Balloons over U Bein Bridge

moonpoemMarch 23, 20111min13610
Balloons over U Bein Bridge

ပုဂံမှာ မိုးပျံပူဖောင်းစီးတဲ့ ခရီးစဉ်ရှိပါတယ်။ အားလုံးလည်းကြားဖူးကြမှာပါ။ အဲဒီမိုးပျံပူဖောင်းခရီးစဉ်က

နှစ်စဉ် အောက်တိုဘာ ကနေ မတ်လထိပဲ ပျံသန်းပါတယ်။ ကျန်တဲ့လတွေ မှာ မြန်မာနိုင်ငံရဲ ့လေထု

အခြေအနေရယ် မိုးရွာတာရယ်ကြောင့်ခရီးစဉ် မရှိတာကများပါတယ်။ မိုးပျံပူဖောင်းတစ်ခုမှာ လူ၄ယောက်ပဲဆံ့ပြီး စီးမယ်ဆိုရင် ၃ရက်ကြိုပြီးBookingတင်ရပါတယ်။တစ်ယောက်ကိုUSD 300ပေးရပါတယ်။ အဲဒါကြောင့်မြန်မာနိုင်ငံသားထက်နိုင်ငံခြားသားစီးတာပိုများပါတယ်။

တစ်ခါတစ်ရံမှာအဲဒီခရီးစဉ်ကပုဂံအပြင်ကျွန်မတို ့အမရပူရမြို ့ကိုပါ ရောက်လာလေ့ရှိပါတယ်။

အဲဒါကတော့ဦးပိန်တံတားကိုရောက်ရှိလာတဲ့ပူဖောင်းခရီးစဉ်ကပုံရိပ်တွေပဲဖြစ်ပါတယ်။

အခုမန္တလေးဂေဇက်ကသူငယ်ချင်းတွေစီးမယ်ဆိုရင်တော့ ကျွန်မက အမရပူရသူတစ်ယောက်

ဖြစ်တဲ့အားလျော်စွာ အခမဲ့ အနေနဲ ့အဟမ်း အဟမ်းဒကာခံပြီးတော့…….

တောင်သမန်အင်းထဲမှာပဲ  ငှက်လှေစီးခွင့်ကဒ်ပေးလိုက်ပါ့မယ်ရှင်။

 

 

 

10 comments

  • dream

    March 23, 2011 at 9:50 am

    တောင်သမန် ပုံလေးတွေ တင်ပေးတဲ့အတွက် အလွမ်းပြေကြည့်မိပါတယ်
    အိပ်မက်လဲ အမရပူရမြို့ကပါ။
    ရေကြောက်လို့ တခါမှတော့ ငှက်လှေမစီးဖူးပါ။
    အခမဲ့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တစ်မြို့ထဲနေတဲ့သူ အချင်းချင်းလဲ ပါလား သိပါရစေ 🙂

  • nozomi

    March 23, 2011 at 9:58 am

    moonpoem@ ကျွန်မက အမရ ပူရသူ တစ်ယောက်….

    ဦးငှက် မှာ အမ ကော ညီမ ကော ရှိတာပဲ မပူပါဘူးတဲ့ ..

  • moonpoem

    March 23, 2011 at 9:59 am

    ဟယ် အိပ်မက်လည်း အမရပူရ ကပဲလား ဝမ်းသာလိုက်ပါဘိတော့ အချင်းချင်းရိုင်းပင်းကူညီတဲ့
    အနေနဲ ့အခမဲ့အစီအစဉ်ထဲမှာ အိပ်မက်ကိုလည်း ထည့်ပေးရမှာပ။:)

  • dream

    March 23, 2011 at 10:04 am

    ဒါဆိုရင် ဒီသင်္ကြန် အိမ်ပြန်ခဲ့တော့မယ် 🙂

  • MaMa

    March 23, 2011 at 10:08 am

    ပူဖောင်းစီးခွင့်မရလည်း ငှက်လှေစီးခွင့်ရလည်း မဆိုးပါဘူး။ အမရပူရကိုရောက်ရင် လာရှာမှာနော် ကဗျာလမင်း ရေ။ (နာမည်ကို မြန်ဆန်ဆန်လေး ဘာသာပြန်ပေးလိုက်တယ်။ ရိုစီတာမှ မနှင်းဆီသို့ ကို အားကျလို့။)

  • Gong Zhu

    March 24, 2011 at 7:55 am

    လမင်းကဗျာ ပိုကောင်းမယ်ထင်တယ် … ဘယ်သီချင်းထဲမှာလည်း မသိဘူး ဘယ်သူဆိုထားတာလဲ မမှတ်မိဘူး … အဲ့ဒီထဲမှာ ပါတယ်လေ .. အဲ့ဒါဘာပါလိမ့်

  • char too lan

    March 24, 2011 at 9:34 am

    အမရပူရလမ်းခွဲ ဆိုင်းဘုတ်ကို မှာဖတ်တဲ့ဇာတ်လမ်းရှိတယ်လေ
    (အမ ဘါပူနဲ့ရ လန့်ကွဲ ) တဲ့ 🙂

  • nozomi

    March 24, 2011 at 10:25 am

    လမင်း ကဗျာကိုပိုကြိုက်ပါတယ် ဦးပိန်တံတားဘေးမှာ ငှက်စီးတဲ့ အရသာ မခံစားဘူးသေးပါ (ဦးပိန်တံတားကိုတောင်မရောက်ဘူးသေးပါ) အမရပူရ ရောက်ရင် ငှက်အလကားစီးဘို့ ဘယ်လိုလုပ်ရမလဲ

  • ဆူး

    March 26, 2011 at 5:01 pm

    ငှက် အလကား စီးရဖို့ အစီအစဉ်ရှိတယ်လား။ ငှက်ကြီးကြီး စီးမှ ဒီရွာက လူအုပ်နဲ့ အဆင်ပြေမယ် ထင်တယ်။ ရွာထဲက လူတွေတက်စီးလို့ ငှက်ကျိုးသွားနိုင်တယ်။ ဒါကြောင့် ငှက်ကြီး နဲ့ မှ ဖြစ်မယ်။

    • ငှက်ကြီး

      March 27, 2011 at 5:31 am

      ငှက်ကြီးကိုတော့ချမ်းသာပေးပါဗျာ…အားလုံးကိုတောင်းပန်ပါတယ်။ဟင့်.ဟင့်။

Leave a Reply