မဟာယာနနှင့်ထေရဝါဒကွာခြားချက်များ။

VisesaNovember 24, 20102min38026
၁။

http://www.dhammaweb.net/notes/view.php?id=222

ထေရဝါဒ နှင့် မဟာယာန ကွာခြားချက်များ by အရှင်သုနန္ဒာလင်္ကာရ M A ( ပန်းကမ္ဘာ )

ထေရဝါဒ နှင့် မဟာယာန ကွာခြားချက်များ
မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစားရှိသော်လည်း အကြောင်းကြောင်း
ကြောင့်မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ၊ သို့သော်လည်း တိုင်းတပါးကို ရောက်လာ
တဲ့အခါမှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ဝါဒသမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိုအပ်လာတယ်၊ စာရေးသူတို့ ဘုရားသားတော် ရဟန်းတွေမှာတောင် မြန်မာပြည်မှာတုံးက မလိုအပ်ဖူးလို့ ထင်ခဲ့မိတယ်၊

အခုတော့ ကိုယ့်ဝန်းကျင်မှာ မဟာယာနဘုန်းကြီးတွေ၊ သီလရှင်တွေ ၊ တရုတ် ကိုးရီးယား ဂျပန်လူမျိုးတွေကို တွေ့လာရတဲ့ အခါမှာတော့ သူတို့ဘာသာအကြောင်းကို မသိလို့ မရတော့ဘူူး၊ သူ့တို့ဘာသာကို အစအဆုံး ဘုရား တရားက အစ လိုက်မေးနေရတယ် ဆိုရင် ကိုယ့်မြန်မာလူမျိုး သိက္ခာတော်တော်ကျနေပြီ၊ သီတဂူဆရာတော်ကြီး ပြောတဲ့ စကားတခွန်းကို မှတ်သားမိဘူးတယ်၊ ဘယ်ဘာသာကို မဆို လေ့လာထားပါ၊ သူတို့နဲ့ စကားပြောလို့ အနိုင်လိုချင်ရင် သူ့တို့ ဘာသာရဲ့ အားနည်းချက်ကို သိနေတော့ ပြောဆိုရတာ ( နောက်ဆုံး ငြင်းခုံရင်တောင် ကိုယ်က အနိုင်ရမယ် ) သိပ်လွယ်တယ် တဲ့။ အထူးသဖြင့် စာရေးသူတို့ မြန်မာနိုင်ငံမှာ မဟာယာန ဗုဒ္ဓဘာသာ ဆိုတာ တရုတ်ဘုန်းကြီးကျောင်းတွေမှာသာ ရှိတာမို့ ရဟန်းသံဃာတွေရော ဒကာ ဒကာမတွေပါ အလှမ်းဝေးနေခဲ့ကြတယ်။ ဒါကြောင့် လက်လှမ်းမှီသလောက်ကို တင်ပြလို်က်ပါတယ်၊

ထေရဝါဒ ဗုဒ္ဓဘာသာ – မည်ပုံ

ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသော မဟာသက္ကရာဇ် ( ၁၄၈ )ခုနှစ် ကဆုန်လပြည့်နေ့မှနောက် ၃ လလွန်မြောက်ပြီးသောအခါ အရှင်မဟာကဿပဦးဆောင်သော ရဟန္တာမထေရ် ၅၀ဝ ဖြင့် ရာဇဂြိုလ်မြို့တွင်ဘုရားရှင်၏ တရားတော်တို့ကို တလုံးတပါဒမျှ ပြင်ဆင် ဖြည့်စွက်ခြင်း၊ ထုတ်နှုတ်ပယ်ရှားခြင်း အလျင်းမရှိခဲ့ပဲ ဟောတော်မူခဲ့သည့်အတိုင်း တသွေမတိမ်း ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။
အချုပ်အားဖြင့် ဘုရားဟောတော်မူခဲ့ပြီးသော တရားတော်တို့ကို ယနေ့အချိန်အထိ တလုံးတပါဒမျှ ပြင်ဆင်ဖြည့်စွက်ခြင်းမရှိပဲ တပည့်သား သာဝက အစဉ်အဆက် လက်ဆင့်ကမ်း သယ်ဆောင်လာသော ဝါဒကို ထေရဝါဒ ဗုဒ္ဓဘာသာ ( တပည့်သား သာဝက မထေရ်အစဉ်အဆက် သယ်ဆောင်လာသော ဘုရားဝါဒ ) ဟု မှတ်နို်င်ပါသည်။

ဒုတိယ သင်္ဂါယနာ
မြတ်ဗုဒ္ဓ လွန်တော်မူပြီး သာသနာနှစ်ပေါင်း (၁၀၀)ကြာပြီးနောက် ဝဇ္ဇီတိုင်းသားရဟန်းများ (ဒေဝဒတ်
တပည့်များ )မှ အဓမ္မဝတ္ထု (၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေလက်တစ်သစ်လွဲသည့်
အချိန်အထိ ဝိကာလဘောဇန လုပ်နို်င်တယ်၊ သေနု(အရက်ခပ် ပျော့ပျော့ ယခုခေတ် ထန်းရည်လိုမျိုး )ကို သောက်နိုင်တယ်၊ ရွှေငွေများကို လူတွေလို စိတ်ကြိုက် ကိုင်တွယ်အသုံးပြုနို်င်တယ် — စသဖြင့် တောင်းဆိုခဲ့ပြီး ထေရဝါဒဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့် ထိုရန်သူတို့အား ကာကွယ်ရန် ဒုတိယအကြိမ် သင်္ဂါယနာတင်ရပြန်သည်။

(၂) သာသနာနှစ် (၁၀၀)နှစ်
(၃) နေရာ ဝေသာလီပြည်၊ ဝါဠုကာရာမကျောင်း
(၄) ခေါင်းဆောင် အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေဝတနှင့် အရှင်သဗ္ဗကာမိ
(၅) သံဃာဦးရေ ရဟန္တာပေါင်း (၇၀၀)
(၆) မင်း ကာလာသောကမင်း
(၇) ကြာမြင့်ချိန် (၈) လ

အရှင်ယသ၊ အရှင်ရေဝတ အရှင်သဗ္ဗကာမီ ဦးဆောင်သော ရဟန္တာများ ဝေသာလီပြည်၌ သင်္ဂါယနာတင်နေစဉ် ဝဇ္ဇီတိုင်းသားရဟန်းပျက်များကို သံဃာထု၊ မင်းပရိသတ်ထု၊ ပြည်သူလူထု ပေါင်းပြီး နှင်ထုတ်ခဲ့ကြသည်၊ ထိုရဟန်းပျက် များကာ တစ်သောင်းကျော် ပမာဏ ရှိခဲ့သည် ဟူ၏။

ထိုရဟန်းပျက်တို့ ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမဝန္တာတောင်ခြေဖက် သို့ သွားရောက်
ပြီး ရှင်ဘုရင်တစ်ပါးမှ သနားကာ ခိုလှုံခွင့်ပေးလိုက်ရာမှ ထိုရဟန်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင် တင်ခဲ့ကြသည်။

