ဟဲ..ဟဲ .. ဒီလိုဆို ဒင်းတို ့ဘာတက်နိုင်သေးလဲ

onlinezzApril 8, 20111min20114

တစ်ခါက ပင်လယ်ထဲမှာ သင်္ဘောငယ် တစ်စီး မီးလောင်ပြီး နစ်ပါတယ်။ အချိန်မီ အဆက်အသွယ်ယူတော့ နီးရာတစ်နေရာမှ ရဟတ်ယာဉ်တစ်စီးက ကြိုးချပြီး ကယ်ဆယ်ပါတယ်။ ကြိုးကိုဆွဲပြီး အတန်းလိုက် တွယ်ပါလာတာက ၁၁ ယောက်ပါ ။ အထက်ဆုံးက အမျိုးသမီးတစ်ဦး။

ရဟတ်ယာဉ်မောင်းသူက ပြောပါတယ်။ ရဟတ်ယာဉ်ကသေးလို ့လူပို ၁ဝ ယောက်ပဲနိုင်တယ်။ ကြိုးမှာ ၁၁ ယောက်ပါနေပါတယ်။ တစ်ယောက်ယောက် ဆင်းပေးပါလို ့ပြောတယ်။ မင်းဆင်းပါ ။ ငါမဆင်းဘူးနဲ  ့ငြင်းနေကြတာ ၁၁ ယောက်လုံး ဘယ်သူမှ မဆင်းဘူး.။ အောက်ဆုံးက နောက်ဆုံးလူ ဆင်းပါဆိုလဲ မဆင်းဘူး။ အားလုံးက ကုတ်ကပ်ဆုတ်တွယ်နေတော့ ရဟတ်ယာဥိက အပေါ်သို့ ပျံတက်မရ ။ ဒုက္ခပဲ ။

“ရှင်တို့တစ်ယောက်မှ မဆင်းဘူးလား”

“မဆင်းဘူး”  “ဒါဆိုရင် အားလုံးသေကုန်မှာပေါ့ ။ ဒီတော့ ရှင်တို ့မဆင်းရင် ကျွန်မဆင်းမယ်”

“ယောကျာ်း ၁ဝ ယောက်က ဘာမှ မပြောကြ၊ စိတ်ထဲက အေး-ကောင်းတာပေါ့လို ့ထောက်ခံချင်ပုံ ရရဲ  ့”

“ကျွန်မပြောခဲ့မယ်။ ကျွန်မက မိန်းမသားဆိုတော့ မိခင်စိတ် အပြည့်ရှိတယ်။ ရှင်တို ့အားလုံးကို ကျွန်မရဲ ့ သားတွေလို သဘောထားပြီး ကျွန်မက ဆင်းပေးလိုက်တာ ဖြစ်တယ်။ မိခင်ဆိုတာက သားသမီးအတွက် ရဲရဲဝံဝံ အသက်စွန် ့ဝံ့ တယ် မဟုတ်ပါလားရှင်”  လို ့အသံကျယ်ကျယ် ပြောတဲ့အခါ

“ဟုတ်တယ် ဟုတ်တယ်” ဆိုကာ အမျိုးသား ဆယ်ယောက်လုံး ယောင်ယမ်းပြီး လက်ခုတ်ဩဘာတီးလိုက်မိကြတယ်။ အဲဒီမှာ အားလုံး ပင်လယ်ထဲ ပြုတ်ကျသွားကြလေရောတဲ့ ။ 😀  😛

14 comments

  • မမလေး

    April 8, 2011 at 7:27 am

    ဟားဟား တယ်ရယ်ရတယ် …

  • manawphyulay

    April 8, 2011 at 8:36 am

    လက်ခုပ်တီးတာနဲ့ အကုန် ဘာလို့ပြုတ်ကျသွားတာလဲဟင်…

  • blacklover

    April 8, 2011 at 9:16 am

    အကုန်လုံးကြိုးဆွဲပြီးနေနေကြတာလေ လက်ခုပ်တီးလိုက်တော့ကြိုးနဲ့လက်နဲ့လွှတ်သွားပြီး ပြုတ်ကျကုန်တာလေ…….

  • hninkharr

    April 8, 2011 at 11:59 am

    10 ယောက်လုံး နှလုံးတွေအေးနေမှာပဲနော်

  • nature

    April 8, 2011 at 2:16 pm

    စကားများသောလိပ်ပုံပြင်ဆန်ဆန်လေးပဲ။

  • panchapee

    April 8, 2011 at 4:41 pm

    အရမ်းပေါပါတယ်……. ဘာများလဲလို့ ကြည့်မိတာ

  • nigimi77

    April 9, 2011 at 3:50 am

    သေချာတာကတော့ ဒီဟာသကို ဖတ်ဖူးတာကြာပြီ။

    Version ပြောင်းလိုက်တော့လည်း Creative Writing ဖြစ်သွားရော။

  • bigcat

    April 9, 2011 at 4:06 am

    ရဟတ်ယာဉ်မောင်းသူက ကိုကြောင်ကြီး။ ရဟတ်ယာဉ်ကလည်း အော်တိုမောင်းခိုင်းထားလို့ရတယ်။ ဇာတ်လမ်းဆက်ဖို့တော့ အစဖေါ်ပေးလိုက်ပြီဗျို့။ 😳

  • moethidasoe

    April 9, 2011 at 8:19 am

    ဒါဆို ကျန်ခဲ့တဲ့ အမျိုးသမိးကို ကိုကြောင်ကြီးက လက်ဆွဲခေါ်တင်ဖို့ ကြံရွယ်ထားတယ်နဲ့ တူတယ် .. အဲဒီအမျိုးသမီးက အိမ်ထောင်ရှင်များဖြစ်နေရင် ……………….
    ကိုကြောင်ကြီး ဇာတ်လမ်းဆက်ကြည့်တာပါ

  • zawinaing

    April 9, 2011 at 9:36 am

    တော်ကြာ အပိုဆု တွေပါနေရင် ကိုကြောင်ကြီးတော့ထော်ပြီ………:)

  • zawinaing

    April 9, 2011 at 9:39 am

    တော်ကြာ အပိုဆု တွေပါနေရင် ကိုကြောင်ကြီးတော့ထော်ပြီ………:) …..

  • cobra

    April 10, 2011 at 10:58 am

    ဟီးဟီး…
    ဟာသမြောက်ပါပေတယ်..။

Leave a Reply