ကျနော်တို့ နိုင်ငံ “ဂ” နဲ့ အကျိုးပေးတယ်၊ အစောပိုင်း ကုလသမဂ မြန်မာပြည်ကိုယ်စားလှယ်အမည် ဂမ်ဘာရီ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတုံးက ခေါင်‌ဆောင်ဘုန်းကြီးဘွဲ့အမည် ဂမ်ဓါရီ၊ အခု ဂမ်ဘီယာနိုင်ငံက ဂျီနိုဆိုက်နဲ့ တရားစွဲတယ်။ အခုလို အမျိုး ဘာသာ သာသနာနဲ့ ဆိုင်တဲ့ ပြဿနာ ဖြစ်နေတော့ ဦးသိန်းစိန်အဆိုးရ လက်ထက် ရွှေတိဂုံဘုရား အထက်ပစ်စယံကို လင်းဒ (၆ကောင်လားမသိ) နားတဲ့ နမိတ်ကို သိချင်မိ။ OIC ပေးတဲ့‌ငွေတဲ့ ဂမ်ဘီယာနိုင်ငံက တရားစွဲတဲ့ အမှုမှာ ၂ဖက်စလုံး သူ့ဖက်ကိုယ့်ဖက် စကားနွားရ ပြောတာပေါ့၊ ဘင်ဂါလီဖက်က သူတို့လူမျိုးတုံးမည့် Genocide အရေးမို့ပါဆိုရင် ကျနော်တို့ မြန်မာအတွက်လည်း ရှင်သန်ရပ်တည်ရေး Survival issue မို့ ကာကွယ်ရမှာပဲ။ ကြားက ဒေါ်လာစား မီဒီယာ၊ အန်ဂျီအိုနဲ့ မွတ်ကဗာ မျက်နှာလုပ်ချင်တဲ့ အနောက်အစိုးရများ အဖို့ ပွဲတော်ပေါ့။ ဒါလည်း ကိုယ်အပြစ်ကိုယ် ဆန်းစစ်ကြေးဆို ပြဿနာအပေါ် ပွင့်လင်းမြင်သာမှု အားနည်းခဲ့သော ငှက်အဆိုးရ၊ အရာရာအားလုံး သူသိသူတတ် ကိုယ့်လူမဟုတ်ရင် နေရာမပေးချင်၊ စစ်တပ်ကို မျက်နှာချိုသွေး လိုက်လျောလွန်းတဲ့ ငှက်မေမေနဲ့ ဗိုလ်ကျစိုးမိုးရေးဝါဒီ စစ်တပ်တို့ တစိတ်တပိုင်း တာဝန်ရှိတယ်။ အကြမ်းဖျဥ်း ခွဲဝေပြောလျင် ကလမူ မူတတ်တဲ့ ခိုးဝင်ဘင်ဂါလီ၊ တဖက်ပိတ် စောင်မျိုးသားရေးဝါဒီ ရခီး မသဘနဲ့ ပုလင်းတူဗူးဆို့များ၊ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုကို နှောက်ယှက်ဖျက်ဆီးသူ စစ်တပ်နဲစစ်ဝါဒီ၊ စောင်အဆိုးရလုပ်ပြီး စောင်သုံးမကျသော စောင်ငှက်အဆိုးရတို့ ဝေပုံကျ တာဝန်ယူရမယ်။ ပြောမည့်သာ ပြောရ နောက်ဆုံးတော့လည်း မြန်မာတနိုင်ငံလုံးပဲ ခါးစည်းခံရမှာပါ။

ပြဿနာအပေါ် ဝေဖန်သုံးသပ်မှုတွေကို သက်ဆိုင်ရာ ဥပဒေပညာရှင်များ သုံးသပ်ရတာမို့ ပြောစရာမရှိ။ အိုင်စီဂျေ အပိုင်းမှာ တရားသူကြီးတွေ ဆုံးဖြတ်မည့် စီရင်ချက်အဖြေ စောင့်နေယုံသာ။ နောက်ဆက်တွဲ နိုင်ငံရေး အပိုင်းကတော့ ဆက်ရန်ပေါ့။ ဥပဒေနဲ့ မဆိုင်ဘဲ ကိုယ်ပြောနိုင်တဲ့ အချက်ကို အလွတ်ပြောမယ်။