ထိုရဟန်းတို့အား တစ်သောင်းကျော်ဟူသော ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု နာမည် တွင်ခဲ့သည်၊ ထိုဂိုဏ်းမှ မဟာယာနဝါဒ ဖြစ်လာသည်။
ထိုမှတဖန် ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ ( ၇၀ဝ )အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောဂိုဏ်း ( တနည်းအားဖြင့် သဗ္ဗတ္ထိဝါဒဂိုဏ်း ) ဟု ခေါ်တွင်ခဲ့သည်။ ထိုဂိုဏ်းမှ ထေရဝါဒ ဆင်းသက်လာပါသည်။ အမှန်ကတော့ ငါတို့က ရွာရဲ့ မြောက်ပိုင်းမှာ နေတယ် ဆိုရင် သူတို့က တောင်ပိုင်းမှာ နေတယ် ဟု အလိုလို မပြောသော်လည်း ပြောသကဲ့သို့ ထေရဝါဒ ကိုလည်း မဟာယာန ဝါဒီ တို့သည် ဟီနယာန ဟု သုံးစွဲခဲ့ကြလေသည်၊

အိနိ္ဒယ တောင်ပိုင်းဒေသမှ စကာ ပြန့်နှံ့ခဲ့သောကြောင့် တောင်ပိုင်းဗုဒ္ဓဘာသာ(ထေရဝါဒ) ဟုလည်းအလွယ်တကူ မှတ်နို်င်ပေသည်။ ယခုအချိန်အထိ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီယား၊ လာအို နိုင်ငံတို့တွင် သာသနာထွန်းကားနေဆဲမို့ ထေရဝါဒ ၅ နိုင်ငံ ဟု အများက အသိအမှတ်ပြု လက်ခံထားဆဲဖြစ်သည်။

မဟာယာနမှာတော့ မဇ္ဈိမဒေသ အိနိ္ဒယပြည် မြောက်ပိုင်း ဟိမဝန္တာကနေ ပြန့်ပွားခဲ့သောကြောင့် မြောက်ပိုင်း ဗုဒ္ဓဘာသာ ( မဟာယာန ) ဟု မှတ်နို်င်သည်၊ဘီစီ ၁ ရာစု မှ စကာ အေဒီ ၁ ရာစု အအတောအတွင်း မဟာယာန ဝါဒ စတင်ဖြစ်ပေါ်လာသည်ဟု သိရသည်၊ မဟာယာနတို့၏ Saddharma Pundarika Sutra သဒ္ဓမ္မပုဏ္ဍရိက သုတ်တွင်မူ အေဒီ ၂ ရာစုမှ စကာ ခေါင်းဆောင်ဖြစ်သော Nagarjuna နာဂဇုန သည် သူ၏ သုညတဝါဒကို စွဲကိုင်ကာ အင်အားကြီးမားစေခဲ့သည်၊ အေဒီ ၄ ရာစုလောက်တွင်တော့Asanga အသင်္ဂ နှင့် Vasubandhu ဝသုဗန္ဓု တို့ လက်ထက်တွင် မဟာယာနဘာသာသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိအောင် ပြန့်ပွားခဲ့သည်ဟု ဆိုရပါမည်။
( မဟာ – မြင့်မြတ်သော၊ ယာန – နိဗ္ဗာန်သို့ ပို့ဆောင်ပေးသော အရာ၊ ယာဉ်ဟူသော၊ ဝါဒ – အယူရှိသူ )

ထိုအချိန်မှစ၍ မြောက်ပိုင်း ဗုဒ္ဓဘာသာ ခေါ် မဟာယာန သည် တရုတ်ပြည်၊ တိဗက်၊ ပါကစ္စတန်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကိုးရီးယား ဂျပန် စသော တောင် အာရှ နိုင်ငံများအထိ နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက် ပြန့်ပွားခဲ့သည်၊ ထိုနိင်ငံတို့တွင် ထေရဝါဒ ဘာသာ အားကောင်းစွာ ပျံ့နှံ့သည်ဟူ၍ မကြားဖူးခဲ့ပေ။ အနည်းစုတော့ ရှိခဲ့လိမ့်မည်၊ ထို့ကြောင့် တရုတ် ဂျပန် ကိုးရီးယား တို့၏ ဘာသာရေး အခန်းကဏ္ဍများတွင် တုံးခေါက်ခြင်း၊ ဖယောင်းတိုင် အမွှေးတိုင် ထွန်းခြင်း သေသူအား ရည်စူးကာ စက္ကူများအားမီးရှို့ ပြာချခြင်း စသည်များသည် နိုင်ငံ ဓလေ့ ယဉ်ကျေးမှု့အရ အနည်းငယ် ကွဲလွဲသည်မှအပ တူညီနေကြပေသည်။

ပြိုကျခါနီး အိမ်ကို ကျားကန် ထားရသလိုဖြစ်နေတဲ့ မဟာယာန ဘာသာဟာ နောက်ပိုင်းခေတ်မှာတော့ ဂျပန်နိုင်ငံက စပြီး ရဟန်းတော်များ အိမ်ထောင်ပြုသင့်တဲ့ဂိုဏ်း၊ မပြုသင့်တဲ့ ဂိုဏ်း ဆိုပြီး ကွဲပြားလာတယ်၊ တချို့အရက်သောက်ကြတယ်၊ တချို့က မသောက်ဘူး၊ တချို့သက်သက်လွတ်စားတယ်၊ တချို့က မစားကြဘူး၊ ဒါကြောင့် ယခုအချိန်မှာ ကိုးရီးယား ဂျပန် ဘုန်းကြီးတော်တော်များများဟာ
အိမ်ထောင်ရှိကြတယ်၊ အရက်သောက်ကြတယ်၊ ပါတီ နိုက်ကလပ်တက်ကြတယ် လို့ တဆင့်စကား ကြားဖူးပါတယ်၊ တရုတ်၊ တိဗက် ဟောင်ကောင် ထိုင်ဝမ် စတဲ့ နိုင်ငံတွေမှာ ရှိတဲ့ မဟာယာနဘုန်းကြီး တွေကတော့ အိမ်ထောင်ပြုတယ် လို့ မကြားမိပါဘူး၊ ဒါကြောင့် သူတို့ကတော့ နည်းနည်း သန့်ရှင်းသေးတယ် လို့ ယူဆရမှာပါ။ သက်သက်လွတ်ဝါဒကတော့ တော်တော် ကြီးစိုးနေဆဲပါပဲ၊ ဒါကလဲ ဘုရားရှင်လက်ထက်တော်အခါကတည်းက အရှင်ဒေဝဒတ်က တောင်းဆု ငါးပါးထဲမှာ ရဟန်းတော်များသက်သက်လွတ် စားဖို့ သိက္ခာပုဒ်ပညတ်တော်မူပါဘုရား – ဆိုပြီး တောင်းပန်ခဲ့ဖူးပေမယ့် ဘုရားရှင်က ခွင့်မပြုခဲ့ဘူး။

အရင်းစစ်တော့ အမြစ်မြေက – ဆိုသလို မြောက်ပိုင်း ဗုဒ္ဓဘာသာခေါ် မဟာယာနဝါဒ ဟာလဲ ဒုတိယသင်္ဂါယနာ တင်ချိန် ကတည်းက အဓမ္မဝါဒက နေ ဆင်းသက်လာတာမို့ အယူဝါဒတော်တော်များများ လွဲနေတာ မထူးဆန်းတော့ပါဘူး။

