လူလည်သဌေးကြီးနှင့်တောင်သူသမီးအလိမ္မာ

bigbirdMarch 20, 20111min1107


ညီ၊ညီမလေးတို့ရေ..ဦးငှက်ကြီးကပုံပြင်လေးတစ်ပုံလောက်ပြောပြချင်ပါသေးတယ်ကွယ်။
ဟိုးတစ်ချိန်တုန်းကလူလည်သဌေးကြီးတစ်ဦးဟာ ဆင်းရဲသားတောင်သူလယ်သမားတွေအပေါ်မှာ
ကြွေးမီချစားပြီးနိုင်ထက်စီးနင်းပြုကာနေသတဲ့ကွယ်။တောင်သူလယ်သမားကြီးတစ်ဦးမှာ ချောမြော
လှပပြီးလိမ္မာပါးနပ်တဲ့ သမီးလေးတစ်ယောက်ရှိသတဲ့။အဲ့ဒီတောင်သူကြီးရဲ့သမီးလေးကိုလူလည်သဌေးကြီး
က ကြိုက်နှစ်သက်နေသတဲ့ကွယ်။တောင်သူဦးကြီးကလဲ သဌေးကြီးဆီမှာ အကြွေးတွေရှိနေတော့ သဌေး
ကြီးက ကလိန်ကကျင့်ဉာဏ်ဆင်ပြီး တောင်သူကြီးရဲ့သမီးလေးကို ရယူပိုင်ဆိုင်နိုင်ဖို့ကြံစည်ပါတော့တယ်။
သဌေးကြီးကသမီးလေးကိုပေးရင် အကြွေးတွေကိုပေးစရာမလိုတော့တဲ့အပြင် ငွေသားပါလိုက်ပေးမယ်လို့
တောင်သူဦးကြီးကိုပြောပါတယ်။တောင်သူဦးကြီးက အကြွေးကိုသာဆပ်ပါ့မယ်၊ သမီးကိုတော့မပေးနိုင်ပါဘူးလို့ပြန်ပြောလိုက်သတဲ့။အဲ့ဒီတော့ သဌေးကြီးက တောင်သူကြီးသားအဖကို
ကျောက်စရစ်ခဲတွေရှိတဲ့နေရာတစ်ခုကိုခေါ်သွားပြီး ဒီနေရာမှာခင်မျာတို့သားအဖနဲ့ကျုပ်နဲ့ အလောင်း
ကစားတစ်ခုလုပ်ရအောင်လို့ပြောသတဲ့။ဟော့ဒီအိတ်ထဲမှာ ကျောက်စရစ်ခဲနှစ်လုံးကိုထည့်မယ်။တစ်လုံးက
အဖြူရောင်၊နောက်တစ်လုံးက အမဲရောင်။ခင်ဗျာသမီးလေးက အိတ်ထဲကိုနှိုက်လို့အဖြူရောင်ရခဲ့ရင်
ကျုပ်နဲ့လက်ထပ်စရာမလိုပဲအကြွေးတွေအားပုံးကိုပါ ဖျက်သိမ်းပေးမယ်။အကယ်၍ အမဲရောင်ရခဲ့ရင်
ခင်ဗျာသမီးကို ကျုပ်နဲ့လက်ဆက်ပေးရမယ်။ကျုပ်ကလဲ အကြွေးတွေအားလုံးကို ဖျက်သိမ်းပေးမယ်လို့
ပြောသတဲ့။အဲ့ဒီတော့ တောင်သူကြီးနဲ့သမီးဖြစ်သူတို့ကသဘောတူလိုက်ကြသတဲ့။
အဲ့ဒီအခါမှာ သူဌေးကြီးက ကျောက်စရစ်ခဲ ၂ လုံးကိုအိတ်ထဲကောက်ထည့်လိုက်သတဲ့။ကောက်ထည့်လိုက်
တဲ့ ကျောက်စရစ်ခဲ ၂ လုံး လုံးဟာအမဲရောင်ချည်းပဲဖြစ်နေတာကို တောင်သူကြီးရဲ့သမီးက အမှက်တမဲ့နဲ့
မြင်လိုက်ပါတယ်။ သူမ.ဘယ်လိုလုပ်ရပါ့မလဲ? အမှန်ကိုမပြောပြန်ရင်လဲ သူဌေးကြီးနဲ့လက်ထပ်ရမယ်။
အမှန်ကိုပြောလိုက်ပြန်ရင်လဲ.. သူဌေးကြီးကမျက်နှာအပျက်ခံပြီး ဒီပွဲကိုဖျက်လိုက်ရင် သူတို့သားအဖ
နှစ်ပေါင်းများစွာအကြွေးတွေဆပ်ရအုံးမယ်။
တောင်သူသမီးကအိပ်ထဲကို လက်နှိုက်ပြီးကျောက်စရစ်ခဲတစ်ခုကို နှိုက်ယူလိုက်ပါတယ်။ပြီးတော့ မတော်တဆ လက်ကလွတ်ကျသလိုနဲ့လုပ်လိုက်တာ နှိုက်လာတဲ့ကျောက်စရစ်ခဲဟာလွတ်ကျပြီး
အောက်မှာရှိတဲ့ကျောက်စရစ်ခဲတွေနဲ့ရောသွားပါတော့တယ်။
အဲ့ဒီအခါမှာကောင်မလေးက သူဌေးကြီးမျက်နှာကိုကြည့်ပြီး..အိုး.အခုလိုလွတ်ကျသွားတဲ့အတွက် ကျမတောင်းပန်ပါတယ်ရှင်။ ဒါပေမယ့်ကိစ္စမရှိဘူးလို့ထင်ပါတယ်။ခုနက သူဌေးမင်းက အဖြူရောင်
တစ်လုံးနဲ့ အမဲရောင်တစ်လုံးကိုအိတ်ထဲမှာထည့်ထားတယ်လို့ပြောပါတယ်။အိတ်ထဲမှာ ဘာအရောင်
ကျန်နေလဲဆိုတာကို ကြည့်လိုက်ရင် အဖြေကထွက်နေပါလိမ့်မယ်လို့ပြောပါတယ်။
ကောင်မလေးက သူဌေးကြီးဆီက အိတ်ကိုယူပြီးဖွင့်ပြလိုက်တဲ့အခါ ကျောက်စရစ်ခဲ အမဲရောင်ကိုတွေ့ရတဲ့အတွက် သူမနှိုက်လိုက်တဲ့ကျောက်စရစ်ခဲဟာ အလိုအလျှောက်အဖြူရောင်ဖြစ်သွား
ပါတော့တယ်။ အဲ့ဒီအခါမှာ သူဌေးကြီးအောင့်သက်သက်နဲ့အရှူံးပေးလိုက်ရပြီး တောင်သူသားအဖရဲ့အကြွေးတွေကို ဖျက်သိမ်းပေးလိုက်ရပါတော့တယ်တဲ့ကွယ်။ ပုံပြင်လေးကတော့..ဒါပါပဲကွယ်။
ဒီပုံပြင်လေးရဲ့သင်ခန်းစာကတော့ မိမိရဲ့လိမ္မာပါးနပ်တဲ့ဖြတ်ထိုးဉာဏ်ကို လိုအပ်တဲ့အချိန်မှာ ထိထိမိမိ တန်ဖိုးရှိစွာ အသုံးချနိုင်ဖို့ပဲဖြစ်ပါတယ်ကွယ်။