စကားလုံးအသုံးအနှုန်း ဘင်ဂါလီလား ယိုအင်ချာလား။ အနောက်နဲ့ယူအက်စ်က လူမျိုးတမျိုးသည် မိမိကြိုက်ရာ နာမည် ပြောခွင့်ရှိလို့ တိုင်းရင်းသား အခွင့်အရေးလိုချင်တဲ့ မာမွတ်ကို မြှောက်ပေးတယ်၊ မရတော့ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ပြောင်းပုံဖော်တယ်။ ပရိုပိုဆယ်လ်မျှော်စားနေတဲ့ အန်ဂျီအိုပရောဂျက်သမားတချို့၊ တက်ကြွလုပ်ရှားသူအချို့ နဲ့ အနောက်အဆိုးရ လခစား နိုင်ငံခြားမီဒီယာများ ကိုယ်ကျိုးစီးပွား သို့ ပေါ်လစီအရ ထောက်ခံတယ်။ တချိန်က စစ်အစိုးရနဲ့ စစ်တပိုင်းအစိုးရလက်ထက် သတင်းစာမှာ ရခိုင်ပြဿနာဖြစ်စ “ကလား” အသုံးအနှုန်းသုံး မီးလောင်ရာလေပင့်ပေးသူ ပြန်ဝန်ဟောင်း အူးရဲထွတ်တောင် နိုင်ငံခြားအဖွဲ့အစည်းတခုမှာ သုတေသီလုပ် ဒေါ်လာစားတော့ အမြင်ကျယ်သယောင် သဘောထားပြည့်ယောင်ဆောင်ပြီး ယိုဟင်ချာ လူမျိုးအမည် လက်ခံ‌ကြောင်း လေသံပစ်တယ်။ အလားအတူ နိုင်ငံတကာ သို့မဟုတ် နိုင်ငံခြား အထောက်အပံ့ယူထားသော အဖွဲ့အစည်း၊ ပညာရှင်များ လိုက်ယိုကြတယ်။ ကျနော် နားလည်ပေးနိုင်တယ်။ သူ့ဆန်စား အတိုင်းအတာ တခုအထိရဲပေးရမယ်။ သူ့ အထောက်အပံ့ယူပြီး သူမကြိုက်တာ မလုပ်ရဘူး၊ သူကြိုက်တာ အတိုင်းအတာ တခုအထိ လိုက်လျောရမည်။ မယူထားရင် ငါကိုင်တုပ်နိုင်တာပေါ့၊ ဒါလည်း မထူးဆန်း။ ဥပမာ ဘင်ဂါလီလို့ ကျနော်ရေးတယ်၊ ဘယ်ကလားမှ ဘယ်အနောက်သခင်ဂျီးတွေမှ ကျနော့် စပွန်ဆာ မပေးထားလို့၊ ပေးများပေးရင် ကျနော်လည်း ယိုသင့်ယိုမှာပေါ့၊ လေသံ နဲနဲလျှော့မှာပေါ့၊ လူ့သဘာဝပါ သို့သော် မိမိနိုင်ငံ မိမိလူမျိုး အကျိုးစီးပွား ပျက်မည့်အရေးဆိုလျင်တော့ တရားမျှတမှုနဲ့ ချိန်ထိုးစဥ်းစားရမယ်။ အဲဒီအပေါ် အမြတ်မထုတ်သင့်ဘူး။ အစောက ကျနော်ပြောတဲ့ ဒေါ်လာစား ဘင်အုပ်စုထဲက အချို့မှာ အဲလို ဆင်ခြင်တုံ မရှိဘူး။ အန်အယ်လ်ဒီ ငှက်ဆိုးရ လိုအပ်တဲ့ အကူအညီရဖို့ အနောက်နိုင်ငံတွေကို မျက်နှာချိုသွေးပေါင်းရတယ်။ လိုက်လျောသင့်တန် လိုက်လျောရတယ်၊ အဲဒီအားနည်းချက်ကို တချို့သောလူများ ကလပြည်ဖြစ်သွားမည်၊ ကလားဖက် သိပ်လိုက်လွန်းတယ်၊ မွတ်ဖြစ်နေပြီ စသဖြင် နိုင်ငံရေးအမြတ်ထုတ်ခဲ့တယ်၊ တမင်တကာ သွားပုပ်လေလွင့် အပုပ်ချတိုက်ခိုက်တယ်၊ သူတို့ကြည့်ပြန်တော့ ဒေါ်လာမျက်နှာနဲ့ ယို နေကြပြန်ရော။

