Gtalk ချစ်သူတွေရဲ့ နောက်ဆက်တွဲ ပြဿနာ..

zinmyotunNovember 4, 20101min530

ကျွန်မဟာ အင်တာနက် ကနေတဆင့် အမျိုးသား တစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး ချစ်ခင် ရင်းနှီး ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီအမျိုးသားမှာ ချစ်ရသူ မိန်းကလေး ရှိပြီးသား ဖြစ်နေပါတယ်။ သူလည်းဘဲ ကျွန်မလိုဘဲ ခံစား နေရမယ်လို ့နားလည် ပါတယ်။ ကျွန်မရဲ့ လုပ်ရပ်က အသိဉာဏ်မရှိတဲ့ လူတစ်ယောက်လို ဖြစ်နေမှာကို လည်း စိုးရိမ် နေမိပါတယ်။

ကျွန်မက အသက် ၂၅နှစ် ရှိသူဖြစ်ပြီး ချစ်ကြိုက်မိသူ အွန်လိုင်းက အမျိုးသားက ၂၈နှစ်ရှိပါပြီ။ ကျွန်မတို့ နှစ်ယောက်စလုံး တစ်မြို ့တည်းက ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က နှစ်ယောက်အတူ ချိန်းတွေ့ခဲ့ကြပြီး သူနေထိုင်ရာ အိမ်ခန်းမှာ နာရီအနည်းငယ်ကြာ စကားပြောဆို ခဲ့ကြပါတယ်။ တွေ့ဆုံခဲ့ချိန် တစ်လျောက်မှာ ကျွန်မကို သိုင်းဖက်ပြီး နမ်းရှုံ့ခြင်း တို့ ပြုလုပ်ခဲ့သလို ကျွန်မကလည်း ကျေနပ်စွာနဲ့ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။ ကာမစပ်ယှုက်ခြင်း ကိစ္စကိုပါ ကျေကျေနပ်နပ် ဆောင်ရွက်ခဲ့ပါတယ်။

အဲ့ဒီကနေ အစပြုပြီး တယ်လီဖုန်းနဲ့ အဆက်အသွယ် မပြတ်ခဲ့ကြသလို နေ့စဉ်နေ့တိုင်း မက်ဆေ့ချ် တွေလဲ မှန်မှန်ပို့ဖြစ် ခဲ့ကြပါတယ်။ ကျွန်မတို့ နှစ်ယောက်ဟာ အရူးအမူးကို ချစ်ခင် စွဲလန်း နေခဲ့ကြပါတယ်။ ကျွန်မတို့ နှစ်ယောက် အတွက် အလွန်ကောင်းမွန်တဲ့ လက်တွေ့အချိန်တွေကို ဖြတ်သန်း နေခဲ့ရပေမယ့် တစ်ဖက်မှာ ရှိတဲ့ သူ့ရဲ့ ချစ်သူ ကောင်မလေး အတွက်ကတော့ အခြေအနေ မကောင်းလှပါဘူး။

ဒါပေမယ့် ကျွန်မ မရပ်တန့် နိုင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မဟာ လူလွတ် တစ်ယောက် ဖြစ်ပြီး ဘယ်သူ့ကိုမှ ထိခိုက်ခြင်းလည်း မရှိဘူးလို့ ထင်လို့ပါ။ သူက သူ့ကောင်မလေး အကြောင်းကို ပထမဦးဆုံး စတွေ့ကလည်းက ပြောပြခဲ့ဖူးပါတယ်။ ဒါပေမယ့် မိုင် ၃ဝ အကွာ အဝေးမှာ ရှိနေတဲ့ သူ့ကောင်မလေးဟာ သူ့ဆီကို လာရောက် လည်ပတ် နိုင်ခြင်း မရှိဘူးလို့လဲ သူက ပြောပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်က ကျွန်မတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ရှေ့ဆက်နိုင်စွမ်း မရှိတော့ကြောင်း သူက ဖွင့်ပြော လာခဲ့ပါတယ်။ ပြောနေတဲ့ သူကလည်း လုံးဝ ပျော်ရွှင်ပုံ မရှိပါဘူး။ သူ့ရဲ့ ကောင်မလေးကို အပတ်စဉ် သွားရောက်တွေ့ဆုံနေရပြီး ကျွန်မဆီကို အီးမေးလ်ပို့ဖို့ အတွက်တောင် အချိန်ရှားပါး လှပါတယ်လို့ ဆိုပါတယ်။ နောက်ပြီး သူ့ရဲ့ မက်ဆေ့ချ် တွေမှာလည်း “ငါ့အနေနဲ့ မင်းကို တွေ့ဆုံခွင့်ရတာ အရမ်းကံကောင်းပြီး မင်းဟာ လူလွတ်တစ်ယောက် ဖြစ်နေတယ် ဆိုတာလဲ ကံကောင်းတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ တကယ်လို့ မင်းဆန္ဒရှိမယ် ဆိုရင် အခြားတစ်စုံ တစ်ယောက်ကို ပြောင်းပြီး ရွေးချယ်ဖို့ စဉ်းစား နိုင်ပါတယ်။” လို့ရေး သားခဲ့ပါတယ်။

