2010 MNL မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီကလည်း ပြီးဆုံးဖို့ နီးကပ်လို့ လာခဲ့ပါပြီ… ချန်ပီယံအသင်းအနေနဲ့လည်း ဘယ်အသင်းက ချန်ပီယံဖြစ်မယ်ဆိုတာကိုတော့ ခန့်မှန်းဖို့ မဖြစ်နိုင်သေးပါဘူး… အမှတ်ပေးဇယားရဲ့ထိပ်ဆုံးအသင်း လေးသင်းဖြစ်တဲ့ ရတနာပုံ၊ ဇေယျာရွှေမြေ၊ ကမ္ဘောဇ၊ ရန်ကုန် အသင်းကြီးလေးသင်းသာ ထိပ်ဆုံးနေရာမှာ အကြိတ်အနယ်နဲ့ အမှတ်ကွာဟမှုလည်း အနည်းငယ်သာ ကွာဟတာကြောင့် ပြိုင်ပွဲပြီးဆုံးကာနီးမှာ အသင်းတိုင်း နည်းနည်းလေးမှ မှားလို့မဖြစ်တော့တဲ့အခြေအနေသို့ ရောက်ရှိလာခဲ့ပါပြီ….

ရတနာပုံအသင်းအနေဖြင့် လက်ကျန်ပွဲစဉ် သုံးပွဲဖြစ်တဲ့ ရန်ကုန်နှင့် သုဝဏကွင်းတွင် ယှဉ်ပြိုင်ရမှာဖြစ်ပြီး၊ ဒုတိယပွဲစဉ်ဖြစ်တဲ့ ကမ္ဘောဇအသင်းနဲ့ကစားမည့်ပွဲစဉ်ကလည်း တောင်ကြီးကွင်းသို့ သွားရောက်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး နောက်ဆုံးပွဲစဉ်ကိုလည်း အမှတ်ပေးဇယားဒုတိယနေရာက ရတနာပုံအသင်းနှင့် နှစ်မှတ်သာကွာဟတဲ့ ဇေယျာရွှေမြေအသင်းနဲ့  မုံရွာကွင်းမှာ သွားရောက်ကစားရမှာဖြစ်တဲ့အတွက် ရတနာပုံအသင်းအတွက် အခက်အခဲဆုံးလို့ ဆိုရမှာဖြစ်ပါတယ်…

ရတနာပုံအသင်းရဲ့နောက်ကနေ နှစ်မှတ်ကွာဟမှုနဲံ့နောက်ကနေ လိုက်လာတာကတော့ ဇေယျာရွှေမြေအသင်းပဲ ဖြစ်ပါတယ်။ ဇေယျာရွှေမြေအသင်းဟာလည်း ယခုနှစ်ဘောလုံးရာသီတွင် တစ်သင်းလုံး တိုးတက်ကောင်းမွန်လာတာကိုတွေ့ရပါတယ်…. ဇေယျာ ရွှေမြေအသင်းကတော့ နောက်ဆုံးလက်ကျန်သုံးပွဲစလုံးကို အိမ်ရှင်အဖြစ် မုံရွာကွင်းတွင် မိမိဧည့်ပရိသတ်ရှေ့မှောက်တွင် ကစားရမှာဖြစ်တာကြောင့် အလားအလာကောင်းမွန်တယ်လို့ ဆိုရမှာဖြစ်ပါတယ်.. အိမ်ရှင်အသင်းရင်ဆိုင်ကစားရမယ့်အသင်းတွေကလည်း အသင်းကြီးတွေဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်၊ မန္တလေးရတနာပုံအသင်းနှင့် မကွေးအသင်းတို့ကို အိမ်ရှင်အဖြစ်လက်ခံကစားရမှာဖြစ် လို့ ပေါ့ဆလို့တော့ မရနိုင်ပါဘူး…

