ယနေ့ ကျွန်တော်တို့လို မြန်မာလူငယ်တွေကြားမှာ ရေပန်းအစားဆုံး Social Website ကို ပြောပါဆိုရင် Facebook လို့ တစ်ညီတစ်ညွတ်တည်း ထွက်လာကြလိမ့်မယ်လို့ ထင်ပါတယ်။ (မဟုတ်ဘူးလို့ ပြောတဲ့ သူလည်း ရှိချင် ရှိမှာပေါ့)။ ကျွန်တော်သိရသလောက်က ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ internet သုံးတဲ့ User တိုင်းလိုလိုမှာ အနည်းဆုံး Gmail Account တစ်ခုနဲ့ Facebook Account တစ်ခုစီ ရှိကြမှာပါ။ အရင်ကလည်း Friendster တို့ Hi5 တို့ Tagged တို့လို Social Website တွေကိုလည်း မြန်မာလူငယ်တွေ နှစ်သက်ကြဖူး ပါတယ်။ အခုလည်း သုံးနေကြတုန်းပါပဲ။ ဒါပေမယ့် အခု လောလောဆယ် ကျွန်တော့် ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတာက Facebook ကို သုံးတဲ့ user ဟာ တစ်ခြား friendster, tagged, Hi5 တို့ထက် စာရင်တော့ သာလွန်နေတာပါပဲ။ ဒါပေမယ့် (တစ်ချို့သော Blogger တွေနဲ့ တစ်ချို့သော user တွေက လွဲရင်) အများစုကတော့ photo sharing အတွက်ရယ် Facebook ဂိမ်းတွေ အတွက်ရယ် အသုံးပြုကြတာကို တွေ့နေရပါတယ်။ မြန်မာလူငယ်တွေ အများဆုံး ကစားကြတဲ့ Facebook ဂိမ်းတွေက Mafia Wars, Friends for Sales, Farm Villa, Café World စတာတွေပေါ့။ (ကျန်တာတွေလည်း သိတ်မသိတော့ပါဘူး)။ ကျွန်တော့် သူငယ်ချင်းကောင်မလေး တစ်ယောက်ဆို နေ့တိုင်း အချိန်ပေးပြီး Internet သုံးတယ်။ တစ်ခါက ကျွန်တော်နဲ့ စကားပြောကြည့်နေတုန်း “မြန်မြန်လုပ်၊ ငါ့အပင်တွေ စိတ်မချဘူး ဆိုပြီး internet ဆိုင်ပြေးပြီး အသည်းအသန် ပြေးတာကို တွေ့ဖူးသေးတယ်။ ကျွန်တော့် သူငယ်ချင်းနှစ်ယောက်ဆိုလည်း mafia wars မှာ level အနည်း အများပြိုင်ဖို့အတွက် အသည်းအသန် အချိန်ရသလောက် သုံးနေတာ ကိုယ်တွေ့ပါပဲ။ နောက်တစ်ယောက် ကျတော့လည်း လူကုန်ကူးတယ်ဆိုပဲ။ Friends for Sales ကစားတာလေ။ ကျွန်တော် ကိုယ်တိုင် လည်း Facebook ဂိမ်းတွေ ကစားပါတယ်။ Game တွေက user အရေအတွက်များလေလေ။ ဂိမ်းကစားရတာ ပိုပြီး powerful ဖြစ်လေလေ ဆိုတော့ အချိန်ရတိုင်း user အသစ်တွေ invite လုပ်မိတယ်။ အကျိုးဆက်ကတော့ Friend list မှာ ကိုယ် မသိတဲ့လူတွေ ပုံနေတာပေါ့။ အခုဆိုရင် ကျွန်တော် online ပေါ်တက်တိုင်း mail စစ်ပြီးတာနဲ့ ပထမဆုံး ဖွင့်မိတဲ့ Site က facebook ပါပဲ။ ကျွန်တော်တို့လို Facebook ကို စွဲလမ်းနေတဲ့ လူငယ်တွေ အတွက် Facebook ကို အသုံးချပြီး ဂိမ်းကစားတာ၊ Photo Sharing လုပ်တာ အပြင် တစ်ခြား အသုံးပြုလို့ရတဲ့ နည်းလမ်းလေးများ ရှိရင် လမ်းညွှန်ပေးကြပါဦးလို့….

 

Written by

intro

About intro

Lionel Intro has written 162 post in this Website..