HIV ပိုးအတွက် ငှက်ပျောသီးက ဆေးစွမ်းကောင်းဖြစ်လာနိုင

littlekaungApril 2, 20101min631

ငှက်ပျောသီးအတွင်း ပါဝင်သည့် ဓာတုဗေဒ ပစ္စည်းတစ်ခုသည် ခုခံအားကျဆင်းမှု AIDSရောဂါကို ဖြစ်စေသည့် HIVပိုးအား ချေမှုန်းနိုင်သည့် ဆေးစွမ်းကောင်းတစ်မျိုး ဖြစ်လာနိုင်ကြောင်း ပညာရှင်များက
ပြောကြားလိုက်ကြသည်။ သဘာဝအလျောက် ပါဝင်နေသည့် အဆိုပါ ဓာတ်ပစ္စည်းသည်
လိင်မှတဆင့် ကူးစက်သော HIVပိုးအား ကာကွယ်ပေးနိုင်မည်ဟု အမေရိကန်
သိပ္ပံပညာရှင်များက မျှော်လင့်လျက်ရှိသည်။ ဓာတ်ခွဲခန်း စမ်းသပ်မှုများအရ
Lectinဓာတ် တစ်မျိုးဖြစ်သော BanLecအမည်ရှိ ဓာတ်ပစ္စည်းသည် HIVကို
ဟန့်တားရာတွင် အကျိုးထူးများ ရရှိနိုင်ကြောင်း မစ်ချီဂန်တက္ကသိုလ်ရှိ
သုတေသီများက ပြောကြားခဲ့သည်။ Lectinသည် သကြားဓာတ် ပေါင်းစပ်ထားသော ပရိုတင်း
တစ်မျိုးဖြစ်ပြီး BanLecသည် သကြားဓာတ် ကြွယ်ဝသည့် HIV-1 ဗိုင်းရပ်စ်ကို
ပူးပေါင်းချေဖျက်ခြင်းဖြင့် ရောဂါပိုး ခန္ဓာကိုယ်အတွင်း
ဝင်ရောက်ပျံ့နှံ့မှုကို ဟန့်တားနိုင်ဖွယ် ရှိနေသည်ဟု ပညာရှင်များက
ယုံကြည်နေကြသည်။ BanLecကို ယခုအခါ HIVတားဆီးမှု နည်းလမ်းနှစ်မျိုးအတွက်
စမ်းသပ်အဆင့်ဖြင့် အသုံးပြုနေကြောင်းလည်း သိရသည်။ မတ်လ(၁၉)ရက်နေ့ထုတ်
Biological Chemistryဆေးပညာ ဂျာနယ်တွင် ယခုတွေ့ရှိမှုအကြောင်း အသေးစိတ်
ဖော်ပြထားပြီး အမျိုးသမီးသုံး ကွန်ဒုံးကဲ့သို့ လိင်မှုကိစ္စမှ
ရောဂါပိုးကူးစက်ခြင်းကို တားဆီးပေးသည့် ပစ္စည်းများတွင် ပါဝင်ပစ္စည်း
တစ်မျိုးအဖြစ် အသုံးချသွားဖွယ် ရှိနေသည်။ “အရင်တုန်းက HIVကာကွယ်ဆေး
တချို့ကို ဗိုင်းရပ်စ်က ခံနိုင်ရည်ရှိတာမျိုး ပြဿနာတွေ ကြုံခဲ့ဖူးပါတယ်။
ခုတော့ ဓာတ်သဘာဝတူတဲ့ သကြားဓာတ် ပရိုတိန်းခြင်း ရောပြီးချေဖျက်တဲ့
နည်းလမ်းက အဆင်ပြေမယ် ထင်ပါတယ်”ဟု မစ်ချီဂန် တက္ကသိုလ်မှ
ဒေါက်တာမိုက်ကယ်ဆွမ်ဆန်းက ပြောကြားခဲ့သည်။ “HIV-1 ဗိုင်းရပ်စ်နဲ့ အလွယ်တကူ
ပေါင်းစပ်နိုင်တဲ့ Lectinဓာတ်က ရောဂါပိုး သွေးဥဆဲလ်တွေထဲ မရောက်သွားအောင်
ဝန်းရံပိတ်ဆို့ထားပြီး ဖျက်ဆီးလိုက်နိုင်မယ့် အခြေအနေ ရှိနေပါတယ်။
ဒီလမ်းစကို ခြေရာခံပြီး ကျွန်တော်တို့ စမ်းသပ်မှုတွေ ဆက်လုပ်သွားရမှာပါ”ဟု
၎င်းက ဖြည့်စွက်ပြောဆိုသွားခဲ့သည်။

ref;forward mail

One comment

  • susunosuki

    April 15, 2010 at 2:56 pm

    ကျွန်တော် က ငှက်ပျောသီးကြိုက်တော့
    တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့
    တကယ်တော့ AIDS ဆိုဦးတော့ ကုသစရိတ်ရှိသေးတဲ့ အတွက် ကိုကို မမ တို့ အတင့်မရဲသင့်ပါဘူး
    နေပူထဲ သွားသွား မိုးရွာထဲသွားသွား ဦးထုပ်ဆောင်းကြပါလို့ပြောချင်တယ်

Leave a Reply