တတိယနေရာကနေလိုက်လာခဲ့တာကတော့ ကမ္ဘောဇအသင်းပဲဖြစ်ပါတယ်…  မြန်မာ့ လက်ရွေးစင် ကစားသမား အများစုနဲ့ စုဖွဲ့ထားပြီး နည်းပြအဖွဲ့ပါ အင်အား တောင့်တင်းလာတဲ့ ကမ္ဘောဇ အသင်းဟာ တောင်ကြီးကွင်းမှာ အိမ်ကွင်းအဖြစ် လက်ခံ ကျင်းပခွင့် ရတာနဲ့ အတူ ရလဒ်ပိုင်းတွေ ပိုကောင်း လာခဲ့ပြီး အခုလို ချန်ပီယံဆု တိုက်ပွဲထဲမှာ ရပ်တည်နေခဲ့ တာပါ။ ဒယ်လ်တာ နည်းပြဟောင်း ဖြစ်သူ ဦးဆန်းဝင်း လက်ထဲမှာ နိုင်သင့် နိုင်ထိုက်တဲ့ ပွဲတွေကို အနိုင်ရအောင် ကစား လာနိုင်တာ ကြောင့်လည်း ပြိုင်ဘက် အသင်းတွေရဲ့ စောင့်ကြည့်ခြင်း ခံရတဲ့ အသင်းဖြစ်ခဲ့ ပါတယ်။ ကမ္ဘောဇ အသင်းရဲ့ အဓိက အားသာချက်က လက်ရွေးစင် ကစားသမား အများစုနဲ့ ဖွဲ့စည်းထားတဲ့ နောက်တန်းပါပဲ။ သူတို့ အသင်းဟာ ဒီနှစ် မြန်မာ နေရှင်နယ် လိဂ်မှာ ရန်ကုန်နဲ့ အတူတူ ပေးဂိုး ၇ဂိုးနဲ့ အကောင်းဆုံး နောက်တန်း အဖြစ် ရပ်တည် နေတဲ့ အသင်းပါ။ ကမ္ဘောဇအသင်းရဲ့ နောက်ဆုံးပွဲစဉ်များကိုလည်း မိမိတို့၏ အိမ်ကွင်းဖြစ်တဲ့ တောင်ကြီးမြို့မှာယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်…. ယှဉ်ပြိုင်ကစားရမယ့်အသင်းတွေထဲမှာ ရတနာပုံအသင်းတစ်သင်းတည်းကိုသာ ကစားရခက်ခဲစေမည်ဖြစ်ပြီး ကျန်အသင်းများဖြစ်တဲ့ ဆောက်သမ်းအသင်းနဲ့ ဥဿာအသင်းတို့ကိုမူ ကမ္ဘောဇအသင်းအနေဖြင့် အသာစီးဖြင့် ကစားနိုင်မည်ဖြစ်ပေမယ့် အရေးကြီးတဲ့ပွဲတွေဖြစ်တာကြောင့် အနိုင်ရပါမှ အသင်းအတွက် မျှော်လင့်နိုင်မည်ဖြစ်သည်။

ရန်ကုန် ယူနိုက်တက် အသင်းဟာ ဒီနှစ် ဘောလုံး ရာသီမှာ ရလဒ်တွေ မတည်မငြိမ် ဖြစ်နေခဲ့လို့ နည်းပြပါ ပြောင်းလဲ ခဲ့ရတဲ့ အသင်းပါ။ သူတို့ အသင်းဟာ နည်းပြသစ် အဲရစ် ၀ီလျံ လက်ထဲမှာ နိုင်ပွဲတွေ ဆက်နေပြီး အကောင်းဆုံး ခြေစွမ်းကို ပြန်ရနေတဲ့ အသင်းပါ။ ဒါကြောင့်လည်း လက်ကျန် ၃ပွဲ ကစားဖို့ ကျန်တဲ့အထိ သူတို့ရဲ့ ချန်ပီယံ မျှော်လင့်ခွင့်ဟာ ရှင်သန်နေဆဲ ဖြစ်နေတာ ဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ အမှတ်ပေး ဇယား ဦးဆောင်နေသူ ရတနာပုံ အသင်းနဲ့ ၅မှတ်ကွာ အနေအထားမှာ အခုလို ထိပ်တိုက် တွေ့ဆုံမှုက သူတို့အတွက် ဖောင်ဖျက် တိုက်ရမယ့် ပွဲတစ်ပွဲတော့ ဖြစ်လာခဲ့ပါတယ်။ တကယ်လို့သာ အဲ့ဒီပွဲမှာ အနိုင်မရ ဘူးဆိုရင် သူတို့ရဲ့ ချန်ပီယံ မျှော်လင့်ခွင့်ဟာေ၀၀ါး ပျောက်ကွယ် သွားဖို့သာ ရှိပါတော့တယ်။ ဒီလိုပါပဲ၊ အဲ့ဒီ ပွဲကိုသာ အနိုင်ရမယ် ဆိုရင်လည်း သူတို့ရဲ့ ချန်ပီယံ မျှော်လင့်ချက်ဟာ ပိုပြီးတော့ အသက်ဝင်လာ ပါလိမ့်မယ်။ ဒါကြောင့် ရလဒ်တွေ ပြန်ကောင်းနေတဲ့ ရန်ကုန် အသင်းနဲ့ သုဝဏ္ဏမှာ အဝေးကွင်း အဖြစ် ကစားရမယ့် ရတနာပုံ အသင်း အတွက်တော့ ခက်ခဲတဲ့ စမ်းသပ်မှု တစ်ခု ဖြစ်လာပါလိမ့်မယ်။ ရန်ကုန် ယူနိုက်တက်၏ လက်ကျန် ပွဲများ – ရတနာပုံ (သုဝဏ္ဏ)၊ ဇေယျာရွှေမြေ (မုံရွာ)၊ ဒယ်လ်တာ (သုဝဏ္ဏ)အသင်းတို့နဲ့ အိမ်ကွင်းများတွင်သာ လက်ခံကစားရမည်ဖြစ်သည်။