လွတ်မြောက်ရာ လမ်းများ နှိုင်းယှဉ်ချက်
ထေရဝါဒ ဘာသာ တွင် နိဗ္ဗာန် ပန်းတိုင်သို့ –
၁ ။ သမ္မာသမ္ဗုဒ္ဓ အဖြစ်နှင့် ကူးမြောက်ခြင်း၊
၂ ။ ပစ္စေကဗုဒ္ဓါ ဘုရားငယ်အဖြစ် ကူးမြောက်ခြင်း၊
၃ ။ သာဝက ဗောဓိ – ခေါ် ရဟန္တာအဖြစ် ကူးမြောက်ခြင်း ဟု သုံးမျိုးရှိသည်။

မဟာယာန ဘာသာတွင်လည်း –
Bodhisattvayana, ( ဗောဓိသတ္တ ယာန ) ဘုရားအလောင်းယာန၊
Prateka-Buddhayana, ( ပစ္စေက ဗုဒ္ဓယာန ) ပစ္စေဗုဒ္ဓါလောင်း ယာန၊
Sravakayana ( သာဝက ယာန ) သာဝကလောင်း ယာန၊ဖြင့် ကူးမြောက်ခြင်း ဆိုပြီး တူညီသော အမျိုးအစားများ တွေ့ရသည်။

ထေရဝါဒ နှင့် မဟာယာနဝါဒတွင် တူညီသော အင်္ဂါ ( ၆ ) ချက်
(၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။
(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အဝလက်ခံကြတယ်။
(၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊

(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊
(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။
(၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။

Mahayana and Theravada
Now, what is the difference between Mahayana and Theravada?
I have studied Mahayana for many years and the more I study it, the more I find there is hardly any difference between Theravada and Mahayana with regard to the fundamental teachings.

1- Both accept Sakyamuni Buddha as the Teacher.
2- The Four Noble Truths are exactly the same in both schools.
3- The Eightfold Path is exactly the same in both schools.
4- The Paticca-samuppada or the Dependent Origination is the same in both schools.
5- Both rejected the idea of a supreme being who created and governed this world.
6- Both accept Anicca, Dukkha, Anatta and Sila, Samadhi, Panna without any difference.

အနတ္တကို နှစ်ဖက်စလုံးက လက်မခံကြပေမယ့် ကွဲပြားချက်က တရားတော်တွေ မဟုတ်ဘဲ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် အပေါ်မှာ ထားတဲ့ သဘောထား ဖြစ်နေတယ်။
ထေရဝါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ထေရဝါဒဆိုတာ ရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ဝါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ဝါဒပါ။
ထေရဝါဒမှာ ဗောဓိသတ္တကို လွတ်မြောက်ရာ သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်
သေးပေမယ့် ၊ မဟာယာန မှာတော့ ကိုးကွယ်စရာ ဗောဓိသတ္တတွေ များပါတယ်။ ဘုရားလောင်း ၊ ဘုရားရဲ့ မိခင်၊ ဖခင် အများကြီး ရှိပါသေးတယ်။

ဖားအောက်ဆရာတော်ကြီးရဲ့ ဓမ္မစကြာနှင့် ဝိပဿနာ တရားတော်ကို နာဖူးပါတယ်၊
မဟာယာန အယူဝါဒမှာ – အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်ဟာ ဒီဘဝကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးဘူး။ ရဟန္တာအဖြစ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားတယ်။ ပုထုဇဉ်ပြန်ဖြစ်သွားရမယ် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရမယ်။

ထေရဝါဒ မှာတော့ မဟုတ်ဘူး – ပုထုဇဉ်ဘဝကနေ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အစဉ်အတိုင်းဖြစ်ပြီးရင် နိဗ္ဗာန်ကို မျက်မှောက်ပြုရတာပါပဲ၊ နောက်ဆုံးဘဝပေါ့၊ သူ့အတွက် ဒီဘဝ ဒီခန္ဓာကိုယ်ဟာ နောက်ဆုံးပါပဲ၊ ဘုရားဟောထားတဲ့ စကားလေးတခွန်းရှိတယ်၊ ရဟန္တာဖြစ်တဲ့သူ များလဲ ပြောလေ့ရှိကြတယ်၊ အထူးသဖြင့် ဘုရားရှင်ကိုယ်တိုင်ပါ။

(၁) အကုပ္ပါ မေ ဝိမုတ္တိ = ငါ၏ ရရှိပြီးသော အရဟတ္တဖိုလ် ဉာဏ်သည် ဘယ်လိုအကြောင်း
ကြောင့်မှ မပျက်စီးနိုင်တော့ပေ။
(၂) အယမန္တိမာ ဇာတိ ၊ နတ္ထိ ဒါနိ ပုန ဗ္ဘဝေါတိ = ဒီဘဝသည် နောက်ဆုံးဘဝပဲ။ နောက်ထပ် ဘဝသစ် ဆိုတာ မရှိတော့ဘူး၊
(၃) နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတိ – ရဟန္တာ ဖြစ်ပြီးရင် နောက်ထပ် ကျင့်ကြံစရာ လုံးဝ မရှိတော့ဘူး – တဲ့။

ဒါကို ထောက်သောအားဖြင့် ထေရဝါဒဟာ အားလုံး ဘုရားဟောစကားနဲ့ တူညီနေသေးတယ်။
မဟာယာနမှာတော့ ကိုယ်မကြိုက်တာတွေကို ပယ်လိုက်၊ ထုတ်လိုက် ပြန်ထည့်လိုက်၊ အသစ်ထပ်တိုးလိုက်နဲ့ ခေတ်အ ဆက်ဆက် ဖြတ်သန်းခဲ့တာမို့ ဘယ်တရားက ဘုရားဟော တရား အစစ်အမှန်လဲ ဆိုတာ တိတိကျကျ ပြောနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေကို ရောက်နေပါပြီ။ စစ်မှန်သော တရားတော်တို့ သည် မိမိတို့ လက်ထဲမှာသာ ရှိနေသေးသောကြောင့် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ ဟုသာ တိုက်တွန်းစကားဆိုရင်း နိဂုံး ချုပ်ပါရစေ —

မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M A ( ပန်းကမ္ဘာ )

ကိုးကား —
စူဠဝါပါဠိတော်
အနတ္တလက္ခဏသုတ်တော်
ဖားအောက် တရားတော်
Theravada-Mahayana Buddhism written by Ven. Dr. W. Rahula

Theravada and mahayana buddhism differences (ထေရဝါဒ နှင့် မဟာယာန ကွာခြားချက်များ) by Ashin Sunandalankara (အရှင်သုနန္ဒာလင်္ကာရ M A ( ပန်းကမ္ဘာ ))

၂။တရားနည်းလမ်းကျသော အဖြေလေးတစ်ခု။ a definite & true answer

一个明确的和真实的答案

Why are so Many Buddhist Countries Poor?

One of the Buddhist teachings is that wealth does not guarantee happiness and also wealth is impermanent. The people of every country suffer whether rich or poor, but those who understand Buddhist teachings can find true happiness.

为什么这么多的佛教国家的贫困?

