လူကြီးနဲ့ လူငယ်

Ma MaApril 30, 20111min14913

တစ်ခါတုန်းက တောကတက်လာတဲ့ လူကြီးတစ်ယောက်ဟာ မြို့ပေါ်မှာ ကြီးပွားတိုးတက်နေတဲ့ သူ့သူငယ်ချင်းရဲ့သားကို တွေ့ဖို့သွားတယ်။ အဲဒီသူငယ်ချင်းရဲ့သားဟာ ကုမ္ပဏီသူဌေးဖြစ်နေတယ်။ လူကြီးရောက်သွားတဲ့ အချိန်မှာ ကုမ္ပဏီရုံးခန်းမှာ မရှိဘူး။ သူ့ရုံးခန်းရှေ့မှာ စောင့်ရင်းစာဖတ်နေတဲ့ ရုံးလုလင်လေးကိုပဲ တွေ့ရတယ်။

လူကြီး။ ။ ဟေ့ သူငယ် မင်းဆရာ မရှိဘူးလား။

ရုံးလုလင်။ ။ မရှိဘူး။

လူကြီး။ ။ ဘယ်သွားလဲ သိလား။

ရုံးလုလင်။ ။ မသိဘူး။

လူကြီး။ ။ ဘယ်အချိန် ပြန်လာမလဲ။

ရုံးလုလင်။ ။ မသိဘူး။

လူကြီး။ ။ သူပြန်လာရင် မြောင်းမြက ဦးစိန် လာတယ်လို့ ပြောပေးပါကွယ်။

(ရုံးလုလင်က စာဖတ်မပျက် နေရာကနေ)

ရုံးလုလင်။ ။ ဟုတ်။

လူကြီး။ ။ သေသေချာချာ မှတ်ပါကွယ့်။ မြောင်းမြက ဦးစိန် လာတယ်လို့ မင်းဆရာ ပြန်လာရင် ပြောပေးပါ။

ရုံးလုလင်။ ။ ဟုတ်ကဲ့ပါ ဆိုနေမှ။

(စိတ်မရှည်စွာဖြင့် ပြန်လည်ဖြေကြားသည်။)

လူကြီး။ ။ နာမည် မှတ်မိရဲ့လား ကွယ်။ ပြန်ပြောပြပါအုံး။

ရုံးလုလင်။ ။ ဦးလေးတို့ လူကြီးတွေ သိပ်လျှာရှည်တာပဲ။ တစ်ခုခုဆို ပြောလို့ မပြီးဘူး။ ဆရာလာရင် ပြောပေးမယ် မြောင်စိန်က ဦးမြ လာသွားတယ်လို့။ ဟုတ်ပြီလား။

(ငယ်ငယ်က ဖတ်ဖူးတဲ့ ဟာသလေး တစ်ခုပါ။)

13 comments

  • ဆူး

    April 30, 2011 at 3:11 pm

    မြောင်စိန်က ဦးမြ ကတော့ ဟိုဘက် ပိုစ်မှာ သူငယ်ပြန်ပြီး သေသွားရှာပြီ။

  • kopauk mandalay

    April 30, 2011 at 4:27 pm

    တော်သေးတယ် စိန်မြ မြောင်းထဲကလာတယ်လို့မပြောတာ

  • MaMa

    April 30, 2011 at 4:31 pm

    ကိုပေါက်ပြောတော့မှာပဲ မြောင်းထဲ ရောက်တော့တယ်။

  • bigcat

    May 1, 2011 at 3:04 am

    ဟုတ်ဖူးဦပေါက်ရဲ့… မြောက်ဦးမှာ စိန်နဲ့မြထွက်တယ် အပြောမှားလို့ သူဌေးခင်မျာ လေယဉ်ပျံခရီးစရိတ် ဆုံးသွားတယ်….

  • moethidasoe

    May 1, 2011 at 4:58 am

    တော်သေးတာပေါ့ စိန်နဲ့မြ မြောင်းထဲက ရောက်လာတယ် ဆိုရင် (မွေ့ယာကို ပြောတာမဟုတ်ဘူးနော် ရယ်စရာလေးပါ)

  • MaMa

    May 1, 2011 at 5:27 am

    ခုမှပဲ ကိုယ်သန်ရာ သန်ရာ အတွေးတွေ တွေ့ရတော့တယ်။ ကိုကြောင်ကြီးရဲ့ စီးပွားရေး အတွေး၊ ဆရာဝန်မလေးရဲ့ ဇိမ်ခံအတွေးတွေ။ း)

  • PinkCandy

    May 1, 2011 at 6:04 am

    ဘယ်လိုပြောရမလဲ
    မြောင်းမြဒေါ်ချို မုန့်ဟင်းခါးတော့ တော်တော်ကောင်းတယ် 😀

  • kopauk mandalay

    May 1, 2011 at 3:15 pm

    ပြောလိုက်ပါအုံး ကိုပေါက်ရဲ့ပေါက်ကရအတွေးပါးပါးလေးလို့။

  • weiwei

    May 1, 2011 at 5:17 pm

    ရုံးမှာ အလုပ်သိပ်များတဲ့ အရာရှိတစ်ယောက်ရှိတယ် … တစ်နေ့ သူ့ဖုန်းလာတော့ သူက ကိုင်လိုက်တယ် …
    အရာရှိ …. ဟဲလို … ဘယ်သူလဲ
    ဖုန်းဆက်သူ … အေးမောင်ပါ ..
    အရာရှိ … ဘယ်က အေးမောင်လဲ …
    ဖုန်းဆက်သူ … မင်းအဖေ အေးမောင်ပဲ ….

    သူ့အဖေနံမည်နဲ့ အသံကိုတောင် မေ့လောက်အောင် အလုပ်များနေရှာတဲ့ ကျွန်မတို့ရဲ့ အရာရှိကြီးဖြစ်ပါတယ် … 😛

    • etone

      May 2, 2011 at 7:16 am

      မဝေ အထက်အရာရှိကို အင်တာနက်ပေါ်မှာ ဖွမှူနှင့် အီလက်ထရောနစ်ဥပဒေနဲ့ ဆွဲမယ်တဲ့.. ။ 😛 😛

  • nature

    May 2, 2011 at 12:58 pm

    ကယ်ကြပါဦဗျို့၊ ဦးစိန်မြောင်းထဲပြုတ်ကျလို့တဲ့။

  • MaMa

    May 2, 2011 at 2:34 pm

    လူကြီးတွေကပဲ စိုးရိမ်လွန်နေတာလား? လူငယ်တွေကပဲ ပေါ့ပျက်ပျက်နိုင်တာလား ? ဘယ်သူကို အပြစ်တင်ရမလဲ ?

  • unclegyi1974

    May 2, 2011 at 3:10 pm

    သေချာတဲ့လူကြီးနဲ့
    မသေချာတဲ့လူငယ်တွေ့ကြတာပါ
    လူကြီးတိုင်လည်းမသေချာသလို
    လူငယ်တိုင်းလည်းမပေါ့ဆကြပါဖူး

Leave a Reply