နေ့တစ်နေ့ ကုန်ဆုံးသွားတဲ့ အချိန်တိုင်း သူ့ကို တွေ့လိုတဲ့ ကျွန်မရဲ့ စိတ်ဆန္ဒတွေက ထိန်းမရသလို သူ့ရဲ့ ချစ်သူ တစ်ယောက် အဖြစ်နဲ့ ရပ်တည်ချင်တဲ့ တောင့်တချက်တွေ ကလည်း အတော မသတ်နိုင် သေးပါဘူး။ အကယ်၍များ ဖြစ်နိုင်မယ် ဆိုရင် သူ့ရဲ့ ချစ်သူကို ကျွန်မအတွက် စွန့်လွှတ် ပေးစေချင်ပါတယ်။ ဒါဟာ မှန်ကန်တဲ့ အတွေးအခေါ် ဟုတ်ပါရဲ့လား။…..

ပြန်လည် ဖြေကြားပေးခြင်း။

အခြေအနေ အရပ်ရပ် အားလုံးကို သုံးသပ်ရမယ် ဆိုရင်တော့ မဆိုးလှပါဘူး။ အမျိုးသားက ခင်ဗျားကို သူ့ရဲ့ ချစ်သူအကြောင်း ပြောပြပြီးသားဘဲ။ တကယ်လို့များ သူ့ရဲ့ ကောင်မလေးနဲ့ မပျော်ရွှင်ဘူးဆိုရင် ခင်ဗျားဆီ အချိန်မရွေး ပြန်ရောက် လာပါလိမ့်မယ်။ ဒါပေမယ့် မပြတ်သားတဲ့ အဲ့ဒီ အမျိုးသားက တစ်ဖက်ကိုလည်း အဆုံးမသတ်၊ ခင်ဗျားကိုလည်း ဘာ့ကြောင့် ချိတ်ဆက်ဖို့ ဆက်ကြိုးစား နေရတာလဲ။ အဖြစ်အပျက်တွေ အားလုံးကတော့ မြန်ဆန် လွန်းလှတာလဲ တစ်ကြောင်း ဖြစ်နိုင်သလို ဒီအမျိုးသားအနေနဲ့ အခြေအနေတွေကို မှန်မှန်ကန်ကန် သုံးသပ်ဖို့ နှေးကွေး တုန့်ဆိုင်း လွန်းတာလဲ တစ်ကြောင်း ဖြစ်နိုင်ပါတယ်။

အားလုံးရဲ့ ပြဿနာတွေကို ရှုပ်ထွေးစေတာကတော့ အမျိုးသားဆီကဘဲ ဖြစ်ပြီး သူ့အနေနဲ့ ပြတ်သားပြီ ဆိုရင် ခင်ဗျားကို ဘာမှ ဆက်သွယ်စရာ အကြောင်း ရှိမနေပါဘူး။ အဓိက ကတော့ သူ့အတွက် လိုအပ်ချက် ကွက်လပ်ကို ဖြည့်ဆည်းပေးဖို့ ခင်ဗျားကို အချိန်ပိုင်း ချစ်သူအဖြစ် အလွယ်တကူ လက်ခံလိုက်ပုံရပါတယ်။

ဥပမာ တစ်ခုအနေနဲ့ ဆိုရင် လက်ထဲမှာ အလွယ်တကူ ရောက်လာတဲ့ ကိတ်မုန့်ကို လွယ်လွယ် စားသုံး ပစ်လိုက်တဲ့ လုပ်ရပ် သက်သက်သာ ဖြစ်ပါတယ်။ သူ့ချစ်သူ မိန်းကလေးနဲ့ ခင်ဗျား တို့ နှစ်ယောက်ကို ရွေးချယ်မယ် ဆိုတဲ့ အကြောင်းပြချက် သူ့မှာ မယ်မယ်ရရ လုံးဝ မရှိဘူးဆိုတာတော့ သူ့လုပ်ရပ်တွေကနေ ခင်ဗျား နားလည် သင့်ပါတယ်။

Ref : http://www.thesun.co.uk/sol/homepage/deidre/

(အသိပေးခြင်း)www.mmdailynews.comမှ ကူးယူမျှဝေပါကြောင်းရိုးသားစွာ ဝန်ခံအပ်ပါသည်၊။