ပထမဦးထိပ်တိုက်တွေ့ဆုံရမည့် ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ရတနာပုံအသင်းတို့၏ပွဲစဉ်မှာ စိတ်ဝင်စားမှုအကောင်းဆုံးနဲ့ ပရိသတ်ကိုစွဲဆောင်နိုင်မယ့် ပွဲကောင်းတစ်ပွဲလည်းဖြစ်လာနိုင်ပါတယ်… နှစ်သင်းစလုံးကလည်း အကြိတ်အနယ်ဖြင့် သူနိုင် ကိုယ်နိုင် ရေကုန်ရေခမ်းကစားကြမှာဖြစ်တာကြောင့် နှစ်သင်းစလုံးကြမ်းကြမ်းတမ်းတမ်းဖြင့် အနိုင်ရရှိအာင်ကစားကြမည်သာဖြစ်သည်။  ထိပ်တိုက်တွေ့ဆုံမှုများအရ

ရတနာပုံ            ၂-၂    ရန်ကုန်      (MNL Cup 2009)
ရတနာပုံ (P)     ၂-၂    ရန်ကုန်      (MNL Cup 2009 Final)
ရန်ကုန်              ၁-၂    ရတနာပုံ    (MNL 2009)
ရန်ကုန်              ၂-၀    ရတနာပုံ    (MNL 2009)
ရတနာပုံ             ၀-၀ ရန်ကုန်        (MNL 2010)

နှစ်သင်းစလုံး တစ်ပွဲနိုင် ၃ ပွဲသရေ ၁ ပွဲရှုံးဖြင့် ခြေစွမ်းခြင်းလည်း မကွာဟကြပါဘူး… ပထမအကျော့တုန်းကတော့ မန္တလေး ဗထူးကွင်းတွင် ယှဉ်ပြိုင်ခဲ့ကြစဉ်က ရတနာပုံအသင်းနဲ့ ရန်ကုန်အသင်းတို့ ဂိုးမရှိသရေဖြင့်သာ တစ်မှတ်စီခွဲယူခဲ့ကြပါတယ်… အခုလို ရန်ကုန်အသင်းရဲ့ သုဝဏကွင်းမှာ ယှဉ်ပြိုင်ကစားရမယ့်အချိန်မှာတော့ အမှတ်တွေလိုအပ်နေတဲ့အသင်းတွေဖြစ်နေတာကြောင့် အနိုင်ကို ရအောင်ကစားရမှာဖြစ်တဲ့အတွက် နိုင်မယ်ဆိုရင်လည်း ဂိုးပြတ်ဖို့တော့မရှိပါဘူး… အသင်းကြီးလေးသင်းထဲမှ ဘယ်အသင်းက ချန်ပီယံဆုဖလားကို ကိုင်မြှောက်ခွင့်ရမယ်ဆိုတာကတော့ ……?……….

About khinmintatthu

khinmin tatthu has written 150 post in this Website..