နောက်တခါ နိုင်ငံတကာသတင်းမှာ မြန်မာနိုင်ငံ အောက်စည်းရောက်တာ အစိုးရ အသုံးမကျလို့ ဝေဖန်တာရှိတယ်။ အဲတာ အပြည့်မမှန်ဘူး၊ ကိုယ့်က စောင်အဆံ ဘယ်နှပြား သုံးနိုင်လို့လဲ။ ဝေဖန်သူတွေ ကြည့်ပြန်တော့ ဂျိုကျိုးနားရွက်ပဲ့၊ ဘယ်သူမှ လောက်လောက်လားလား ကဗာ့စင်မြင့်ထက် မတိုးနိုင်။ ငှက်ဆိုးရ ပွင့်လင်းမြင်သာမှု အားနည်းလို့ ရုံးရောက်ဂါတ်ရောက် ဖြစ်တာ ငြင်းစရာ မရှိပေမဲ့ နိုင်ငံတကာ မီဒီယာမှာတော့ ရှုံးမြဲရှုံးမှာ အသေအချာပါ။ အရှေ့အလယ်ပိုင်းက မာမွတ်တို့လို ဒေါ်လာသန်း ဆယ်ဂဏန်း ရာဂဏန်း ဂရုမစိုက် သုံးနိုင်လျင် တမျိုးလေ၊ ခုတော့် ကိုယ့်အခြေအနေ ကိုယ်မသိတာလည်း မဟုတ် စဆရကလုပ် ပြောကြတာ။ မြန်မာပြည်ကို လွှင့်တဲ့ အာရ်အက်အေ၊ ဗွီအိုအေ၊ ဘီဘီစီတို့ဆို ပေါ်လစီအရ တမင်ကို တချိန်လုံး ယိုပေးနေတာ။ မဆဲတော့ အဆဲမခံရ၊ ဆဲတဲ့အခါ ရိုင်းတယ် သမုတ်မယ်၊ ဘာလုပ်လုပ် သူတို့အသာမို့ ကိုယ်လည်း ကြိုက်ရာ ပြောလိုက်ပါ။

ကိုယ်ချင်းစာစိတ်ထားပါ၊ ဘယ်အရာမဆို ငါသာဆိုလျင် ယှဥ်ထိုးစဥ်းစားလျင် ပြဿနာ တဝက်အေးပါသည်။ ဒီမိုကရေစီကို ကြိုက်တာ အဲဒီသဘော အများကြီးပါလို့။ မတူကွဲပြားတဲ့ အစုတွေနဲ့ ဖွဲ့စည်းဆုံးဖြတ်တဲ့အခါ  ဘက်‌ပေါင်းစုံမို့ အမှားနဲတယ် အမှန်များတယ်၊ အဆိုးသေးတယ် အကောင်းကြီးတယ်။ ပါဝင်တဲ့ အစုတိုင်းမှာ ကိုယ်ကျိုးစီးပွားရှိလို့ ငါသာဆိုလျင်ဆိုတဲ့ စဥ်းစားမှု ဆုံးဖြတ်ချက်မှာ ပါတယ်။ တဦးကောင်း တယောက်ကောင်း စနစ်မှာတော့ ကောင်းနေလျင် ငါတော့ မခံရဆိုပြီး ပြင်းထန်တဲ့ ဆုံးဖြတ်ချက် ချတတ်လို့ ခြေလွန်လက်လွန် ဖြစ်လေ့ရှိတယ်။ ဆိုးပြန်လျင်လဲ ငါ့ကို မကာပြန်နိုင်အောင် စိတ်ကြိုက်ဖိနှိပ်ပြန်ရော (စစ်အစိုးရလက်ထက် ဥပဒေမဲ့ ပြုမူချက်များ ဥပမာ)။ ရေရှည်အကျိုးစီးပွားအတွက် အကောင်းဆုံးက အသစ်အသစ်သော မတူကွဲပြားချက်များကို စဥ်ဆက်မပြတ် ရောမွှေသမပေးရင် Revolution ခေါ်တဲ့ ရုတ်ချည်းပြောင်းလဲမှုထက် Evolution ဆင့်ကဲပြောင်းလဲမှု ဖြစ်လို့ အဟောင်းလည်း အခြေမပျက်၊ အသစ်လည်း ကျေနပ်တယ် သို့သော် လက်တွေ့မှာ အကျိုးစီးပွားခြင်း အားပြိုင်မှုဖြစ်လို့ အခြေခိုင်နေတဲ့ မူလအဟောင်းသည် ဘယ်တော့မှ မရွေ့ချင်၊ စောင့်လည်းမထူးမှာသိတဲ့ အသစ်က တွန်းဖို့မှတပါး အခြားမရှိ၊ ဒါနဲ့ပဲ တော်လှန်ရေးဖက်ကို တွန်းဖို့ခံရတယ်။ ဒီသဘောသည် နိုင်ငံရေးမှမဟုတ် သက်ဆိုင်ရာ လူမှု၊ စီးပွား၊ ဘာသာရေး နယ်ပယ်တိုင်းမှာ တွေ့ရတယ်။ သိလျက်နဲ့ ဘာလို့မလုပ်လဲ စောဒက တက်ရင် လူ့အတ်တကြောင့်ပေါ့။ အဲလိုပြောတဲအခါ ပို့စ်နဲ့မဆိုင်တဲ့ ဘာသာရေးဖက်ရောက်သွားရော။ ဒါဆို ဘာသာရေးက ဖြေရှင်းချက်လားဆို သူကပဲ ပြဿနာ မဟုတ်လား။ ကဗာမှာ လူတွေ လွဲနေတာလေး တစွန်းတစ လှစ်ပြချင်လို့ ပါးပါးလေး ပုတ်လိုက်တာ။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 649 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး

   Send article as PDF