“ဖြန့်ပေးကြပါခင်ဗျား….”

တချို့ မြန်မာလိုရေးထားတာတွေမှာ.. အထောက်အထားမရှိရေးတင်ထားတာတွေတွေ့လို့.. အပင်ပန်းခံ.. ပုံဇယားလေးလုပ်ပေးလိုက်ပါတယ်..။ ကိုရိုနာဗိုင်းရပ်စ်တည်နိုင်တဲ့နေရာတွေနဲ့.. ရှိနေနိုင်တဲ့ အချိန်နာရီပါ..။

ကိုရွှေဗိုင်းရပ်စ်ကို အထင်မသေးပါနဲ့.. လေထဲကလွဲလို့နေရာအကုန်လိုလိုမှာ.. တရက်ကျော်နေနိုင်တာချညး်ပါ…။ အဲဒါကြောင့်.. အပြင်သွားပြန်လာရင်အ၀တ်အကုန်ချွတ်ချ.. လျှော်စက်ထဲထည့်(လက်နဲ့တောင်တတ်နိုင်ရင်မလျှော်ရ)… အပူပေးအခြောက်ခံပြီးမှ ပြန်သုံးပါတဲ့..။ လူလည်းဆပ်ပြာနဲ့တိုက်ရေချိုးပါ..။

ဗိုင်းရပ်စ်ဟာ.. အဆီတမျိုးနဲ့ ပူးကပ်ဖွဲ့စည်းထားတာမို့.. အရက်ဆိုရင်..ပေါက်ထွက်ပျော်ကျတာမို့ ပျက်ဆီးပါတယ်..။ ဆပ်ပြာဆို..အဆီကိုဖျော်ချလိုက်တာမို့.. တပိုင်းတစစီဖြစ်ပျက်ဆီးပါတယ်..တဲ့..။ လူ့ခန္ဓာထဲရောက်လာပြီဆို.. သူ့မှာပါတဲ့အခွံကိုချွတ်ချပြီး.. လူ့ဆဲလ်နဲ့ပေါင်း ကိုယ်ထဲမြုတ်၀င်လိုက်တာမို့.. အပြင်လောကမှာရှိစဉ်ကသတ်လို့ရတာတွေ..ဘာမှမလုပ်နိုင်ပါ..။

လူ့ကိုယ်ထဲမှာ.. အရက်သောက်လို့.. ဗိုင်းရပ်စ်မသေတော့ပါ..။
အက်ဆစ်မြိုချလို့လည်းမရပါ..။
ဆပ်ပြာရည်သောက်လည်း… ဘိုင့်ဘိုင်..။
အူတွေအသည်းတွေထုတ်.. အ၀တ်လျှော်စက်ထဲထည့်လျှော်လည်း.. ဟီးဟီးပါပဲ..။
မီးတင်ရှို့လည်း လူမီးလောင်ပြာကျမှ.. ဗိုင်းရပ်စ်သေပါမယ်..။ ဗိုင်းရပ်စ်ကိုသတ်လို့ရတုံးသတ်ပါ…။

ပူးကပ်ပြီးမှတော့.. .. ဘိုးဘိုးအောင်လည်းကယ်မရ..။
အနိစ္စ.. အဲဒါလေး..။

အောက်က၀က်ဘ်ဆိုက်တွေ.. မီဒီယာတွေ.. ပညာပေးဖိုရမ်တွေကိုမှီငြမ်းထားတာပါ..။

ပုံကိုအလိုရှိရာသုံးနိုင်ပါတယ်…။ ဖြန့်ပေးကြစေလိုပါတယ်..။

အာရိဂတ်တော..။ どうもありがとう。

Ref: https://www.usatoday.com/in-depth/news/2020/03/25/coronavirus-survives-on-metal-plastic-cardboard-common-objects/2866340001/ –

https://www.webmd.com/lung/how-long-covid-19-lives-on-surfaces –

https://www.rutgers.edu/news/best-ways-kill-coronavirus-your-home _

https://www.npr.org/sections/goatsandsoda/2020/03/27/822591449/coronavirus-faqs-does-it-live-on-clothes-can-my-dog-infect-me-any-advice-on-wipe

kai

About kai

Kai has written 1001 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.

   Send article as PDF