佛教教义之一就是财富并不一定幸福,也是财富是无常的。每个国家的人民遭受不论贫富,但那些谁了解佛教教义可以找到真正的幸福。

အဘယ့်ကြောင့် ဗုဒ္ဓဘာသာနိုင်ငံအများစု သည် ဆင်းရဲ နေကြပါသနည်း။

ဗုဒ္ဓဘာသာမှ အဆုံးအမတော်များအနက်တစ်ခုမှာ ပြည့်စုံကြွယ်ဝမှု သည် အစစ်အမှန်ချမ်းသာ

မဟုတ်ပေ။ထို ့အပြင် ပြည့်စုံကြွယ်ဝမှုသည် အမြဲရှိသောအရာလည်း မဟုတ်ချေ။နိုင်ငံတိုင်း

တွင်ရှိသော လူသားအားလုံးတို ့သည်လူနေမှုဘဝ ပြည့်စုံသည် ဖြစ်စေ၊ နိမ့်ကျချို ့တဲ့သည်

ဖြစ်စေ၊ခန္ဓာကိုယ်ဆင်းရဲပင်ပမ်းမှုကို ခံစားနေကြရသည်သာဖြစ်သည်။သို ့သော် ဗုဒ္ဓ အဆုံး

အမတော်များကို သိတတ်နားလည်သောပုဂ္ဂိုလ်တို ့သည် ချမ်းသာစစ်ချမ်းသာမှန်ကို တွေ ့ရှိ

ရယူနိုင်ကြသည်သာဖြစ်ပေသည်။

Ref; http://www.buddhanet.net/e-learning/5minbud.htm

26 comments

  • Visesa

    November 24, 2010 at 11:46 am

    Comment ရေးရရင်ရှည်နေမှာကြောင့် မှတ်ထားတာလေးတွေကိုတစ်ဆင့်တင်ပေးလိုက်ပါတယ်။
    ကျန်းမာ ချမ်းသာ လန်းဖြာ ဝမ်းသာကြပါစေ။

    • ဆူး

      November 24, 2010 at 12:38 pm

      ဒီစာကို မျှော်နေတာ အမှန်ပါ။ တင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဆင်းရဲတာ အတိတ်ကံ မကောင်း ကြိုးစားအားထုတ်မှု ညံ အတိတ်ကလည်း စိတ်စေတနာ နည်းခဲ့ သလို ယခုဘဝမှာလည်း စိတ်စေတနာ မပြည့်ဝလို့ ဆင်းရဲနေတာ ထေရဝါဒ ကြောင့် ဆင်းရဲပါတယ်လို့ အပြစ်တင်နေတဲ့ လူသားတွေ အတွက် ဖြေဆေး ရှာချင်နေတာပါ။
      ဆင်းရဲခြင်း အကြောင်းကတော့ အတိတ်က စိတ်စေတနာ နည်းလို့ ဆင်းရဲတဲ့ လူမှု အသိုင်းအဝိုင်းမှာ လူလာဖြစ်ရတာ.. ဆင်းရဲတာတောင်မှ နားမလည်ဘဲ.. ထပ်ပြီး စိတ်ကောင်း မမွေးနိုင်တော့.. မွဲပြီးရင်း မွဲ.. ဖြစ်နေတာ မမြင်နိုင်ဘဲ.. ဟိုဟာ လေး ပြောင်း လုပ်ရင်ကောင်း နိုး ဒီဟာလေး ပြောင်း လုပ်ရင် ကောင်း နိး နဲ့.. ခြံစည်းရိုး ခွထိုင်ပြီး ဟိုဘက်ခြံ ခြေထောက်ချ ဒီဘက်ခြံ ခြေထောက်ချ.. နောက်ဆုံးတောင့် သံချွှန်ပေါ် အချိန်ကြာကြာ ထိုင်မိလို့ ဒဏ်ရာ တခုပိုတာဘဲ ရှိတယ်။ အားလုံးကတော့ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်နိုင်တယ်။ ခံယူချက်မရှိဘဲ ယောင်ဝါးဝါးကတော့ ယောင်ဝါးဝါးနဲ့ ဇတ်သိမ်းမှာဘဲ။ မယုံရင် စောင့်ကြည့် သေမှ သိ။

  • naywoonni

    November 24, 2010 at 12:17 pm

    ကျွန်တော်လည်းတင်ပေးမလို့ပဲဒါပေမဲ့ဒါကပြည့်စုံနေတယ်……..
    ဒီလိုတင်ပေးတဲ့အတွက်ကျေးဇူးပါပဲ………..။ကျွန်တော်သိထားတာမသေချာတာလေးတစ်ခုရှိတယ်ဗျို့
    အဲဒါလေးသိရင်ဖြေပေးပါဦး……..ဟိန္ဒူဝါဒကလည်းဗုဒ္ဓဘုရားရှင်ကိုသူတို့ရဲ့နတ်ဘုရားကိုကြိမ်မြောက်ပြန်
    ဝင်စားခြင်းဆိုပြီးလက်ခံထားတယ်တဲ့ဗျ…သူတို့ရဲ့ဘုရားပွဲတွေမှာဗုဒ္ဓဘုရားရှင်ရုပ်ပွားတော်ကိုလဲသုံးကြတယ်
    အဲဒါဟုတ်မဟုတ်သိချင်လို့ပါ………..

  • ဆူး

    November 24, 2010 at 12:26 pm

    စစ်မှန်သော တရားတော်တို့ သည် မိမိတို့ လက်ထဲမှာသာ ရှိနေသေးသောကြောင့် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ <<< အရှင်ဘုရား ပြောတဲ့ အတိုင်း ကျင့်ကြံ အားထုတ်ပါ့မယ်။
    စာဖတ်အားနည်းလို့ မရှာနိုင်သေးခင် အရှင်ဘုရား ရှာထုတ်ပေးတဲ့ အတွက် အထူး ကျေးဇူးတင်ပါတယ်။

  • Visesa

    November 24, 2010 at 1:18 pm

    အာရှတိုက်ဒေသအတွင်း နေရာဒေသနီးစပ်တာမို ့ဗုဒ္ဓဘာသာနဲ ့တစ်ခြားဘာသာများသမိုင်းကြောင်း၊အယူအဆ၊အတွေးအခေါ်တွေရောထွေးနီးစပ်မှုတွေရှိနိုင်ပါတယ်။အနှစ်သာရဖြစ်တဲ့“သီလ၊သမာဓိ၊ပညာ ”အဆုံးအမကျင့်စဉ်တွေအဆင့်ဆင့်ကိုသာ ိုကြိုးစားအားထုတ်ကြရင်“အစစ်အမှန်ချမ်းသာ”ကိုလူသားတိုင်းရနိုင်ရောက်နိုင်ကြမှာပါ-လို ့ဆိုပါရစေ။
    ကျန်းမာ ချမ်းသာ အသက်ရှည် တရားရ တွင်းပနှစ်ဖြာ ခန္ဓာအကျိုး သယ်ပိုးရွက်ဆောင်နိုင်ကြပါစေ။

  • weiwei

    November 24, 2010 at 3:19 pm

    တော်တော်တန်ဖိုးရှိပါတယ် …
    谢谢您!

