက်ရှာတဲ့မဲဖောက်ပွဲလေးပေါ့နော်။ ကံထူးလို့ ထီပေါက်သူဟာ ဘယ်လိုဆုမျိုးရရှိတယ် ဆိုတာကိုတော့ ကိုယ်တိုင်ကိုယ်ကျ ဖတ်ရှုကြည့်ပေတော့။စာဖတ်အပြီး ငိုင် သွားစေမဲ့၊တွေသွားစေမဲ့ ၀တ္ထုတိုလေးပါ။
The Monkey’s paw-W.W.Jacobs (4134)
စာရေးသူ အလွန်နှစ်သတ်တဲ့ ၀တ္ထုတိုလေးပါ။လောကကြီးမှာဘာဆိုဘာမျှအလကားမရနိုင်တဲ့အကြောင်း လှပစွာဖော်ပြထားပါတယ်။ ဆုသုံးဆုပြညိ့အောင် ဖန်တီးပေးနိုင်တဲ့ တနည်းအား ဖြင့် မျောက်လက်ဝါ၊မျောက်လေးရရှိပြီးဒုက္ခတွေကြုံတွေ့ခဲ့ရတဲ့အကြောင်း ဆန်းဆန်းပြားပြားလေးဖော်ပြထားပါတယ်။ ကိုယ်တိုင်ဖတ်ကြည့်မှ အရာသာတွေ့သွားပါလိမ့်မယ်။
To Build a Fire -Jack London(7176)
ကိုမဖတ်ဖူးသေးရင် ဒီဝတ္ထု တိုလေးကို စပြီးဖတ်ကြည့်ကြပါ။ ဘာမှမထူးခြားတဲ့ဇတ်လမ်းလေးကို စိတ်ဝင်စားဖွယ်ဖော်ပြထားပါတယ်။ သဘာဝတရားကြီးဟာ လှပခန့်ညားသလောက် ကြောက် မက်ဖွယ်ရာပါလားလို့ သိနားလည်သွားပါလိမ့်မယ်။ Jack London ရဲ့ novel လို့ခေါ်တဲ့ဝတ္ထုရှည်များဖြစ်တဲ့ call of the Wild နဲ့ White Fang တို့ကိုဖတ်ကြည့်ကြပါ။ အသည်းစွဲ ဖြစ်သွားပါလိမ့်မယ်။ ကဲ ကိုယ်တိုင် Narrative paragraph လေးတွေရေးကြည့်ဖို့အချိန်ရောက်လာပါပြီ။ လူတိုင်းလူတိုင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ ဇတ်လမ်းလေးတွေရှိနေကြပါတယ်။ ရဲရဲရင့်ရင်နဲ့ ကြိုးစားပြီးသာ စာရွက်မှာ ချရေးလိုက်ပါ။အဆင်ပြေပါတယ်။ ရေထဲမဆင်းရဲရင် ရေမကူးတတ်သလိုပါပဲ ။ချပြီးမရေးရဲရင် တစ်သက်လုံး စာရေးတတ်ဖို့ မလွယ်ပါ။ ဒီတော့ မျက်စေ့ကိုမိတ်ပြီး ချသာရေးကြည့်လိုက်ပါ။ နမူနာအနေနဲ့ စာရေးသူ Wild 949 ဆိုတဲ့ local radio station တစ်ခုကဒေါ်လာငါးရာဆုရရှိခဲ့တဲ့ My wedding Day ဆိုတဲ့ခေါင်းစဉ်နဲ့ Narrative paragraph လေးကိုဖော်ပြပေးလိုက်ပါတယ်။ စာဖတ်သူအားလုံး စိတ် ရွှင်လန်းချမ်းမြေ့ ကြပါစေ။
My wedding day was truly a day to remember. Things started out well as we had a full crowd and everything was on time. However, as my wife and I were walking down the aisle, we heard a commotion somewhere in the back of the room. One of my cousins had gotten into it with two of her cousins and apparently it got ugly. Fortunately, for us, the other guests took care of the warriors by ushering them outside so the wedding ceremony could continue. As we were exchanging vows, however, my uncle who was sitting at a nearby table suddenly fell to the ground. We later learned that he had a heart attack. As it was, our wedding song was interrupted by the sound of sirens as ambulances came rushing to take him to the hospital. He did survive the heard attack. Finally, it was all over and my wife and I got into the limousine which was to take us to our hotel where we had hoped to have a romantic night together. It was not to be. On the way to the hotel, the limousine struck a taxi and while thankfully my wife was not hurt, my right foot was broken. As a result, I spent my wedding night not in the arms of my lovely wife, but in a hospital hugging a cold useless pillow. What a wild wedding it was!

kai

About kai

Kai has written 982 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.