7 comments

  • MaMa

    March 20, 2011 at 9:49 am

    တော်ပါပေတယ် ကိုငှက်ကြီးရယ်။

  • ဆူး

    March 20, 2011 at 2:58 pm

    ရွှေသွေး ထဲက ငယ်ငယ်က ဖတ်ထားတဲ့ ကာတွန်း နဲ့ ဇတ်လမ်းတူတူဘဲ။
    ကောင်း၏ ကောင်း၏။

  • bigcat

    March 20, 2011 at 6:42 pm

    ဌက်နဲ့ကြောင်ကိုလည်း ရွာထဲကအပျိုတွေရွေးဖို့ အိပ်ထဲထည့်ထားမယ်။ နေရာတော့ မှားမနှိုက်နဲ့နော် ထအော်မှာ….

  • လင်းငယ်

    March 20, 2011 at 7:25 pm

    အဲဒီထဲက မိန်းကလေးက ဖြတ်ထိုးဉာဏ်တော့ ကောင်းပါတယ်။ ဒါပေမယ့် လင်းငယ်ကိုတော့ မီမှာ မဟုတ်လောက်ဘူး။

  • char too lan

    March 21, 2011 at 4:53 am

    ဪ….. ဒါဆိုလင်းငယ်က ဒီထက်ပိုပီး ရွှေဉာဏ်တော်ဆူးရောက်မှာပေါ့နော် 🙂

  • shweminthar

    March 21, 2011 at 7:05 am

    ကျုပ်သာ ဆိုရင် အိတ်တစ်အိတ်ထဲမှာ ကျောက်စရစ်ခဲ နှစ်လုံးထဲ မဟုတ်ဘူး ကျောက်စရစ်ခဲအမဲတွေ အိတ်အပြည့်ထည့် ပြီးတော့
    ကျုပ်ကိုယ် တိုင် ဒီကလေးမလက်ကိုကိုင်(အသားယူတာ လေ)၊ ကျောက်ခဲ အမဲကို သူ့ လက်ထဲ ထည့်၊ ပြီးတော့ ပြုတ်မကျအောင် သူ့လက်ကို သေချာ ကိုင်ပြီး ဖွင့် ပြလိုက်မှာပေါ့။
    ပြီးတော့ ပြောဦးမှာ ကလေးမကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်ခဲ့ တာနော် ဆိုပြီး
    ဘာ တက်နိုင်ဦးမလဲ

  • dream

    March 21, 2011 at 8:36 am

    တော်တော်ဉာဏ်ပြေးတဲ့ မိန်းခလေးပါပဲ 🙂

Leave a Reply