  • maungmoenyo

    November 25, 2010 at 1:42 am

    ထေ၇ဝါဒဟာအကျိုးနဲ့အကြောင်းပေါ်မှာအခြေခံပါတယ်။ ဟောသမျှတရားအားလုံးကိုသစ္စာ(၄)ပါးနဲ့ချုပ်ပါတယ်။ အတိတ်ကကိုယ်ပြုခဲ့တဲ့ကံကိုအဲ့ဒီဘဝမချုပ်ခင် (သို့)ချုပ်ပြီးနောက်မှပြန်အကျိုးခံစားရပါတယ်။ ဗုဒ္ဓကဟောလို့ဖြစ်ပျက်ရတာမဟုတ်။ လောကရဲ့ဖြစ်ပျက်တတ်တဲ့သဘောကိုဗုဒ္ဓကညွှန်ပြတာပါ။ ထေ၇ဝါဒလို့အမည်တွင်ပြီးတောင်ပိုင်းဟိနယနလို့မည်တဲ့အယူဟာဂေါတမရဲ့တိုက်ရိုက်နွယ်ဆင်းသက်လာတဲ့မူရင်းတရားဖြစ်ပါတယ်။ ဘာသာဆိုတာထက်အကျင့်အကြံလို့ဆိုပါရစေ။ မဟာယနဘာသာဟာအကျိုးနဲ့အကြောင်းကိုအဓိပ္ပါယ်ဖွင့်ရာမှာကွဲပြားတဲ့အချက်တွေရှိပါတယ်။ ဂေါတမဗုဒ္ဓဟာလူသေလူဖြစ်ဝါဒ၊လူဝင်စားဝါဒတွေကိုအပြီးတိုင်ဖျက်သိမ်းပါတယ်။ လောကမှာထင်ရှားရှိသမျှအနတ္တလို့ဆိုပါတယ်။ အတ္တကိုအပြီးတိုင်ပယ်ရပါတယ်။ လုပ်ယူလို့ရတဲ့အကျိုးကိုမဟောပါဘူး။ ကံရဲ့စီမံရာ(ကိုယ်လုပ်ခဲ့တဲ့)ကိုညွှန်ပြပါတယ်။ သောတာပန်နဲ့သဂဓါဂါန်ပြီးရင်အနာဂါန်ဘဝရောက်တာနဲ့လူ့ဘဝရဲ့စက်ဆုတ်မှုကိုမျက်ဝါးထင်ထင်မြင်ပြီး၊ လူဝတ်ကြောင်ဘဝကိုစွန့်ကြရပါတယ်။ လူနဲ့လဲနီးနီးနေလို့မရတော့ပါဘူး။ ကိလေသာတွေလဲပြတ်ဖို့ပိုလမ်းနီးလာပါတယ်။ နိဗ္ဗာန်ကိုနောက်ဆုံးမျက်မှောက်ပြုရတဲ့ဘဝမှာ။ သံသရာမှာလည်စရာအကြောင်းမရှိတော့တာမို့နောက်ဆုံးဘဝပါ။ နိဗ္ဗာန်လို့ခေါ်တဲ့ “မရှိခြင်း”ကိုရောက်သွားပါတယ်။ ဘာမရှိတာလဲဆိုတော့-ရုပ်/နာမ်နဲ့တကွသံသရာမှာလည်စေခြင်းကိုဖြစ်စေတတ်သောအကြောင်းတရားတွေအားလုံးမဲ့တဲ့အရာတွေကိုဆိုလိုတာပါ။ ဒါကြောင်းဗုဒ္ဓဝါဒနဲ့ကျင့်စဉ်တို့သည်သိပ္ပံနည်းအကျဆုံးသောဝိဇ္ဇာပညာဆိုရင်မမှားကြောင်းပါခင်ဗျား…။

  • ဆူး

    November 25, 2010 at 2:19 am

    ရေကြောင့်ဖြစ်တဲ့ ရွံ့ညွန်ကို ရေနဲ့သာ ဆေးကြောရသလိုဘဲ..
    စိတ်ကြောင့် ဖြစ်တဲ့ အညစ်အကြေးကို စိတ်နဲ့သာ ကြည့်လင်အောင် ဆေးကြောရပါတယ်။
    အကောင်းမြင်စိတ်မရှိရင် ဘယ်တော့မှ အကောင်းဖြစ်လာမှာ မဟုတ်တဲ့ အတွက် ရုပ်ဘယ်လောက် ချမ်းသာသာ.. စိတ်က ချမ်းသာချင်မှ ချမ်းသာမယ်။ သာသနာမှာ ရှိနေပြီး သာသနာ ကို မလေ့လာဘဲ ကောင်းနိုးနိးနဲ့ လျောက်ရှာနေရင်တော့ ငါးပွက်ရာ ငါးမျှားသလိုဘဲ.. ဖြစ်လိမ့်မယ်။ ရေပွက်ပမာ ခဏတာ ဖြစ်ကြရတဲ့ ဘဝမှာ တံလျက်ကိုရေထင် ရွှေသမင် အလိုက်မှားတဲ့ ဘဝတွေက ရုန်းထွက်နိုင်ကြပါစေ။

  • bigcat

    November 26, 2010 at 12:56 am

    မဟာယာနလို မတူတဲ့ ဗုဒ္ဓဘာသာဂိုဏ်းတွေကို ယုံကြည်သက်ဝင်သူတွေရဲ့ ကိုယ်တိုင်ဖြေရှင်းချက်တွေကို ဖတ်ရရင် သိပ်ကောင်းမယ်လို့ ထင်မိပါတယ်။ အခုချိန်ထိ ဖတ်ဖူးတာ ကိုယ့်ဖက်ကသူတို့ကို ပြောနေတာပဲ ရှိသေးတယ်။ မန်းလေးဂေဇက် ပုံနှိပ်သတင်းစာမှာတော့ ပစ္စုပ္ပန်ကမ္မဝါဒဆိုတာ ဖတ်ဖူးပါရဲ့။ အဲဒါကို ထေရဝါဒမဆန်လို့ ဒီဖက်က စွတ်စွဲတာလဲ ကြားမိပါရဲ့။ တကယ်တော့ ဘုရားဟောခဲ့တာကို အပြည့်နားလည်ဖို့ဆိုတာ အဓိသီလ၊ အဓိသမာဓိ၊ အဓိပညာ သုံးပါးစလုံးပြည့်စုံမှ ရမယ်ထင်ပါသည်။ တခုခုက ချို့ယွင်းအားနည်းနေရင်တော့ အစွန်းတဖက်ဖက်ကို ရောက်သွားနိုင်တယ်လို့ ထင်မြင်မိပါသည်။

    • kai

      November 26, 2010 at 8:57 am

      ဟုတ်ပါတယ်..။ တဖက်သတ်အမြင်မဖြစ်စေချင်ပါဘူး…။
      မဟာယာန ဘုန်းတော်ကြီးတွေ ဟောပြောပို ့ချတာကို နားထောင်လေ့လာကြည့်ကြစေချင်ကြောင်းပါ..။ ကျုပ်တော့ မြန်မာလိုရေးတတ်တဲ့.. မဟာယာနဘုန်းတော်ကြီးတပါးပါး.. တွေ့မလားရှာနေပါတယ်..။ သိတဲ့သူတွေလည်း ပင့်ဖိတ်ပေးပါဦး..။ အတွေးအခေါ် ..ကိုးကွယ်မှုတွေကို ဘောင်မခပ်ထားကြစေလိုပါ။ … အာကာသကောင်းကင်ကျယ်လို ..အဆုံးမရှိ..(နှလုံးသားနဲ့ဦးနှောက်ကို )ဖွင့်လို့ထားကြစေချင်ပါတယ်…။

      =
      ဒါကို ထောက်သောအားဖြင့် ထေရဝါဒဟာ အားလုံး ဘုရားဟောစကားနဲ့ တူညီနေသေးတယ်။
      မဟာယာနမှာတော့ ကိုယ်မကြိုက်တာတွေကို ပယ်လိုက်၊ ထုတ်လိုက် ပြန်ထည့်လိုက်၊ အသစ်ထပ်တိုးလိုက်နဲ့ ခေတ်အ ဆက်ဆက် ဖြတ်သန်းခဲ့တာမို့ ဘယ်တရားက ဘုရားဟော တရား အစစ်အမှန်လဲ ဆိုတာ တိတိကျကျ ပြောနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေကို ရောက်နေပါပြီ။

