သတင်းတစ်စုံတစ်ရာကို အများပြည်သူ သိရှိစေဖို့၊ ဟိုအရင်တုန်းက (ကျင့်သုံးခဲ့တဲ့) ရှေးကျတဲ့ နည်းလမ်းကတော့ သတင်းအချက်အလက်တွေကို ခရီးသည်တွေဆီက ဒါမှမဟုတ် အစိုးရရဲ့ သတင်းရနိုင်တဲ့ နေရာတွေဆီက စုဆောင်းရယူတယ်။ ပြီးမှ အဲဒီသတင်းကို ရေးပြီး သတင်းထုတ်ပြန်တဲ့ သင်ပုန်းမှာ ကော်နဲ့ကပ်ပြီးကြေညာခဲ့တာလို့ သိရပါတယ်။ ပထမဆုံး သတင်းစာကိုတော့ တရုတ်ပြည်မှာ ခုနစ်ရာစုတုန်းက အများပြည်သူအတွက် ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ အဲဒီသတင်းစာကို အစိုးရက ပြည်သူလူထုအတွက် ပုံနှိပ်ထုတ်ဝေခဲ့တာပါ။ ဆယ့်ရှစ်ရာစုရောက်လာတဲ့အခါမှာတော့ သတင်းစာတွေဟာ အချိန်မှန် ပုံမှန်ထုတ်ဝေတဲ့ ပစ္စည်းတစ်မျိုး ဖြစ်လာခဲ့ပါတယ်။ ၁၆၆၃ ခုနှစ် အင်္ဂလန်မှာ သတင်းစေတမန်ဆိုတဲ့ သတင်းစာကို စတင်ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ပထမဦးဆုံး အမေရိကန်သတင်းစာကိုတော့ ပြည်သူ့ဖြစ်အင်လို့ အမည်ပေးခဲ့ပြီး ဘောစတွန်မြို့မှာ ၁၆၉၀ ပြည့်နှစ်က စတင်ပုံနှိပ်ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။ အရှိန်အဝါကြီး သြဇာအညောင်းဆုံး သတင်းစာလို့ နာမည်သိက္ခာရှိတဲ့ လန်ဒန်တိုင်း သတင်းစာကိုတော့ ၁၇၈၅ ခုနှစ် စတင်ခဲ့ပြီး ခုထိလည်း ဆက်လက်ပုံနှိပ်ဆဲလို့ သိခဲ့ရပေမယ့် မနော သိချင်တာက မြန်မာနိုင်ငံမှာ သတင်းစာကို ဘယ်အချိန်က ဘယ်လို ဘယ်သူက ထုတ်ဝေဖြန်ချိပြီး ဘယ်သတင်းစာက စတင်ခဲ့တာလဲ သိချင်လို့ပါရှင်။
ထုတ်ဝေခဲ့တဲ့ ခုနှစ်ပါ သိချင်ပါတယ်။

manawphyulay

About manawphyulay

manawphyu lay has written 937 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။