      ဆိုတဲ့.. အပေါ်မှာရေးထားတဲ့..စာ-စကားကိုတော့ .. အစွန်းရောက်နေတယ်ထင်မိပါတယ်..။ ဒါဟာ.. ထေရဝါဒ ဖက်ကအမြင်သီးသန့်ပဲဖြစ်နိုင်ပါမယ်..။
      ဂေါတမမြတ်စွာဘုရား မွေးရက်နဲ့ ပရိနိဗ္ဗာန်ပြုခဲ့တဲ့ ..နှစ်လရက်တောင် အထောက်အထားအတိအကျ မပြနိုင်တဲ့ ..သမိုင်းမှာ .. ထေရဝါဒကသာ တရားအစစ်အမှန်တွေပါလို့ ကောက်ချက်ဆွဲဖို့အင်မတန်ခက်ပါတယ်.။
      ဒါကြောင့် …ကေသမုတ္တိသုတ် (ခေါ်) ကာလာမသုတ်-နဲ့ပဲ..ဆွေးနွေးတာလေးခဏရပ်လိုက်ပါရစေ..။

      ကေသမုတ္တိသုတ် (ခေါ်) ကာလာမသုတ်-

      ကာလာမမင်းတို့ …
      သင်တို့သည်ပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
      အစဉ်အဆက် စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
      ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်)
      မယူကုန်လင့်ဦး။
      ပိဋကတ် (မိမိတို့ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း
      (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
      ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန် လင့်ဦး၊
      နည်းမှီးယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
      အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန်လင့်ဦး၊
      (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊
      ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန် လင့်ဦး။
      ======
      Gautama_Buddha
      The time of his birth and death are uncertain: most early 20th-century historians dated his lifetime as c. 563 BCE to 483 BCE,[2] but more recent opinion dates his death to between to between 486 and 483 BCE or, according to some, between 411 and 400 BCE.
      http://en.wikipedia.org/wiki/Gautama_Buddha

  • kopauk mandalay

    November 26, 2010 at 2:36 am

    တစ်ခါက ကျနော်ဖတ်ဘူးတာလေးကိုမျှဝေချင်ပါတယ်။
    အင်အို်င်ချောင်းမြောင်း မြစ်မင်းပင်လယ် ရေဟူသမျှသည် နေကြောင့်အငွေ့ပျံကုန်၏။
    ကောင်းကင်ထက်ဝယ် မိုးတိမ်အဖြစ်ဖွဲ့တည်ရာမှာ နောင်တွင် မိုးအဖြစ်ပြန်လည်ရွာသွန်းလေးဋ္ဌ။
    ၎င်းမူမိုးရေစက်တို့သည် လွန်စွာသန့်စင်သောပေါင်းခံရေဖြစ်ကုန်၏။
    သို့သော်၎င်းသန့်စင်သောမိုးရေစက်တို့သည် ညစ်ညမ်းသောလေထု ကိုသော်၎င်း၊
    မသန့်ရှင်းသောမြေပြင်ကို၎င်းဖြတ်သန်း၍သော်၎င်း မူလလာရာအင်းအိုင်ချောင်းမြောင်းမြစ်ပြင်ပင်လယ်သို့ မသန့်စင်သောရေအဖြစ်ဖြင့် တစ်ဖန်ပြန်၍ဝင်ရောက်ကုန်၏။
    ပါတဲ့။
    အယူဝါဒတို့ ဘာသာတရားနဲ့သက်ဆိုင်တဲ့အတွေးတို့ဆိုတာ မူလပကတိကတော့ သူအကြောင်းအရာနဲ့သူ သန့်သန့်လေးပါ။
    နောက်နှစ်ပေါင်းများစွာကြာတဲ့အခါမှာ ပြန်လည်တင်ပြသူရဲ့အာဘော်တွေပါတော့ မူလ ပကတိအတိုင်းမရှိတော့ အခုအချိန်မှာ ဘယ်မူကမှန်တယ် ဆိုတာပြောဘို့ခပ်ခက်ခက်ပါ။

    • kai

      November 26, 2010 at 9:10 am

      စာပေ၊အက္ခရာရေးသားမှုပေါ်နေပြီးတဲ့ ခရစ်တော်ပွင့်တဲ့ခေတ်..လွန်ခဲ့တဲ့နှစ် ၂၀၁ဝကတောင်.. သမ္မာကျမ်းစာတွေဟာ ..မတူမညီ..အဓိပ္ပါယ်တွေခြားနားလွန်းလို ့.. အင်ပါယာတပါးက ..ဖြုတ်ထုတ်သတ်လုပ်ပြီး …ဆွဲညှိခဲ့ရပါတယ်..။

      ကျုပ်ကိုယ်ပိုင်အမြင်ကတော့ ..တရုတ်တွေဟာ မှတ်တမ်းမှတ်ရာ သေသေချာချာထားတတ်တာမို ့.. အိန္ဒိယက..ပိဋကတ်သုံးပုံပင့်သွားပြီးတဲ့.. နောက်ပိုင်းကနေ..အခုခေတ်အထိ..ကြားမှာ..မူရင်းကနေ ..သိပ်ပြီးချွတ်ချော်သွားမယ်မထင်မိပါ..။
      ထေရဝါဒကတော့ .. အိန္ဒိယကနေ..လွှင့်ပါးခဲ့ရလောက်အောင်ကို ..အဆင့်ဆင့်သော စစ်ပွဲတွေ.. ဖြုတ်ထုတ်သတ်တွေကြားထဲက..ရုံးကန်လာရတာမို ့.. မူရင်းထက်.. ထေရီထေရာကြီးတွေရဲ့အာဘော်တွေ သိသိသာသာပါမယ်ထင်မိပါတယ်..။

    • weiwei

      November 26, 2010 at 11:50 am

      ဟုတ်ပြီ မှန်ပြီ အတည်မယူရတဲ့ကိစ္စက တရားအားထုတ်မှုမှာ သုံးတဲ့စကားလုံးပါ … ကိုယ်တိုင်အားထုတ်ပြီး ကိုယ်တိုင်ခန္ဓာနဲ့သိမှ ယုံကြည်ရမယ်လို့ဆိုလိုတာ … အမှန်တကယ် တရားရပြီဆိုရင် ယုံမှားသံသယလုံးဝမရှိတော့ပါဘူး … တခြားမည်သည့်ဘာသာရေးကိုမှ မည်သို့အကြောင်းကြောင့်မှ စိတ်နဲ့တောင်မယိုင်တော့ဘူး … သရဏဂုံတည်ပြီးသားဖြစ်သွားပါတယ် …

      တခြားသာသာရေးတွေကိုပါလေ့လာတယ်ဆိုတာက ဘာဘာသာကို ကိုးကွယ်ရမှန်းမသိဘဲ ဟိုဟာကောင်းနိုး ဒီဟာကောင်းနိုးနဲ့ ယောင်ဝါးဝါးဖြစ်နေသူတွေရယ် …. စာပေတစ်ခုအနေနဲ့ ပညာရပ်တစ်ခုအနေနဲ့ မဖြစ်မနေလေ့လာရမယ့်သူတွေရယ်အတွက်သာ ဖြစ်ပါတယ် …

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 26, 2010 at 2:53 am

    ကိုကိုကြောင်ပြောတဲ့
    (ဘုရားဟောခဲ့တာကို အပြည့်နားလည်ဖို့ဆိုတာ အဓိသီလ၊ အဓိသမာဓိ၊ အဓိပညာ သုံးပါးစလုံးပြည့်စုံမှ ရမယ်ထင်ပါသည်။ )
    ဆိုတာကို ထောက်ခံပါတယ်။
    ဒါပေမယ့် တစ်ခါတစ်လေ ဘုန်းကြီးတစ္ဆေလိုလူတွေ နားလည်ပေမယ့် မကျင့်ကြံနိုင်ကြခြင်းကို စကားနည်းနည်းများပေးကြည့်စေခြင်ပါသည်။

    • bigcat

      November 26, 2010 at 7:35 am

      ဟုတ်ကဲ့ ရွာသူရွာသားများ ခင်ဗျား

      ကိုအောင်ပုက ပြောခိုင်းပါသည်။ ဘုန်းကြီးတွေက သရဲတွေတဲ့။ လူတွေနားလည်အောင် မကျင့်လို့ဖြစ်တာတဲ့၊ ပြီးတော့ သူတို့စကားလည်း လျော့ပြောသင့်တယ်တဲ့။
      သူပြောခိုင်းတာကို ကျနော်နားလည်သလောက် ပြန်ရေးပြတာနော်။ ရှင်းချင်ရင် သူ့အီမေးလ်ကို ကိုယ်တိုင်ဆက်သွယ်ကြပါ။

  • ဆူး

    November 26, 2010 at 3:09 am

    ဘာမှ မဟုတ်ဘူး.. ကျန်းမာရေး ကောင်းအောင် ဘုရားရှေ့မှာ ဒိုက်ထိုးချင်လို့..
    ထိုင်ပြီး ရှီခိုးရတာ.. အကြောအချဉ်တွေ တောင့်တင်းနေလို့.. အကြောလျော့အောင် ဒိုက်ထိုးချင်နေတာ။ သဘောပေါက်ပြီ.. ကိုယ်ကြိုက်ရင် ကိုယ်လုပ်.. ကြဟေ့..

  • Visesa

    November 26, 2010 at 3:30 am

    မြန်မာနိုင်ငံမှာ ပရိယတ္တိ(သင်ယူခြင်း)၊ပဋိပတ္တိ(လက်တွေ ့ကျင့်ကြံခြင်း)၊ပဋိဝေဓ(ထိုးထွင်းသိမြင်ခြင်း)အတွက် အာမခံနိုင်သောအထောက်အထားများစွာကျန်ရှိနေပါသေးတယ်။ယုံကြည်
    ကျင့်ကြံ်သူများအတွက် အကာလိကော-အခါမလင့် အကျိုးပေးတယ်။-လို ့ခံယူထားပါတယ်။

  • ဆူး

    November 26, 2010 at 4:02 am

    ခန္ဓာရလာတယ် ဆိုတာ ဒုက္ခ ရလာတာလို့ ဘုရားက ဆိုတယ်။
    ဒုက္ခ ( တခုခုကို အောင့်အီး သည်းခံရတာ.. ပြုံးပြုံးကြီး ခံရတာကို မဟုတ်.. မခံမရက်နိုင် ဖြစ်တာကို သည်းခံရတာ)
    မဂ္ဂင် (၈)ပါးဆိုတဲ့ အကျင့်မြတ်နဲ့ ကျင့်မှ ဒုက္ခဆိုတာ ကြီး ကင်းငြိမ်းနိုင်မယ်။
    လူတွေမှာ တနေ့တနေ့.. ဟိုဟာအတွက် ပူရ ဒီဟာအတွက် ပူရ.. မရှိတဲ့ လူက မရှိလို့ ပူရ ရှိတဲ့ လူက ရှိတာ ကုန်မှာ ယုတ်လျော့မှာ အတွက် ပူရ အမျိုးမျိုးသော အကြောင်း တရားတွေ နဲ့ ပူလောင် ရတာ (သောက)
    သာမာန် သောက က ရင်ဘတ်ဖိပြီး ပူနေရတာ.. ပဋိဒေဝ ဆိုတာကတော့.. ရင်ထဲမှာ အပူတွေ မဆန့်နိုင်လွန်းလို့.. အပြင်ကို မျက်ရည်တွေ အဖြစ် ယိုစီးကျတာလာ..
    ငါလုပ်နိုင်ပါလား ဆိုတဲ့ အတွေးနဲ့ ပီတိ ကတော့ (မာန).. ငါ ဖြစ်နိုင်ပါ့မလား ဆိုတာလည်း (မာန)ဘဲ..
    လူတွေ ဖြစ်လာကြတာ.. သောက အပူတွေ ဖိစီးပြီး ပူလောင် နေကြတာကို ခံစားနေကြရပြီး ဒုက္ခတွေ ကို မာန ဆိုတဲ့ အတွေးတွေ မထားဘဲ မဂ္ဂင် (၈)ပါး ဆိုတဲ့ အကျင့်မြတ်နဲ့ ငြိမ်းနိုင်မှ ငြိမ်းကြမှာပါ။

    မဂ္ဂင် (၈)ပါး ဆိုတာကတော့ စိတ်ကို ဖြူစင်အောင် ပြုလုပ်ခိုင်းတာပါဘဲ..
    စိတ်ဆိုတာ အဖြူ ရောင်လို့ သဘော ထားမယ် ဆိုရင်.. သောက အစိမ်း ဒေါသ အနီ မောဟ အမဲ ဒုက္ခ အဝါ အဲဒီလို အရောင်တွေ ခွဲမှတ်လိုက်ရင်.. အဖြူရောင် စိတ်အပေါ် သောက ဖြစ်လို့ စိမ်းသွားလိုက်. ဒေါသ ဖြစ်လို့ နီသွားလိုက်.. အဲဒီလို အရောင်မျိုးတွေ ဟို ဟာရော ဒီဟာရောနဲ့ မသိချင်း ဆိုတဲ့ မောဟ ဖြစ်ပြီး စိတ်က မဲ သွားကော.. ဒီတော့.. ဘာကိုဘဲ လေ့လာ လေ့လာ.. ဘာတွေ ကောင်းတယ် လို့ ဘဲ ဆိုဆို.. အဟုတ် အမှန် ခွဲခြား စမ်းစစ်နိုင်အောင် စိတ်ကို ဖြူအောင် အရင်လုပ်ပြီးမှ.. ဘယ်ဟာ မှန်သလဲ မှားသလဲ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပါ။
    တရားအကြောင်းကြီးဘဲ ရေးရတာ.. လက်တောင် ညောင်းလာပြီ။ အသိတွေကတော့ ဘယ်သူတွေ တိုးမတိုးတော့ မသိဘူး.. ပြောရတဲ့ လူတော့ စိတ်တွေ မောလာပြီ။… အော်.. ဒါလည်း သောက နဲ့ မာန..

  • char too lan

    November 26, 2010 at 10:34 am

    ဒီပိုစ့်နဲ့ မန်းထားတာတွေဖတ်ရတာ ကြိုးတန်းပေါ်လမ်းလျှောက်ရသလိုပဲ 🙁

  • naywoonni

    November 26, 2010 at 12:20 pm

    ချာတူးရေ…….
    ဘယ်ဘက်မှမကျအောင်သာဖတ်..ဟ
    ကိုယ်ကတော့အရင်သိရုံလောက်ဖတ်ပြီးစာအုပ်တွေပေးပေးပစ်လိုက်တော့ပြောစရာ
    ပြစရာအထောက်အထားမရှိတော့…….မပြောပဲနေတာပဲကောင်းမယ်ထင်လို့……..
    ဆရာ့ဆရာ ……ဂုရုတွေကိုနေရာပေးလိုက်ဦးမယ်……………………………………..

  • bigcat

    November 27, 2010 at 1:19 am

    ဆရာခိုင်ရေ
    ဆူးနဲ့ဝေက မဟာယာနဖက်ကို စိတ်ယိုင်နေပုံရတယ်။ သူ့တို့ကို တိဘက်ဖြစ်ဖြစ် ဂျပန်ပြည်က မဟာယာနသင်တန်းကျောင်း တခုခုကို ပို့ပြီးလေ့လာခိုင်းရရင် မကောင်းဘူးလား။ ခရီးစရိတ်နဲ့ ဗီဇာကြေး ကိုသူတို့ဖာသာသူတို့ ရှာပါလိမ့်မယ်။ ကျောင်းလခ၊ နေစရိတ်မပေးရတဲ့ မဟာယာန ဘုန်းကြီးကျောင်းတွေရှိပါတယ်။ စားစရိတ်ကိုတော့ ရှစ်ပါးသီလ ယူမယ်ဆိုရင် သိပ်ကုန်မယ်မထင်ပါ။

    • char too lan

      November 27, 2010 at 3:52 am

      ဦးကြောင်ကြီးလိုအနစ်နာခံမယ့်စေတနာရှင်နဲ့တွေ ့ရတော့ ကျနော်တောင်ယိုင်ချင်ချင်ဖြစ်လာတယ် ~~:P

  • maungmoenyo

    November 27, 2010 at 2:03 am

    ခရစ်တော်မပေါ်မှီနှစ်(၅၀၀)ဝန်းကျင်ကဂင်္ဂါမြစ်နဘေးမှာဒုက္ခရဲ့အေးငြိမ်းရာကိုရစေနိုင်တဲ့နည်းနာတွေကိုရှာကြတဲ့ပညာရှင်များထွန်းကားခဲ့ပါတယ်။ ဘယ်သူမှတရားနည်းအစစ်ကိုမရခဲ့ပါဘူး။ လေးသချေင်္နဲ့ကမ္ဘာတစ်သိန်းဘဝစုံကိုဖြတ်သန်းခဲ့ရတဲ့သိဒ္ဓထ္ထဆိုသူကတောင်လက်ရှိဘဝမှာဒုက္ခရဲ့ငြိမ်းရာကိုချက်ချင်းရှာမတွေ့ပါဘူး။ တကယ်တွေ့တော့သူ့အနားမှာပညာကိုပြန်ဖြန့်ပေးဝေပေးရမဲ့သူတဦးတောင်မှမရှိပါဘူး။ ရှိပြန်တော့လိုမယုံသလိုယုံသလိုဖြစ်နေကြလို့ (ပဉ္စဝဂ္ဂီ ကိုဆိုလိုတာပါ) “လောကမှာဆင်းရဲခြင်းတို့ကုန်ရာချုတ်ရာတရားရကြောင်းအရင်ကငါပြောဘူးလို့လား၊ ခုငါတွေ့ပြီ”ဆိုမှ လက်ခံကြတယ်။
    ယုံမှတ်မှားခြင်းဟာဒိတ္ထိလမ်းကိုသွေဖည်စေတဲ့အကြောင်းတွေပါ။ ဟိုလိုလိုဒီလိုလိုသိသလိုမသိသလိုဖြစ်တာထက်၊ လုံးဝမသိတာကပိုကောင်းပါတယ်။ “ယုံမှတ်မှားခြင်း”ဟာကြောက်စရာအကောင်းဆုံးဒိတ္ထိတရားပါ။ ဘယ်လောက်ကြောက်ကစရာကောင်းလဲဆိုတော့သံသရာမှာလည်မှန်းမသိထပ်လည်တတ်ပါတယ်။
    “ဧဟိပသိကော” လို့ဆိုထားပါတယ်။ သူများပြောစကားနဲ့ယုံမှတ်ခြင်းမပြုဘို့ ဂေါတမက ညွှန်ပြပါတယ်။ ကိုယ်တိုင်လေ့လာကြည့်ပါ။ ကျင့်ကြံကြည့်ပါ။
    ဆရာပါရဂူ ရဲ့စာပေများကမောင်မိုးညိုရဲ့ ဗုဒ္ဓဝါဒကိုစူးစမ်းလိုတဲ့ဆန္ဒကိုနှိုးးဆွပေးခဲ့ပါတယ်။
    မိရိုးဖလာဝါဒနဲ့ဘဲမတင်းတိမ်ပါနဲ့။ “အင်္ဂဂုတ္တရနိကာယ်” ဟာ လေ့လာသင့်တဲ့ခရီးအစလို့အကြံပြုပါရစေ…။

  • MandalayThar

    November 27, 2010 at 6:19 am

    “သီတဂူဆရာတော်ကြီး ပြောတဲ့ စကားတခွန်းကို မှတ်သားမိဘူးတယ်၊ ဘယ်ဘာသာကို မဆို လေ့လာထားပါ၊ သူတို့နဲ့ စကားပြောလို့ အနိုင်လိုချင်ရင် သူ့တို့ ဘာသာရဲ့ အားနည်းချက်ကို သိနေတော့ ပြောဆိုရတာ ( နောက်ဆုံး ငြင်းခုံရင်တောင် ကိုယ်က အနိုင်ရမယ် ) သိပ်လွယ်တယ် တဲ့။”

    အဲဒါ နည်းနည်း ဘဝင်မကျလို့ ပြောလိုက်အုံးမယ်နော်..

    ဘယ်ဘာသာကို မဆိုလေ့လာထား ငြင်းခုံရင် နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်က နည်းနည်း မှားနေလားလို့။ ဘယ်ဘာသာကို မဆိုလေ့လာသင့်တယ် ဒါမှ မိမိဟာ သူတပါး ဘာသာကို လေးစားသလို မိမိဘာသာမှာ မရှိတဲ့ မိမိမသိတဲ့ အမြင် အယူအဆတွေကို သိရှိနိုင်မယ်။ ကျွန်တော့အထင်တော့ ဘယ်ဘာသာမှ ပြီးပြည့်စုံပြီး အစွမ်းကုန် perfect ဖြစ်နေတယ်လို့ မထင်ဘူး။ အဲတော့ ကောင်းတဲ့ အချက်တွေ့ရင်ယူမယ်၊ မိမိလက်မခံနိုင်တာတွေ့ရင် ပယ်မယ်။ ဒါဟာ ဘာသာတရားတွေကို လေ့လာတဲ့ ရည်ရွယ်ချက်လို့ ထင်တာဘဲ။ ငြင်းရင် နိုင်ဖို့ဆိုတာကြီးက သိပ်ဘဝင်မကျ သလိုဘဲ။

    အမှားပါရင် ခွင့်လွှတ်ပါနော်။ ကျွန်တော် မရင့်ကျက်လို့ ဖြစ်မှာပါ။ … လူတိုင်း မတူ ကွဲပြားခွင့် ရှိတယ်လို့ ယုံကြည်မိလို့ပါ။

Leave a Reply